Premier League

နည်းဗျူဟာအပြောင်းအလဲမလုပ်ဘဲ ပဲလေ့စ်ကို ဘယ်လိုအနိုင်ပြန်ယူခဲ့လဲဆိုတာ ပြောပြလိုက်တဲ့ လမ်းပတ်

အဲဗာတန်အသင်းနည်းပြ ဖရန့်ခ် လမ်းပတ်က ကြာသပတေးနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်နေရာကနေ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ဟန်ဆောင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ဂွတ်ဒီဆင် ပါ့ခ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးအထိ ပြန်လည်သွင်းယူပြီးနောက် တန်းဆင်းဇုန်ကနေ လွတ်မြောက်ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်ဟာ မာတီတာရဲ့ သွင်းဂိုးနဲ့ အစောပိုင်းကတည်းက ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး အိမ်ရှင် အဲဗာတန်အတွက်တော့ ညတာရှည်တော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဂျော်ဒန် အာရူးဟာ အန်သိုနီ ဂေါ်ဒွန်ကို ပြင်းပြင်းထန်ထန် ဖျက်ထုတ်ပြီးနောက် ကွင်းထဲမှာ ဆက်နေခွင့်ရခဲ့တာ ကံကောင်းခဲ့ပြီး နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ အာရူးကပဲ အဲဗာတန်နောက်တန်းရဲ့ ညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ပထမပိုင်းမှာတင် ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ပြန်မလာနိုင်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့်လည်း ချဲလ်ဆီးဂန္တဝင်ရဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းက လှည့်ကွက်က အလုပ်ဖြစ်ခဲ့ပုံ ပေါ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၉ မိနစ်အကြာမှာ မိုက်ကယ် ကီးန်က ပင်နယ်တီဧရိယာထဲမှာ ဘယ်ခြေနဲ့ ဖြစ်သလို ကန်ပြီး ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့ပါတယ်။

ပွဲကစားချိန်ပြည့်ဖို့ ၁၅ မိနစ်အလိုမှာ ရစ်ချာလီဆန်က အဲဗာတန်အသင်းအတွက် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် နောက်ထပ်ချေပဂိုးကို သွင်းယူခဲ့ပြီး ဒေါမနစ် ကယ်လ်ဗတ်-လူဝင်က ၈၅ မိနစ်မှာ ဒီမရွိုင်း ဂရေးရဲ့ အလွတ်တည်ကန်ဘောကနေတဆင့် လှလှပပ ခေါင်းတိုက်သွင်းယူပြီး အဲဗာတန်အတွက် အဖိုးတန် အနိုင် ၃ မှတ်ကို ရယူပေးခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ပရိသတ်တွေဟာ အနိုင်ဂိုး သွင်းယူအပြီးမှာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြပြီး ပွဲပြီးဝီစီမှုတ်ချိန်မှာလည်း နောက်ထပ်တစ်ကြိမ် ကွင်းထဲကို ပြေးဝင်အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ အဲဗာတန်နည်းပြ ဖရန့်ခ် လမ်းပတ်က ပွဲအပြီးမှာ ၎င်းအနေနဲ့ ပထမပိုင်းမှာ အားလုံး စိတ်ဓာတ်ကျနေချိန်မှာ အရာအားလုံးကို ပြောင်းလဲသွားအောင် ဘယ်လို လုပ်ခဲ့လဲဆိုတာကို Sky Sports နဲ့ တွေ့ဆုံရာမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ရိုးရိုးသားသား ပြောရမယ်ဆိုရင် နည်းပြတစ်ယောက်အဖြစ်နဲ့ တစ်ခါတလေမှာ ခင်ဗျား ဟန်ဆောင်တာမျိုး လုပ်ရမယ်။ ခင်ဗျားရဲ့ ခံစားချက်ကို မပြသရဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက လူတွေကို ပြောင်းလဲနိုင်ဖို့၊ ဦးဆောင်လမ်းပြပေးဖို့ ကြိုးပမ်းရမယ့်သူမို့လို့ပါ။ အပြောင်းအလဲနည်းနည်းတော့ ရှိခဲ့တယ်။ ဒယ်လီ အလီ ဝင်ကစားခဲ့တယ်။ ဒယ်လီက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ အသင်းရဲ့ ပုံစံကို ပထမပိုင်းမပြီးခင်ကတည်းက ပြောင်းလဲခဲ့ပေမယ့် ကျွန်တော်တို့ သတင်းအချက်အလက်အချို့ ပေးနိုင်ခဲ့တယ်”

