Bundesliga Premier League Transfer News

မန်စီးတီးမှာ ဟားလန်းတစ်ယောက် ရုန်းကန်ရနိုင်တယ်လို့ သတိပေးလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟားလန်းအနေနဲ့ ဒီအသင်းမှာ အလွယ်တကူ အသားကျဖို့ မဖြစ်နိုင်ဘဲ ရုန်းကန်ရနိုင်ကြောင်း သူ့ရှေ့က ကစားသမားတွေရဲ့ ဥပမာကို ထောက်ပြီး သတိပေးပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အစ်တီဟတ်မှာ အသားကျပြီး ခြေစွမ်းပြနိုင်ဖို့ အချိန်ယူရနိုင်တယ်လို့ ဖာဒီနန်က ပြောလိုက်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းသာ ကျသင့်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ နော်ဝေသားအနေနဲ့ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ဂိုးသွင်းစက်ဖြစ်လာဖို့ ထင်သလောက် လွယ်ကူမှာ မဟုတ်ဘူးလို့လည်း ဆိုလိုက်တာပါ။

ဒေါ့မွန်အသင်းနဲ့ ၈၉ ပွဲကစားပြီး ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ စပိန်သားနည်းပြနဲ့ အာရပ်သူဌေးတွေရဲ့ စင်တော်ကောက်ခံခဲ့ရတဲ့ ဟားလန်းဟာ မန်စီးတီးအသင်းမှာ ကစားပုံ၊ အသင်းလိုက် အရေးပါမှုတွေနဲ့ အသားကျဖို့ ရုန်းကန်ရလိမ့်မယ်လို့လည်း ဖာဒီနန်က ဆိုလိုက်ပြီး နှိမ့်နှိမ့်ချချနဲ့ ခေါင်းငုံ့ပြီး ကြိုးစားတတ်စေဖို့လည်း သတိပေးလိုက်တာပါ။

ဖာဒီနန်ကတော့ ဝေးဝေးလံလံ ကြည့်မနေဘဲ မန်စီးတီးအသင်းကို ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီက အက်စ်တန်ဗီလာအသင်းကနေ ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြသနိုင်မှုနည်းခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ဂျက်ခ် ဂရီးလစ်ရှ်ကို ပြသလိုက်ပြီး တခြားအသင်းတွေက ကစားသမားတွေအနေနဲ့ ဂွါဒီယိုလာရဲ့ တီကီတာကာ စတိုင်ကို နောကျေဖို့ အနည်းဆုံး တစ်နှစ်လောက်တော့ သင်ယူရနိုင်တယ်လို့လည်း ထောက်ပြလိုက်ပါတယ်။

အက်စ်တန်ဗီလာသင်းမှာ ကွင်းလယ်ဘယ်ခြမ်း မက်ဇာလာနေရာကနေ Free Role ကစားခွင့်ရခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ဗီလာပါ့ခ်မှာတော့ ဘယ်တောင်ပံတကြောမှာ လုပ်ချင်ရာ လုပ်နိုင်သူဖြစ်ပြီး ကွင်းလယ်လူ၊ တောင်ပံသမား၊ တိုက်စစ်မှူး သုံးပုံစံလောက် ကစားခွင့်ရခဲ့ပေမယ့် မန်စီးတီးမှာတော့ ဒီလိုမျိုး Roaming လုပ်ခွင့် မရှိဘဲ ဘယ်တောင်ပံသမားအဖြစ် ပုံစံပေးခံရချိန်မှာ သူ့ရဲ့ ထိရောက်မှုက နည်းပါးခဲ့တာပါ။

ဟားလန်းအနေနဲ့လည်း ဒေါ့မွန်မှာ ကစားနေတဲ့ အထောင်တိုက်စစ်မှူး Advanced Forward နေရာထက် မန်စီးတီးမှာဆိုရင် နောက်ကို ပိုဆင်းပြီး အသင်းကစားကွက်နဲ့ ပူးပေါင်းပေးရတဲ့ Deep Lying Forward အဖြစ် ပြောင်းလဲကစားရနိုင်တာကြောင့် တစ်ကိုယ်ကောင်းဆန်မှုကို လျှော့ချပြီး ကစားပုံကို ပြောင်းလဲသွားရနိုင်တာဖြစ်ပါတယ်။

ဖာဒီနန်က “ဂရီးလစ်ရှ်အတွက်တော့ ဒီရာသီက တော်တော်လေး ခက်ခဲခဲ့မှာ သေချာပါတယ်။ သူ့လို တစ်သက်လုံး အဓိက ကစားသမားအဖြစ်နေလာတဲ့ လူတစ်ယောက်က ဘာပဲဖြစ်ဖြစ် ငါဆိုတဲ့ မာနကတော့ ရှိနေမှာပါပဲ။ ဒါကို မန်စီးတီးအသင်းမှာ သူဆက်ပြီး ဆုပ်ကိုင်ထားလို့ မရတော့ချိန်မှာ သူ့အနေနဲ့ ကစားသမားတွေထဲက ကစားသမားတစ်ယောက်အဖြစ် အသင်းလိုက် စုစည်းကစားတတ်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတာပါ”

