မန်ချက်စတာယူနိုက်တက်ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပရိသတ်တွေကို ဆဲရေးတိုင်းထွာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ရန်းနစ်ခ်ရဲ့ ယူနိုက်တက်က ဆိုးရွားတဲ့ ၆ လတာ ကာလဟာ အရှုံးနဲ့ အဆုံးသတ်သွားခဲ့ရတာဖြစ်ပြီး ဝီးလ်ဖရက်ဒ် ဇာဟာရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ခရစ္စတယ်ပဲလေ့စ်က မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
လူငယ်ကြယ်ပွင့် ဟန်နီဘယ် မက်ဂျ်ဘရီဟာ ပြီးခဲ့တဲ့လက အန်းဖီးမှာ ပါဝင်ကစားပေးပြီး ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေဆီကနေ ချီးကျူးမှုတွေ ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့ညနေပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ထိပ်တန်းဂိုးသွင်းရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ပါဝင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ၎င်းတို့ရဲ့ ပေါ်တူဂီကြယ်ပွင့်မပါဝင်ဘဲ ယခုရာသီမှာ တစ်ပွဲလေးတောင် နိုင်အောင် မကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု အများစု ပြုလုပ်နိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ် ဂိုးရှေ့မှာ အဆုံးသတ်သေချာမှုမရှိခဲ့ဘဲ အသင်းရဲ့စိတ်ပျက်ဖွယ်ရာသီကို အမှန်တကယ် ထင်ဟပ်ခဲ့တာဖြစ်ပါတယ်။
ရန်းနစ်ခ်ရဲ့အသင်းအတွက် ကံကောင်းတာက ၂ မှတ်အကွာကနေ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဖိအားပေးနေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို ဘရိုက်တန်အသင်းက ၃-၁ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါကွန်းဖရင့်လိဂ်မှာ ကစားရမယ့်အစား လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီးမှာ ပရိသတ်တွေက အသင်းဘတ်စ်ကားပေါ် တက်မယ့် မန်ချက်စတာယူနိုက်တက် ကစားသမားတွေကို စောင့်ဆိုင်းခဲ့ကြပြီး မကျေမနပ်ဖြစ်နေတဲ့ ကာဗာနီကို ပရိသတ်တွေထဲကအချို့က လှောင်ပြောင်တိုက်ခိုက်ခဲ့တဲ့အတွက် ဥရုဂွေးတိုက်စစ်မှူးက လက်ခလယ် ထောင်ပြသွားခဲ့တာဖြစ်ပါတယ်။
ကာဗာနီဟာ တော်တော်လေး ဒေါသပေါက်ကွဲနေပုံပေါ်ပြီး ပထမတစ်ကြိမ် လက်ခလယ် ထောင်ပြခဲ့တာကို အားမရနိုင်သေးဘဲ ဘတ်စ်ကားပေါ် တက်တဲ့အချိန်မှာလည်း နောက်ထပ်တစ်ကြိမ် လက်ခလယ် ထောင်ပြခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဘယ်အသင်းပရိသတ်တွေက ကာဗာနီကို တိုက်ခိုက်ခဲ့တာလဲ၊ ဘယ်လို စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရပေမယ့် ကာဗာနီလို အတွေ့အကြုံရင့်တဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဆီကနေ မြင်တွေ့ရဖို့ မျှော်လင့်ထားတဲ့အရာတော့မဟုတ်တာ သေချာပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ ခက်ခဲကြမ်းတမ်းတဲ့ရာသီကို ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ယခုရာသီမှာ ကြံ့ခိုင်မှုပြဿနာကြောင့် ပရီးမီးယားလိဂ် ၁၅ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့သလို ပထမဆုံးရာသီက သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ယခုရာသီမှာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
သိပ်မကြာခင်အချိန်အတွင်းမှာ ကာဗာနီရဲ့ စာချုပ်သက်တမ်းကလည်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းသစ် ရှာဖွေနေပြီဖြစ်ပြီး ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝအဆုံးသတ်ဟာ ခါးသီးတဲ့အဆုံးသတ်ဖြစ်ခဲ့ပုံ ပေါ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ဆဲလ္ဟတ္စ္ပါ့ခ္မွာ ခရစၥတယ္ပဲေလ့စ္ကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ပရိသတ္ေတြကို ဆဲေရးတိုင္းထြာခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ရန္းနစ္ခ္ရဲ့ ယူနိုက္တက္က ဆိုးရြားတဲ့ ၆ လတာ ကာလဟာ အရႈံးနဲ႔ အဆုံးသတ္သြားခဲ့ရတာျဖစ္ၿပီး ဝီးလ္ဖရက္ဒ္ ဇာဟာရဲ့ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ ခရစၥတယ္ပဲေလ့စ္က မန္ခ်က္စတာယူနိုက္တက္ကို ၁-၀ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။
