Premier League Transfer News

မန်စီးတီးကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ တူဟယ်အတွက် ငွေပုံပေးလိုက်တဲ့ တော့ဒ် ဘိုလီ

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် ရာဟင်း စတားလင်းကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပြီး အသင်းပိုင်ရှင်သစ်တွေက ယခုနွေရာသီမှာ ဘတ်ဂျက်အဖြစ် ပေါင်သန်း ၂၀၀ ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က တော့ဒ် ဘိုလီရဲ့ လုပ်ငန်းစုကို အနောက်လန်ဒန်ကလပ်အသင်းကို အပြီးသတ် လက်လွှဲယူဖို့ ခွင့်ပြုချက် ပေးခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးအသင်းကို ရောင်းချမှုဟာ မကြာမီအချိန်အတွင်း ပြီးမြောက်တော့မှာဖြစ်တာကြောင့် အေဘရာမိုဗစ်ချ်ကြောင့် ပိတ်ဆို့ဒဏ်ခတ်ခံထားရတာတွေလည်း ဖယ်ရှားပေးခြင်းခံရတော့မှာဖြစ်ပါတယ်။

တူဟယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အသင်းနဲ့ ကွာဟမှုကို လျှော့ချနိုင်အောင် အသင်းပိုင်ရှင်သစ်တွေအနေနဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး အပြောင်းအရွှေ့စျေးကွက်မှာ အဆုံးအဖြတ်ပေးစေချင်နေတာဖြစ်သလို တော့ဒ် ဘိုလီကလည်း ၎င်းရဲ့နည်းပြကို ထောက်ခံဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၂၀၀ ဝန်းကျင် သုံးစွဲသွားမှာဖြစ်ပြီး အဲဒီဘတ်ဂျက်ထဲက အချို့ဟာ ကစားသမားရောင်းချမှုကနေ ရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ခရစ္စတင်ဆန်၊ ရူဒီဂါ၊ အက်ဇ်ပီလီကွေတာတို့လို စီနီယာကစားသမားတွေ ထွက်ခွာတော့မှာဖြစ်တာကြောင့် ခံစစ်ပိုင်းဟာ တူဟယ်အတွက် ပထမဦးစားပေး အင်အားဖြည့်တင်းရမယ့်နေရာဖြစ်ပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြဟာ တိုက်စစ်ကို အရမ်း အင်အားဖြည့်တင်းချင်နေတာကြောင့် မန်စီးတီးတောင်ပံကစားသမား စတားလင်းကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး ယခုရာသီ ပထမပိုင်းမှာ အရန်အနေနဲ့သာ ကစားခဲ့ရတာကြောင့် မကြာသေးမီက ၎င်းအနေနဲ့ အသင်းကို စွန့်ခွာနိုင်တယ်လို့ ရိပ်ဖမ်းသံဖမ်းပြောဆိုထားခဲ့တာဖြစ်ပါတယ်။

စတားလင်းဟာ ရာသီ ဒုတိယပိုင်းမှာ ပိုပြီး သိသာထင်ရှားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ရပေမယ့် မန်စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့မယ်ဆိုရင် ရောင်းထုတ်ခြင်း ခံရမှာ ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမားဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တိကျတဲ့ဆုံးဖြတ်ချက် မချရသေးပေမယ့် အာလင်း ဟာလန်းရောက်ရှိလာမှုက ပွဲထွက်ခွင့်နေရာမှာ နောက်ပိုရောက်သွားတော့မယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ဟာ စတားလင်းကို ခေါ်ယူချင်နေကြပေမယ့်လည်း မန်ချက်စတာစီးတီးကြယ်ပွင့်အနေနဲ့ မြောက်လန်ဒန်ကလပ်အသင်းတွေထက် ချဲလ်ဆီးအသင်းကို ပိုမိုပြောင်းရွှေ့ချင်မှာဖြစ်ပြီး ဥရောပနဲ့ ကမ္ဘာ့ချန်ပီယံတွေဟာ ပြောင်းရွှေ့ဖို့အတွက် ပိုမိုဆွဲဆောင်မှုရှိတဲ့အသင်းလို့ ခံစားနေရတာဖြစ်ပါတယ်။

စတားလင်းကို ခေါ်ယူဖို့အတွက် ငွေကြေးရှာဖွေဖို့အတွက် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမို ဗာနာ၊ ဟာကင်း ဇီယက်ရှ်နဲ့ ပူလီရှစ်တို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိလာခဲ့ရင် နားထောင်သွားနိုင်ခြေရှိနေတာဖြစ်ပါတယ်။

