Premier League

လီဗာပူးလ်ပရိသတ်အတွက် လေးစားဖွယ်လုပ်ရပ်ကို လုပ်ဆောင်ပေးခဲ့တဲ့ ဘာဘာတော့ဗ်

လီဗာပူးလ်ပရိသတ်တစ်ဦးဟာ လီဗာပူးလ်အသင်း ဆုဖလား ၄ လုံးတပြိုင်နက်ရရှိမယ်ဆိုတဲ့ လောင်းကြေးအတွက် ကြီးမားတဲ့ ငွေကြေးပမာဏ ထုတ်ယူခွင့်ကမ်းလှမ်းမှုအမျိုးမျိုးကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး လက်ရှိမှာတော့ ဒီမီတာ ဘာဘာတော့ဗ်ကြောင့် ငွေထုတ်ပေးခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

တန်ယာ ဟန်လေဟာ လီဗာပူးလ်အသင်းအနေနဲ့ အဓိကဆုဖလား ၄ လုံးစလုံးကို ရရှိနိုင်ခြေအတွက် ၃/၆၇၁/၁ လေး လောင်းကြေးဖွင့်ထားတာကို ပထမဆုံးအကြိမ် လောင်းခဲ့ပြီးနောက် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့တာဖြစ်ပါတယ်။ ဒီလောင်းကြေးဖွင့်မှုဟာ အရင်တုန်းက အင်္ဂလိပ်အသင်းတွေမှာ မဖြစ်ခဲ့ဖူးတဲ့အရာမျိုးဖြစ်ပေမယ့် တန်ယာက လီဗာပူးလ်အသင်း လုပ်နိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုးရှိခဲ့တာကြောင့် ပေါင် ၁၀၀ လောင်းကြေးထည့်ခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းသာ မကြုံစဖူး အဓိကဆုဖလားကြီး ၄ လုံးစလုံးကို ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် တန်ယာအနေနဲ့ ပေါင် ၃၆၇၂၀၀ အထိ အံ့အားသင့်ဖွယ် ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီ အဆုံးမသတ်ခင်မှာ တန်ယာဟာ လောင်းကြေးကို ရောင်းပြီး ငွေထုတ်ဖို့ ကမ်းလှမ်းမှု ၂ ကြိမ် ရခဲ့ပေမယ့် ပေါင် ၂၂၇၁၂ ကို ထုတ်ဖို့ ငြင်းပယ်ခဲ့ပြီးနောက် ပွဲပြီးဆုံးခါနီး မိနစ် ၃ဝလောက်မှာ နောက်ထပ်တစ်ကြိမ် ပေါင် ၃၅၀၀၀ နဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီမတိုင်ခင် မန်ချက်စတာစီးတီးဟာ ပထမပိုင်းမှာ အက်စတန် ဗီလာကို ၁-၀ နဲ့ ရှုံးနိမ့်နေပြီး လီဗာပူးလ်က ဝုလ်ဗ်စ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန်မှာ ငွေပမာဏက ပေါင် ၆၂၃၇၁ အထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီပမာဏကိုလည်း တန်ယာက ငြင်းပယ်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၂၀ သာ ကျန်တော့ချိန်မှာ ကော်တင်ညိုက မန်စီးတီးကို ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီးနောက် ပေါင် ၉၅၀၀၀ အထိ ရှိနေခဲ့တာဖြစ်ပါတယ်။

တန်ယာဟာ လက်ရှိ အခြေအနေကို ဆက်လက်ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ မန်စီးတီးက ဒုတိယပိုင်း ၇၆ မိနစ်ကနေ ၈၁ မိနစ်အတွင်း ၃ ဂိုးအထိ ပြန်သွင်းယူသွားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ကိုင်မြှောက်သွားခဲ့တာဖြစ်ပါတယ်။ တန်ယာဟာ လောင်းကြေးတပြားတစ်ချပ်မှ ပြန်ရဖို့ မရှိတော့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က ကြားဝင်ပေးခဲ့တာဖြစ်ပါတယ်။

