Match Report Premier League

ယူနိုက်တက်ကြယ်ပွင့်ဟောင်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပဲလေ့စ်

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်မှာ အိမ်ရှင်အသင်းက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ုတိုက်စစ်ဆင်ခဲ့ကြပြီး ၂ သင်းစလုံး ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

၁၄ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ အဝေးကန်ချက်က ဝါ့ဒ်နဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့ရာမှာ ကာဗာနီက ထပ်မံကန်သွင်းခဲ့ရာမှာ နောက်ထပ် လူထိပြီး ခရစ္စတယ် ပဲလေ့စ်ဂိုးသမားက သက်တောင့်သက်သာပဲ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

၂၅ မိနစ်မှာ အီလန်ဂါက ညာတောင်ပံကနေတဆင့် ဂိုးရှေ့ကို ဆွဲပြေးလာခဲ့ပြီး ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ် အနည်းငယ် နောက်ကျသွားခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။ ၃၇ မိနစ်မှာ ဇာဟာက ပင်နယ်တီဧရိယာထဲမှာ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမားတွေ ကာကွယ်ထားတဲ့ကြားကနေ ညာခြေနဲ့ ဂိုးအောက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းယူသွားခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက အဖွင့်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင် ခရစ္စတယ်ပဲလေ့စ်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ခံစစ်နဲ့ ဂိုးသမား ဒဟေးယားတို့အတွက် အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုမဟုတ်ခဲ့ဘဲ ပထမပိုင်း ပွဲစဉ်တုန်းကထက်တောင် ပိုပြီး ပျင်းရိငြီးငွေ့စရာ ကောင်းနေခဲ့တာဖြစ်ပါတယ်။

၇၄ မိနစ်မှာ မာတာရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို မက်တော်မီနေး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရရှိခဲ့ပေမယ့်လည်း ဆိုးရွားတဲ့ ခေါင်းတိုက်ချက် ဖြစ်ခဲ့ပြီး ဂိုးသမား ဂွိုက်တာဆီ တည့်တည့်မတ်မတ် ရောက်ရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၉၀ ပြည့်မြောက်တဲ့အထိ ၂ ဖက်စလုံး လောက်လောက်လားလား ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ပွဲပြီးဆုံးသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ကစားနေတဲ့ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းတို့ပွဲစဉ်မှာ ဘရိုက်တန်က ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် အဆင့် ၆ နေရာနဲ့ပဲ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယေန႔ည ၉ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔ပြဲစဥ္မွာ အိမ္ရွင္အသင္းက ၁-၀ နဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ုတိုက္စစ္ဆင္ခဲ့ၾကၿပီး ၂ သင္းစလုံး ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈမ်ိဳး မျပဳလုပ္နိုင္ခဲ့ၾကတာျဖစ္ပါတယ္။

၁၄ မိနစ္မွာ ဖာနန္ဒက္စ္ရဲ့ အေဝးကန္ခ်က္က ဝါ့ဒ္နဲ႔ ထိၿပီး လမ္းေၾကာင္း ေျပာင္းသြားခဲ့ရာမွာ ကာဗာနီက ထပ္မံကန္သြင္းခဲ့ရာမွာ ေနာက္ထပ္ လူထိၿပီး ခရစၥတယ္ ပဲေလ့စ္ဂိုးသမားက သက္ေတာင့္သက္သာပဲ ကာကြယ္သြားနိုင္ခဲ့တာျဖစ္ပါတယ္။

၂၅ မိနစ္မွာ အီလန္ဂါက ညာေတာင္ပံကေနတဆင့္ ဂိုးေရွ႕ကို ဆြဲေျပးလာခဲ့ၿပီး ျဖတ္တင္ေပးပို႔ခဲ့ရာမွာ ဘ႐ူနို ဖာနန္ဒက္စ္ အနည္းငယ္ ေနာက္က်သြားခဲ့တာေၾကာင့္ ဂိုးရရွိမယ့္ အခြင့္အေရး လြဲေခ်ာ္ခဲ့ရပါတယ္။ ၃၇ မိနစ္မွာ ဇာဟာက ပင္နယ္တီဧရိယာထဲမွာ မန္ခ်က္စတာယူနိုက္တက္ ေနာက္ခံကစားသမားေတြ ကာကြယ္ထားတဲ့ၾကားကေန ညာေျခနဲ႔ ဂိုးေအာက္ေထာင့္ကို ေျမလွိမ့္ေဘာ ကန္သြင္းယူသြားခဲ့ၿပီး ခရစၥတယ္ပဲေလ့စ္အသင္းက အဖြင့္ဂိုး စတင္ရရွိသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္ ခရစၥတယ္ပဲေလ့စ္က ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ဂိုးေပါက္ကို ၿခိမ္းေျခာက္မႈေတြ အမ်ားအျပား ျပဳလုပ္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္ ခံစစ္နဲ႔ ဂိုးသမား ဒေဟးယားတို႔အတြက္ အႏၲရာယ္ရွိတဲ့ ၿခိမ္းေျခာက္မႈမဟုတ္ခဲ့ဘဲ ပထမပိုင္း ပြဲစဥ္တုန္းကထက္ေတာင္ ပိုၿပီး ပ်င္းရိၿငီးေငြ႕စရာ ေကာင္းေနခဲ့တာျဖစ္ပါတယ္။

၇၄ မိနစ္မွာ မာတာရဲ့ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို မက္ေတာ္မီေနး လြတ္လြတ္ကၽြတ္ကၽြတ္ ေခါင္းတိုက္ခြင့္ရရွိခဲ့ေပမယ့္လည္း ဆိုးရြားတဲ့ ေခါင္းတိုက္ခ်က္ ျဖစ္ခဲ့ၿပီး ဂိုးသမား ဂြိဳက္တာဆီ တည့္တည့္မတ္မတ္ ေရာက္ရွိသြားခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲကစားခ်ိန္ မိနစ္ ၉၀ ျပည့္ေျမာက္တဲ့အထိ ၂ ဖက္စလုံး ေလာက္ေလာက္လားလား ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္နိုင္ခဲ့ဘဲ ပြဲၿပီးဆုံးသြားခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တစ္ခ်ိန္တည္းမွာ ယွဥ္ၿပိဳင္ကစားေနတဲ့ ဘရိုက္တန္နဲ႔ ဝက္စ္ဟမ္းတို႔ပြဲစဥ္မွာ ဘရိုက္တန္က ၃-၁ နဲ႔ အနိုင္ရရွိသြားခဲ့တာေၾကာင့္ အဆင့္ ၆ ေနရာနဲ႔ပဲ ယူရိုပါလိဂ္ဝင္ခြင့္ကို ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.