Article La Liga Premier League

၂၀၂၁-၂၂ ရာသီ ဥရောပပြိုင်ပွဲတွေမှာ အကောင်းဆုံး ဘောလုံးပေးပို့နိုင်သူ ၅ ဦး

ဥရောပတစ်ခွင်မှာ ဘောလုံးပေးပို့ ဖန်တီးနိုင်သူတွေထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်သူတွေ လက်နှစ်ဖက်စာမက များပြားလှပေမယ့် တကယ်တမ်း ပွဲအဖြေကို အဆုံးအဖြတ်ပေးမယ့် Final Third Zone ဆီကို အထိရောက်ဆုံး ပေးပို့နိုင်သူတွေကတော့ လက်ချိုးရေလို့ ရသလို တန်ဖိုးမြင့် ရှားပါးလွန်းသူတွေလည်း ဖြစ်ကြပါတယ်။

ဒီထဲကမှ ဥရောပရဲ့ ထိပ်တန်းလိဂ်တွေမှာ အကောင်းဆုံး ဖန်တီးပေးပို့မှုတွေကို ပိုင်ဆိုင်ထားသူ ၅ ဦးကို ဖော်ပြလိုက်ပြီး ဒီထဲမှာတော့ ပရီးမီးယားလိဂ်က ကစားသမားအများစု ပါဝင်နေကြသလို ပြင်သစ် လိဂန်နဲ့ စပိန် လာလီဂါက ကစားသမားတစ်ဦးစီကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

၅။ သီယာဂို အယ်လ်ကန်တာရာ (လီဗာပူးလ်)
လီဗာပူးလ်တို့အတွက် ဒုတိယရာသီကို ဖြတ်သန်းခဲ့တဲ့ ကစားသမားဟာ ရှေ့က ရာသီထက် ပိုကောင်းလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုသုံးလာတဲ့ ပြိုင်ဘက်တွေကို ပါးပါးနပ်နပ် ရင်ဆိုင်ကစားလာခဲ့သလို အသင်းအတွက် ထိရောက်တဲ့ ပေးပို့မှုတွေကိုလည်း အများအပြား ပြုလုပ်နိုင်ခဲ့တာပါ။

သီယာဂိုအနေနဲ့ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ တိုက်စစ်အကျိုးပြု ပေးပို့မှုပေါင်း မိနစ် ၉၀ မှာ ၉.၈၁ ကြိမ် ပြုလုပ်လေ့ရှိပြီး ကွင်းလယ်က ဘောလုံးဖြန့်ဝေမှု အားကောင်းတဲ့ ၃၁ နှစ်သားအနေနဲ့ ရောဘတ်ဆန်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့လို တိုက်စစ်အားသန် နောက်ခံအစွန်လူတွေဆီ တိတိကျကျ ပေးပို့တတ်တာက အသင်းအတွက် လက်နက်ကြီးဖြစ်စေပြီး ပေးပို့မှုမှာ ၈၉.၂ ရာခိုင်နှုန်း တိကျခဲ့တာလည်းဖြစ်ပါတယ်။

၄။ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ် (လီဗာပူးလ်)
ခံစစ်ပိုင်းမှာ မကြာခဏ ထိုးနှက်ခံရလို့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ တွဲဖက်ပေးထားရတဲ့ နောက်ခံလူဟာ တိုက်စစ်ပိုင်းမှာတော့ Long Pass တစ်ပေါက် လျှမ်းလျှမ်းတောက်သူဖြစ်ပြီး ၂၃ နှစ်သားဟာ ဥရောပရဲ့ အကောင်းဆုံး Ball Playing Full Back အဖြစ် သတ်မှတ်ခံထားရသလို ခံစစ်က ဒီဘရိုင်းနားလို့ပါ ချီးကျူးခံထားရသူပါ။

