Premier League

အသည်းကွဲခဲ့တာကို ချန်ပီယံလိဂ်ဖလားနဲ့ ဖြေသိမ့်မယ်လို့ ရီးရဲလ်ကို သတိပေးလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပရီးမီးယားလိဂ်ဆုဖလားကို ရာသီပိတ်နောက်ဆုံးပွဲစဉ်အပြီးမှာ တေ့လွဲ လွဲချော်ခဲ့လို့ အသည်းကွဲခဲ့ရမှုက လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရချင်စိတ်ကို တိုးမြင့်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် သီယေဂို အယ်လ်ကန်တာရာဟာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တယ်လို့ တွေ့ရှိခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အက်စတန် ဗီလာက မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိနေချိန်မှာ အကြိမ် ၂၀ မြောက် အင်္ဂလန်အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မယ့် မျှော်လင့်ချက် ရှိနေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ၅ မိနစ်အတွင်း ၃ ဂိုး ပြန်သွင်းသွားခဲ့တာကြောင့် ကလော့ပ်ရဲ့အသင်းဟာ ၉၂ မှတ်နဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပေမယ့် ချန်ပီယံမဖြစ်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က စနေနေ့ည ပဲရစ်မှာ စပိန်လာလီဂါချန်ပီယံတွေနဲ့ တွေ့ဆုံတဲ့အခါကျရင် ပရီးမီးယားလိဂ်မှာ အသည်းကွဲခဲ့ရမှုက ၎င်းတို့ရဲ့ ဆုဖလား ၃ လုံးမျှော်လင့်ချက်အတွက် စိတ်ဓာတ်ခွန်အားဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အိမ်က တီဗွီမှာ ကြည့်ရှုနေတဲ့ တစ်ကမ္ဘာလုံးက လီဗာပူးလ်ပရိသတ်တွေအတွက် အများကြီး ပိုဆိုးခဲ့မယ်ဆိုတာ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ အက်စတန် ဗီလာက ၂-၀ နဲ့ ဦးဆောင်နေချိန်မှာ သူတို့တွေက ‘ဝါး၊ ပရီးမီးယားလိဂ်ဖလားကို တကယ်ရနိုင်တော့မယ်’ဆိုပြီး တွေးနေခဲ့ကြမှာပါ။ ကျွန်တော် အဲဒါကို တကယ် သတိမထားမိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ပွဲအပြီးမှာ အဲဒီကိစ္စတစ်ခုလုံးကို ကျွန်တော် ကြားခဲ့ပါတယ်”

“ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးနဲ့အတူ ရိုးရိုးသားသားပြောရရင် ကျွန်တော်ကတော့ သူတို့ကို ပထမပိုင်း ၁၀ မိနစ်လောက်ကတည်းက ၅-၀ နဲ့ ပိုပြီး ဦးဆောင်ထားစေချင်ခဲ့ပါတယ်။ အဲဒါက ပိုပြီးတော့ ခက်ခဲစေတယ်ဆိုတာ အမှန်ပါပဲ။ ရာသီက အရမ်းကို နီးကပ်ပြီး အရမ်း ကြပ်နေခဲ့တယ်။ အခိုက်အတန့်တွေ၊ ဆုံးဖြတ်ချက်တွေ၊ တစ်မှတ်ပဲ ကွာခဲ့ပါတယ်။ ကျွန်တော် ဘဝနဲ့ပတ်သက်ပြီး လေ့လာသင်ယူမိတာက ခင်ဗျား လမ်းကြောင်းပေါ်မှာရှိနေပြီး ဆက်သွားနေမယ်ဆိုရင် ခင်ဗျား ဆုလာဘ်ကို ရရှိမှာပါ။ ဒီနေ့တော့ အမြင့်မားဆုံးဆုလာဘ်မဟတု်ပေမယ့် ကျွန်တော်တို့ အဲဒါကို ရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုရအောင် ဆက်သွားနေရမှာက ကျွန်တော်တို့တာဝန်ပဲ”

