Premier League Transfer News

တီးလီးမန်းစ်နဲ့ မန်စီးတီးကစားသမားနှစ်ယောက်ကို ကမ်းလှမ်းထားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြိုးစားမှုမှာ နောက်ဆုံးအချိန်တွေကျမှ လဲပြိုခဲ့ရတဲ့အပေါ် ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကို စိတ်ပျက်မှုတွေ ပေးခဲ့တာက အပြောင်းအရွှေ့မှာ လက်နှေးမှုတွေနဲ့ အင်အားမတောင့်တင်းမှုဆိုတာ သိရှိနေခဲ့ပြီဖြစ်လို့ ရာသီကုန်တာနဲ့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ပြီဖြစ်ပါတယ်။

ဒီထဲမှာ လက်စတာစီးတီးအသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေခဲ့ပြီဖြစ်ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်တာဖြစ်ပြီး အာဆင်နယ်တို့အနေနဲ့ သူ့ကို နွေရာသီ ပထမဆုံး ခေါ်ယူမှုဖြစ်လာဖို့ ပစ်မှတ်ထားနေတယ်လို့လည်း တယ်လီဂရပ်ဖ်က ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် မိုနာကို ကွင်းလယ်လူဟောင်းဟာ မြေခွေးတွေဆီကို ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပေမယ့် လက်ရှိမှာတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ချိန်မှာ လက်စတာတို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလို သန်း ၅၀-၆၀ အော်ဖို့ မဖြစ်နိုင်တော့ဘဲ အလွတ်ပြောင်းနဲ့ လက်မလွှတ်ရခင်မှာ ရသမျှ အမြင့်ဆုံး ဈေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဘက်ကတော့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် မဝင်တဲ့ ကိစ္စက ပြဿနာ မရှိဘူးလို့ ပြောကြားထားပြီး ယူရိုပါလိဂ်မှာလည်း ကစားပေးနိုင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်သလို ပေါင်သန်း ၃၀ ဝန်းကျင်မှာ နှစ်သင်းကြား သဘောတူညီမှု ရနိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။

ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေမယ့် ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့အပြီးမှာ အစ်တီဟတ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပြီဖြစ်တဲ့ ကွင်းလယ်လူ အစ်လ်ကိုင် ဂွန်ဒိုးဝမ်ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်ဆွေးနွေးနေတယ်လို့ စကိုင်းစပို့စ်က ဖော်ပြလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၃ အထိ စာချုပ်တစ်နှစ် ကျန်ရှိနေသေးမယ့် ထွက်ခွင့်ပြုထားခံရသူဖြစ်ပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်မှာဖြစ်သလို အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူးသစ် အာလင်း ဟားလန်းရဲ့ အသုံးစရိတ်တွေအတွက် ဘဏ္ဏာရေး ထိန်းညှိဖို့ လုပ်ဆောင်နေတဲ့အတွက်ကြောင့်လို့လည်း ခန့်မှန်းရပါတယ်။

အာဆင်နယ်တို့အနေနဲ့ တူရကီနွယ်ဖွား ဂျာမန်သားအပြင် မူလကတည်းက စိတ်ဝင်စားနေခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကိုလည်း တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး ပျယ်-အမ်မရိခ် အူဘာမီယန်း မရှိတော့ကတည်းက လောက်လောက်လားလား မရှိသလို အလက်ဇန်းဒါး လာကာဇက်နဲ့ အက်ဒီ နကီးတီးယားတို့ပါ ထွက်ခွာသွားနိုင်တဲ့ တိုက်စစ်အတွက် အားဖြည့်လိုနေတာဖြစ်ပါတယ်။

ဘရာဇီးလ်သားဘက်ကတော့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ ပလဲနံပသင့်နေတယ်လို့ သတင်းတွေ ထွက်နေပြီး ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ဒေယန် ကူလူရှက်ဗ်စကီးတို့နဲ့ နေရာလုရမယ့် စပါးစ်အသင်းထက် ပုံမှန်ပွဲထွက်ခွင့်ကို အာမခံချက်ပေးနိုင်မယ့်ဆီမှာပဲ ကစားချင်တယ်လို့ ဆိုထားတာကြောင့် အာဆင်နယ်တို့ ခိုင်မာအောင်လုပ်ဆောင်နိုင်မလား စောင့်ကြည့်ရမှာပါ။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ မန်စီးတီးကနေ ထွက်ခွာရင် ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားဖို့ပဲ အလိုရှိနေပြီး အာဆင်နယ်နဲ့ စပါးစ်အသင်းတို့အပြင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း ၅ သင်းအထိ ရှိနေကြောင်းလည်း အေးဂျင့်ဖြစ်သူ မာဆယ်လို ပက်တင်နာတီက ထုတ်ဖော်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ ႀကိဳးစားမႈမွာ ေနာက္ဆုံးအခ်ိန္ေတြက်မွ လဲၿပိဳခဲ့ရတဲ့အေပၚ ဘာေၾကာင့္ဆိုတာ ရွင္းရွင္းလင္းလင္း သိျမင္ေနခဲ့ၿပီျဖစ္ၿပီး ပရိသတ္ေတြကို စိတ္ပ်က္မႈေတြ ေပးခဲ့တာက အေျပာင္းအေ႐ႊ႕မွာ လက္ေႏွးမႈေတြနဲ႔ အင္အားမေတာင့္တင္းမႈဆိုတာ သိရွိေနခဲ့ၿပီျဖစ္လို႔ ရာသီကုန္တာနဲ႔ ကစားသမားသစ္ေတြ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနခဲ့ၿပီျဖစ္ပါတယ္။

