Premier League

ဒိုင်လူကြီး မိုက်ဒင်းန် ဆက်ရှိနိုင်သေးလို့ အပြည့်အဝ မပျော်နိုင်သေးတဲ့ Anti ပရိသတ်တွေ

ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ဝတ်ဖို့ဒ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် အပိတ်ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့အပြီးမှာ သူ့ရဲ့ နောက်ဆုံး ပွဲသိမ်းခရာကို မှုတ်သွားခဲ့တဲ့ ဒိုင်လူကြီး မိုက်ဒင်းန်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ ပြည်ဖုံးကားချ စာအုပ်ပိတ်လိုက်ပြီလို့ ဆိုနိုင်ပေမယ့် သူ့ကို မကြိုက်တဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ ဆက်လက် တည်ရှိနိုင်မှုအတွက် စိတ်မအေးရသေးဘဲဖြစ်နေကြပါတယ်။

အဓိကအားဖြင့်တော့ ဒီပရိသတ်တွေထဲမှာ သူနှိပ်စက်တတ်တဲ့ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက ထိပ်ဆုံးက ပါဝင်နေကြမှာဖြစ်ပြီး ခေတ်အဆက်ဆက် ဆုံးဖြတ်ချက်တွေမှာ အသာမရဘဲ ဖိနှိပ်ခံခဲ့ရသလို ဒီရာသီမှာလည်း ခရစ္စတယ်လ် ပဲလေ့စ်၊ အဲဗာတန်တို့နဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက တစ်ဖက်အသင်းတွေကို တစ်ယောက်မလျော့ဘဲ ကံကောင်းစေခဲ့တာပါ။

ဘူကာယို ဆာကာကို ဘောလုံးမထိဘဲ နောက်က ဖြတ်ကန်တဲ့ ပဲလေ့စ်ကွင်းလယ်လူ ဂျိမ်းစ် မက္ကာသာကို အဝါသာ ပြခဲ့ပြီး တာကဲဟီရို တိုမီယာစုရဲ့ မျက်နှာကို တက်နင်းတဲ့ ဘန် ဂေါ့ဖရီကို လုံးဝအရေးမယူဘဲ လွှတ်ပေးခဲ့တာတွေက အာဆင်နယ်ဖန်တွေအတွက်တော့ ပေါက်ကွဲစရာဖြစ်ခဲ့သလို အသက် ၅၄ နှစ်အရွယ်မို့လို့ ပရီးမီးယားလိဂ်ဘက်က ဘေးမဲ့ပေးထားတာလားလို့လည်း မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်တို့ကို ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးစေခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်ကို ကွင်းလယ်ဒိုင် ပေါလ် တီယာနီနောက်ကနေ ပင်နယ်တီပေးဖို့ ညွှန်ကြားခဲ့တဲ့ VAR ဒိုင်အဖြစ်လည်း မိုက်ဒင်းန်ကပဲ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် သူ့အပေါ် ဒေါသတွေက မြင့်တက်နေပြီး လက်ရှိမှာတော့ အနားယူဖို့ ကြေငြာပြီးချိန်မှာ VAR အချိန်ပြည့် ကိုင်တွယ်ဖို့ ပြန်ကမ်းလှမ်းထားတယ်ဆိုတဲ့ အသင်းကတော့ ပေါက်ကွဲစရာဖြစ်ခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ပရိသတ်အဖြစ် ထင်ရှားတဲ့ မိုက်ဒင်းန်ကို မြောက်လန်ဒန်ဒါဘီကို ကိုင်တွယ်စေခဲ့တာက ပရီးမီးယားလိဂ်ရဲ့ နေရာချထားမှုအတွက် လှောင်ပြောင်မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့အပြီးမှာ ချဲလ်ဆီး-ဝတ်ဖို့ဒ်ပွဲစဉ်ကတော့ သူ့ရဲ့ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး အနီကတ် ၁၁၄ ကတ်၊ အဝါကတ် ၂၀၀၀ ကျော်ရဲ့ သားကောင်တွေဘဝက ကစားသမားတွေ လွတ်မြောက်ပြီလို့လည်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါသေးတယ်။

