Other Leagues

ကွင်းထဲထိ ဝင်ပြီး ရှက်ဖီးယူနိုက်တက်အသင်းခေါင်းဆောင်ကို တိုက်ခိုက်ခဲ့လို့ အဖမ်းခံထားရတဲ့ ဖောရက်စ်ပရိသတ်

ချန်ပီယံရှစ် play-off ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး နော့တင်ဟမ် ဖောရက်စ်ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်လာချိန်မှာ ရှက်ဖီး ယူနိုက်တက်အသင်းခေါင်းဆောင် ဘီလီ ရှာ့ပ်ဟာ တိုက်ခိုက်ခြင်းခံခဲ့ရပုံ ပေါ်ခဲ့ပြီးနောက် တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပါတယ်။

နော့တင်ဟမ်ရှိုင်းယား ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူး ပေါလ် ဟန်နက်ဆီက “အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခိုက်မှုမှာ ဆက်နွယ်ခဲ့တယ်လို့ သံသယရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူ့ကို အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားပြီး တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်”

“အခင်းဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ ကစားသမားနဲ့ စကားပြောဆိုခဲ့ပြီး ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ကူညီပံ့ပိုးပေးနေတဲ့ ကလပ်အသင်း ၂ သင်းစလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းခေါင်းဆောင်ဟာ အင်္ဂါနေ့ညက ဒုတိယအကျော့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်နဲ့ နော့တင်ဟမ် ဖောရက်စ်တို့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီးနောက်ပိုင်း ဖောရက်စ်က ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၂ နဲ့ အနိုင်ရရှီခဲ့ပြီးနောက် ကွင်းထဲကို ပရိသတ်တွေ ကျူးကျော်ဝင်ရောက်လာချိန်မှာ ကွင်းဘေးစည်းမှာ ရပ်နေခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ ရုပ်သံဖိုင်ထဲမှာ နော့တင်ဟမ်ဖောရက်စ် ပရိသတ်တစ်ဦးဟာ အသက် ၃၆ နှစ်အရွယ် ရှက်ဖီးယူနိုက်တက်အသင်းခေါင်းဆောင်ဆီကို ပြေးသွားပြီး မြေကြီးပေါ် လဲကျအောင် တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဖောရက်စ်ဟာ ဒီဖြစ်စဉ်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ထုတ်ပြန်ကြေညာချက်ထဲမှာ ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီကို ရှာဖွေနိုင်ဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ပရိသတ်အနေနဲ့ ဘဝတသက်တာ ပွဲတက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ နော့တင်ဟမ် ဖောရက်စ်ရဲ့ နိုင်ပွဲကို အရိပ်မိုးခဲ့ပြီး နော့တင်ဟမ် ဖောရက်စ်ဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်ခွင့် ရရှိဖို့အတွက် မေလ ၂၉ ရက်နေ့ ဝင်ဘလေမှာ ဟက်ဒါစ်ဖီးလ်နဲ့ play-off ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

နော့တင်ဟမ် ဖောရက်စ်ဟာ ရှက်ဖီးယူနိုက်တက်ကို ပထမအကျော့တုန်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်္ဂါနေ့ည ဒုတိယအကျော့ပွဲစဉ်မှာ ဘရန်နန် ဂျွန်ဆင်ရဲ့ ပထမပိုင်း ဦးဆောင်ဂိုးနဲ့ ၂ ကျော့ပေါင်း ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်၊ ဂျွန် ဖလက်တို့ရဲ့ သွင်းဂိုးတွေကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

အချိန်ပိုမှာလည်း အဖြေမပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ ကန်သွင်းရာမှာတော့ ဖောရက်စ်ဂိုးသမား ဆမ်ဘာပဲ ဆက်လက်အစွမ်းပြခဲ့ပြီး ရှက်ဖီးလ်ဒ်ကွင်းလယ်လူ နော်ဝုဒ်ရဲ့ အဖွင့်ပင်နယ်တီကို ကာကွယ်သွားနိုင်ခဲ့သလို ဖောရက်စ်တို့ဘက်ကတော့ အဖွင့်ဂိုးရှင် ဂျွန်ဆန်ကပဲ ကန်သွင်းခဲ့ရာမှာ ဂိုးဝင်ခဲ့ပြီး ဒုတိယပင်နယ်တီမှာလည်း အူရီဟန်းရဲ့ လှည့်စားမှုကို ဆမ်ဘာပဲ ပုတ်ထုတ်သွားခဲ့တာကြောင့် ကာဖူးက ဂိုးရယူနိုင်ခဲ့ချိန်မှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