ဖြစ်ပေါ်နေတဲ့အခြေအနေကို ‘VAR-Batov’ လုပ်ပြီး ဘာဘာတော့ဗ်က တန်ယာအနေနဲ့ ၎င်းရဲ့ နောက်ဆုံး လောင်းကြေး ရောင်းချခွင့်ကို အပြည့်အဝ လက်ခံရရှိမှသာ မှန်ကန်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် လီဗာပူးလ်ပရိသတ် တန်ယာရဲ့အကြောင်း သတင်းတွေကို မြင်ခဲ့တယ်။ ကျွန်တော် Betfair က လူတွေနဲ့ စကားပြောခဲ့ပြီး ၉၂ မိနစ်မှာ နောက်ဆုံး ငွေထုတ်ယူဖို့ ကမ်းလှမ်းမှုက ပေါင် ၁၁၂၅ ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်း ဖလားရဖို့ နီးစပ်ခဲ့ပြီး လောင်းကြေးက မယုံနိုင်စရာကောင်းခဲ့တာကြောင့် နောက်ဆုံးကမ်းလှမ်းမှုအတိုင်း သူ့ကို ငွေထုတ်ပေးမှသာ တရားမျှတပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

တန်ယာဟာ လက်ရှိမှာတော့ သူမ စီစဉ်ထားတဲ့ အားလပ်ရက် ခရီးထွက်လို့ရရှိစေမယ့် ကောင်းမွန်တဲ့ ငွေကြေးပမာဏကို ရရှိခဲ့ပြီဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း စနေနေ့ည ပဲရစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ဖလား ၃ လုံးနဲ့ ရာသီပြီးဆုံးနိုင်တဲ့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

ဥရောပချန်ပီယံ ၆ ကြိမ်ဖြစ်ထားတဲ့ လီဗာပူးလ်အသင်းဟာ ချဲလ်ဆီးအသင်းကို ဝင်ဘလေမှာ ပင်နယ်တီအဆုံးအဖြတ် ၂ ကြိမ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကာရာဘောင်းနဲ့ အက်ဖ်အေဖလားတို့ကို ရရှိထားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ပရိသတ္တစ္ဦးဟာ လီဗာပူးလ္အသင္း ဆုဖလား ၄ လုံးတၿပိဳင္နက္ရရွိမယ္ဆိုတဲ့ ေလာင္းေၾကးအတြက္ ႀကီးမားတဲ့ ေငြေၾကးပမာဏ ထုတ္ယူခြင့္ကမ္းလွမ္းမႈအမ်ိဳးမ်ိဳးကို လက္ခံဖို႔ ျငင္းဆန္ခဲ့ၿပီး လက္ရွိမွာေတာ့ ဒီမီတာ ဘာဘာေတာ့ဗ္ေၾကာင့္ ေငြထုတ္ေပးျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။

တန္ယာ ဟန္ေလဟာ လီဗာပူးလ္အသင္းအေနနဲ႔ အဓိကဆုဖလား ၄ လုံးစလုံးကို ရရွိနိုင္ေျခအတြက္ ၃/၆၇၁/၁ ေလး ေလာင္းေၾကးဖြင့္ထားတာကို ပထမဆုံးအႀကိမ္ ေလာင္းခဲ့ၿပီးေနာက္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့တာျဖစ္ပါတယ္။ ဒီေလာင္းေၾကးဖြင့္မႈဟာ အရင္တုန္းက အဂၤလိပ္အသင္းေတြမွာ မျဖစ္ခဲ့ဖူးတဲ့အရာမ်ိဳးျဖစ္ေပမယ့္ တန္ယာက လီဗာပူးလ္အသင္း လုပ္နိုင္လိမ့္မယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိခဲ့တာေၾကာင့္ ေပါင္ ၁၀၀ ေလာင္းေၾကးထည့္ခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းသာ မၾကဳံစဖူး အဓိကဆုဖလားႀကီး ၄ လုံးစလုံးကို ကိုင္ေျမႇာက္နိုင္ခဲ့မယ္ဆိုရင္ တန္ယာအေနနဲ႔ ေပါင္ ၃၆၇၂၀၀ အထိ အံ့အားသင့္ဖြယ္ ပိုင္ဆိုင္နိုင္မွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရာသီ အဆုံးမသတ္ခင္မွာ တန္ယာဟာ ေလာင္းေၾကးကို ေရာင္းၿပီး ေငြထုတ္ဖို႔ ကမ္းလွမ္းမႈ ၂ ႀကိမ္ ရခဲ့ေပမယ့္ ေပါင္ ၂၂၇၁၂ ကို ထုတ္ဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ ပြဲၿပီးဆုံးခါနီး မိနစ္ ၃ဝေလာက္မွာ ေနာက္ထပ္တစ္ႀကိမ္ ေပါင္ ၃၅၀၀၀ နဲ႔ ကမ္းလွမ္းမႈကိုလည္း ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