ဒါပေမယ့် စတော့ခ်လီပါ့ခ်က VAR ဒိုင်အဖြစ်တော့ သူ့ကို ပြန်လည်တွေ့မြင်ရမလားဆိုတာက Anti တွေအတွက် စိုးရိမ်စရာလည်းဖြစ်နေခဲ့သလို ပြီးခဲ့တဲ့ ရာသီက ကွင်းတွင်းဒိုင်လူကြီးဘဝကနေ အနားယူပြီး အချိန်ပြည့် VAR ဖြစ်သွားတဲ့ လီး မေဆန်လိုမျိုး PGMOL ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ အဖွဲ့အစည်းရဲ့ ကမ်းလှမ်းမှု ဖြစ်မြောက်နိုင်မလားဆိုတာက စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Professional Games Match Officials Limited လို့ အရှည်ကောက် ခေါ်ဝေါ်တဲ့ အင်္ဂလန်အခြေစိုက် အဖွဲ့အစည်းအနေနဲ့ ပရီးမီးယားလိဂ်ကနေ အနားယူသွားတဲ့ ဒိုင်လူကြီးတွေကို သူတို့ရဲ့ အလုပ်အကိုင် ဆက်လက်ရှိနေစေရေးနဲ့ ဘောလုံးပွဲတွေကို လူတွေ ပိုမိုစိတ်ဝင်စားစေရေးအတွက် VAR ဘက်ကို ပြောင်းလဲတာဝန်ယူစေဖို့ ကြိုးစားနေခဲ့ပြီး အကြီးအကဲ မိုက် ရိုင်လီကလည်း ဒီထဲမှာ ပါဝင်နေခဲ့တာပါ။

ပရီးမီးယားလိဂ်ကို နှစ်ပေါင်း ၂၂ နှစ်ကျော်နဲ့ ပွဲပေါင်း ၅၅၄ ပွဲ ကိုင်တွယ်ခဲ့တဲ့ မိုက် ဒင်းန်ဟာ ဒီပြိုင်ပွဲမှာ အနီကတ် ၁၀၀ ကို ပထမဆုံး အသုံးပြုခဲ့တဲ့ ဒိုင်လူကြီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၂ ရက်နေ့က မန်ချက်စတာယူနိုက်တက်နဲ့ ဝုလ်ဗ်စ်တို့ရဲ့ ပွဲစဉ်မှာ အက်ရှ်လီယန်းကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ အစ်ပ်ဆွစ်ချ်နဲ့ပွဲစဉ်မှာ နယူးကာဆယ်လ်ကွင်းလယ်လူ နိုဘာတို ဆော်လာနိုကို ထုတ်ပယ်ခဲ့တဲ့ အနီကတ်နဲ့ အစပြုခဲ့တဲ့ မိုက် ဒင်းန်ဟာ နှစ်ပေါင်း ၂၀ နီးပါးကြာချိန်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ သူ့ရဲ့ နောက်ဆုံး ၁၁၄ ကတ်မြောက် အနီကတ်ကို နယူးကာဆယ်လ်နဲ့ပွဲမှာ ဘရန့်ဖို့ဒ်ကစားသမား ဂျော့ရှ် ဒါဆေးလ်ဗားကို ပြသခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ဝတ္ဖို႔ဒ္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ အပိတ္ပြဲစဥ္ကို တာဝန္ယူ ကိုင္တြယ္ခဲ့အၿပီးမွာ သူ႔ရဲ႕ ေနာက္ဆုံး ပြဲသိမ္းခရာကို မႈတ္သြားခဲ့တဲ့ ဒိုင္လူႀကီး မိုက္ဒင္းန္ရဲ႕ ဇာတ္လမ္းတစ္ပုဒ္ကေတာ့ ျပည္ဖုံးကားခ် စာအုပ္ပိတ္လိုက္ၿပီလို႔ ဆိုႏိုင္ေပမယ့္ သူ႔ကို မႀကိဳက္တဲ့ ပရိသတ္ေတြကေတာ့ သူ႔ရဲ႕ ဆက္လက္ တည္ရွိႏိုင္မႈအတြက္ စိတ္မေအးရေသးဘဲျဖစ္ေနၾကပါတယ္။

