Bundesliga La Liga Premier League Transfer News UCL&UEL

လီဗာပူးလ်တို့ ကာဗာလ်ယိုကို ခေါ်ယူနိုင်ခဲ့ပြီး ကြယ်ပွင့်တိုက်စစ်မှူးကို ရောင်းချတော့မှာလား

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဖူလ်ဟမ်အသင်းကနေ လူငယ်တောင်ပံတိုက်စစ်မှူး ဖာဘီယို ကာဗာလ်ယိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီက အချိန်မလုံလောက်မှုကြောင့် ကြန့်ကြာခဲ့ရမှုကို ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့သလို ဒီနွေရာသီ အန်းဖီးလ်ရဲ့ ပထမဆုံး လူအဝင်လည်း ဖြစ်လာခဲ့ပါတယ်။

ကာဗာလ်ယိုကို ဇန်နဝါရီက လီဗာပူးလ်တို့ မခေါ်ယူနိုင်လိုက်တာက ခပ်ကောင်းကောင်းပဲဖြစ်ခဲ့သလို ဖူလ်ဟမ်အသင်းရဲ့ တန်းတက်ခွင့်ကို အကူအညီဖြစ်စေခဲ့ပြီးမှ EFL လိဂ်ချန်ပီယံရှစ်ကို ဗိုလ်စွဲအပြီးမှာတော့ မာဆေးဆိုက်ကို ပေါင် ၇.၇ သန်းနဲ့ ပြောင်းရွှေ့မှုကို မနေ့က အတည်ပြုနိုင်ခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင်ဟာ ဖူလ်ဟမ်အသင်းနဲ့ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲကစားပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့သလို တန်းဆင်းသွားချိန်မှာတော့ လိဂ်ချန်ပီယံရှစ် ၂၀၂၁-၂၂ ရာသီမှာ ၃၈ ပွဲကစား ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ပွဲထွက်ခွင့် နေရာတစ်နေရာအတွက်တော့ ခက်ခက်ခဲခဲ ပြိုင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။

နည်းပြ ယာဂန် ကလော့ပ်အနေနဲ့တော့ သူနှစ်သက်တဲ့ ကာဗာလ်ယိုကို အသင်းဟောင်း ဖူလ်ဟမ်ဆီကို အငှားပြန်ချသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပြီး တိုက်စစ်ပိုင်းမှာ မိုဟာမက် ဆာလား၊ ရောဘတ်တို ဖာမီနို၊ ဆာဒီယို မာနေး၊ ဒီယိုဂို ဂျိုတာ၊ လူးဝစ် ဒီယက်ဇ်တို့နဲ့အတူ ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် အခြေအနေကိုတော့ ခန့်မှန်းထားကြပါတယ်။

ဒီအချိန်မှာ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေကတော့ လီဗာပူးလ်တို့အနေနဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယို မာနေးကို ရောင်းချတော့မယ်လို့ ခန့်မှန်းလိုက်ပြီး ပြီးခဲ့တဲ့ ဧပြီလက အသက် ၃၀ ပြည့်သွားတဲ့ ကစားသမားနဲ့ အန်းဖီးလ်တို့ လမ်းခွဲမှုကို မြင်တွေ့ရလိမ့်မယ်လို့ မိုဟာမက် ဆာလားကို မျက်နှာသာပေးချင်တဲ့ တာဝန်ရှိသူတွေရဲ့ ပုံစံနဲ့အတူ သုံးသပ်ခဲ့ကြတာပါ။

အသက်အရွယ်အားဖြင့်လည်း အသုံးပြုနိုင်မယ့် အချိန်ကာလ တိုတောင်းလာပြီဖြစ်တဲ့ မာနေးကို ခြေစွမ်းအမြင့်ဆုံးမှာ ရှိနေတုန်းမှာပဲ ဥရောပ အသင်းကြီးတွေဆီ ယူရိုသန်း ၅၀ လောက်ရရင် ရောင်းချသွားနိုင်တယ်လို့ သတင်းထွက်နေသလို ဘိုင်ယန်မြူးနစ်အသင်းက ဆက်သွယ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြထားကြပါတယ်။

ခီလီယန် အမ်ဘာပေကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်အနေနဲ့ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ဂိုးသွင်း ၂ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ မာနေးကို ခေါ်ယူပြီး ပရိသတ်တွေကို နှစ်သိမ့်မှု ပေးနိုင်သလို ဘယ်လိုဖြစ်လာမယ်ဆိုတာကတော့ စတေဒီ ဖရန့်စ်မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ တွေ့မြင်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဖူလ္ဟမ္အသင္းကေန လူငယ္ေတာင္ပံတိုက္စစ္မႉး ဖာဘီယို ကာဗာလ္ယိုကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဆာင္းရာသီက အခ်ိန္မလုံေလာက္မႈေၾကာင့္ ၾကန႔္ၾကာခဲ့ရမႈကို ျပန္လည္ျဖည့္ဆည္းႏိုင္ခဲ့သလို ဒီေႏြရာသီ အန္းဖီးလ္ရဲ႕ ပထမဆုံး လူအဝင္လည္း ျဖစ္လာခဲ့ပါတယ္။