လူငယ္ၾကယ္ပြင့္ ဟန္နီဘယ္ မက္ဂ်္ဘရီဟာ ၿပီးခဲ့တဲ့လက အန္းဖီးမွာ ပါဝင္ကစားေပးၿပီး ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြဆီကေန ခ်ီးက်ဴးမႈေတြ ရရွိခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ညေနပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားခြင့္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ထိပ္တန္းဂိုးသြင္းရွင္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကေတာ့ ပါဝင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ဟာ ၎တို႔ရဲ့ ေပၚတူဂီၾကယ္ပြင့္မပါဝင္ဘဲ ယခုရာသီမွာ တစ္ပြဲေလးေတာင္ နိုင္ေအာင္ မကစားနိုင္ခဲ့တာျဖစ္ပါတယ္။
ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈ အမ်ားစု ျပဳလုပ္နိုင္ခဲ့ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ ခရစၥတယ္ပဲေလ့စ္ ဂိုးေရွ႕မွာ အဆုံးသတ္ေသခ်ာမႈမရွိခဲ့ဘဲ အသင္းရဲ့စိတ္ပ်က္ဖြယ္ရာသီကို အမွန္တကယ္ ထင္ဟပ္ခဲ့တာျဖစ္ပါတယ္။
ရန္းနစ္ခ္ရဲ့အသင္းအတြက္ ကံေကာင္းတာက ၂ မွတ္အကြာကေန ယူရိုပါလိဂ္ဝင္ခြင့္အတြက္ ဖိအားေပးေနတဲ့ ဝက္စ္ဟမ္းယူနိုက္တက္အသင္းကို ဘရိုက္တန္အသင္းက ၃-၁ နဲ႔ အနိုင္ယူနိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ဟာ ယူရိုပါကြန္းဖရင့္လိဂ္မွာ ကစားရမယ့္အစား လာမယ့္ရာသီ ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။
ပြဲအၿပီးမွာ ပရိသတ္ေတြက အသင္းဘတ္စ္ကားေပၚ တက္မယ့္ မန္ခ်က္စတာယူနိုက္တက္ ကစားသမားေတြကို ေစာင့္ဆိုင္းခဲ့ၾကၿပီး မေက်မနပ္ျဖစ္ေနတဲ့ ကာဗာနီကို ပရိသတ္ေတြထဲကအခ်ိဳ႕က ေလွာင္ေျပာင္တိုက္ခိုက္ခဲ့တဲ့အတြက္ ဥ႐ုေဂြးတိုက္စစ္မႉးက လက္ခလယ္ ေထာင္ျပသြားခဲ့တာျဖစ္ပါတယ္။
ကာဗာနီဟာ ေတာ္ေတာ္ေလး ေဒါသေပါက္ကြဲေနပုံေပၚၿပီး ပထမတစ္ႀကိမ္ လက္ခလယ္ ေထာင္ျပခဲ့တာကို အားမရနိုင္ေသးဘဲ ဘတ္စ္ကားေပၚ တက္တဲ့အခ်ိန္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ လက္ခလယ္ ေထာင္ျပခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။
ဘယ္အသင္းပရိသတ္ေတြက ကာဗာနီကို တိုက္ခိုက္ခဲ့တာလဲ၊ ဘယ္လို စကားလုံးေတြနဲ႔ တိုက္ခိုက္ခဲ့တာလဲဆိုတာကို ရွင္းရွင္းလင္းလင္းမသိရေပမယ့္ ကာဗာနီလို အေတြ႕အၾကဳံရင့္တဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ဆီကေန ျမင္ေတြ႕ရဖို႔ ေမၽွာ္လင့္ထားတဲ့အရာေတာ့မဟုတ္တာ ေသခ်ာပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ အိုးထရက္ဖို႔ဒ္မွာ ခက္ခဲၾကမ္းတမ္းတဲ့ရာသီကို ရင္ဆိုင္ခဲ့ရသူျဖစ္ၿပီး ယခုရာသီမွာ ႀကံ့ခိုင္မႈျပႆနာေၾကာင့္ ပရီးမီးယားလိဂ္ ၁၅ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့သလို ပထမဆုံးရာသီက သြင္းဂိုး ၁၇ ဂိုးအထိ သြင္းယူနိုင္ခဲ့ေပမယ့္ ယခုရာသီမွာ သြင္းဂိုး ၂ ဂိုးသာ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။
သိပ္မၾကာခင္အခ်ိန္အတြင္းမွာ ကာဗာနီရဲ့ စာခ်ဳပ္သက္တမ္းကလည္း ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အသင္းသစ္ ရွာေဖြေနၿပီျဖစ္ၿပီး ၎ရဲ့ မန္ခ်က္စတာယူနိုက္တက္ကစားသမားဘဝအဆုံးသတ္ဟာ ခါးသီးတဲ့အဆုံးသတ္ျဖစ္ခဲ့ပုံ ေပၚပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.