အဓိကအားျဖင့္ေတာ့ ဒီပရိသတ္ေတြထဲမွာ သူႏွိပ္စက္တတ္တဲ့ အာဆင္နယ္အသင္းရဲ႕ ပရိသတ္ေတြက ထိပ္ဆုံးက ပါဝင္ေနၾကမွာျဖစ္ၿပီး ေခတ္အဆက္ဆက္ ဆုံးျဖတ္ခ်က္ေတြမွာ အသာမရဘဲ ဖိႏွိပ္ခံခဲ့ရသလို ဒီရာသီမွာလည္း ခရစၥတယ္လ္ ပဲေလ့စ္၊ အဲဗာတန္တို႔နဲ႔ ပြဲစဥ္ေတြမွာ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြက တစ္ဖက္အသင္းေတြကို တစ္ေယာက္မေလ်ာ့ဘဲ ကံေကာင္းေစခဲ့တာပါ။

ဘူကာယို ဆာကာကို ေဘာလုံးမထိဘဲ ေနာက္က ျဖတ္ကန္တဲ့ ပဲေလ့စ္ကြင္းလယ္လူ ဂ်ိမ္းစ္ မကၠာသာကို အဝါသာ ျပခဲ့ၿပီး တာကဲဟီ႐ို တိုမီယာစုရဲ႕ မ်က္ႏွာကို တက္နင္းတဲ့ ဘန္ ေဂါ့ဖရီကို လုံးဝအေရးမယူဘဲ လႊတ္ေပးခဲ့တာေတြက အာဆင္နယ္ဖန္ေတြအတြက္ေတာ့ ေပါက္ကြဲစရာျဖစ္ခဲ့သလို အသက္ ၅၄ ႏွစ္အ႐ြယ္မို႔လို႔ ပရီးမီးယားလိဂ္ဘက္က ေဘးမဲ့ေပးထားတာလားလို႔လည္း ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္တို႔ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆုံးရႈံးေစခဲ့တဲ့ ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္ကို ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီေနာက္ကေန ပင္နယ္တီေပးဖို႔ ၫႊန္ၾကားခဲ့တဲ့ VAR ဒိုင္အျဖစ္လည္း မိုက္ဒင္းန္ကပဲ ေဆာင္႐ြက္ခဲ့တာျဖစ္တဲ့အတြက္ သူ႔အေပၚ ေဒါသေတြက ျမင့္တက္ေနၿပီး လက္ရွိမွာေတာ့ အနားယူဖို႔ ေၾကျငာၿပီးခ်ိန္မွာ VAR အခ်ိန္ျပည့္ ကိုင္တြယ္ဖို႔ ျပန္ကမ္းလွမ္းထားတယ္ဆိုတဲ့ အသင္းကေတာ့ ေပါက္ကြဲစရာျဖစ္ခဲ့တာပါ။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ပရိသတ္အျဖစ္ ထင္ရွားတဲ့ မိုက္ဒင္းန္ကို ေျမာက္လန္ဒန္ဒါဘီကို ကိုင္တြယ္ေစခဲ့တာက ပရီးမီးယားလိဂ္ရဲ႕ ေနရာခ်ထားမႈအတြက္ ေလွာင္ေျပာင္ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့အၿပီးမွာ ခ်ဲလ္ဆီး-ဝတ္ဖို႔ဒ္ပြဲစဥ္ကေတာ့ သူ႔ရဲ႕ ေနာက္ဆုံးပြဲျဖစ္ခဲ့ၿပီး အနီကတ္ ၁၁၄ ကတ္၊ အဝါကတ္ ၂၀၀၀ ေက်ာ္ရဲ႕ သားေကာင္ေတြဘဝက ကစားသမားေတြ လြတ္ေျမာက္ၿပီလို႔လည္း ဆိုရွယ္မီဒီယာေတြမွာ ေရးသားခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ စေတာ့ခ္လီပါ့ခ္က VAR ဒိုင္အျဖစ္ေတာ့ သူ႔ကို ျပန္လည္ေတြ႕ျမင္ရမလားဆိုတာက Anti ေတြအတြက္ စိုးရိမ္စရာလည္းျဖစ္ေနခဲ့သလို ၿပီးခဲ့တဲ့ ရာသီက ကြင္းတြင္းဒိုင္လူႀကီးဘဝကေန အနားယူၿပီး အခ်ိန္ျပည့္ VAR ျဖစ္သြားတဲ့ လီး ေမဆန္လိုမ်ိဳး PGMOL ပေရာ္ဖက္ရွင္နယ္ ဒိုင္လူႀကီးမ်ား အဖြဲ႕အစည္းရဲ႕ ကမ္းလွမ္းမႈ ျဖစ္ေျမာက္ႏိုင္မလားဆိုတာက ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

