Premier League

ပါတေးမပါရင် နှာစေးနေတဲ့ကွင်းလယ်အတွက် အာတီတာနဲ့ အီဒူးတို့ ဘာလုပ်ဖို့လိုနေတာလဲ

အာဆင်နယ်နည်းပြ အာတီတာဟာ ၎င်းရဲ့အသင်းအနေနဲ့ ရာသီပိတ်နောက်ဆုံးပွဲစဉ်မတိုင်ခင် အဆင့် ၄ နေရာအတွင်း ပြီးဆုံးခဲ့သင့်တယ်လို့ ဘယ် ဘောလုံးဝေဖန်သူကမှ ပြောဖို့ သို့မဟုတ် ဘယ်လိုကိန်းဂဏန်းအချက်အလက်တွေက ပြောဖို့ မလိုအပ်တာဖြစ်ပါတယ်။

ဒါပေမယ့် သောမတ်စ် ပါတေးလိုမျိုး ကြယ်ပွင့်ကစားသမားတွေ ဒဏ်ရာ ရရှိမှုလိုမျိုး ရှောင်လွှဲလို့မရနိုင်တဲ့ အဖြစ်အပျက်အချို့က ရေနစ်နေတဲ့အာဆင်နယ်ကို ဝါးကူထိုးသလိုဖြစ်ခဲ့တာဖြစ်ပါတယ်။ စပိန်လူမျိုး နည်းပြအနေနဲ့ လာမယ့်ရာသီမှာ အလားတူ ဖရိုဖရဲဖြစ်မှုမျိုးကနေ တားဆီးနိုင်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပြင်ဆင်သွားချင်နေမှာဖြစ်ပါတယ်။

အကောင်းအဆိုး ရောပြွန်းနေတဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီ ၂၀၂၀-၂၀၂၁ အပြီးမှာ ပါတေးဟာ အာဆင်နယ်အသင်းရဲ့ ယခုရာသီ ကွင်းလယ်အင်ဂျင်ခန်းထဲမှာ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ အာဆင်နယ်ဂန္တဝင် ပက်ထရစ် ဗီယာရာလိုမျိုး ကွင်းလယ်မှာ စိုးမိုးထားနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ မဟုတ်တဲ့အချိန်မှာ ချာကာနဲ့အတူ ကွင်းလယ်မှာ တလွဲတွေ ဖြစ်နေတာမျိုးက မြင်ရခဲပါတယ်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပေါင် ၄၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ အသင်းတစ်သင်းက ကစားသမားဆီကနေ မျှော်မှန်းထားတဲ့ ကြံ့ခိုင်မှုမျိုး ပိုင်ဆိုင်ထားသူမဟုတ်ဘူးဆိုတာကိုတော့ အရင်ဆုံး ဝန်ခံရမှာဖြစ်ပြီး ပါတေးဟာ အာဆင်နယ်ရဲ့ ယခုရာသီ လိဂ် ၃၇ ပွဲမှာ ၂၄ ပွဲသာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါဝင်ကစားနိုင်တဲ့အချိန်မှာတော့ အချက်အလက်တွေက အာဆင်နယ်အသင်းဟာ ပါတေးပါလာရင် မပါတာထက် ဘယ်လောက်တောင် အများကြီးပိုကောင်းမွန်လာလဲဆိုတာကို သက်သေပြသနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပါတေးနဲ့အတူ ၂၆ ပွဲမှာ ၆ ပွဲရှုံးနိမ့်ခဲ့ပြီး ပါတေး ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ၁၃ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်အထိ ကွာဟချက်ရှိနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ပါတေးရဲ့ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုအပြင် ကွင်းလယ်မှာ ဂါနာကြယ်ပွင့်ရဲ့ တည်ငြိမ်မှုမျိုးကို ဆုံးရှုံးရတာက အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပြီး အာတီတာအနေနဲ့ မသိချင်ယောင်ဆောင်နေလို့ရတဲ့အရာမဟုတ်တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြက ပါတေးကို ကြံ့ခိုင်မှု ပြည့်ဝနေအောင်ထားဖို့ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို ပြောဆိုခဲ့တာက ဂါနာလက်ရွေးစင်ကြယ်ပွင့်ရဲ့နေရာကို အသင်းထဲက ဘယ်ကစားသမားကမှ နေရာဝင်ယူလို့မရနိုင်ဘူးဆိုတာကို ဝန်ခံခဲ့တဲ့သဘောလည်းဖြစ်ပါတယ်။