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၂ ဂိုးသွင်း ၁၉ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ ပွဲတစ်ပွဲမှာ ထိရောက်တဲ့ ပေးပို့မှု ၈.၀၇ ကြိမ် ပြုလုပ်လေ့ရှိပြီး ညာတောင်ပံတစ်လျှောက်က ဖန်တီးပေးမှုမှုနဲ့ တိကျတဲ့ အဝေးဘောတွေက အသင်းရဲ့ ကစားပုံ မကောင်းတဲ့ နေ့မျိုးတွေမှာတောင် နိုင်ပွဲရရှိဖို့ ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ကီဗင် ဒီဘရိုင်းနား (မန်ချက်စတာစီးတီး)
မန်ချက်စတာစီးတီးအသင်းရဲ့ ချန်ပီယံဆုအတွက် အဓိက နေရာက ပါဝင်ခဲ့တဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ ရာသီအစက အထနှေးခဲ့ပေမယ့် ပြိုင်ပွဲတစ်ဝက်နားကို ရောက်ချိန်မှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်ရခဲ့ပြီး ရာသီကုန်ချိန်မှာတော့ အသင်းအတွက် ၄ ဂိုးသွင်းတဲ့ ဟက်ထရစ်နဲ့ ဝုလ်ဗ်စ်နဲ့ပွဲမှာ တောက်ပခဲ့သလို ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။

ဒီရာသီ ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၁၉ ဂိုးသွင်းပြီး ၁၄ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူဟာ မိနစ် ၉၀ တိုင်းမှာ ထိရောက်တဲ့ ပေးပို့မှု ၆.၄၉ ကြိမ် ပြုလုပ်နိုင်သူဖြစ်ပြီး အနီးအဝေး စွယ်စုံရတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်သလို အမှတ်ပေးပြိုင်ပွဲ ဂိုးသွင်းယူနိုင်မှုအပိုင်းမှာတော့ သူ့ရဲ့ အမြင့်ဆုံးစံချိန်အဖြစ် ၁၅ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ဂိုးဧရိယာနားမှာတော့ အန္တရာယ်အကြီးဆုံးနဲ့ အလစ်ပေးလို့ မရတဲ့ သူမျိုးလည်း ဖြစ်နေခဲ့ပါတယ်။

၂။ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ)
ဒီရာသီကတော့ ပျမ်းမျှ ဂိုး ၃၀ လောက် အာမခံချက်ပေးနိုင်သူလို့ ဆိုခဲ့ရဖူးတဲ့ အာဂျင်တီးနားသားရဲ့ စံချိန်တင်ဆိုးရွားတဲ့ ဂိုးသွင်းမှတ်တမ်းကို ကြုံတွေ့ခဲ့ရတဲ့ ရာသီလည်းဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းကြီးကို စရောက်ပြီး ပွဲထွက် ၁၁ ပွဲနဲ့ လူစားဝင် ၆ ပွဲ ကစားခွင့်ရတဲ့ အသက် ၁၈ နှစ်အရွယ်မှာတောင် ၆ ဂိုး သွင်းယူနိုင်ခဲ့ချိန်မှာ ဒီရာသီမှာ တူညီတဲ့ ကျောနံပါတ်နဲ့ ကစားပြီး တူညီတဲ့ သွင်းဂိုး ၆ ဂိုးကိုပဲ ၂၄ ပွဲ ပွဲထွက်၊ ၂ ပွဲ လူစားဝင်ပြီး ရယူနိုင်ခဲ့တာပါ။

ဂိုးသွင်းနှုန်း ကျဆင်းသွားပေမယ့် မက်ဆီရဲ့ ပေးပို့မှုတွေကတော့ ပီအက်စ်ဂျီတိုက်စစ်မှာ ထင်ရှားပြီး သူပါတဲ့ပွဲနဲ့ မပါတဲ့ပွဲ သိသာလွန်းလှသလို ထိရောက်တဲ့ ပေးပို့မှုကို တစ်ပွဲပျမ်းမျှ ၉.၄၄ ကြိမ် ပြလုပ်ထားနိုင်ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ဖန်တီးမှု ၁၁ ကြိမ်နဲ့ နေမာ၊ အမ်ဘာပေတို့ရဲ့ ကစားပေါက်တွေကို အကောင်းဆုံး အထောက်အကူပြုခဲ့တာလည်းဖြစ်ပါတယ်။