အဲဒီမတိုင္ခင္ မန္ခ်က္စတာစီးတီးဟာ ပထမပိုင္းမွာ အက္စတန္ ဗီလာကို ၁-၀ နဲ႔ ရႈံးနိမ့္ေနၿပီး လီဗာပူးလ္က ဝုလ္ဗ္စ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခ်ိန္မွာ ေငြပမာဏက ေပါင္ ၆၂၃၇၁ အထိ ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီပမာဏကိုလည္း တန္ယာက ျငင္းပယ္ခဲ့ၿပီး ပြဲကစားခ်ိန္ မိနစ္ ၂၀ သာ က်န္ေတာ့ခ်ိန္မွာ ေကာ္တင္ညိဳက မန္စီးတီးကို ဒုတိယေျမာက္ဦးေဆာင္ဂိုး သြင္းယူသြားခဲ့ၿပီးေနာက္ ေပါင္ ၉၅၀၀၀ အထိ ရွိေနခဲ့တာျဖစ္ပါတယ္။

တန္ယာဟာ လက္ရွိ အေျခအေနကို ဆက္လက္ယုံၾကည္ဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ မန္စီးတီးက ဒုတိယပိုင္း ၇၆ မိနစ္ကေန ၈၁ မိနစ္အတြင္း ၃ ဂိုးအထိ ျပန္သြင္းယူသြားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကို ၅ ရာသီအတြင္း ၄ ႀကိမ္ေျမာက္ ကိုင္ေျမႇာက္သြားခဲ့တာျဖစ္ပါတယ္။ တန္ယာဟာ ေလာင္းေၾကးတျပားတစ္ခ်ပ္မွ ျပန္ရဖို႔ မရွိေတာ့ေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က ၾကားဝင္ေပးခဲ့တာျဖစ္ပါတယ္။

ျဖစ္ေပၚေနတဲ့အေျခအေနကို ‘VAR-Batov’ လုပ္ၿပီး ဘာဘာေတာ့ဗ္က တန္ယာအေနနဲ႔ ၎ရဲ့ ေနာက္ဆုံး ေလာင္းေၾကး ေရာင္းခ်ခြင့္ကို အျပည့္အဝ လက္ခံရရွိမွသာ မွန္ကန္လိမ့္မယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္ လီဗာပူးလ္ပရိသတ္ တန္ယာရဲ့အေၾကာင္း သတင္းေတြကို ျမင္ခဲ့တယ္။ ကၽြန္ေတာ္ Betfair က လူေတြနဲ႔ စကားေျပာခဲ့ၿပီး ၉၂ မိနစ္မွာ ေနာက္ဆုံး ေငြထုတ္ယူဖို႔ ကမ္းလွမ္းမႈက ေပါင္ ၁၁၂၅ ျဖစ္ခဲ့ပါတယ္။ လီဗာပူးလ္အသင္း ဖလားရဖို႔ နီးစပ္ခဲ့ၿပီး ေလာင္းေၾကးက မယုံနိုင္စရာေကာင္းခဲ့တာေၾကာင့္ ေနာက္ဆုံးကမ္းလွမ္းမႈအတိုင္း သူ႔ကို ေငြထုတ္ေပးမွသာ တရားမၽွတပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

တန္ယာဟာ လက္ရွိမွာေတာ့ သူမ စီစဥ္ထားတဲ့ အားလပ္ရက္ ခရီးထြက္လို႔ရရွိေစမယ့္ ေကာင္းမြန္တဲ့ ေငြေၾကးပမာဏကို ရရွိခဲ့ၿပီျဖစ္ၿပီး လီဗာပူးလ္အသင္းကလည္း စေနေန႔ည ပဲရစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို အနိုင္ယူနိုင္ခဲ့မယ္ဆိုရင္ ဖလား ၃ လုံးနဲ႔ ရာသီၿပီးဆုံးနိုင္တဲ့ အခြင့္အေရး ရွိေနဆဲျဖစ္ပါတယ္။

ဥေရာပခ်န္ပီယံ ၆ ႀကိမ္ျဖစ္ထားတဲ့ လီဗာပူးလ္အသင္းဟာ ခ်ဲလ္ဆီးအသင္းကို ဝင္ဘေလမွာ ပင္နယ္တီအဆုံးအျဖတ္ ၂ ႀကိမ္နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ကာရာေဘာင္းနဲ႔ အက္ဖ္ေအဖလားတို႔ကို ရရွိထားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.