Premier League

မန်စီးတီးကို လာခါနီး ဟာလန်းပါ မျက်လုံးပြူးသွားအောင် တစ်ပွဲ ၆ ဂိုးသွင်းပြလိုက်တဲ့ အာဂျင်တီးနားကြယ်ပွင့်

မန်ချက်စတာစီးတီးတိုက်စစ်မှူးသစ်ဖြစ်လာတော့မယ့် ယူလီယန် အဲဗားရက်ဇ်ဟာ ဗုဒ္ဓဟူးနေ့က ကိုပါလီဘာတေးဒိုးအုပ်စုပွဲစဉ်မှာ ရေးဗား ပလိတ်အသင်းအတွက် ၆ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဗားရက်ဇ်ဟာ ၎င်းရဲ့ ရေးဗား ပလိတ်အသင်းက ပီရူးဗီးယန်းအသင်းကို ၈-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာကြောင့် ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ ဘောလုံး ၂ လုံးကို အိမ်ကို ယူသွားခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပထမပိုင်း မပြီးဆုံးခင်မှာကတည်းက ရေးဗား ပလိတ်အသင်းကို ၃-၀ နဲ့ ဦးဆောင်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပြီး ပထမပိုင်း ၄၁ မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဗားရက်ဇ်ရဲ့အသင်းဖော် ဆန်တီယေဂို ဆိုင်မွန်က ၄-၀ ဖြစ်သွားစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူးက ၅၄ မိနစ်နဲ့ ၅၇ မိနစ်တို့မှာ နောက်ထပ် သွင်းဂိုး ၂ ဂိုးကို ထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။ ဧလီးယပ်စ် ဂိုးမက်ဇ်က သတ္တမမြောက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့ပြီး အဲဗားရက်ဇ်က ရေးဗား ပလိတ်အသင်းအတွက် ၈ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် သွင်းဂိုး ၆ ဂိုး ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

ပီရူးဗီးယန်းနဲဲ့ပွဲစဉ်မှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ယူလီယန် အဲဗားရက်ဇ်ဟာ အသင်းသမိုင်းတလျှောက်မှာ တစ်ပွဲတည်းမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပါဘလို လာဗန်ဒေရာက ၈၉ မိနစ်မှာ ပင်နယ်တီကနေတဆင့် နှစ်သိမ့်ဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားခဲ့ပေမယ့် အဲဗားရက်ဇ်ဟာ ကိုပါလီဘာတေးဒိုး အုပ်စုပွဲစဉ်မှာ ၎င်းရဲ့ ဟက်ထရစ် ၂ ကြိမ်ကြောင့် အားလုံးရဲ့ အာရုံတွေကို ဖမ်းစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရေးဗား ပလိတ်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ရနိုင်ခြေရှိတဲ့ ရမှတ် ၁၈ မှတ်ထဲက ၁၆ မှတ်အထိ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး အုပ်စုအမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

အဲဗားရက်ဇ်ဟာ ယခုရာသီမှာ ရေးဗား ပလိတ်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၅ ဂိုးအထိ သွင်းယူထားပြီး မန်ချက်စတာစီးတီးအသင်းဟာ ဇန်နဝါရီလကတည်းက အလားအလာများစွာရှိတဲ့ အာဂျင်တီးနားတိုက်စစ်မှူးကို ပေါင် ၁၄ သန်းနဲ့ သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။

