Premier League

မက်ဂွိုင်းယားက ဘယ်လို ဘောလုံးသမားဖြစ်သွားတာလဲမသိဘူးလို့ ချီးကျူးသလိုနဲ့ ငယ်ကျိုးငယ်နာဖော်ခဲ့တဲ့ ကျောင်းဆရာဟောင်း

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ စာရင်းကိုင်အလုပ်နဲ့သာဆိုရင် အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု ပိုင်ဆိုင်ခဲ့မှာဖြစ်တယ်လို့ ချက်စတာဖီးက ဆရာဟောင်းတွေထဲက တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ ဘောလုံးသမားလုပ်ဖို့ ဘောလုံးလောကထဲကို ခြေစုံပစ်ဝင်ဖို့ မဆုံးဖြတ်ခင် ကျောင်းမှာတုန်းက ဘာသာရပ်တိုင်းမှာ ထူးချွန်ခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့တာကြောင့် ၎င်းရဲ့ ဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ချက်စတာဖီးက စိန့် မေရီ ကက်သလစ်အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး သချင်္ာဘာသာရပ်မှာ အထူးချွန်ဆုံး ကျောင်းသားဖြစ်ခဲ့တာဖြစ်ပါတယ်။

“သူက စာသင်ခန်းထဲကိုလာပြီး အရမ်းကို စာကြိုးစားတဲ့ ထူးခြားတဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူက ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့ဘဲ သူ့မှာ ကောင်းမွန်တဲ့ စိတ်ထားရှိပါတယ်။ သူက ခင်ဗျား လုပ်ဖို့ ပြောတာမှန်သမျှ အားလုံးကို လုပ်ခဲ့ပြီး ဘာကြောင့်လဲလို့ ဘယ်တုန်းကမှ မေးခွန်းမထုတ်ခဲ့ပါဘူး။ သူက လူသိများထင်ရှားတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်”

ဟာရီ မက်ဂွိုင်းယားဟာ GCSEs ဖြေဆိုတဲ့အချိန်မှာ အထူးချွန်ဆုံး ကျောင်းသားဖြစ်ခဲ့ပေမယ့် ၎င်းရဲ့ အားကစားပါရမီပိုင်းမှာတော့ မကောင်းတဲ့အကျိုးဆက်ဖြစ်ခဲ့တာမျိုး မရှိခဲ့တာဖြစ်ပါတယ်။ ဘောလုံးအပြင် ဟာရီ မက်ဂွိုင်းယားဟာ ရပ်ဘီနဲ့ စားပွဲတင် တင်းနစ်တို့ကို ကစားခဲ့သလို နိုင်ငံဖြတ်ကျော်အပြေးပြိုင်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ရေတိုမှာ အလျင်မြန်ဆုံးမဟုတ်ခဲ့ပေမယ့် ၎င်းရဲ့ ခံနိုင်ရည်စွမ်းကောင်းမွန်မှုကြောင့် အိုးထရက်ဖို့ဒ်က ကစားသမားဘဝမှာ ဘာကြောင့် ဒဏ်ရာကြောင့် အနားယူခဲ့ရတာမျိုး ရှားပါးခဲ့တာဖြစ်ပါတယ်။ “သူ့ရဲ့ GCSEs စာမေးပွဲမှာ အဆင့် အေနဲ့ အေ အပေါင်းရခဲ့တယ်။ ကျွန်မထင်တာကတော့ သူက စီးပွားရေး ဒါမှမဟုတ် သချင်္ာကို လေ့လာသင်ယူခဲ့ရမှာဖြစ်ပြီး စာရင်းကိုင်ဖြစ်ခဲ့ရမှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”လို့ စိန့် မေရီလက်ထောက်ကျောင်းအုပ် ဆူး ကိန်းက ပြောကြားခဲ့ပါတယ်။

ကာယလေ့ကျင့်ရေးဆရာ မာတင် မက်ကီးကတော့ ဟာရီ မက်ဂွိုင်းယားအတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာဖို့က ဘဝဇာတ်ဆရာက သတ်မှတ်ပေးထားခဲ့ပြီးသားဖြစ်တယ်လို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟာ လူငယ်ဘဝတုန်းက ခံစစ်မှာ မကစားခဲ့ဘဲ ကွင်းလယ်မှာသာ အများဆုံးကစားခဲ့တာဖြစ်ပါတယ်။

