Premier League

နှစ်ဖက်တိုက်စစ်မှူးတွေ ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီး ၁-၁ လက်စတာတို့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာ ၅ ချက်

၁။ တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရမှု

ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ နပမ်းလုံးခဲ့ရတဲ့ ဗာဒီဟာ ကြာသပတေးနေ့ညပွဲစဉ်မှာ ၎င်းရဲ့ အတိတ်ဆိတ်ဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ လူကာကူးလည်း အလားတူပဲဖြစ်ခဲ့ပြီး မိနစ် ၆၀ ကျော်မှာ အပိုင်ခေါင်းတိုက်ချက် လွဲချော်ခဲ့တာကြောင့် နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်တိုက်စစ်မှူးဟောင်းဟာ ယခုရာသီ ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့ခဲ့တာက အိပ်မက်ဆိုးဖြစ်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ချဲလ်ဆီးအသင်း မျှော်လင့်ထားခဲ့တဲ့ သွင်းဂိုးနီးနီးတောင် သွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ လက်စတာတို့ရဲ့ပွဲစဉ်ဟာ တိုက်စစ်ကစားသမားတွေအတွက် ပွဲစဉ်တစ်ပွဲမဖြစ်ခဲ့ဘဲ ဗာဒီရော လူကာကူးပါ ပွဲကစားချိန် ၁၀ မိနစ်ကျော် ကျန်သေးတဲ့အချိန်မှာ တပြိုင်နက်ပဲ ၎င်းတို့ရဲ့ နည်းပြတွေရဲ့ လူစားလဲလှယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

၂။ အလွန်ဆိုရဲ့ အကောင်းအဆိုးရောထွေးနေခဲ့တဲ့ ည

စပိန်ဘယ်နောက်ခံကစားသမားဟာ ကက်စ်ပါ ရှမိုက်ကယ်ရဲ့ ကန်တင်ပေးပို့မှုကို ရှင်းထုတ်ချိန်မှာ အာရုံစိုက်မှု မရှိခဲ့တဲ့နောက် ပွဲအစကတည်းကနေ ချဲလ်ဆီးအသင်းဟာ အလွန်ဆိုဆီကနေ အာရုံစူးစိုက်မှု ရရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အလွန်ဆိုဟာ ဘောလုံးက စည်းအပြင်ဘက်ထွက်သွားနိုင်သလို ရူဒီဂါကလည်း ရှင်းထုတ်နိုင်တယ်လို့ တွေးခဲ့ပုံပေါ်ပေမယ့် ၎င်းရဲ့ တုံ့ဆိုင်းနေမှုက ဂျူးစ်ဘယ်ရီ-ဟောလ်ကို ဘောလုံးရရှိသွားစေခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ကက်စတာညာ ဖြတ်ချိုးပေးတာက ချဲလ်ဆီးခံစစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို မက်ဒီဆန်က ပြန်လည်ရယူပြီး ဧရိယာထိပ်ကနေ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အလွန်ဆိုဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာတော့မှာဖြစ်ပေမယ့်လည်း ဆိုးရွားတဲ့ခြေစွမ်းနဲ့ ချဲလ်ဆီးခံစစ်မှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်နေခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာကစားခဲ့တဲ့ နောက်ဆုံး လိဂ် ၄ ပွဲမှာ ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုဟာ ၎င်းရဲ့ အမှားကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ရီးစ် ဂျိမ်းစ်ရဲ့ လှပတဲ့ ခုတ်တင်ပေးပို့မှုကို ဘယ်ခြေနဲ့ မြေမကျဘော ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ချဲလ်ဆီးဟာ ယခုရာသီ ဘယ်လိဂ်ပွဲစဉ်မှာမှ ပထမပိုင်းမှာ ရှုံးနိမ့်ပြီး နောက်ကနေ လိုက်မကစားခဲ့ရတဲ့ စံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး ဒီစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် တစ်ပွဲသာ ကျန်တော့တာဖြစ်ပါတယ်။