“ကျွန်တော့် အမြင်မှာတော့ အဲဒါက နည်းဗျူဟာ အပြောင်းအလဲမဟုတ်ပါဘူး။ အဲဒါက လက်ရှိ စိတ်ခံစားမှုနဲ့ စရိုက်လက္ခဏာပါ။ ခင်ဗျား လူအုပ်ကြီးကို အားတက်အောင်လုပ်နိုင်တယ်။ ခင်ဗျား ကျွန်တော်တို့ ပွဲထဲကို ပြန်လာနိုင်ဖို့ အစောပိုင်းမှာ ဂိုးသွင်းနိုင်တယ်။ ခင်ဗျား ဘာကိုမဆို ယုံကြည်ရပါမယ်။ တကယ်ကို ရိုးရှင်းတဲ့ သတင်းစကားလေးပါ။ အဲဒီနောက်ပိုင်းကတော့ ကစားသမားတွေပဲ ဆက်လုပ်သွားတာပါ။ သူတို့ကိုပဲ ပုံအပ်လိုက်တယ်။ သူတို့တွေက ချီးကျူးဂုဏ်ပြုမှုအားလုံးနဲ့ ထိုက်တန်တဲ့သူတွေပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဲဗာတန္အသင္းနည္းၿပ ဖရန႔္ခ္ လမ္းပတ္က ၾကာသပေတးေန႔ညမွာ ခရစၥတယ္ပဲေလ့စ္ကို ရႈံးနိမ့္ေနရာကေန အံ့အားသင့္ဖြယ္ ျပန္လာနိုင္ခဲ့တဲ့ပြဲစဥ္ ပထမပိုင္းအၿပီး အဝတ္လဲခန္းထဲမွာ ကစားသမားေတြကို ဟန္ေဆာင္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ ဂြတ္ဒီဆင္ ပါ့ခ္မွာ ခရစၥတယ္ပဲေလ့စ္အသင္းကို ပထမပိုင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ဒုတိယပိုင္းမွာ ၃ ဂိုးအထိ ျပန္လည္သြင္းယူၿပီးေနာက္ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ၿပီး လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ ဆက္ရွိေနဖို႔ ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။ ခရစၥတယ္ ပဲေလ့စ္ဟာ မာတီတာရဲ့ သြင္းဂိုးနဲ႔ အေစာပိုင္းကတည္းက ဦးေဆာင္ထားနိုင္ခဲ့တာျဖစ္ၿပီး အိမ္ရွင္ အဲဗာတန္အတြက္ေတာ့ ညတာရွည္ေတာ့မယ့္ပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဒန္ အာ႐ူးဟာ အန္သိုနီ ေဂၚဒြန္ကို ျပင္းျပင္းထန္ထန္ ဖ်က္ထုတ္ၿပီးေနာက္ ကြင္းထဲမွာ ဆက္ေနခြင့္ရခဲ့တာ ကံေကာင္းခဲ့ၿပီး ေနာက္ထပ္မိနစ္အနည္းငယ္အၾကာမွာ အာ႐ူးကပဲ အဲဗာတန္ေနာက္တန္းရဲ့ ညံ့ဖ်င္းမႈကို အခြင့္ေကာင္းယူၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ ပထမပိုင္းမွာတင္ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ ျပန္မလာနိုင္ေတာ့ဘူးလို႔ ထင္ခဲ့ၾကေပမယ့္လည္း ခ်ဲလ္ဆီးဂႏၲဝင္ရဲ့ ပထမပိုင္းအၿပီး အဝတ္လဲခန္းအတြင္းက လွည့္ကြက္က အလုပ္ျဖစ္ခဲ့ပုံ ေပၚပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၉ မိနစ္အၾကာမွာ မိုက္ကယ္ ကီးန္က ပင္နယ္တီဧရိယာထဲမွာ ဘယ္ေျခနဲ႔ ျဖစ္သလို ကန္ၿပီး ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးသြားခဲ့ပါတယ္။