“သူက ကွင်းလယ်ဗဟိုကနေ ပွဲစဉ်ကို တကယ်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူ့မှာ ကိုယ်ရောင်ကိုယ်ဝါလိုမျိုးရှိပြီး သူ လိမ်ချင်တဲ့ဘယ်သူ့ကိုမဆို လိမ်ခေါက်နိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားရဲ့ ခံစစ်ကနေ တိုက်စစ်ကို လိုက်ပါကစားချင်ပြီး ဘောလုံးကိုင်ထားချင်တာ ဘာကြောင့်လဲဆိုတာ အခုမှပဲ အဖြေပေါ်သွားတော့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ ယခုရာသီ အဆင့် ၆ နေရာနဲ့ ဇာတ်သိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကျရှုံးမှုမှာ အဓိကဗီလိန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

နည်းပြသစ် အဲရစ် တန်ဟက်ဂ်အနေနဲ့ ဟာရီ မက်ဂွိုင်းယားကို ဘယ်လိုသဘောထားမလဲဆိုတာကို ပရိသတ်တွေက သိချင်နေကြပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ နောက်ခံလူအသစ်တွေ ရှာနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုင်းယက်စ်လူငယ်ကြယ်ပွင့် ဂျူရီယန် တင်းဘားအပြင် ဗီလာရီးရဲလ်နောက်ခံလူ ပါအူ တောရက်စ်တို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဟာရီ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး တနင်္လာနေ့က ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ တန်ဟက်ဂ်က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်နဲ့ပတ်သက်ပြီး အကောင်းဘက်ကနေပဲ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“လာမယ့်ရာသီက ကွဲပြားခြားနားတဲ့ ရာသီဖြစ်မှာပါ။ သူက အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားပါ။ မန်ချက်စတာယူနိုက်တက်အသင်းကို သူ့ရဲ့ ကူညီပံ့ပို့မှုအများအပြားနဲ့အတူ သူ အောင်မြင်မှုရခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော် သူနဲ့ အလုပ်အတူတူလုပ်ဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဟာရီ မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ စာရင္းကိုင္အလုပ္နဲ႔သာဆိုရင္ ေအာင္ျမင္တဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္တစ္ခု ပိုင္ဆိုင္ခဲ့မွာျဖစ္တယ္လို႔ ခ်က္စတာဖီးက ဆရာေဟာင္းေတြထဲက တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ ေဘာလုံးသမားလုပ္ဖို႔ ေဘာလုံးေလာကထဲကို ေျခစုံပစ္ဝင္ဖို႔ မဆုံးျဖတ္ခင္ ေက်ာင္းမွာတုန္းက ဘာသာရပ္တိုင္းမွာ ထူးခၽြန္ခဲ့တဲ့ ေက်ာင္းသားတစ္ဦးျဖစ္ခဲ့တာေၾကာင့္ ၎ရဲ့ ဆုံးျဖတ္ခ်က္ဟာ အံ့အားသင့္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ခ်က္စတာဖီးက စိန႔္ ေမရီ ကက္သလစ္အထက္တန္းေက်ာင္းမွာ တက္ေရာက္ခဲ့ၿပီး သခ်ၤာဘာသာရပ္မွာ အထူးခၽြန္ဆုံး ေက်ာင္းသားျဖစ္ခဲ့တာျဖစ္ပါတယ္။

“သူက စာသင္ခန္းထဲကိုလာၿပီး အရမ္းကို စာႀကိဳးစားတဲ့ ထူးျခားတဲ့ တပည့္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ သူက ဘယ္တုန္းကမွ ျပႆနာမျဖစ္ခဲ့ဘဲ သူ႔မွာ ေကာင္းမြန္တဲ့ စိတ္ထားရွိပါတယ္။ သူက ခင္ဗ်ား လုပ္ဖို႔ ေျပာတာမွန္သမၽွ အားလုံးကို လုပ္ခဲ့ၿပီး ဘာေၾကာင့္လဲလို႔ ဘယ္တုန္းကမွ ေမးခြန္းမထုတ္ခဲ့ပါဘူး။ သူက လူသိမ်ားထင္ရွားတဲ့သူတစ္ေယာက္ျဖစ္ခဲ့ပါတယ္”

