Premier League

မန်ယူပရိသတ်တွေကို ရှပ်အပြာဝတ်ပြီး အောင်ပွဲအတူတူလာခံဖို့ ဖိတ်ခေါ်လိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့မှာ ၎င်းရဲ့အသင်း ပရီးမီးယားလိဂ်ဖလား ရရှိပြီး လီဗာပူးလ်ရဲ့ သမိုင်းဝင် ဖလား ၄ လုံးမျှော်လင့်ချက်ကို ငြင်းပယ်နိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဆုဖလားအောင်ပွဲခံမှုမှာ လာပူးပေါင်းလို့ရတယ်လို့ စပ်ဖြဲဖြဲနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။

မကြာသေးမီကမှ လီဗာပူးလ်ကို တစ်နိုင်ငံလုံးက ပရီးမီးယားလိဂ်ဖလား ရစေချင်နေကြတယ်လို့ ပြောခဲ့တဲ့ ဂွါဒီယိုလာက ချန်ပီယံဖြစ်ဖို့ အစ်တီဟတ်မှာ ဂျရတ်ရဲ့အသင်းကို အနိုင်ယူမှဖြစ်မယ့် ၎င်းရဲ့အသင်းကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ကြိတ်အားပေးနေတာကို သိရှိနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်အသင်းကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အကြိမ် ၂၀ ရရှိထားတဲ့စံချိန် လိုက်မီမှာ စိုးရိမ်နေပြီး ကလော့ပ်အနေနဲ့လည်း ၁၉၉၉ ခုနှစ်တုန်းက ဖာဂူဆန်ရဲ့ ဖလား ၃ လုံးတစ်ပြိုင်နက်ရရှိထားတဲ့စံချိန်ကို ဖြတ်ကျော်သွားမှာမျိုး မမြင်ချင်ကြတာဖြစ်ပါတယ်။

“အဲဒီတော့ ယူနိုက်တက်က လီဗာပူးလ်ထက်စာရင် စီးတီးကို ပိုနှစ်သက်တယ်ပေါ့ဟုတ်လား။ ဘုရားသခင်၊ ကျွန်တော် အဲဒါကို မသိဘူးဗျ။ သူတို့တွေ ကျွန်တော်တို့နဲ့အတူ လမ်းမတွေပေါ်မှာ အောင်ပွဲခံချင်တယ်ဆိုရင် ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့တွေ မန်စီးတီးရှပ်အပြာတော့ ဝတ်မှရမယ်နော်။ သူတို့တွေ အဲဒီရှပ်ကို ဝတ်ရမယ်။ လီဗာပူးလ်ကို တစ်နိုင်ငံလုံးကလူတွေ ဖလားရစေချင်နေတယ်လို့ ပြောမိခဲ့တဲ့ ကျွန်တော် မှားသွားခဲ့ပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာအသင်း အောင်ပွဲရရှိပြီးနောက် ကွင်းအတွင်း ပရိသတ်တွေ ကျူးကျော်ဝင်ရောက်ပြီး အောင်ပွဲခံရင်း ပြဿနာတွေ တက်ခဲ့တဲ့ကိစ္စတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဂွါဒီယိုလာက မန်စီးတီးပရိသတ်တွေဟာ ကိုယ့်ဘာသာ ကိုယ်ထိန်းကြမှာဖြစ်ပြီး လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး ၎င်းရဲ့ ကစားသမားတွေကို ဘာမှ ပြောဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ယနေ့ညနေ အက်စတန် ဗီလာနဲ့ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ဂျွန် စတုန်းနဲ့ ကိုင်လီ ဝေါ်ကာတို့လို ကစားသမားတွေ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် လူစာရင်းထဲကို ခေါ်ယူနိုင်တဲ့အခြေအနေရှိနေပြီး အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုအတွက် နှုတ်ဆက်ပွဲလည်း ဖြစ်လာမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညနေမှာ ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်း ဆဲလ်ဟတ်စ် ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၇ နေရာက ဝက်စ်ဟမ်းနဲ့ ၂ မှတ်သာ ကွာဟနေတာကြောင့် လန်ဒန်ကလပ်အသင်းက အနိုင်ရရှိခဲ့ပြီး သရဲနီတွေအနေနဲ့ ယနေ့ပွဲစဉ်မှာသာ အနိုင်မရခဲ့ဘူးဆိုရင်တော့ ယူရိုပါကွန်းဖရင့်လိဂ်ကို ဆင်းကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာဟာ တနဂၤေႏြေန႔မွာ ၎ရဲ့အသင္း ပရီးမီးယားလိဂ္ဖလား ရရွိၿပီး လီဗာပူးလ္ရဲ့ သမိုင္းဝင္ ဖလား ၄ လုံးေမၽွာ္လင့္ခ်က္ကို ျငင္းပယ္နိုင္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြအေနနဲ႔ ဆုဖလားေအာင္ပြဲခံမႈမွာ လာပူးေပါင္းလို႔ရတယ္လို႔ စပ္ျဖဲျဖဲနဲ႔ ဖိတ္ေခၚလိုက္ပါတယ္။

