Premier League

အက်စတန် ဗီလာပရိသတ်တွေနဲ့ လီဗာပူးလ်ကို ကတိအကြီးကြီး ပေးလိုက်တဲ့ စတီဗင် ဂျရတ်

အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်က အသင်းကို လာမယ့်ရာသီ အမှတ်ပေးဇယား အပေါ်ပိုင်းကို တွန်းပို့ပေးချင်နေတာကြောင့် ယခုနွေရာသီမှာ နေရာအများအပြားကို တိုးတက်အောက် လုပ်ဖို့ လိုအပ်နေတယ်ဆိုတာ အသင်းတာဝန်ရှိသူတွေသိအောင် ရှင်းရှင်းပဲ ပြောကြားသွားခဲ့ပါတယ်။

ကြာသပတေးနေ့ညက ဘန်လေကို ၁-၁ နဲ့ သရေကျခဲ့တာကြောင့် အက်စတန် ဗီလာအသင်းဟာ ယခုရာသီကို အဆင့် ၁၄ နေရာထက် မနိမ့်တဲ့ ရပ်တည်မှုနဲ့ ရာသီ ပြီးဆုံးနိုင်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် ခရီးနဲ့အတူ အက်စတန် ဗီလာရဲ့ ရာသီအဆုံးသတ်ဖို့ မျှော်မှန်းထားပြီး ဂျရတ်က ၎င်းတာဝန်ယူနေတဲ့ ကာလအတွင်း နောက်ထပ်တစ်ကြိမ် ဒီလိုရပ်တည်မှုမျိုး ထပ်မဖြစ်စေရဘူးလို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အမှတ်ပေးဇယား အဆင့် ၁၄ မှာရှိနေပြီး တစ်ကွင်းလုံးက ဂုဏ်ပြုတာ ခံခဲ့ရပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေက မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ရှေ့ဆက်သွားကြမယ်။ ဒီအသင်းက နောက်ထပ်တစ်ကြိမ် အဆင့် ၁၄ မှာ ရာသီပြီးဆုံးလို့ မရနိုင်တော့ပါဘူး။ ကျွန်တော်တို့ အရာအားလုံးကို ပြောင်းလဲဖို့ လိုအပ်ပြီး ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာပြီး လာမယ့်ရာသီမှာ ပိုအားကောင်းလာဖို့ လိုပါတယ်။ သူတို့(ဘန်လေ)ဂိုးသမားက သူတို့အတွက်တော့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းဖို့လိုခဲ့တာပါ။ ကျွန်တော်တို့ ပိုပြီး အရည်အသွေးရှိဖို့နဲ့ အဖြေပေးနိုင်ဖို့ လိုအပ်ခဲ့တာပါ”

စတီဗင် ဂျရတ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဒင်း စမစ်ရဲ့ နေရာကို ဆက်ခံဖို့အတွက် ဗီလာ ပါ့ခ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လီဗာပူးလ်ဂန္တဝင်ရောက်ရှိလာချိန်မှာ အက်စတန် ဗီလာအသင်းဟာ ဒင်း စမစ်လက်အောက်မှာ ၅ ပွဲဆက် နိုင်ပွဲမရှိဘဲ အဆင့် ၁၆ နေရာမှာ ရပ်တည်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စတီဗင် ဂျရတ်က ချန်ပီယံရှစ်ကို တန်းပြန်ဆင်းရနိုင်တဲ့ အကြောက်
တရားတွေကို လျင်လျင်မြန်မြန် သက်သာစေခဲ့ပြီး အက်စတန် ဗီလာကို ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်ရုံထက်ပိုတဲ့ ရည်မှန်းချက်တွေ ရှိနေတာဖြစ်ပါတယ်။

“အလုပ်ရဲ့ ပထမဆုံးအစိတ်အပိုင်းကတော့ တန်းဆင်းဇုန်အန္တရာယ်ကနေ လုံခြုံစိတ်ချရဖို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ အမှတ်ပေးဇယား အပေါ်ဘက်ခြမ်းမှာ ရာသီပြီးဆုံးချင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ နေရာအများအပြားကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကစားသမားသစ်ကောင်းကောင်း စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်”