ဟာရီ မက္ဂြိဳင္းယားဟာ GCSEs ေျဖဆိုတဲ့အခ်ိန္မွာ အထူးခၽြန္ဆုံး ေက်ာင္းသားျဖစ္ခဲ့ေပမယ့္ ၎ရဲ့ အားကစားပါရမီပိုင္းမွာေတာ့ မေကာင္းတဲ့အက်ိဳးဆက္ျဖစ္ခဲ့တာမ်ိဳး မရွိခဲ့တာျဖစ္ပါတယ္။ ေဘာလုံးအျပင္ ဟာရီ မက္ဂြိဳင္းယားဟာ ရပ္ဘီနဲ႔ စားပြဲတင္ တင္းနစ္တို႔ကို ကစားခဲ့သလို နိုင္ငံျဖတ္ေက်ာ္အေျပးၿပိဳင္ပြဲမွာလည္း ပါဝင္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာ ေရတိုမွာ အလ်င္ျမန္ဆုံးမဟုတ္ခဲ့ေပမယ့္ ၎ရဲ့ ခံနိုင္ရည္စြမ္းေကာင္းမြန္မႈေၾကာင့္ အိုးထရက္ဖို႔ဒ္က ကစားသမားဘဝမွာ ဘာေၾကာင့္ ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတာမ်ိဳး ရွားပါးခဲ့တာျဖစ္ပါတယ္။ “သူ႔ရဲ့ GCSEs စာေမးပြဲမွာ အဆင့္ ေအနဲ႔ ေအ အေပါင္းရခဲ့တယ္။ ကၽြန္မထင္တာကေတာ့ သူက စီးပြားေရး ဒါမွမဟုတ္ သခ်ၤာကို ေလ့လာသင္ယူခဲ့ရမွာျဖစ္ၿပီး စာရင္းကိုင္ျဖစ္ခဲ့ရမွာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”လို႔ စိန႔္ ေမရီလက္ေထာက္ေက်ာင္းအုပ္ ဆူး ကိန္းက ေျပာၾကားခဲ့ပါတယ္။

ကာယေလ့က်င့္ေရးဆရာ မာတင္ မက္ကီးကေတာ့ ဟာရီ မက္ဂြိဳင္းယားအတြက္ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားျဖစ္လာဖို႔က ဘဝဇာတ္ဆရာက သတ္မွတ္ေပးထားခဲ့ၿပီးသားျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ဟာ လူငယ္ဘဝတုန္းက ခံစစ္မွာ မကစားခဲ့ဘဲ ကြင္းလယ္မွာသာ အမ်ားဆုံးကစားခဲ့တာျဖစ္ပါတယ္။

“သူက ကြင္းလယ္ဗဟိုကေန ပြဲစဥ္ကို တကယ္ကို လႊမ္းမိုးနိုင္ခဲ့ပါတယ္။ သူ႔မွာ ကိုယ္ေရာင္ကိုယ္ဝါလိုမ်ိဳးရွိၿပီး သူ လိမ္ခ်င္တဲ့ဘယ္သူ႔ကိုမဆို လိမ္ေခါက္နိုင္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားရဲ့ ခံစစ္ကေန တိုက္စစ္ကို လိုက္ပါကစားခ်င္ၿပီး ေဘာလုံးကိုင္ထားခ်င္တာ ဘာေၾကာင့္လဲဆိုတာ အခုမွပဲ အေျဖေပၚသြားေတာ့တာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္ အဂၤလန္ေနာက္ခံလူဟာ ယခုရာသီ အဆင့္ ၆ ေနရာနဲ႔ ဇာတ္သိမ္းၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ရဲ့ က်ရႈံးမႈမွာ အဓိကဗီလိန္ျဖစ္ခဲ့တာျဖစ္ပါတယ္။

နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္အေနနဲ႔ ဟာရီ မက္ဂြိဳင္းယားကို ဘယ္လိုသေဘာထားမလဲဆိုတာကို ပရိသတ္ေတြက သိခ်င္ေနၾကၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ေနာက္ခံလူအသစ္ေတြ ရွာေနတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အိုင္းယက္စ္လူငယ္ၾကယ္ပြင့္ ဂ်ဴရီယန္ တင္းဘားအျပင္ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူ ေတာရက္စ္တို႔နဲ႔လည္း သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ဟာရီ မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး တနလၤာေန႔က ပထမဆုံး သတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ တန္ဟက္ဂ္က မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္နဲ႔ပတ္သက္ၿပီး အေကာင္းဘက္ကေနပဲ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“လာမယ့္ရာသီက ကြဲျပားျခားနားတဲ့ ရာသီျဖစ္မွာပါ။ သူက အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့ပါတယ္။ သူက အရမ္းေကာင္းတဲ့ကစားသမားပါ။ မန္ခ်က္စတာယူနိုက္တက္အသင္းကို သူ႔ရဲ့ ကူညီပံ့ပို႔မႈအမ်ားအျပားနဲ႔အတူ သူ ေအာင္ျမင္မႈရခဲ့ပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္ သူနဲ႔ အလုပ္အတူတူလုပ္ဖို႔ ကၽြန္ေတာ္ ေစာင့္ေမၽွာ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဟာရီ မက္ဂြိဳင္းယားဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၃၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂ ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.