“ပက်ပ်ရဲ့ မန်စီးတီးအသင်းကို နာမည်ကြီး ကစားသမားကောင်းတွေ ရောက်လာတာက ခုမှ မဟုတ်ပါဘူး။ အရင်ကလည်း ရောက်လာနေကျ ဖြစ်သလို သူတို့အားလုံး အသင်းရဲ့ ကစားပုံ၊ စိတ်ဓာတ်ပိုင်းနဲ့ ခံယူချက်တွေအတွက် အသားကျဖို့ ပြောင်းလဲခဲ့ကြရတာပါ။ ဟားလန်းအနေနဲ့လည်း သူ့ကို အဓိကနေရာက မင်းသားတင်တာမျိုး မရှိနိုင်တာကို ကြုံရမှာဖြစ်ပြီး အတ္တနဲ့ မာနတွေကို အသင်းစိတ်ဓာတ်အတွက် ချိုးနှိမ်ရပါလိ့မ်မယ်”လို့ ဖာဒီနန်က သတိပေးသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကွင်းလယ်လူဟောင်း အယ်လ်ဖင်း ဟားလန်းရဲ့ သားတော်မောင် တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးတွေ သွင်းဖို့နဲ့ ကြံ့ခိုင်မှု ပြည့်ဝနိုင်ပါ့မလားလို့ ပြိုင်ဘက်အသင်းပရိသတ်တွေကလည်း ခနဲ့နေကြပြီး အခန့်မသင့်ရင် ချဲလ်ဆီးအသင်းရဲ့ ရိုမီလူ လူကာကူကို အီတလီကနေ အထင်ကြီးပြီး ခေါ်ယူလိုက်သလို ဖြစ်သွားနိုင်တယ်လို့လည်း သတိပေးထားကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မႉးသစ္ အာလင္း ဟားလန္းအေနနဲ႔ ဒီအသင္းမွာ အလြယ္တကူ အသားက်ဖို႔ မျဖစ္ႏိုင္ဘဲ ႐ုန္းကန္ရႏိုင္ေၾကာင္း သူ႔ေရွ႕က ကစားသမားေတြရဲ႕ ဥပမာကို ေထာက္ၿပီး သတိေပးေျပာၾကားလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ အစ္တီဟတ္မွာ အသားက်ၿပီး ေျခစြမ္းျပႏိုင္ဖို႔ အခ်ိန္ယူရႏိုင္တယ္လို႔ ဖာဒီနန္က ေျပာလိုက္ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၁ သန္းသာ က်သင့္ခဲ့တယ္လို႔ သတင္းထြက္ေနတဲ့ ေနာ္ေဝသားအေနနဲ႔ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ဂိုးသြင္းစက္ျဖစ္လာဖို႔ ထင္သေလာက္ လြယ္ကူမွာ မဟုတ္ဘူးလို႔လည္း ဆိုလိုက္တာပါ။

ေဒါ့မြန္အသင္းနဲ႔ ၈၉ ပြဲကစားၿပီး ၈၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့လို႔ စပိန္သားနည္းျပနဲ႔ အာရပ္သူေဌးေတြရဲ႕ စင္ေတာ္ေကာက္ခံခဲ့ရတဲ့ ဟားလန္းဟာ မန္စီးတီးအသင္းမွာ ကစားပုံ၊ အသင္းလိုက္ အေရးပါမႈေတြနဲ႔ အသားက်ဖို႔ ႐ုန္းကန္ရလိမ့္မယ္လို႔လည္း ဖာဒီနန္က ဆိုလိုက္ၿပီး ႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ ေခါင္းငုံ႔ၿပီး ႀကိဳးစားတတ္ေစဖို႔လည္း သတိေပးလိုက္တာပါ။

ဖာဒီနန္ကေတာ့ ေဝးေဝးလံလံ ၾကည့္မေနဘဲ မန္စီးတီးအသင္းကို ၿပီးခဲ့တဲ့ ၂၀၂၁ ေႏြရာသီက အက္စ္တန္ဗီလာအသင္းကေန ေပါင္သန္း ၁၀၀ နဲ႔ ေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းျပသႏိုင္မႈနည္းခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ျပသလိုက္ၿပီး တျခားအသင္းေတြက ကစားသမားေတြအေနနဲ႔ ဂြါဒီယိုလာရဲ႕ တီကီတာကာ စတိုင္ကို ေနာေက်ဖို႔ အနည္းဆုံး တစ္ႏွစ္ေလာက္ေတာ့ သင္ယူရႏိုင္တယ္လို႔လည္း ေထာက္ျပလိုက္ပါတယ္။