“ဒီရာသီက လုံးဝကို မယုံနိုင်စရာကောင်းခဲ့ပြီး ဒီနေ့မှာ ပြီးဆုံးသွားတာမဟုတ်ပါဘူး။ လာမယ့်အပတ်မှ ပြီးမှာပါ။ ကျွန်တော်တို့ အရာအားလုံးကို ကျိန်းသေပေါက် ကြိုးစားသွားမှာပါ။ ခင်ဗျား လုံးဝ နာကျင်စရာမရှိဘဲ ဗိုလ်လုပွဲကို တက်ရောက်သွားတာမျိုး အရင်တုန်းက မဖြစ်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့မှာ နာကျင်စရာတွေ ရခဲ့တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ အခု ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ၅ ရက် အချိန်ရပြီး မယုံနိုင်လောက်အောင် အတွေ့အကြုံရှိတဲ့အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပေမယ့် အဲဒါက တကယ်ကို အဆင်ပြေပါတယ်။ ဒီနေ့ လိဂ်မှာ ရှုံးနိမ့်ခဲ့တာက လာမယ့်အပတ်မှာ မှန်ကန်အောင်လုပ်ချင်စိတ်ကို တိုးမြင့်စေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ပရီးမီးယားလိဂ္ဆုဖလားကို ရာသီပိတ္ေနာက္ဆုံးပြဲစဥ္အၿပီးမွာ ေတ့လြဲ လြဲေခ်ာ္ခဲ့လို႔ အသည္းကြဲခဲ့ရမႈက လီဗာပူးလ္ရဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အနိုင္ရခ်င္စိတ္ကို တိုးျမင့္ေစလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ သီေယဂို အယ္လ္ကန္တာရာဟာ တံေကာက္ေၾကာ ဒဏ္ရာရရွိခဲ့တယ္လို႔ ေတြ႕ရွိခဲ့ရၿပီးေနာက္ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အက္စတန္ ဗီလာက မန္စီးတီးကို ၂-၀ နဲ႔ အနိုင္ရရွိေနခ်ိန္မွာ အႀကိမ္ ၂၀ ေျမာက္ အဂၤလန္အမွတ္ေပးဖလားကို ဆြတ္ခူးနိုင္မယ့္ ေမၽွာ္လင့္ခ်က္ ရွိေနခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာ ၅ မိနစ္အတြင္း ၃ ဂိုး ျပန္သြင္းသြားခဲ့တာေၾကာင့္ ကေလာ့ပ္ရဲ့အသင္းဟာ ၉၂ မွတ္နဲ႔ ရာသီၿပီးဆုံးနိုင္ခဲ့ေပမယ့္ ခ်န္ပီယံမျဖစ္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က စေနေန႔ည ပဲရစ္မွာ စပိန္လာလီဂါခ်န္ပီယံေတြနဲ႔ ေတြ႕ဆုံတဲ့အခါက်ရင္ ပရီးမီးယားလိဂ္မွာ အသည္းကြဲခဲ့ရမႈက ၎တို႔ရဲ့ ဆုဖလား ၃ လုံးေမၽွာ္လင့္ခ်က္အတြက္ စိတ္ဓာတ္ခြန္အားျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အိမ္က တီဗြီမွာ ၾကည့္ရႈေနတဲ့ တစ္ကမၻာလုံးက လီဗာပူးလ္ပရိသတ္ေတြအတြက္ အမ်ားႀကီး ပိုဆိုးခဲ့မယ္ဆိုတာ ကၽြန္ေတာ္ ေတြးၾကည့္လို႔ရပါတယ္။ အက္စတန္ ဗီလာက ၂-၀ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ သူတို႔ေတြက ‘ဝါး၊ ပရီးမီးယားလိဂ္ဖလားကို တကယ္ရနိုင္ေတာ့မယ္’ဆိုၿပီး ေတြးေနခဲ့ၾကမွာပါ။ ကၽြန္ေတာ္ အဲဒါကို တကယ္ သတိမထားမိခဲ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ ပြဲအၿပီးမွာ အဲဒီကိစၥတစ္ခုလုံးကို ကၽြန္ေတာ္ ၾကားခဲ့ပါတယ္”

“ျဖစ္ပ်က္ခဲ့တဲ့အရာအားလုံးနဲ႔အတူ ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္ကေတာ့ သူတို႔ကို ပထမပိုင္း ၁၀ မိနစ္ေလာက္ကတည္းက ၅-၀ နဲ႔ ပိုၿပီး ဦးေဆာင္ထားေစခ်င္ခဲ့ပါတယ္။ အဲဒါက ပိုၿပီးေတာ့ ခက္ခဲေစတယ္ဆိုတာ အမွန္ပါပဲ။ ရာသီက အရမ္းကို နီးကပ္ၿပီး အရမ္း ၾကပ္ေနခဲ့တယ္။ အခိုက္အတန႔္ေတြ၊ ဆုံးျဖတ္ခ်က္ေတြ၊ တစ္မွတ္ပဲ ကြာခဲ့ပါတယ္။ ကၽြန္ေတာ္ ဘဝနဲ႔ပတ္သက္ၿပီး ေလ့လာသင္ယူမိတာက ခင္ဗ်ား လမ္းေၾကာင္းေပၚမွာရွိေနၿပီး ဆက္သြားေနမယ္ဆိုရင္ ခင္ဗ်ား ဆုလာဘ္ကို ရရွိမွာပါ။ ဒီေန႔ေတာ့ အျမင့္မားဆုံးဆုလာဘ္မဟတု္ေပမယ့္ ကၽြန္ေတာ္တို႔ အဲဒါကို ရပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီလိုရေအာင္ ဆက္သြားေနရမွာက ကၽြန္ေတာ္တို႔တာဝန္ပဲ”

“ဒီရာသီက လုံးဝကို မယုံနိုင္စရာေကာင္းခဲ့ၿပီး ဒီေန႔မွာ ၿပီးဆုံးသြားတာမဟုတ္ပါဘူး။ လာမယ့္အပတ္မွ ၿပီးမွာပါ။ ကၽြန္ေတာ္တို႔ အရာအားလုံးကို က်ိန္းေသေပါက္ ႀကိဳးစားသြားမွာပါ။ ခင္ဗ်ား လုံးဝ နာက်င္စရာမရွိဘဲ ဗိုလ္လုပြဲကို တက္ေရာက္သြားတာမ်ိဳး အရင္တုန္းက မျဖစ္ခဲ့ဖူးပါဘူး။ ကၽြန္ေတာ္တို႔မွာ နာက်င္စရာေတြ ရခဲ့တယ္ဆိုတာ သိသာပါတယ္။ ကၽြန္ေတာ္တို႔ အခု ဗိုလ္လုပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ ၅ ရက္ အခ်ိန္ရၿပီး မယုံနိုင္ေလာက္ေအာင္ အေတြ႕အၾကဳံရွိတဲ့အသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ေပမယ့္ အဲဒါက တကယ္ကို အဆင္ေျပပါတယ္။ ဒီေန႔ လိဂ္မွာ ရႈံးနိမ့္ခဲ့တာက လာမယ့္အပတ္မွာ မွန္ကန္ေအာင္လုပ္ခ်င္စိတ္ကို တိုးျမင့္ေစမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.