“ကိန်းဂဏန်းအချက်အလက်တွေက ရှိနေပြီး သူတို့တွေကို မေးခွန်းထုတ်လို့မရနိုင်ပါဘူး။ သောမတ်စ် ပါတဲ့အချိန်မှာ အနိုင်ရရှိတဲ့နှုန်းက ပိုပြီး မြင့်မားပါတယ်။ အဲဒါက ကျွန်တော်တို့အတွက် ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂ ရာသီမှာ ကျွန်တော်တို့ လိုချင်သလောက် သူ မကစားပေးနိုင်ခဲ့လို့ပါ”

“ကျွန်တော်တို့ သူ့ကို သူယူဆောင်လာတဲ့ အတွေ့အကြုံနဲ့ အရည်အသွေးတွေနဲ့အတူ အဲဒီအခန်းကဏ္ဍမှာ ပါဝင်ကစားပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး သူ ယူဆောင်လာတဲ့အရာတွေက ကျွန်တော်တို့ လိုအပ်နေတဲ့ ထူးခြားတဲ့အရာတွေပါ။ ပြီးတော့ ကျွန်တော်တို့ ကစားသမားတွေကို တခြားနေရာတွေမှာ ပိုပြီး လိုက်လျောညီထွေဖြစ်အောင် နေရာချပေးနိုင်ပြီး ကျွန်တော်တို့ လုပ်နိုင်တဲ့နည်းလမ်းနဲ့ ပွဲကို အဆုံးအဖြတ်ပေးနိုင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အတွက် ပြဿနာက ပါတေးလိုမျိုးအရည်အသွေးရှိတဲ့ နောက်ထပ်ကစားသမားတစ်ဦးကို ရှာမတွေ့တာဖြစ်ပြီး ရှာတွေ့ခဲ့သည့်တိုင်အောင် ထိပ်ဆုံး ၄ နေရာအတွင်း ရာသီမပြီးဆုံးနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းတွေနဲ့ အပြိုင်ခေါ်ယူရမှာက ပိုလို့တောင် အခက်တွေ့တော့မှာဖြစ်ပါတယ်။

ဥပမာပြောရရင် အာဆင်နယ်အသင်း သုံးစွဲနိုင်တဲ့ စျေးနှုန်းအတိုင်းအတာအတွင်းမှာရှိနေတဲ့ မိုနာကိုကြယ်ပွင့် အော်ရယ်လီယန် ချူအာမေနီဖြစ်ပြီး ချဲလ်ဆီး၊ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်ခြင်းခံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက အန်ဒါလတ်ချ်ကနေ ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါအပေါ် မှီခိုနေရတာက နွေရာသီမှာ ကြီးမားတဲ့တိုးတက်မှုကို ပြုလုပ်ဖို့အတွက် လက်တွေ့မကျတာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဝုလ်ဗ်စ်ကွင်းလယ်ကြယ်ပွင့် ဟူဗင် နဲဗိစ်ကို ခေါ်ယူဖို့ ကြိုးပမ်းတာ ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေမယ့် ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့အထက် ကုန်ကျဖွယ် ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ခေါ်ယူနိုင်မယ်ဆိုရင် သောမတ်စ် ပါတေးနဲ့ အာဆင်နယ်တို့ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးအချို့ကို ဖြေလျှော့နိုင်မယ်ဆိုရင် ပေးဖို့ ထိုက်တန်ကောင်း ထိုက်တန်မှာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ၎င်းရဲ့ ဒဏ်ရာရမှတ်တမ်းနဲ့အတူ ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးဆိုတာကို လက်ခံကောင်း လက်ခံမှာဖြစ်ပြီး တကယ်လို့ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ နောက်ထပ်ကွင်းလယ်ဗိုလ်ချုပ်တစ်ဦး ရှာတွေ့ရင်လည်း ပါတေးရဲ့ ဝန်ပိုထမ်းနေရတာက သက်သာသွားမှာဖြစ်ပါတယ်။