မၾကာေသးမီကမွ လီဗာပူးလ္ကို တစ္နိုင္ငံလုံးက ပရီးမီးယားလိဂ္ဖလား ရေစခ်င္ေနၾကတယ္လို႔ ေျပာခဲ့တဲ့ ဂြါဒီယိုလာက ခ်န္ပီယံျဖစ္ဖို႔ အစ္တီဟတ္မွာ ဂ်ရတ္ရဲ့အသင္းကို အနိုင္ယူမွျဖစ္မယ့္ ၎ရဲ့အသင္းကို မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြက ႀကိတ္အားေပးေနတာကို သိရွိေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၎တို႔ရဲ့ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးလ္အသင္းကို ယူနိုက္တက္ရဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံ အႀကိမ္ ၂၀ ရရွိထားတဲ့စံခ်ိန္ လိုက္မီမွာ စိုးရိမ္ေနၿပီး ကေလာ့ပ္အေနနဲ႔လည္း ၁၉၉၉ ခုႏွစ္တုန္းက ဖာဂူဆန္ရဲ့ ဖလား ၃ လုံးတစ္ၿပိဳင္နက္ရရွိထားတဲ့စံခ်ိန္ကို ျဖတ္ေက်ာ္သြားမွာမ်ိဳး မျမင္ခ်င္ၾကတာျဖစ္ပါတယ္။

“အဲဒီေတာ့ ယူနိုက္တက္က လီဗာပူးလ္ထက္စာရင္ စီးတီးကို ပိုႏွစ္သက္တယ္ေပါ့ဟုတ္လား။ ဘုရားသခင္၊ ကၽြန္ေတာ္ အဲဒါကို မသိဘူးဗ်။ သူတို႔ေတြ ကၽြန္ေတာ္တို႔နဲ႔အတူ လမ္းမေတြေပၚမွာ ေအာင္ပြဲခံခ်င္တယ္ဆိုရင္ ႀကိဳဆိုပါတယ္။ ဒါေပမယ့္ သူတို႔ေတြ မန္စီးတီးရွပ္အျပာေတာ့ ဝတ္မွရမယ္ေနာ္။ သူတို႔ေတြ အဲဒီရွပ္ကို ဝတ္ရမယ္။ လီဗာပူးလ္ကို တစ္နိုင္ငံလုံးကလူေတြ ဖလားရေစခ်င္ေနတယ္လို႔ ေျပာမိခဲ့တဲ့ ကၽြန္ေတာ္ မွားသြားခဲ့ပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

သက္ဆိုင္ရာအသင္း ေအာင္ပြဲရရွိၿပီးေနာက္ ကြင္းအတြင္း ပရိသတ္ေတြ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ေအာင္ပြဲခံရင္း ျပႆနာေတြ တက္ခဲ့တဲ့ကိစၥေတြ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့တာေၾကာင့္ စိုးရိမ္မႈေတြ ျမင့္တက္ေနခ်ိန္မွာ ဂြါဒီယိုလာက မန္စီးတီးပရိသတ္ေတြဟာ ကိုယ့္ဘာသာ ကိုယ္ထိန္းၾကမွာျဖစ္ၿပီး လုံျခဳံေရးပိုင္းနဲ႔ပတ္သက္ၿပီး ၎ရဲ့ ကစားသမားေတြကို ဘာမွ ေျပာဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ယေန႔ညေန အက္စတန္ ဗီလာနဲ႔ ရာသီပိတ္ ေနာက္ဆုံးပြဲစဥ္မွာ ဂၽြန္ စတုန္းနဲ႔ ကိုင္လီ ေဝၚကာတို႔လို ကစားသမားေတြ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္တာေၾကာင့္ လူစာရင္းထဲကို ေခၚယူနိုင္တဲ့အေျခအေနရွိေနၿပီး အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳအတြက္ ႏႈတ္ဆက္ပြဲလည္း ျဖစ္လာမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယေန႔ညေနမွာ ရာသီပိတ္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ခရစၥတယ္ပဲေလ့စ္အိမ္ကြင္း ဆဲလ္ဟတ္စ္ ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဆင့္ ၇ ေနရာက ဝက္စ္ဟမ္းနဲ႔ ၂ မွတ္သာ ကြာဟေနတာေၾကာင့္ လန္ဒန္ကလပ္အသင္းက အနိုင္ရရွိခဲ့ၿပီး သရဲနီေတြအေနနဲ႔ ယေန႔ပြဲစဥ္မွာသာ အနိုင္မရခဲ့ဘူးဆိုရင္ေတာ့ ယူရိုပါကြန္းဖရင့္လိဂ္ကို ဆင္းကစားရဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.