ပြဲကစားခ်ိန္ျပည့္ဖို႔ ၁၅ မိနစ္အလိုမွာ ရစ္ခ်ာလီဆန္က အဲဗာတန္အသင္းအတြက္ တစ္ဖက္ ၂ ဂိုးစီ ညီမၽွသြားေစမယ့္ ေနာက္ထပ္ေခ်ပဂိုးကို သြင္းယူခဲ့ၿပီး ေဒါမနစ္ ကယ္လ္ဗတ္-လူဝင္က ၈၅ မိနစ္မွာ ဒီမရြိဳင္း ဂေရးရဲ့ အလြတ္တည္ကန္ေဘာကေနတဆင့္ လွလွပပ ေခါင္းတိုက္သြင္းယူၿပီး အဲဗာတန္အတြက္ အဖိုးတန္ အနိုင္ ၃ မွတ္ကို ရယူေပးခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ပရိသတ္ေတြဟာ အနိုင္ဂိုး သြင္းယူအၿပီးမွာ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၾကၿပီး ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ကြင္းထဲကို ေျပးဝင္ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။ အဲဗာတန္နည္းၿပ ဖရန႔္ခ္ လမ္းပတ္က ပြဲအၿပီးမွာ ၎အေနနဲ႔ ပထမပိုင္းမွာ အားလုံး စိတ္ဓာတ္က်ေနခ်ိန္မွာ အရာအားလုံးကို ေျပာင္းလဲသြားေအာင္ ဘယ္လို လုပ္ခဲ့လဲဆိုတာကို Sky Sports နဲ႔ ေတြ႕ဆုံရာမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ နည္းျပတစ္ေယာက္အျဖစ္နဲ႔ တစ္ခါတေလမွာ ခင္ဗ်ား ဟန္ေဆာင္တာမ်ိဳး လုပ္ရမယ္။ ခင္ဗ်ားရဲ့ ခံစားခ်က္ကို မျပသရဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက လူေတြကို ေျပာင္းလဲနိုင္ဖို႔၊ ဦးေဆာင္လမ္းျပေပးဖို႔ ႀကိဳးပမ္းရမယ့္သူမို႔လို႔ပါ။ အေျပာင္းအလဲနည္းနည္းေတာ့ ရွိခဲ့တယ္။ ဒယ္လီ အလီ ဝင္ကစားခဲ့တယ္။ ဒယ္လီက အံ့အားသင့္စရာေကာင္းခဲ့ပါတယ္။ အသင္းရဲ့ ပုံစံကို ပထမပိုင္းမၿပီးခင္ကတည္းက ေျပာင္းလဲခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ သတင္းအခ်က္အလက္အခ်ိဳ႕ ေပးနိုင္ခဲ့တယ္”

“ကၽြန္ေတာ့္ အျမင္မွာေတာ့ အဲဒါက နည္းဗ်ဴဟာ အေျပာင္းအလဲမဟုတ္ပါဘူး။ အဲဒါက လက္ရွိ စိတ္ခံစားမႈနဲ႔ စရိုက္လကၡဏာပါ။ ခင္ဗ်ား လူအုပ္ႀကီးကို အားတက္ေအာင္လုပ္နိုင္တယ္။ ခင္ဗ်ား ကၽြန္ေတာ္တို႔ ပြဲထဲကို ျပန္လာနိုင္ဖို႔ အေစာပိုင္းမွာ ဂိုးသြင္းနိုင္တယ္။ ခင္ဗ်ား ဘာကိုမဆို ယုံၾကည္ရပါမယ္။ တကယ္ကို ရိုးရွင္းတဲ့ သတင္းစကားေလးပါ။ အဲဒီေနာက္ပိုင္းကေတာ့ ကစားသမားေတြပဲ ဆက္လုပ္သြားတာပါ။ သူတို႔ကိုပဲ ပုံအပ္လိုက္တယ္။ သူတို႔ေတြက ခ်ီးက်ဴးဂုဏ္ျပဳမႈအားလုံးနဲ႔ ထိုက္တန္တဲ့သူေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.