အဲဒါက မြောက်လန်ဒန်ကလပ်အသင်းအတွက် ပါတေးကို မဖြစ်မနေ အသည်းအသန် အလိုအပ်ဆုံးအချိန်မှာ အသုံးပြုနိုင်ဖို့ အခွင့်အရေး ရရှိစေမှာဖြစ်ပြီး နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်တာကနေ ရှောင်လွှဲနိုင်စေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းၿပ အာတီတာဟာ ၎ရဲ့အသင္းအေနနဲ႔ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္မတိုင္ခင္ အဆင့္ ၄ ေနရာအတြင္း ၿပီးဆုံးခဲ့သင့္တယ္လို႔ ဘယ္ ေဘာလုံးေဝဖန္သူကမွ ေျပာဖို႔ သို႔မဟုတ္ ဘယ္လိုကိန္းဂဏန္းအခ်က္အလက္ေတြက ေျပာဖို႔ မလိုအပ္တာျဖစ္ပါတယ္။

ဒါေပမယ့္ ေသာမတ္စ္ ပါေတးလိုမ်ိဳး ၾကယ္ပြင့္ကစားသမားေတြ ဒဏ္ရာ ရရွိမႈလိုမ်ိဳး ေရွာင္လႊဲလို႔မရနိုင္တဲ့ အျဖစ္အပ်က္အခ်ိဳ႕က ေရနစ္ေနတဲ့အာဆင္နယ္ကို ဝါးကူထိုးသလိုျဖစ္ခဲ့တာျဖစ္ပါတယ္။ စပိန္လူမ်ိဳး နည္းျပအေနနဲ႔ လာမယ့္ရာသီမွာ အလားတူ ဖရိုဖရဲျဖစ္မႈမ်ိဳးကေန တားဆီးနိုင္ဖို႔အတြက္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ျပင္ဆင္သြားခ်င္ေနမွာျဖစ္ပါတယ္။