၃။ ၆၂ ပွဲနဲ့ ဆက်ရန် ရှိသေးသည်

လီဗာပူးလ်အသင်းဟာ မကြုံစဖူး ဆုဖလား ၄ လုံး တပြိုင်နက် ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေသေးတာကြောင့် ယခုရာသီမှာ ပွဲပမာဏတော်တော်များများ ကစားခဲ့ရပေမယ့် ချဲလ်ဆီးအသင်းရဲ့ လက်စတာနဲ့ပွဲစဉ်က ၎င်းတို့ရဲ့ ယခုရာသီ ၆၂ ပွဲမြောက် ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ တူဟယ်ရဲ့အသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုစလုံးမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ၂ ခုစလုံးမှာ အသည်းကွဲခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ယှဉ်ပြိုင်ကစားခဲ့ရပြီး ရလဒ်အနေနဲ့ အဲဒီအချိန်တွေမှာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ခြေစွမ်းဟာ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲ ဒီလို အဆင့်မျိုးမှာ ကစားသမားတွေဟာ ယခုရာသီ လုပ်နိုင်စွမ်းထက် ကျော်လွန်ပြီး စွမ်းဆောင်ခဲ့ရတာကြောင့် မောပန်းနွမ်းနယ်တဲ့လက္ခဏာတွေ ပြသခဲ့ကြပါတယ်။

ပူလီရှစ်၊ လူကာကူးတို့လို ကစားသမားတွေဟာ ပြိုင်ဘက်ကစားသမားတွေကို ဖြတ်ကျော် ပြေးလွှားနိုင်ဖို့ ခက်ခဲနေခဲ့ရပြီး ယူအက်စ်အေကြယ်ပွင့်ဟာ ၈ ကိုက်လောက်ကနေ လူကပ်မခံထားရဘဲ ကန်သွင်းချက်က ဝိုက်ထွက်သွားခဲ့တာကြောင့် ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ၆၃ ပွဲမြောက်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ တန်းဆင်းသွားခဲ့ရပြီးဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာကြောင့် ဒီလို ပင်ပန်းနွမ်းနယ်နေတဲ့ ချဲလ်ဆီးကြယ်ပွင့်တွေအနေနဲ့ အနားရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

၄။ ချဲလ်ဆီးတိုက်စစ်ကို ကောင်းကောင်း ချေဖျက်နိုင်ခဲ့တဲ့ ဖိုဖာနာ

ပြင်းထန်တဲ့ဒဏ်ရာကြောင့် ရာသီရဲ့ ၇ လလောက်ကို လွဲချော်ခဲ့ပြီးနောက် ၆ ပွဲမြောက်ပွဲစဉ်အဖြစ် ပါဝင်ခဲ့တဲ့ ဖိုဖာနာဟာ တိုက်စစ်ပိုင်း အားကောင်းတဲ့ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရာမှာ ထင်သလောက်မလွယ်ကူကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဂျိမ်းစ် မက်ဒီဆင်ရဲ့ အစောပိုင်း အဖွင့်ဂိုး ရရှိခဲ့ပြီးနောက် အလုပ်အများဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဖိုဖာနာဟာ ဂိုးရှေ့နားဝဲနေတဲ့ ချဲလ်ဆီးရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို အလူးအလဲ ကာကွယ်ခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းဟာ ပထမပိုင်း မိနစ် ၃၀ အတွင်း လက်စတာစီးတီးဂိုးပေါက်ကို ၈ ကြိမ်အထိ ကန်သွင်းယူခဲ့ပြီး လက်စတာစီးတီးက အဲဒီထဲက ၁ ကြိမ်သာ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ယခုရာသီ ဆိုးရွားတဲ့ခြေစွမ်းကို ပိုင်ဆိုင်နေပေမယ့်လည်း လူကာကူးနဲ့ ရင်ဆိုင်ရတာက ဘယ်လိုနောက်ခံကစားသမားမျိုးအတွက်မဆို လွယ်ကူတဲ့ကိစ္စမဟုတ်ဘဲ အထူးသဖြင့် လူကာကူးထက် ပိုမိုငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးတဲ့ ဖိုဖာနာအတွက်တော့ ပိုဆိုးပေမယ့် လက်စတာစီးတီးနောက်ခံလူဟာ ပေါင် ၉၈ သန်းတန်တိုက်စစ်မှူးကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးက ဘောလုံးပိုင်ဆိုင်မှု ရရှိနေချိန်မှာ ဖိုဖာနာဟာ ခံစစ်ကနေ တိုက်စစ်စတည်ဖို့ ကြိုးပမ်းခဲ့ပြီး ၎င်းရဲ့အသင်းဖော်တွေကို ဖိအားတွေကနေ သက်သာစေခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် အလွန်ဆိုရဲ့ သွင်းဂိုးက ဖိုဖာနာရဲ့ ပေးဂိုးမရှိပွဲစဉ်ဖြစ်လာဖို့ ကြိုးစားအားထုတ်မှုအားလုံးကို ခိုးယူသွားခဲ့ပေမယ့် ၎င်းရဲ့ ယခုရာသီ ကာလလရှည် အနားယူနေခဲ့ရမှုက လက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ပေးဂိုးမရှိပွဲစဉ် ၁ ပွဲပဲ ဘာလို့ရှိခဲ့ရတာလဲဆိုတာကို ရှင်းလင်းသွားစေခဲ့ပါတယ်။

