Premier League

ကလော့ပ်ကို တစ်နှစ်တာအကောင်းဆုံးနည်းပြဆုပေးတာ မင်းတို့က မဟုတ်တော့ဘူးကွလို့ ဝေဖန်ခဲ့တဲ့ အိုဟားရား

Talksport ဘောလုံးဝေဖန်သူ ဂျေမီ အိုဟားရားနဲ့ ဂျေဆန် ကန်ဒီတို့ဟာ ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် ရရှိသွားတဲ့အပေါ်မှာ အငြင်းပွားခဲ့ကြပါတယ်။

နောက်ဆုံးဆန်ခါတင် ၆ ဦးစာရင်းမှာ ကလော့ပ်ဟာ နယူးကာဆယ်လ် ယူနိုက်တက်နည်းပြ အက်ဒီ ဟောင်း၊ မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာ၊ ဘရန့်တ်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်၊ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဗီယာရာတို့နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ရာသီနောက်ဆုံးနေ့မှာ ၁ မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့ နောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်အောင် နည်းပြပေးခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်အနေနဲ့ ဂွါဒီယိုလာကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး မေးခွန်းတွေ မြင့်တက်ခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ မန်ချက်စတာစီးတီးနဲ့အတူ ရာသီနောက်ဆုံးနေ့အထိ ဘောလုံးပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အက်ဒီ ဟောင်းကလည်း အလားတူပဲ တန်းဆင်းရမယ့် အနေအထားဖြစ်နေတဲ့ နယူးကာဆယ်လ် ယူနိုက်တက်အသင်းကို ထူးထူးခြားခြား အသက်ပြန်သွင်းပေးပြီး တန်းဆင်းဇုန်နဲ့ ဝေးရာ အမှတ်ပေးဇယားအလယ်မှာ ရာသီပြီးဆုံးနိုင်အောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ဟာ နယူးကာဆယ်လ် ယူနိုက်တက်အသင်းအတွက် ရလဒ်ကောင်းတွေ ရရှိခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ရနိုင်သမျှ ရမှတ်တွေကို ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအလယ်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် အက်ဒီ ဟောင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဂျေဆန် ကန်ဒီက ကလော့ပ်ဟာ အလွန်ထက်မြက်တဲ့ နည်းပြဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ ဂျေမီ အိုဟားရားက အက်ဒီ ဟောင်းကသာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုနဲ့ ပိုပြီး ထိုက်တန်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား အဲဒါကို အရှက်ရစရာလို့ ပြောလို့မရနိုင်ပါဘူး။ ဒါပေမယ့် ကလော့ပ်က အရမ်းကို ထက်မြက်တဲ့ နည်းပြပဲ”လို့ ဂျေဆန် ကန်ဒီက ပြောကြားခဲ့ရာမှာ ဂျေမီ အိုဟားရားက “ဒါပေမယ့် သူ လိဂ်ဖလားကို မရခဲ့ဘူးလေ။ ဘယ်လိုဖြစ်ပြီး ကလော့ပ်က အဲဒီဆုနဲ့ ထိုက်တန်သွားတာလဲ”

“ခင်ဗျားမှာ သောမတ်စ် ဖရန့်ခ်လိုမျိုး ဘရန့်တ်ဖို့ဒ်ကို အမှတ်ပေးဇယားအပေါ်ကို ဆက်တက်နိုင်အောင် လုပ်ခဲ့တဲ့ နည်းပြရှိတယ်။ သူ အဆင့် ၁၃ နေရာမှာ ရာသီပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်။ မယုံနိုင်စရာ ရာသီပဲ။ အက်ဒီ ဟောင်းဆိုရင် သူ အသင်းကို တာဝန်ယူချိန်မှာ အမှတ်ပေးဇယားကြမ်းနားကပ်နေပြီး အောက်ကရေရင် ဒုတိယဖြစ်နေတယ်”

“သူ ရောက်လာပြီး အဆင့် ၁၁ ရအောင် လုပ်ပေးခဲ့တယ်။ ထင်ထားတာထက်တောင် ပိုအောင်မြင်မှုရခဲ့တယ်။ လီဗာပူးလ်ရဲ့ ယာဂန် ကလော့ပ်နဲ့လုပ်ရမယ့်အလုပ်က ရာသီတိုင်း လိဂ်ဖလားကို အနိုင်ရဖို့ပဲ။ သူ အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး သူက ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုနဲ့ ထိုက်တန်မှာလဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:Talksport ေဘာလုံးေဝဖန္သူ ေဂ်မီ အိုဟားရားနဲ႔ ေဂ်ဆန္ ကန္ဒီတို႔ဟာ ပရီးမီးယားလိဂ္ရဲ့တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္ ရရွိသြားတဲ့အေပၚမွာ အျငင္းပြားခဲ့ၾကပါတယ္။