အေကာင္းအဆိုး ေရာႁပြန္းေနတဲ့ ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီ ၂၀၂၀-၂၀၂၁ အၿပီးမွာ ပါေတးဟာ အာဆင္နယ္အသင္းရဲ့ ယခုရာသီ ကြင္းလယ္အင္ဂ်င္ခန္းထဲမွာ အဓိကမ႑ိဳင္တစ္ခုအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ ပါေတးဟာ အာဆင္နယ္ဂႏၲဝင္ ပက္ထရစ္ ဗီယာရာလိုမ်ိဳး ကြင္းလယ္မွာ စိုးမိုးထားနိုင္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသခဲ့ၿပီး ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာ မဟုတ္တဲ့အခ်ိန္မွာ ခ်ာကာနဲ႔အတူ ကြင္းလယ္မွာ တလြဲေတြ ျဖစ္ေနတာမ်ိဳးက ျမင္ရခဲပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ေပါင္ ၄၅ သန္းနဲ႔ ေခၚယူခဲ့တဲ့ အသင္းတစ္သင္းက ကစားသမားဆီကေန ေမၽွာ္မွန္းထားတဲ့ ႀကံ့ခိုင္မႈမ်ိဳး ပိုင္ဆိုင္ထားသူမဟုတ္ဘူးဆိုတာကိုေတာ့ အရင္ဆုံး ဝန္ခံရမွာျဖစ္ၿပီး ပါေတးဟာ အာဆင္နယ္ရဲ့ ယခုရာသီ လိဂ္ ၃၇ ပြဲမွာ ၂၄ ပြဲသာ ပါဝင္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပါဝင္ကစားနိုင္တဲ့အခ်ိန္မွာေတာ့ အခ်က္အလက္ေတြက အာဆင္နယ္အသင္းဟာ ပါေတးပါလာရင္ မပါတာထက္ ဘယ္ေလာက္ေတာင္ အမ်ားႀကီးပိုေကာင္းမြန္လာလဲဆိုတာကို သက္ေသျပသေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ပါေတးနဲ႔အတူ ၂၆ ပြဲမွာ ၆ ပြဲရႈံးနိမ့္ခဲ့ၿပီး ပါေတး ဒဏ္ရာေၾကာင့္ မပါဝင္နိုင္ခဲ့တဲ့ ၁၃ ပြဲမွာ ၇ ပြဲအထိ ရႈံးနိမ့္ခဲ့တာနဲ႔ ႏွိုင္းယွဥ္ရင္ ဘယ္ေလာက္အထိ ကြာဟခ်က္ရွိေနလဲဆိုတာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕နိုင္မွာျဖစ္ပါတယ္။ ပါေတးရဲ့ အေတြ႕အၾကဳံနဲ႔ ေခါင္းေဆာင္မႈအျပင္ ကြင္းလယ္မွာ ဂါနာၾကယ္ပြင့္ရဲ့ တည္ၿငိမ္မႈမ်ိဳးကို ဆုံးရႈံးရတာက အာဆင္နယ္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ၿပီး အာတီတာအေနနဲ႔ မသိခ်င္ေယာင္ေဆာင္ေနလို႔ရတဲ့အရာမဟုတ္တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပက ပါေတးကို ႀကံ့ခိုင္မႈ ျပည့္ဝေနေအာင္ထားဖို႔ ဘယ္ေလာက္အထိ အေရးႀကီးလဲဆိုတာကို ေျပာဆိုခဲ့တာက ဂါနာလက္ေရြးစင္ၾကယ္ပြင့္ရဲ့ေနရာကို အသင္းထဲက ဘယ္ကစားသမားကမွ ေနရာဝင္ယူလို႔မရနိုင္ဘူးဆိုတာကို ဝန္ခံခဲ့တဲ့သေဘာလည္းျဖစ္ပါတယ္။

“ကိန္းဂဏန္းအခ်က္အလက္ေတြက ရွိေနၿပီး သူတို႔ေတြကို ေမးခြန္းထုတ္လို႔မရနိုင္ပါဘူး။ ေသာမတ္စ္ ပါတဲ့အခ်ိန္မွာ အနိုင္ရရွိတဲ့ႏႈန္းက ပိုၿပီး ျမင့္မားပါတယ္။ အဲဒါက ကၽြန္ေတာ္တို႔အတြက္ ေကာင္းတဲ့အရာေတာ့မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ၂ ရာသီမွာ ကၽြန္ေတာ္တို႔ လိုခ်င္သေလာက္ သူ မကစားေပးနိုင္ခဲ့လို႔ပါ”