၁။ လူကာ မိုဒရစ်ချ် (ရီးရဲလ်မက်ဒရစ်)
အသက်အရွယ်အားဖြင့် ၃၇ နှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့် ခရိုအေးရှားသားကြီးရဲ့ ပေးပို့မှုတွေကတော့ တစ်ပွဲထက်တစ်ပွဲတောင် ပိုကောင်းလာသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူ့ရဲ့ ဉာဏ်ရည်မြင့်မားလွန်းတဲ့ ပေးပို့မှုတွေက ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ်တို့လို တိုက်စစ်သမားတွေအတွက် ချိုမြိန်လွန်းနေချိန်မှာ ပြိုင်ဘက်ကွင်းလယ်နဲ့ ခံစစ်ကစားသမားတွေအတွက်တော့ အိပ်မက်ဆိုးတစ်ခုဖြစ်နေတာပါ။

မိုဒရစ်ချ်အနေနဲ့ ဒီရာသီမှာ အသင်းအတွက် တိုက်စစ်ပိုင်းကို ထိရောက်တဲ့ ပေးပို့မှု တစ်ပွဲပျှမ်းမျှ ၆.၄၂ ကြိမ် လုပ်ဆောင်ပေးထားနိုင်ခဲ့ပြီး ကစားခွင့်ရထားတဲ့ ၄၂ ပွဲမှာ ၁၂ ကြိမ် ဖန်တီးပေးပို့ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်တွေမှာ ဘောလုံးပေးပို့မှု ၈၉.၈ ရာခိုင်နှုန်း တိကျခဲ့ပြီး လာလီဂါကို ဗိုလ်စွဲနိုင်အပြီးမှာ ချန်ပီယံလိဂ်ကိုရော ထပ်ယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပတစ္ခြင္မွာ ေဘာလုံးေပးပို႔ ဖန္တီးႏိုင္သူေတြထဲမွာ အေကာင္းဆုံးလို႔ ဆိုႏိုင္သူေတြ လက္ႏွစ္ဖက္စာမက မ်ားျပားလွေပမယ့္ တကယ္တမ္း ပြဲအေျဖကို အဆုံးအျဖတ္ေပးမယ့္ Final Third Zone ဆီကို အထိေရာက္ဆုံး ေပးပို႔ႏိုင္သူေတြကေတာ့ လက္ခ်ိဳးေရလို႔ ရသလို တန္ဖိုးျမင့္ ရွားပါးလြန္းသူေတြလည္း ျဖစ္ၾကပါတယ္။

ဒီထဲကမွ ဥေရာပရဲ႕ ထိပ္တန္းလိဂ္ေတြမွာ အေကာင္းဆုံး ဖန္တီးေပးပို႔မႈေတြကို ပိုင္ဆိုင္ထားသူ ၅ ဦးကို ေဖာ္ျပလိုက္ၿပီး ဒီထဲမွာေတာ့ ပရီးမီးယားလိဂ္က ကစားသမားအမ်ားစု ပါဝင္ေနၾကသလို ျပင္သစ္ လိဂန္နဲ႔ စပိန္ လာလီဂါက ကစားသမားတစ္ဦးစီကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

၅။ သီယာဂို အယ္လ္ကန္တာရာ (လီဗာပူးလ္)
လီဗာပူးလ္တို႔အတြက္ ဒုတိယရာသီကို ျဖတ္သန္းခဲ့တဲ့ ကစားသမားဟာ ေရွ႕က ရာသီထက္ ပိုေကာင္းလာခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈသုံးလာတဲ့ ၿပိဳင္ဘက္ေတြကို ပါးပါးနပ္နပ္ ရင္ဆိုင္ကစားလာခဲ့သလို အသင္းအတြက္ ထိေရာက္တဲ့ ေပးပို႔မႈေတြကိုလည္း အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့တာပါ။

သီယာဂိုအေနနဲ႔ လီဗာပူးလ္အသင္းအတြက္ ဒီရာသီမွာ တိုက္စစ္အက်ိဳးျပဳ ေပးပို႔မႈေပါင္း မိနစ္ ၉၀ မွာ ၉.၈၁ ႀကိမ္ ျပဳလုပ္ေလ့ရွိၿပီး ကြင္းလယ္က ေဘာလုံးျဖန႔္ေဝမႈ အားေကာင္းတဲ့ ၃၁ ႏွစ္သားအေနနဲ႔ ေရာဘတ္ဆန္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔လို တိုက္စစ္အားသန္ ေနာက္ခံအစြန္လူေတြဆီ တိတိက်က် ေပးပို႔တတ္တာက အသင္းအတြက္ လက္နက္ႀကီးျဖစ္ေစၿပီး ေပးပို႔မႈမွာ ၈၉.၂ ရာခိုင္ႏႈန္း တိက်ခဲ့တာလည္းျဖစ္ပါတယ္။