ေနာက္ဆုံးဆန္ခါတင္ ၆ ဦးစာရင္းမွာ ကေလာ့ပ္ဟာ နယူးကာဆယ္လ္ ယူနိုက္တက္နည္းၿပ အက္ဒီ ေဟာင္း၊ မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာ၊ ဘရန႔္တ္ဖို႔ဒ္နည္းၿပ ေသာမတ္စ္ ဖရန႔္ခ္၊ ခရစၥတယ္ပဲေလ့စ္နည္းၿပ ဗီယာရာတို႔နဲ႔အတူ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းကို ရာသီေနာက္ဆုံးေန႔မွာ ၁ မွတ္အသာနဲ႔ ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးရဲ့ ေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာမွာ ရာသီၿပီးဆုံးနိုင္ေအာင္ နည္းျပေပးခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ့တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကေလာ့ပ္အေနနဲ႔ ဂြါဒီယိုလာကို ေက်ာ္ျဖတ္ၿပီး ဆုရရွိခဲ့တာနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြ ျမင့္တက္ခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပဟာ မန္ခ်က္စတာစီးတီးနဲ႔အတူ ရာသီေနာက္ဆုံးေန႔အထိ ေဘာလုံးပရိသတ္ေတြကို ရင္ခုန္စိတ္လႈပ္ရွားမႈေတြ ေပးစြမ္းနိုင္ခဲ့တာျဖစ္ပါတယ္။

အက္ဒီ ေဟာင္းကလည္း အလားတူပဲ တန္းဆင္းရမယ့္ အေနအထားျဖစ္ေနတဲ့ နယူးကာဆယ္လ္ ယူနိုက္တက္အသင္းကို ထူးထူးျခားျခား အသက္ျပန္သြင္းေပးၿပီး တန္းဆင္းဇုန္နဲ႔ ေဝးရာ အမွတ္ေပးဇယားအလယ္မွာ ရာသီၿပီးဆုံးနိုင္ေအာင္ နည္းျပေပးနိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္ဟာ နယူးကာဆယ္လ္ ယူနိုက္တက္အသင္းအတြက္ ရလဒ္ေကာင္းေတြ ရရွိခဲ့တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ၿပီး ရနိုင္သမၽွ ရမွတ္ေတြကို ရယူနိုင္ခဲ့ၿပီး အမွတ္ေပးဇယားအလယ္ကို တက္လွမ္းနိုင္ခဲ့တာေၾကာင့္ အက္ဒီ ေဟာင္းဟာ ပရီးမီးယားလိဂ္ရဲ့ ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံးနည္းျပဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

talkSPORT ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်ဆန္ ကန္ဒီက ကေလာ့ပ္ဟာ အလြန္ထက္ျမက္တဲ့ နည္းျပျဖစ္တယ္လို႔ ယုံၾကည္ေနခ်ိန္မွာ ေဂ်မီ အိုဟားရားက အက္ဒီ ေဟာင္းကသာ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုနဲ႔ ပိုၿပီး ထိုက္တန္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား အဲဒါကို အရွက္ရစရာလို႔ ေျပာလို႔မရနိုင္ပါဘူး။ ဒါေပမယ့္ ကေလာ့ပ္က အရမ္းကို ထက္ျမက္တဲ့ နည္းျပပဲ”လို႔ ေဂ်ဆန္ ကန္ဒီက ေျပာၾကားခဲ့ရာမွာ ေဂ်မီ အိုဟားရားက “ဒါေပမယ့္ သူ လိဂ္ဖလားကို မရခဲ့ဘူးေလ။ ဘယ္လိုျဖစ္ၿပီး ကေလာ့ပ္က အဲဒီဆုနဲ႔ ထိုက္တန္သြားတာလဲ”

“ခင္ဗ်ားမွာ ေသာမတ္စ္ ဖရန႔္ခ္လိုမ်ိဳး ဘရန႔္တ္ဖို႔ဒ္ကို အမွတ္ေပးဇယားအေပၚကို ဆက္တက္နိုင္ေအာင္ လုပ္ခဲ့တဲ့ နည္းျပရွိတယ္။ သူ အဆင့္ ၁၃ ေနရာမွာ ရာသီၿပီးဆုံးေအာင္ လုပ္နိုင္ခဲ့တယ္။ မယုံနိုင္စရာ ရာသီပဲ။ အက္ဒီ ေဟာင္းဆိုရင္ သူ အသင္းကို တာဝန္ယူခ်ိန္မွာ အမွတ္ေပးဇယားၾကမ္းနားကပ္ေနၿပီး ေအာက္ကေရရင္ ဒုတိယျဖစ္ေနတယ္”

“သူ ေရာက္လာၿပီး အဆင့္ ၁၁ ရေအာင္ လုပ္ေပးခဲ့တယ္။ ထင္ထားတာထက္ေတာင္ ပိုေအာင္ျမင္မႈရခဲ့တယ္။ လီဗာပူးလ္ရဲ့ ယာဂန္ ကေလာ့ပ္နဲ႔လုပ္ရမယ့္အလုပ္က ရာသီတိုင္း လိဂ္ဖလားကို အနိုင္ရဖို႔ပဲ။ သူ အဲဒါကို မလုပ္နိုင္ခဲ့ဘူး။ အဲဒီေတာ့ ဘယ္လိုလုပ္ၿပီး သူက ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုနဲ႔ ထိုက္တန္မွာလဲ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.