Professional Games Match Officials Limited လို႔ အရွည္ေကာက္ ေခၚေဝၚတဲ့ အဂၤလန္အေျခစိုက္ အဖြဲ႕အစည္းအေနနဲ႔ ပရီးမီးယားလိဂ္ကေန အနားယူသြားတဲ့ ဒိုင္လူႀကီးေတြကို သူတို႔ရဲ႕ အလုပ္အကိုင္ ဆက္လက္ရွိေနေစေရးနဲ႔ ေဘာလုံးပြဲေတြကို လူေတြ ပိုမိုစိတ္ဝင္စားေစေရးအတြက္ VAR ဘက္ကို ေျပာင္းလဲတာဝန္ယူေစဖို႔ ႀကိဳးစားေနခဲ့ၿပီး အႀကီးအကဲ မိုက္ ႐ိုင္လီကလည္း ဒီထဲမွာ ပါဝင္ေနခဲ့တာပါ။

ပရီးမီးယားလိဂ္ကို ႏွစ္ေပါင္း ၂၂ ႏွစ္ေက်ာ္နဲ႔ ပြဲေပါင္း ၅၅၄ ပြဲ ကိုင္တြယ္ခဲ့တဲ့ မိုက္ ဒင္းန္ဟာ ဒီၿပိဳင္ပြဲမွာ အနီကတ္ ၁၀၀ ကို ပထမဆုံး အသုံးျပဳခဲ့တဲ့ ဒိုင္လူႀကီးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဧၿပီ ၂ ရက္ေန႔က မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝုလ္ဗ္စ္တို႔ရဲ႕ ပြဲစဥ္မွာ အက္ရွ္လီယန္းကို ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

၂၀၀၁ ခုႏွစ္ ဧၿပီလ ၁၄ ရက္ေန႔မွာ အစ္ပ္ဆြစ္ခ်္နဲ႔ပြဲစဥ္မွာ နယူးကာဆယ္လ္ကြင္းလယ္လူ ႏိုဘာတို ေဆာ္လာႏိုကို ထုတ္ပယ္ခဲ့တဲ့ အနီကတ္နဲ႔ အစျပဳခဲ့တဲ့ မိုက္ ဒင္းန္ဟာ ႏွစ္ေပါင္း ၂၀ နီးပါးၾကာခ်ိန္၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာေတာ့ သူ႔ရဲ႕ ေနာက္ဆုံး ၁၁၄ ကတ္ေျမာက္ အနီကတ္ကို နယူးကာဆယ္လ္နဲ႔ပြဲမွာ ဘရန႔္ဖို႔ဒ္ကစားသမား ေဂ်ာ့ရွ္ ဒါေဆးလ္ဗားကို ျပသခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.