အဲဗားရက်ဇ်ဟာ လာမယ့် ရာသီသစ်အတွက် မန်ချက်စတာစီးတီးကို အချိန်ကိုက် ရောက်ရှိလာမယ့် တစ်ဦးတည်းသော တိုက်စစ်မှူးတော့မဟုတ်ဘဲ ဂွါဒီယိုလာရဲ့အသင်းဟာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးတိုက္စစ္မႉးသစ္ျဖစ္လာေတာ့မယ့္ ယူလီယန္ အဲဗားရက္ဇ္ဟာ ဗုဒၶဟူးေန႔က ကိုပါလီဘာေတးဒိုးအုပ္စုပြဲစဥ္မွာ ေရးဗား ပလိတ္အသင္းအတြက္ ၆ ဂိုးအထိ သြင္းယူေပးခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အဲဗားရက္ဇ္ဟာ ၎ရဲ့ ေရးဗား ပလိတ္အသင္းက ပီ႐ူးဗီးယန္းအသင္းကို ၈-၁ နဲ႔ အျပတ္အသတ္ အနိုင္ရရွိသြားခဲ့တာေၾကာင့္ ပြဲစဥ္မွာ အသုံးျပဳခဲ့တဲ့ ေဘာလုံး ၂ လုံးကို အိမ္ကို ယူသြားခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပထမပိုင္း မၿပီးဆုံးခင္မွာကတည္းက ေရးဗား ပလိတ္အသင္းကို ၃-၀ နဲ႔ ဦးေဆာင္နိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ၿပီး ပထမပိုင္း ၄၁ မိနစ္အတြင္း ဟက္ထရစ္သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဗားရက္ဇ္ရဲ့အသင္းေဖာ္ ဆန္တီေယဂို ဆိုင္မြန္က ၄-၀ ျဖစ္သြားေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးက ၅၄ မိနစ္နဲ႔ ၅၇ မိနစ္တို႔မွာ ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးကို ထပ္မံသြင္းယူခဲ့တာျဖစ္ပါတယ္။ ဧလီးယပ္စ္ ဂိုးမက္ဇ္က သတၱမေျမာက္ ဦးေဆာင္ဂိုးကို သြင္းေပးခဲ့ၿပီး အဲဗားရက္ဇ္က ေရးဗား ပလိတ္အသင္းအတြက္ ၈ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ သြင္းဂိုး ၆ ဂိုး ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ပီ႐ူးဗီးယန္းနဲဲ့ပြဲစဥ္မွာ ၆ ဂိုးအထိ သြင္းယူနိုင္ခဲ့တဲ့ ယူလီယန္ အဲဗားရက္ဇ္ဟာ အသင္းသမိုင္းတေလၽွာက္မွာ တစ္ပြဲတည္းမွာ ၆ ဂိုးအထိ သြင္းယူနိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။ ပါဘလို လာဗန္ေဒရာက ၈၉ မိနစ္မွာ ပင္နယ္တီကေနတဆင့္ ႏွစ္သိမ့္ဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားခဲ့ေပမယ့္ အဲဗားရက္ဇ္ဟာ ကိုပါလီဘာေတးဒိုး အုပ္စုပြဲစဥ္မွာ ၎ရဲ့ ဟက္ထရစ္ ၂ ႀကိမ္ေၾကာင့္ အားလုံးရဲ့ အာ႐ုံေတြကို ဖမ္းစားသြားနိုင္ခဲ့တာျဖစ္ပါတယ္။

ေရးဗား ပလိတ္အသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္ဖို႔အတြက္ ရနိုင္ေျခရွိတဲ့ ရမွတ္ ၁၈ မွတ္ထဲက ၁၆ မွတ္အထိ ရယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး အုပ္စုအမွတ္ေပးဇယားမွာ ထိပ္ဆုံးကေန ဦးေဆာင္ေနတာျဖစ္ပါတယ္။

အဲဗားရက္ဇ္ဟာ ယခုရာသီမွာ ေရးဗား ပလိတ္အသင္းအတြက္ ၁၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၅ ဂိုးအထိ သြင္းယူထားၿပီး မန္ခ်က္စတာစီးတီးအသင္းဟာ ဇန္နဝါရီလကတည္းက အလားအလာမ်ားစြာရွိတဲ့ အာဂ်င္တီးနားတိုက္စစ္မႉးကို ေပါင္ ၁၄ သန္းနဲ႔ သေဘာတူညီမႈ ရရွိထားတာျဖစ္ပါတယ္။

အဲဗားရက္ဇ္ဟာ လာမယ့္ ရာသီသစ္အတြက္ မန္ခ်က္စတာစီးတီးကို အခ်ိန္ကိုက္ ေရာက္ရွိလာမယ့္ တစ္ဦးတည္းေသာ တိုက္စစ္မႉးေတာ့မဟုတ္ဘဲ ဂြါဒီယိုလာရဲ့အသင္းဟာ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းကိုလည္း ေခၚယူထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.