၄။ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ (လီဗာပူးလ္)
ခံစစ္ပိုင္းမွာ မၾကာခဏ ထိုးႏွက္ခံရလို႔ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ တြဲဖက္ေပးထားရတဲ့ ေနာက္ခံလူဟာ တိုက္စစ္ပိုင္းမွာေတာ့ Long Pass တစ္ေပါက္ လွ်မ္းလွ်မ္းေတာက္သူျဖစ္ၿပီး ၂၃ ႏွစ္သားဟာ ဥေရာပရဲ႕ အေကာင္းဆုံး Ball Playing Full Back အျဖစ္ သတ္မွတ္ခံထားရသလို ခံစစ္က ဒီဘ႐ိုင္းနားလို႔ပါ ခ်ီးက်ဴးခံထားရသူပါ။

ဒီရာသီမွာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၆ ပြဲမွာ ၂ ဂိုးသြင္း ၁၉ ဂိုး ဖန္တီးေပးႏိုင္ခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ ပြဲတစ္ပြဲမွာ ထိေရာက္တဲ့ ေပးပို႔မႈ ၈.၀၇ ႀကိမ္ ျပဳလုပ္ေလ့ရွိၿပီး ညာေတာင္ပံတစ္ေလွ်ာက္က ဖန္တီးေပးမႈမႈနဲ႔ တိက်တဲ့ အေဝးေဘာေတြက အသင္းရဲ႕ ကစားပုံ မေကာင္းတဲ့ ေန႔မ်ိဳးေတြမွာေတာင္ ႏိုင္ပြဲရရွိဖို႔ ကူညီႏိုင္ခဲ့တာျဖစ္ပါတယ္။

၃။ ကီဗင္ ဒီဘ႐ိုင္းနား (မန္ခ်က္စတာစီးတီး)
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခ်န္ပီယံဆုအတြက္ အဓိက ေနရာက ပါဝင္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ ရာသီအစက အထေႏွးခဲ့ေပမယ့္ ၿပိဳင္ပြဲတစ္ဝက္နားကို ေရာက္ခ်ိန္မွာ သူ႔ရဲ႕ ပုံမွန္ေျခစြမ္းကို ျပန္ရခဲ့ၿပီး ရာသီကုန္ခ်ိန္မွာေတာ့ အသင္းအတြက္ ၄ ဂိုးသြင္းတဲ့ ဟက္ထရစ္နဲ႔ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ေတာက္ပခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိခဲ့တာပါ။

ဒီရာသီ ၿပိဳင္ပြဲစုံ ၄၅ ပြဲမွာ ၁၉ ဂိုးသြင္းၿပီး ၁၄ ဂိုး ဖန္တီးႏိုင္ခဲ့တဲ့ ကမာၻ႔အဆင့္ ကြင္းလယ္လူဟာ မိနစ္ ၉၀ တိုင္းမွာ ထိေရာက္တဲ့ ေပးပို႔မႈ ၆.၄၉ ႀကိမ္ ျပဳလုပ္ႏိုင္သူျဖစ္ၿပီး အနီးအေဝး စြယ္စုံရတဲ့ ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္သလို အမွတ္ေပးၿပိဳင္ပြဲ ဂိုးသြင္းယူႏိုင္မႈအပိုင္းမွာေတာ့ သူ႔ရဲ႕ အျမင့္ဆုံးစံခ်ိန္အျဖစ္ ၁၅ ဂိုးအထိ ရရွိခဲ့တာျဖစ္ၿပီး ဂိုးဧရိယာနားမွာေတာ့ အႏၲရာယ္အႀကီးဆုံးနဲ႔ အလစ္ေပးလို႔ မရတဲ့ သူမ်ိဳးလည္း ျဖစ္ေနခဲ့ပါတယ္။