တတိယအလှည့်မှာတော့ ရှက်ဖီးလ်ဒ်ရဲ့ ဘာဂါနဲ့ ဖောရက်စ်ရဲ့ ကွတ်ခ်တို့နှစ်ဦးစလုံး ဝင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး စတုတ္ထပင်နယ်တီမှာတော့ ရှက်ဖီးလ်ဒ်ဘက်က အန်ဒီယေး ကန်သွင်းနိုင်ခဲ့ချိန်မှာ ဖောရက်စ်ရဲ့ လော်လီကန်ချက်က ဘားကျော်သွားခဲ့လုံး သုံးဂိုး-နှစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ပ ဉ္စမပင်နယ်တီကိုတော့ ရှက်ဖီးလ်ဒ်ရဲ့ ဂိုးသွင်းရှင် ဂစ်ဘ်စ်-ဝှိုက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆမ်ဘာပဲ အမိအရ ကာကွယ်သွားခဲ့လို့ ဖောရက်စ်တို့ နောက်ဆုံးပင်နယ်တီကို ကန်စရာ မလိုတော့ဘဲ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပြီး လာမယ့် မေလ ၂၉ ရက်နေ့မှာ လူတန်တောင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ဟတ်ဒါစ်ဖီးလ်ဒ်တောင်းနဲ့ ဝင်ဘလီကွင်းကြီးမှာ ဖိုင်နယ်ကစားရဖို့ ဖြစ်လာခဲ့တာပါ။

နော့တင်ဟမ် ဖောရက်စ်အသင်းအနေနဲ့ ဒီရာသီ ပွဲစဉ် ၄၅ နဲ့ ပွဲစဉ် ၄၆ တွေမှာ ၁ မှတ်သာ ရယူနိုင်ခဲ့လို့ တိုက်ရိုက်တန်းတက်ခွင့်ကို ဆုံးရှုံးထားခဲ့ရပြီး အဆင့် ၄ ကို ရောက်သွားခဲ့ချိန်မှာ လွယ်ကူတဲ့ ပြိုင်ဘက် လူတန်နဲ့ မတွေ့ခဲ့ရဘဲ ဗိုလ်လုပွဲလို့ ယူဆရတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့နဲ့ ကစားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့ ပရီးမီးယားလိဂ်ကို ကစားဖို့ အလေးပေးမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

အစဉ်အလာအရတော့ အင်္ဂလန်အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲကို ဒုတိယကမ္ဘာစစ်မဖြစ်ခင်က သုံးကြိမ် ဗိုလ်စွဲထားခဲ့တဲ့ ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ ၁၉၇၇-၇၈ ရာသီမှာ တစ်ကြိမ်ဗိုလ်စွဲဖူးပြီး နောက်တစ်ရာသီမှာ ဒုတိယရခဲ့လို့ ၁၉၇၉ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဥရောပ ချန်ပီယံလိဂ်ကို ဗိုလ်စွဲခဲ့ဖူးတဲ့ ဖောရက်စ်တို့ အသည်းချင်းပေါက်ရမယ့်အချိန်မှာ ပရိသတ်အများစုကတော့ ချန်ပီယံလိဂ်ချန်ပီယံဟောင်း ပရီးမီးယားလိဂ်ကို ရောက်လာမှာကို မျှော်လင့်နေကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်န္ပီယံရွစ္ play-off ဆီမီးဖိုင္နယ္ပြဲစဥ္အၿပီး ေနာ့တင္ဟမ္ ေဖာရက္စ္ပရိသတ္ေတြ ကြင္းအတြင္း ဝင္ေရာက္လာခ်ိန္မွာ ရွက္ဖီး ယူနိုက္တက္အသင္းေခါင္းေဆာင္ ဘီလီ ရွာ့ပ္ဟာ တိုက္ခိုက္ျခင္းခံခဲ့ရပုံ ေပၚခဲ့ၿပီးေနာက္ တိုက္ခိုက္ခဲ့တယ္လို႔ သံသယရွိသူအမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕ ဖမ္းဆီးခဲ့ပါတယ္။

ေနာ့တင္ဟမ္ရွိုင္းယား ရဲတပ္ဖြဲ႕ရဲ့ စစ္ေဆးေရးမႉး ေပါလ္ ဟန္နက္ဆီက “အသက္ ၃၁ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တိုက္ခိုက္မႈမွာ ဆက္ႏြယ္ခဲ့တယ္လို႔ သံသယရွိတာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ သူ႔ကို အခ်ဳပ္ခန္းထဲမွာ ထိန္းသိမ္းထားၿပီး တာဝန္ရွိသူေတြက စစ္ေဆးေမးျမန္းသြားမွာျဖစ္ပါတယ္”