စတီဗင် ဂျရတ်ရဲ့ ကစားသမားတစ်ခုလုံးကို ကုန်ဆုံးခဲ့တဲ့ လီဗာပူးလ်နဲ့ သမိုင်းအစဉ်အလာကြောင့် အက်စတန် ဗီလာအသင်းဟာ မန်ချက်စတာစီးတီး ပရီးမီးယားလိဂ်ဖလား မရရှိအောင် တားဆီးနိုင်လိမ့်မယ်လို့ မာဆေးဆိုဒ်အသင်းအနေနဲ့ မျှော်လင့်ချက် ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးလ်အသင်းထက် ၁ မှတ် အသာစီး ရရှိထားတာဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့အသင်းဟာ အက်စတန်ဗီလာကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလားကိုရော ဖလား ၄ လုံးမျှော်လင့်ချက်ကိုပါ လက်လွှတ်ဆုံးရှုံးရနိုင်တယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံးကစားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ရာသီရဲ့ နောက်ဆုံးနေ့မှာ ကျွန်တော်တို့ ပရိသတ်တွေ ဂုဏ်ယူရအောင် လုပ်သွားမှာပါ။ ကျွန်တော်တို့ မန်ချက်စတာစီးတီးနဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်နည်းနည်းပဲ ရပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် သူတို့အတွက် အခက်အခဲဖြစ်အောင် ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်သမျှ အရာအားလုံးလုပ်ပြီး တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စတန္ ဗီလာနည္းၿပ စတီဗင္ ဂ်ရတ္က အသင္းကို လာမယ့္ရာသီ အမွတ္ေပးဇယား အေပၚပိုင္းကို တြန္းပို႔ေပးခ်င္ေနတာေၾကာင့္ ယခုေႏြရာသီမွာ ေနရာအမ်ားအျပားကို တိုးတက္ေအာက္ လုပ္ဖို႔ လိုအပ္ေနတယ္ဆိုတာ အသင္းတာဝန္ရွိသူေတြသိေအာင္ ရွင္းရွင္းပဲ ေျပာၾကားသြားခဲ့ပါတယ္။

ၾကာသပေတးေန႔ညက ဘန္ေလကို ၁-၁ နဲ႔ သေရက်ခဲ့တာေၾကာင့္ အက္စတန္ ဗီလာအသင္းဟာ ယခုရာသီကို အဆင့္ ၁၄ ေနရာထက္ မနိမ့္တဲ့ ရပ္တည္မႈနဲ႔ ရာသီ ၿပီးဆုံးနိုင္ဖို႔ ေသခ်ာသြားခဲ့ၿပီ ျဖစ္ပါတယ္။ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္မွာ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ ႀကိဳးပမ္းေနတဲ့ မန္ခ်က္စတာစီးတီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ခရီးနဲ႔အတူ အက္စတန္ ဗီလာရဲ့ ရာသီအဆုံးသတ္ဖို႔ ေမၽွာ္မွန္းထားၿပီး ဂ်ရတ္က ၎တာဝန္ယူေနတဲ့ ကာလအတြင္း ေနာက္ထပ္တစ္ႀကိမ္ ဒီလိုရပ္တည္မႈမ်ိဳး ထပ္မျဖစ္ေစရဘူးလို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အမွတ္ေပးဇယား အဆင့္ ၁၄ မွာရွိေနၿပီး တစ္ကြင္းလုံးက ဂုဏ္ျပဳတာ ခံခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ ပရိသတ္ေတြက မယုံနိုင္စရာေကာင္းခဲ့ပါတယ္။ ေရွ႕ဆက္သြားၾကမယ္။ ဒီအသင္းက ေနာက္ထပ္တစ္ႀကိမ္ အဆင့္ ၁၄ မွာ ရာသီၿပီးဆုံးလို႔ မရနိုင္ေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ အရာအားလုံးကို ေျပာင္းလဲဖို႔ လိုအပ္ၿပီး ပိုေကာင္းတဲ့ပုံစံနဲ႔ ျပန္လာၿပီး လာမယ့္ရာသီမွာ ပိုအားေကာင္းလာဖို႔ လိုပါတယ္။ သူတို႔(ဘန္ေလ)ဂိုးသမားက သူတို႔အတြက္ေတာ့ ပြဲစဥ္တေလၽွာက္ အေကာင္းဆုံးကစားသမားျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ပိုေကာင္းဖို႔လိုခဲ့တာပါ။ ကၽြန္ေတာ္တို႔ ပိုၿပီး အရည္အေသြးရွိဖို႔နဲ႔ အေျဖေပးနိုင္ဖို႔ လိုအပ္ခဲ့တာပါ”