၂။ လီယြန္နယ္ မက္ဆီ (ပီအက္စ္ဂ်ီ)
ဒီရာသီကေတာ့ ပ်မ္းမွ် ဂိုး ၃၀ ေလာက္ အာမခံခ်က္ေပးႏိုင္သူလို႔ ဆိုခဲ့ရဖူးတဲ့ အာဂ်င္တီးနားသားရဲ႕ စံခ်ိန္တင္ဆိုး႐ြားတဲ့ ဂိုးသြင္းမွတ္တမ္းကို ႀကဳံေတြ႕ခဲ့ရတဲ့ ရာသီလည္းျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းႀကီးကို စေရာက္ၿပီး ပြဲထြက္ ၁၁ ပြဲနဲ႔ လူစားဝင္ ၆ ပြဲ ကစားခြင့္ရတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္မွာေတာင္ ၆ ဂိုး သြင္းယူႏိုင္ခဲ့ခ်ိန္မွာ ဒီရာသီမွာ တူညီတဲ့ ေက်ာနံပါတ္နဲ႔ ကစားၿပီး တူညီတဲ့ သြင္းဂိုး ၆ ဂိုးကိုပဲ ၂၄ ပြဲ ပြဲထြက္၊ ၂ ပြဲ လူစားဝင္ၿပီး ရယူႏိုင္ခဲ့တာပါ။

ဂိုးသြင္းႏႈန္း က်ဆင္းသြားေပမယ့္ မက္ဆီရဲ႕ ေပးပို႔မႈေတြကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မွာ ထင္ရွားၿပီး သူပါတဲ့ပြဲနဲ႔ မပါတဲ့ပြဲ သိသာလြန္းလွသလို ထိေရာက္တဲ့ ေပးပို႔မႈကို တစ္ပြဲပ်မ္းမွ် ၉.၄၄ ႀကိမ္ ျပလုပ္ထားႏိုင္ၿပီး ၿပိဳင္ပြဲစုံ ၃၃ ပြဲမွာ ဖန္တီးမႈ ၁၁ ႀကိမ္နဲ႔ ေနမာ၊ အမ္ဘာေပတို႔ရဲ႕ ကစားေပါက္ေတြကို အေကာင္းဆုံး အေထာက္အကူျပဳခဲ့တာလည္းျဖစ္ပါတယ္။

၁။ လူကာ မိုဒရစ္ခ်္ (ရီးရဲလ္မက္ဒရစ္)
အသက္အ႐ြယ္အားျဖင့္ ၃၇ ႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ ခ႐ိုေအးရွားသားႀကီးရဲ႕ ေပးပို႔မႈေတြကေတာ့ တစ္ပြဲထက္တစ္ပြဲေတာင္ ပိုေကာင္းလာေသးတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ သူ႔ရဲ႕ ဉာဏ္ရည္ျမင့္မားလြန္းတဲ့ ေပးပို႔မႈေတြက ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္တို႔လို တိုက္စစ္သမားေတြအတြက္ ခ်ိဳၿမိန္လြန္းေနခ်ိန္မွာ ၿပိဳင္ဘက္ကြင္းလယ္နဲ႔ ခံစစ္ကစားသမားေတြအတြက္ေတာ့ အိပ္မက္ဆိုးတစ္ခုျဖစ္ေနတာပါ။

မိုဒရစ္ခ်္အေနနဲ႔ ဒီရာသီမွာ အသင္းအတြက္ တိုက္စစ္ပိုင္းကို ထိေရာက္တဲ့ ေပးပို႔မႈ တစ္ပြဲပွ်မ္းမွ် ၆.၄၂ ႀကိမ္ လုပ္ေဆာင္ေပးထားႏိုင္ခဲ့ၿပီး ကစားခြင့္ရထားတဲ့ ၄၂ ပြဲမွာ ၁၂ ႀကိမ္ ဖန္တီးေပးပို႔ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ေတြမွာ ေဘာလုံးေပးပို႔မႈ ၈၉.၈ ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး လာလီဂါကို ဗိုလ္စြဲႏိုင္အၿပီးမွာ ခ်န္ပီယံလိဂ္ကိုေရာ ထပ္ယူႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.