ကာဗာလ္ယိုကို ဇန္နဝါရီက လီဗာပူးလ္တို႔ မေခၚယူႏိုင္လိုက္တာက ခပ္ေကာင္းေကာင္းပဲျဖစ္ခဲ့သလို ဖူလ္ဟမ္အသင္းရဲ႕ တန္းတက္ခြင့္ကို အကူအညီျဖစ္ေစခဲ့ၿပီးမွ EFL လိဂ္ခ်န္ပီယံရွစ္ကို ဗိုလ္စြဲအၿပီးမွာေတာ့ မာေဆးဆိုက္ကို ေပါင္ ၇.၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕မႈကို မေန႔က အတည္ျပဳႏိုင္ခဲ့တာပါ။

အသက္ ၁၉ ႏွစ္အ႐ြယ္ ေပၚတူဂီ ယူ-၂၁ လက္ေ႐ြးစင္ဟာ ဖူလ္ဟမ္အသင္းနဲ႔ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္မွာ ၄ ပြဲကစားၿပီး ၁ ဂိုး သြင္းယူႏိုင္ခဲ့သလို တန္းဆင္းသြားခ်ိန္မွာေတာ့ လိဂ္ခ်န္ပီယံရွစ္ ၂၀၂၁-၂၂ ရာသီမွာ ၃၈ ပြဲကစား ၁၁ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းရဲ႕ ပြဲထြက္ခြင့္ ေနရာတစ္ေနရာအတြက္ေတာ့ ခက္ခက္ခဲခဲ ၿပိဳင္ဆိုင္ရမွာလည္းျဖစ္ပါတယ္။

နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ေတာ့ သူႏွစ္သက္တဲ့ ကာဗာလ္ယိုကို အသင္းေဟာင္း ဖူလ္ဟမ္ဆီကို အငွားျပန္ခ်သြားဖို႔ အစီအစဥ္မရွိဘူးလို႔ သိရၿပီး တိုက္စစ္ပိုင္းမွာ မိုဟာမက္ ဆာလား၊ ေရာဘတ္တို ဖာမီႏို၊ ဆာဒီယို မာေနး၊ ဒီယိုဂို ဂ်ိဳတာ၊ လူးဝစ္ ဒီယက္ဇ္တို႔နဲ႔အတူ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာမယ့္ အေျခအေနကိုေတာ့ ခန႔္မွန္းထားၾကပါတယ္။

ဒီအခ်ိန္မွာ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူေတြကေတာ့ လီဗာပူးလ္တို႔အေနနဲ႔ ဆီနီေဂါတိုက္စစ္မႉး ဆာဒီယို မာေနးကို ေရာင္းခ်ေတာ့မယ္လို႔ ခန႔္မွန္းလိုက္ၿပီး ၿပီးခဲ့တဲ့ ဧၿပီလက အသက္ ၃၀ ျပည့္သြားတဲ့ ကစားသမားနဲ႔ အန္းဖီးလ္တို႔ လမ္းခြဲမႈကို ျမင္ေတြ႕ရလိမ့္မယ္လို႔ မိုဟာမက္ ဆာလားကို မ်က္ႏွာသာေပးခ်င္တဲ့ တာဝန္ရွိသူေတြရဲ႕ ပုံစံနဲ႔အတူ သုံးသပ္ခဲ့ၾကတာပါ။

အသက္အ႐ြယ္အားျဖင့္လည္း အသုံးျပဳႏိုင္မယ့္ အခ်ိန္ကာလ တိုေတာင္းလာၿပီျဖစ္တဲ့ မာေနးကို ေျခစြမ္းအျမင့္ဆုံးမွာ ရွိေနတုန္းမွာပဲ ဥေရာပ အသင္းႀကီးေတြဆီ ယူ႐ိုသန္း ၅၀ ေလာက္ရရင္ ေရာင္းခ်သြားႏိုင္တယ္လို႔ သတင္းထြက္ေနသလို ဘိုင္ယန္ျမဴးနစ္အသင္းက ဆက္သြယ္ေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားၾကပါတယ္။

ခီလီယန္ အမ္ဘာေပကို ပီအက္စ္ဂ်ီအသင္းကေန ေခၚယူဖို႔ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္အေနနဲ႔ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားခဲ့တဲ့ ေနာက္ဆုံး ၁၂ ပြဲမွာ ၁၁ ဂိုးသြင္း ၂ ဂိုး ဖန္တီးႏိုင္ခဲ့တဲ့ မာေနးကို ေခၚယူၿပီး ပရိသတ္ေတြကို ႏွစ္သိမ့္မႈ ေပးႏိုင္သလို ဘယ္လိုျဖစ္လာမယ္ဆိုတာကေတာ့ စေတဒီ ဖရန႔္စ္မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအၿပီးမွာ ေတြ႕ျမင္ရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.