ခံစစ်ပိုင်းအတွက် ပစ်မှတ်အနေနဲ့ ချဲလ်ဆီးအသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခံစစ် ၃ ဦးထဲက ဘယ်ဖက်ခြမ်းအတွက် လိုက်ပ်ဇစ်နောက်ခံလူ ယို့စ်ကို ဂဗာဒီယိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ ရာဟင္း စတားလင္းကို ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားၿပီး အသင္းပိုင္ရွင္သစ္ေတြက ယခုေႏြရာသီမွာ ဘတ္ဂ်က္အျဖစ္ ေပါင္သန္း ၂၀၀ ေပးအပ္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ဘုတ္အဖြဲ႕က ေတာ့ဒ္ ဘိုလီရဲ့ လုပ္ငန္းစုကို အေနာက္လန္ဒန္ကလပ္အသင္းကို အၿပီးသတ္ လက္လႊဲယူဖို႔ ခြင့္ျပဳခ်က္ ေပးခဲ့ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို ေရာင္းခ်မႈဟာ မၾကာမီအခ်ိန္အတြင္း ၿပီးေျမာက္ေတာ့မွာျဖစ္တာေၾကာင့္ ေအဘရာမိုဗစ္ခ်္ေၾကာင့္ ပိတ္ဆို႔ဒဏ္ခတ္ခံထားရတာေတြလည္း ဖယ္ရွားေပးျခင္းခံရေတာ့မွာျဖစ္ပါတယ္။

တူဟယ္ဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အသင္းနဲ႔ ကြာဟမႈကို ေလၽွာ့ခ်နိုင္ေအာင္ အသင္းပိုင္ရွင္သစ္ေတြအေနနဲ႔ ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ၿပီး အေျပာင္းအေရႊ႕ေစ်းကြက္မွာ အဆုံးအျဖတ္ေပးေစခ်င္ေနတာျဖစ္သလို ေတာ့ဒ္ ဘိုလီကလည္း ၎ရဲ့နည္းျပကို ေထာက္ခံဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။

The Telegraph ရဲ့ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေပါင္သန္း ၂၀၀ ဝန္းက်င္ သုံးစြဲသြားမွာျဖစ္ၿပီး အဲဒီဘတ္ဂ်က္ထဲက အခ်ိဳ႕ဟာ ကစားသမားေရာင္းခ်မႈကေန ရရွိလာမွာျဖစ္တယ္လို႔ သိရပါတယ္။ ခရစၥတင္ဆန္၊ ႐ူဒီဂါ၊ အက္ဇ္ပီလီေကြတာတို႔လို စီနီယာကစားသမားေတြ ထြက္ခြာေတာ့မွာျဖစ္တာေၾကာင့္ ခံစစ္ပိုင္းဟာ တူဟယ္အတြက္ ပထမဦးစားေပး အင္အားျဖည့္တင္းရမယ့္ေနရာျဖစ္ေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပဟာ တိုက္စစ္ကို အရမ္း အင္အားျဖည့္တင္းခ်င္ေနတာေၾကာင့္ မန္စီးတီးေတာင္ပံကစားသမား စတားလင္းကို ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္ဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့သူျဖစ္ၿပီး ယခုရာသီ ပထမပိုင္းမွာ အရန္အေနနဲ႔သာ ကစားခဲ့ရတာေၾကာင့္ မၾကာေသးမီက ၎အေနနဲ႔ အသင္းကို စြန႔္ခြာနိုင္တယ္လို႔ ရိပ္ဖမ္းသံဖမ္းေျပာဆိုထားခဲ့တာျဖစ္ပါတယ္။

စတားလင္းဟာ ရာသီ ဒုတိယပိုင္းမွာ ပိုၿပီး သိသာထင္ရွားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ရေပမယ့္ မန္စီးတီးရဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့မယ္ဆိုရင္ ေရာင္းထုတ္ျခင္း ခံရမွာ ျဖစ္ၿပီး အသက္ ၂၇ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ၎ရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီး တိက်တဲ့ဆုံးျဖတ္ခ်က္ မခ်ရေသးေပမယ့္ အာလင္း ဟာလန္းေရာက္ရွိလာမႈက ပြဲထြက္ခြင့္ေနရာမွာ ေနာက္ပိုေရာက္သြားေတာ့မယ္ဆိုတာကို သိရွိေနတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အာဆင္နယ္တို႔ဟာ စတားလင္းကို ေခၚယူခ်င္ေနၾကေပမယ့္လည္း မန္ခ်က္စတာစီးတီးၾကယ္ပြင့္အေနနဲ႔ ေျမာက္လန္ဒန္ကလပ္အသင္းေတြထက္ ခ်ဲလ္ဆီးအသင္းကို ပိုမိုေျပာင္းေရႊ႕ခ်င္မွာျဖစ္ၿပီး ဥေရာပနဲ႔ ကမၻာ့ခ်န္ပီယံေတြဟာ ေျပာင္းေရႊ႕ဖို႔အတြက္ ပိုမိုဆြဲေဆာင္မႈရွိတဲ့အသင္းလို႔ ခံစားေနရတာျဖစ္ပါတယ္။

စတားလင္းကို ေခၚယူဖို႔အတြက္ ေငြေၾကးရွာေဖြဖို႔အတြက္ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ တီမို ဗာနာ၊ ဟာကင္း ဇီယက္ရွ္နဲ႔ ပူလီရွစ္တို႔အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ေရာက္ရွိလာခဲ့ရင္ နားေထာင္သြားနိုင္ေျခရွိေနတာျဖစ္ပါတယ္။

ခံစစ္ပိုင္းအတြက္ ပစ္မွတ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းဟာ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး ခံစစ္ ၃ ဦးထဲက ဘယ္ဖက္ျခမ္းအတြက္ လိုက္ပ္ဇစ္ေနာက္ခံလူ ယို႔စ္ကို ဂဗာဒီယိုကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.