စတီဗင္ ဂ်ရတ္ဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလမွာ ဒင္း စမစ္ရဲ့ ေနရာကို ဆက္ခံဖို႔အတြက္ ဗီလာ ပါ့ခ္ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လီဗာပူးလ္ဂႏၲဝင္ေရာက္ရွိလာခ်ိန္မွာ အက္စတန္ ဗီလာအသင္းဟာ ဒင္း စမစ္လက္ေအာက္မွာ ၅ ပြဲဆက္ နိုင္ပြဲမရွိဘဲ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စတီဗင္ ဂ်ရတ္က ခ်န္ပီယံရွစ္ကို တန္းျပန္ဆင္းရနိုင္တဲ့ အေၾကာက္
တရားေတြကို လ်င္လ်င္ျမန္ျမန္ သက္သာေစခဲ့ၿပီး အက္စတန္ ဗီလာကို ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္႐ုံထက္ပိုတဲ့ ရည္မွန္းခ်က္ေတြ ရွိေနတာျဖစ္ပါတယ္။

“အလုပ္ရဲ့ ပထမဆုံးအစိတ္အပိုင္းကေတာ့ တန္းဆင္းဇုန္အႏၲရာယ္ကေန လုံျခဳံစိတ္ခ်ရဖို႔ပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အမွတ္ေပးဇယား အေပၚဘက္ျခမ္းမွာ ရာသီၿပီးဆုံးခ်င္ခဲ့ပါတယ္။ ေရွ႕ဆက္ၿပီး ကၽြန္ေတာ္တို႔ ေနရာအမ်ားအျပားကို တိုးတက္ေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ ကစားသမားသစ္ေကာင္းေကာင္း စုေဆာင္းနိုင္ဖို႔ လိုအပ္ပါတယ္”

စတီဗင္ ဂ်ရတ္ရဲ့ ကစားသမားတစ္ခုလုံးကို ကုန္ဆုံးခဲ့တဲ့ လီဗာပူးလ္နဲ႔ သမိုင္းအစဥ္အလာေၾကာင့္ အက္စတန္ ဗီလာအသင္းဟာ မန္ခ်က္စတာစီးတီး ပရီးမီးယားလိဂ္ဖလား မရရွိေအာင္ တားဆီးနိုင္လိမ့္မယ္လို႔ မာေဆးဆိုဒ္အသင္းအေနနဲ႔ ေမၽွာ္လင့္ခ်က္ ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လီဗာပူးလ္အသင္းထက္ ၁ မွတ္ အသာစီး ရရွိထားတာျဖစ္ေပမယ့္ ဂြါဒီယိုလာရဲ့အသင္းဟာ အက္စတန္ဗီလာကို ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၅ ႏွစ္အတြင္း ၄ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဆုဖလားကိုေရာ ဖလား ၄ လုံးေမၽွာ္လင့္ခ်က္ကိုပါ လက္လႊတ္ဆုံးရႈံးရနိုင္တယ္ဆိုတာကို သိရွိေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အေကာင္းဆုံးကစားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ရာသီရဲ့ ေနာက္ဆုံးေန႔မွာ ကၽြန္ေတာ္တို႔ ပရိသတ္ေတြ ဂုဏ္ယူရေအာင္ လုပ္သြားမွာပါ။ ကၽြန္ေတာ္တို႔ မန္ခ်က္စတာစီးတီးနဲ႔ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္နည္းနည္းပဲ ရပါတယ္။ ကၽြန္ေတာ္တို႔ တတ္နိုင္သေလာက္ သူတို႔အတြက္ အခက္အခဲျဖစ္ေအာင္ ႀကိဳးပမ္းသြားမွာပါ။ ကၽြန္ေတာ္တို႔ လုပ္နိုင္သမၽွ အရာအားလုံးလုပ္ၿပီး တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.