အက္စ္တန္ဗီလာသင္းမွာ ကြင္းလယ္ဘယ္ျခမ္း မက္ဇာလာေနရာကေန Free Role ကစားခြင့္ရခဲ့တဲ့ ဂရီးလစ္ရွ္ဟာ ဗီလာပါ့ခ္မွာေတာ့ ဘယ္ေတာင္ပံတေၾကာမွာ လုပ္ခ်င္ရာ လုပ္ႏိုင္သူျဖစ္ၿပီး ကြင္းလယ္လူ၊ ေတာင္ပံသမား၊ တိုက္စစ္မႉး သုံးပုံစံေလာက္ ကစားခြင့္ရခဲ့ေပမယ့္ မန္စီးတီးမွာေတာ့ ဒီလိုမ်ိဳး Roaming လုပ္ခြင့္ မရွိဘဲ ဘယ္ေတာင္ပံသမားအျဖစ္ ပုံစံေပးခံရခ်ိန္မွာ သူ႔ရဲ႕ ထိေရာက္မႈက နည္းပါးခဲ့တာပါ။

ဟားလန္းအေနနဲ႔လည္း ေဒါ့မြန္မွာ ကစားေနတဲ့ အေထာင္တိုက္စစ္မႉး Advanced Forward ေနရာထက္ မန္စီးတီးမွာဆိုရင္ ေနာက္ကို ပိုဆင္းၿပီး အသင္းကစားကြက္နဲ႔ ပူးေပါင္းေပးရတဲ့ Deep Lying Forward အျဖစ္ ေျပာင္းလဲကစားရႏိုင္တာေၾကာင့္ တစ္ကိုယ္ေကာင္းဆန္မႈကို ေလွ်ာ့ခ်ၿပီး ကစားပုံကို ေျပာင္းလဲသြားရႏိုင္တာျဖစ္ပါတယ္။

ဖာဒီနန္က “ဂရီးလစ္ရွ္အတြက္ေတာ့ ဒီရာသီက ေတာ္ေတာ္ေလး ခက္ခဲခဲ့မွာ ေသခ်ာပါတယ္။ သူ႔လို တစ္သက္လုံး အဓိက ကစားသမားအျဖစ္ေနလာတဲ့ လူတစ္ေယာက္က ဘာပဲျဖစ္ျဖစ္ ငါဆိုတဲ့ မာနကေတာ့ ရွိေနမွာပါပဲ။ ဒါကို မန္စီးတီးအသင္းမွာ သူဆက္ၿပီး ဆုပ္ကိုင္ထားလို႔ မရေတာ့ခ်ိန္မွာ သူ႔အေနနဲ႔ ကစားသမားေတြထဲက ကစားသမားတစ္ေယာက္အျဖစ္ အသင္းလိုက္ စုစည္းကစားတတ္ဖို႔ ႀကိဳးစား႐ုန္းကန္ခဲ့ရတာပါ”

“ပက္ပ္ရဲ႕ မန္စီးတီးအသင္းကို နာမည္ႀကီး ကစားသမားေကာင္းေတြ ေရာက္လာတာက ခုမွ မဟုတ္ပါဘူး။ အရင္ကလည္း ေရာက္လာေနက် ျဖစ္သလို သူတို႔အားလုံး အသင္းရဲ႕ ကစားပုံ၊ စိတ္ဓာတ္ပိုင္းနဲ႔ ခံယူခ်က္ေတြအတြက္ အသားက်ဖို႔ ေျပာင္းလဲခဲ့ၾကရတာပါ။ ဟားလန္းအေနနဲ႔လည္း သူ႔ကို အဓိကေနရာက မင္းသားတင္တာမ်ိဳး မရွိႏိုင္တာကို ႀကဳံရမွာျဖစ္ၿပီး အတၱနဲ႔ မာနေတြကို အသင္းစိတ္ဓာတ္အတြက္ ခ်ိဳးႏွိမ္ရပါလိ့မ္မယ္”လို႔ ဖာဒီနန္က သတိေပးသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းကြင္းလယ္လူေဟာင္း အယ္လ္ဖင္း ဟားလန္းရဲ႕ သားေတာ္ေမာင္ တိုက္စစ္မႉးအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဂိုးေတြ သြင္းဖို႔နဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝႏိုင္ပါ့မလားလို႔ ၿပိဳင္ဘက္အသင္းပရိသတ္ေတြကလည္း ခနဲ႔ေနၾကၿပီး အခန႔္မသင့္ရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ႐ိုမီလူ လူကာကူကို အီတလီကေန အထင္ႀကီးၿပီး ေခၚယူလိုက္သလို ျဖစ္သြားႏိုင္တယ္လို႔လည္း သတိေပးထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.