ဒီထဲမွာ လက္စတာစီးတီးအသင္းရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို ေခၚယူႏိုင္ဖို႔ ေဆြးေႏြးေနခဲ့ၿပီျဖစ္ၿပီး ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ စတင္ကမ္းလွမ္းလိုက္တာျဖစ္ၿပီး အာဆင္နယ္တို႔အေနနဲ႔ သူ႔ကို ေႏြရာသီ ပထမဆုံး ေခၚယူမႈျဖစ္လာဖို႔ ပစ္မွတ္ထားေနတယ္လို႔လည္း တယ္လီဂရပ္ဖ္က ဆိုပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ မိုနာကို ကြင္းလယ္လူေဟာင္းဟာ ေျမေခြးေတြဆီကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၂ သန္းနဲ႔ ေရာက္လာခဲ့သူျဖစ္ေပမယ့္ လက္ရွိမွာေတာ့ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့ခ်ိန္မွာ လက္စတာတို႔အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကလို သန္း ၅၀-၆၀ ေအာ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ အလြတ္ေျပာင္းနဲ႔ လက္မလႊတ္ရခင္မွာ ရသမွ် အျမင့္ဆုံး ေဈးနဲ႔ လက္လႊတ္ရဖို႔ ရွိေနတာျဖစ္ပါတယ္။

ကစားသမားရဲ႕ ေအးဂ်င့္ဘက္ကေတာ့ အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္ မဝင္တဲ့ ကိစၥက ျပႆနာ မရွိဘူးလို႔ ေျပာၾကားထားၿပီး ယူ႐ိုပါလိဂ္မွာလည္း ကစားေပးႏိုင္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္လာႏိုင္သလို ေပါင္သန္း ၃၀ ဝန္းက်င္မွာ ႏွစ္သင္းၾကား သေဘာတူညီမႈ ရႏိုင္တယ္လို႔လည္း ခန႔္မွန္းထားၾကတာပါ။

ဒါ့အျပင္ အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေစမယ့္ ဂိုးႏွစ္ဂိုးကို သြင္းယူေပးခဲ့အၿပီးမွာ အစ္တီဟတ္ကေန ထြက္ခြာဖို႔ စိုင္းျပင္းေနၿပီျဖစ္တဲ့ ကြင္းလယ္လူ အစ္လ္ကိုင္ ဂြန္ဒိုးဝမ္ကိုလည္း ေခၚယူဖို႔ ခ်ိတ္ဆက္ေဆြးေႏြးေနတယ္လို႔ စကိုင္းစပို႔စ္က ေဖာ္ျပလိုက္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ မန္စီးတီးအသင္းနဲ႔ ၂၀၂၃ အထိ စာခ်ဳပ္တစ္ႏွစ္ က်န္ရွိေနေသးမယ့္ ထြက္ခြင့္ျပဳထားခံရသူျဖစ္ၿပီး ေဈးႏႈန္းသက္သက္သာသာနဲ႔ ရရွိႏိုင္မွာျဖစ္သလို အသင္းကို ေရာက္ရွိလာတဲ့ တိုက္စစ္မႉးသစ္ အာလင္း ဟားလန္းရဲ႕ အသုံးစရိတ္ေတြအတြက္ ဘဏၰာေရး ထိန္းညႇိဖို႔ လုပ္ေဆာင္ေနတဲ့အတြက္ေၾကာင့္လို႔လည္း ခန႔္မွန္းရပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ တူရကီႏြယ္ဖြား ဂ်ာမန္သားအျပင္ မူလကတည္းက စိတ္ဝင္စားေနခဲ့တဲ့ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကိုလည္း ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔အၿပိဳင္ ေခၚယူဖို႔ ႀကိဳးစားေနခဲ့ၿပီး ပ်ယ္-အမ္မရိခ္ အူဘာမီယန္း မရွိေတာ့ကတည္းက ေလာက္ေလာက္လားလား မရွိသလို အလက္ဇန္းဒါး လာကာဇက္နဲ႔ အက္ဒီ နကီးတီးယားတို႔ပါ ထြက္ခြာသြားႏိုင္တဲ့ တိုက္စစ္အတြက္ အားျဖည့္လိုေနတာျဖစ္ပါတယ္။

ဘရာဇီးလ္သားဘက္ကေတာ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ ပလဲနံပသင့္ေနတယ္လို႔ သတင္းေတြ ထြက္ေနၿပီး ဟာရီကိန္း၊ ဆြန္ေဟာင္မင္၊ ေဒယန္ ကူလူရွက္ဗ္စကီးတို႔နဲ႔ ေနရာလုရမယ့္ စပါးစ္အသင္းထက္ ပုံမွန္ပြဲထြက္ခြင့္ကို အာမခံခ်က္ေပးႏိုင္မယ့္ဆီမွာပဲ ကစားခ်င္တယ္လို႔ ဆိုထားတာေၾကာင့္ အာဆင္နယ္တို႔ ခိုင္မာေအာင္လုပ္ေဆာင္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ မန္စီးတီးကေန ထြက္ခြာရင္ ပရီးမီးယားလိဂ္မွာ ဆက္လက္ကစားဖို႔ပဲ အလိုရွိေနၿပီး အာဆင္နယ္နဲ႔ စပါးစ္အသင္းတို႔အျပင္ သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္း ၅ သင္းအထိ ရွိေနေၾကာင္းလည္း ေအးဂ်င့္ျဖစ္သူ မာဆယ္လို ပက္တင္နာတီက ထုတ္ေဖာ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.