“အခင္းျဖစ္ပြားခဲ့တဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ စုံစမ္းေမးျမန္းမႈေတြ လုပ္ေဆာင္ေနပါတယ္။ ကၽြန္ေတာ္တို႔ သက္ဆိုင္ရာ ကစားသမားနဲ႔ စကားေျပာဆိုခဲ့ၿပီး ကၽြန္ေတာ္တို႔ရဲ့ စုံစမ္းစစ္ေဆးမႈကို ကူညီပံ့ပိုးေပးေနတဲ့ ကလပ္အသင္း ၂ သင္းစလုံးနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ရွက္ဖီးယူနိုက္တက္အသင္းေခါင္းေဆာင္ဟာ အဂၤါေန႔ညက ဒုတိယအေက်ာ့ပြဲစဥ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး ရွက္ဖီးယူနိုက္တက္နဲ႔ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ပိုင္း ေဖာရက္စ္က ပင္နယ္တီ အဆုံးအျဖတ္မွာ ၃-၂ နဲ႔ အနိုင္ရရွီခဲ့ၿပီးေနာက္ ကြင္းထဲကို ပရိသတ္ေတြ က်ဴးေက်ာ္ဝင္ေရာက္လာခ်ိန္မွာ ကြင္းေဘးစည္းမွာ ရပ္ေနခဲ့တာျဖစ္ပါတယ္။ လူမႈကြန္ရက္မွာ မၽွေဝေနၾကတဲ့ ႐ုပ္သံဖိုင္ထဲမွာ ေနာ့တင္ဟမ္ေဖာရက္စ္ ပရိသတ္တစ္ဦးဟာ အသက္ ၃၆ ႏွစ္အရြယ္ ရွက္ဖီးယူနိုက္တက္အသင္းေခါင္းေဆာင္ဆီကို ေျပးသြားၿပီး ေျမႀကီးေပၚ လဲက်ေအာင္ တိုက္ခိုက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေဖာရက္စ္ဟာ ဒီျဖစ္စဥ္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ျပစ္မႈက်ဴးလြန္သူ တစ္ဦးခ်င္းစီကို ရွာေဖြနိုင္ဖို႔ အာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ၿပီး တိုက္ခိုက္ခဲ့တဲ့ ပရိသတ္အေနနဲ႔ ဘဝတသက္တာ ပြဲတက္ေရာက္ၾကည့္ရႈခြင့္ ပိတ္ပင္ခံရမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အဲဒီျဖစ္စဥ္ဟာ ေနာ့တင္ဟမ္ ေဖာရက္စ္ရဲ့ နိုင္ပြဲကို အရိပ္မိုးခဲ့ၿပီး ေနာ့တင္ဟမ္ ေဖာရက္စ္ဟာ ၁၉၉၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ကို ျပန္လည္တန္းတက္ခြင့္ ရရွိဖို႔အတြက္ ေမလ ၂၉ ရက္ေန႔ ဝင္ဘေလမွာ ဟက္ဒါစ္ဖီးလ္နဲ႔ play-off ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

ေနာ့တင္ဟမ္ ေဖာရက္စ္ဟာ ရွက္ဖီးယူနိုက္တက္ကို ပထမအေက်ာ့တုန္းက ၂-၁ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ၿပီး အဂၤါေန႔ည ဒုတိယအေက်ာ့ပြဲစဥ္မွာ ဘရန္နန္ ဂၽြန္ဆင္ရဲ့ ပထမပိုင္း ဦးေဆာင္ဂိုးနဲ႔ ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ေမာ္ဂန္ ဂစ္ဘ္စ္-ဝွိုက္၊ ဂၽြန္ ဖလက္တို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။

အခ်ိန္ပိုမွာလည္း အေျဖမေပၚခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရၿပီး ပင္နယ္တီ ကန္သြင္းရာမွာေတာ့ ေဖာရက္စ္ဂိုးသမား ဆမ္ဘာပဲ ဆက္လက္အစြမ္းျပခဲ့ၿပီး ရွက္ဖီးလ္ဒ္ကြင္းလယ္လူ ေနာ္ဝုဒ္ရဲ့ အဖြင့္ပင္နယ္တီကို ကာကြယ္သြားနိုင္ခဲ့သလို ေဖာရက္စ္တို႔ဘက္ကေတာ့ အဖြင့္ဂိုးရွင္ ဂၽြန္ဆန္ကပဲ ကန္သြင္းခဲ့ရာမွာ ဂိုးဝင္ခဲ့ၿပီး ဒုတိယပင္နယ္တီမွာလည္း အူရီဟန္းရဲ့ လွည့္စားမႈကို ဆမ္ဘာပဲ ပုတ္ထုတ္သြားခဲ့တာေၾကာင့္ ကာဖူးက ဂိုးရယူနိုင္ခဲ့ခ်ိန္မွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