“ကၽြန္ေတာ္တို႔ သူ႔ကို သူယူေဆာင္လာတဲ့ အေတြ႕အၾကဳံနဲ႔ အရည္အေသြးေတြနဲ႔အတူ အဲဒီအခန္းက႑မွာ ပါဝင္ကစားေပးဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး သူ ယူေဆာင္လာတဲ့အရာေတြက ကၽြန္ေတာ္တို႔ လိုအပ္ေနတဲ့ ထူးျခားတဲ့အရာေတြပါ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ကစားသမားေတြကို တျခားေနရာေတြမွာ ပိုၿပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနရာခ်ေပးနိုင္ၿပီး ကၽြန္ေတာ္တို႔ လုပ္နိုင္တဲ့နည္းလမ္းနဲ႔ ပြဲကို အဆုံးအျဖတ္ေပးနိုင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အတြက္ ျပႆနာက ပါေတးလိုမ်ိဳးအရည္အေသြးရွိတဲ့ ေနာက္ထပ္ကစားသမားတစ္ဦးကို ရွာမေတြ႕တာျဖစ္ၿပီး ရွာေတြ႕ခဲ့သည့္တိုင္ေအာင္ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီမၿပီးဆုံးနိုင္ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရတဲ့အသင္းေတြနဲ႔ အၿပိဳင္ေခၚယူရမွာက ပိုလို႔ေတာင္ အခက္ေတြ႕ေတာ့မွာျဖစ္ပါတယ္။

ဥပမာေျပာရရင္ အာဆင္နယ္အသင္း သုံးစြဲနိုင္တဲ့ ေစ်းႏႈန္းအတိုင္းအတာအတြင္းမွာရွိေနတဲ့ မိုနာကိုၾကယ္ပြင့္ ေအာ္ရယ္လီယန္ ခ်ဴအာေမနီျဖစ္ၿပီး ခ်ဲလ္ဆီး၊ လီဗာပူးလ္၊ ရီးရဲလ္မက္ဒရစ္တို႔ကလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ျခင္းခံေနရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက အန္ဒါလတ္ခ်္ကေန ေပါင္ ၁၆ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဆမ္ဘီ လိုကြန္ဂါအေပၚ မွီခိုေနရတာက ေႏြရာသီမွာ ႀကီးမားတဲ့တိုးတက္မႈကို ျပဳလုပ္ဖို႔အတြက္ လက္ေတြ႕မက်တာ ျဖစ္ပါတယ္။

အာဆင္နယ္အေနနဲ႔ ဝုလ္ဗ္စ္ကြင္းလယ္ၾကယ္ပြင့္ ဟူဗင္ နဲဗိစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းတာ ေကာင္းမြန္ေကာင္း ေကာင္းမြန္နိုင္ေပမယ့္ ေပၚတူဂီကြင္းလယ္ကစားသမားဟာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔အထက္ ကုန္က်ဖြယ္ ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီလို ေခၚယူနိုင္မယ္ဆိုရင္ ေသာမတ္စ္ ပါေတးနဲ႔ အာဆင္နယ္တို႔ ပုခုံးေပၚက ဝန္ထုပ္ဝန္ပိုးအခ်ိဳ႕ကို ေျဖေလၽွာ့နိုင္မယ္ဆိုရင္ ေပးဖို႔ ထိုက္တန္ေကာင္း ထိုက္တန္မွာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ ၎ရဲ့ ဒဏ္ရာရမွတ္တမ္းနဲ႔အတူ ပြဲစဥ္တိုင္းမွာ ပါဝင္ကစားေပးနိုင္မွာမဟုတ္ဘူးဆိုတာကို လက္ခံေကာင္း လက္ခံမွာျဖစ္ၿပီး တကယ္လို႔ အာတီတာနဲ႔ နည္းစနစ္ဒါရိုက္တာ အီဒူးတို႔ ေနာက္ထပ္ကြင္းလယ္ဗိုလ္ခ်ဳပ္တစ္ဦး ရွာေတြ႕ရင္လည္း ပါေတးရဲ့ ဝန္ပိုထမ္းေနရတာက သက္သာသြားမွာျဖစ္ပါတယ္။

အဲဒါက ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ ပါေတးကို မျဖစ္မေန အသည္းအသန္ အလိုအပ္ဆုံးအခ်ိန္မွာ အသုံးျပဳနိုင္ဖို႔ အခြင့္အေရး ရရွိေစမွာျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္တာကေန ေရွာင္လႊဲနိုင္ေစမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.