တတိယအလွည့္မွာေတာ့ ရွက္ဖီးလ္ဒ္ရဲ့ ဘာဂါနဲ႔ ေဖာရက္စ္ရဲ့ ကြတ္ခ္တို႔ႏွစ္ဦးစလုံး ဝင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ၿပီး စတုတၳပင္နယ္တီမွာေတာ့ ရွက္ဖီးလ္ဒ္ဘက္က အန္ဒီေယး ကန္သြင္းနိုင္ခဲ့ခ်ိန္မွာ ေဖာရက္စ္ရဲ့ ေလာ္လီကန္ခ်က္က ဘားေက်ာ္သြားခဲ့လုံး သုံးဂိုး-ႏွစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ပ ဥၥမပင္နယ္တီကိုေတာ့ ရွက္ဖီးလ္ဒ္ရဲ့ ဂိုးသြင္းရွင္ ဂစ္ဘ္စ္-ဝွိုက္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆမ္ဘာပဲ အမိအရ ကာကြယ္သြားခဲ့လို႔ ေဖာရက္စ္တို႔ ေနာက္ဆုံးပင္နယ္တီကို ကန္စရာ မလိုေတာ့ဘဲ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အနိုင္ယူနိုင္ခဲ့ၿပီး လာမယ့္ ေမလ ၂၉ ရက္ေန႔မွာ လူတန္ေတာင္းကို အနိုင္ယူေက်ာ္ျဖတ္ခဲ့တဲ့ ဟတ္ဒါစ္ဖီးလ္ဒ္ေတာင္းနဲ႔ ဝင္ဘလီကြင္းႀကီးမွာ ဖိုင္နယ္ကစားရဖို႔ ျဖစ္လာခဲ့တာပါ။

ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းအေနနဲ႔ ဒီရာသီ ပြဲစဥ္ ၄၅ နဲ႔ ပြဲစဥ္ ၄၆ ေတြမွာ ၁ မွတ္သာ ရယူနိုင္ခဲ့လို႔ တိုက္ရိုက္တန္းတက္ခြင့္ကို ဆုံးရႈံးထားခဲ့ရၿပီး အဆင့္ ၄ ကို ေရာက္သြားခဲ့ခ်ိန္မွာ လြယ္ကူတဲ့ ၿပိဳင္ဘက္ လူတန္နဲ႔ မေတြ႕ခဲ့ရဘဲ ဗိုလ္လုပြဲလို႔ ယူဆရတဲ့ ရွက္ဖီးလ္ဒ္ယူနိုက္တက္တို႔နဲ႔ ကစားခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေက်ာ္ျဖတ္နိုင္ခဲ့ၿပီျဖစ္လို႔ ပရီးမီးယားလိဂ္ကို ကစားဖို႔ အေလးေပးမႈေတြလည္း ျမင့္တက္လာခဲ့ပါတယ္။

အစဥ္အလာအရေတာ့ အဂၤလန္အဆင့္ျမင့္တန္း အမွတ္ေပးၿပိဳင္ပြဲကို ဒုတိယကမၻာစစ္မျဖစ္ခင္က သုံးႀကိမ္ ဗိုလ္စြဲထားခဲ့တဲ့ ဟတ္ဒါစ္ဖီးလ္ဒ္နဲ႔ ၁၉၇၇-၇၈ ရာသီမွာ တစ္ႀကိမ္ဗိုလ္စြဲဖူးၿပီး ေနာက္တစ္ရာသီမွာ ဒုတိယရခဲ့လို႔ ၁၉၇၉ နဲ႔ ၁၉၈၀ ခုႏွစ္ေတြမွာ ဥေရာပ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲခဲ့ဖူးတဲ့ ေဖာရက္စ္တို႔ အသည္းခ်င္းေပါက္ရမယ့္အခ်ိန္မွာ ပရိသတ္အမ်ားစုကေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံေဟာင္း ပရီးမီးယားလိဂ္ကို ေရာက္လာမွာကို ေမၽွာ္လင့္ေနၾကေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.