၅။ နောက်ထပ်သရေပွဲတစ်ပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ တော့ဒ် ဘိုလီ

ချဲလ်ဆီးအသင်းပိုင်ရှင်သစ်ဖြစ်တဲ့ တော့ဒ် ဘိုလီဟာ လက်စတာစီးတီးရဲ့ ဦးဆောင်ဂိုးကို ချေဖျက်နိုင်ဖို့ မမောမပန်းနိုင် တိုက်ပွဲဝင်ခဲ့တဲ့ ချဲလ်ဆီးကစားသမားတွေကို အမိုက်စား အမှုဆောင်လူကြီးတွေထိုင်တဲ့ ထိုင်ခုံကနေ ကြည့်ရှုခဲ့ပါတယ်။ တော့ဒ် ဘိုလီဦးဆောင်တဲ့ လုပ်ငန်းစုဟာ ချဲလ်ဆီးအသင်းပိုင်ရှင်သစ်ဖြစ်လာတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အတည်ပြုချက်ကို ရရှိဖို့ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ သိပ်မကြာမီ အနာဂတ်မှာ အယ်လ်အေ ဒေါ့ဂျားစ် အသင်းပိုင်ရှင်အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပုံမှန် တက်ရောက်ကြည့်ရှုနိုင်မယ်လို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

ရိုမန် အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်ရှိနေခဲ့တဲ့ ကာလတလျှောက်လုံး ဗီဇာကိစ္စ ပြဿနာမတက်သေးခင်အချိန်အထိ အသင်းပွဲစဉ်တွေကို ပုံမှန် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နောက်ဆုံးအချိန်အထိကို ပရိသတ်တွေနဲ့ ၎င်းရဲ့ ဆက်ဆံရေးဟာ ခိုင်မာနေခဲ့တာဖြစ်ပြီး အမေရိကန်လူမျိုးလုပ်ငန်းရှင်လည်း အဲဒီလိုမျိုး ချဲလ်ဆီးပရိသတ်တွေနဲ့ အပေးအယူမျှခဲ့မယ်ဆိုရင် ရုရှားလုပ်ငန်းရှင်ကို အချိန်အတိုင်းအတာတစ်ခုမှာ မေ့ပျောက်သွားနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ တိုက္စစ္ပိုင္း ႐ုန္းကန္ခဲ့ရမႈ

ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ နပမ္းလုံးခဲ့ရတဲ့ ဗာဒီဟာ ၾကာသပေတးေန႔ညပြဲစဥ္မွာ ၎ရဲ့ အတိတ္ဆိတ္ဆုံး စြမ္းေဆာင္ရည္ေတြထဲက တစ္ခု ျဖစ္ခဲ့ပါတယ္။ လူကာကူးလည္း အလားတူပဲျဖစ္ခဲ့ၿပီး မိနစ္ ၆၀ ေက်ာ္မွာ အပိုင္ေခါင္းတိုက္ခ်က္ လြဲေခ်ာ္ခဲ့တာေၾကာင့္ ေနာက္ထပ္ စိတ္ပ်က္စရာ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္တိုက္စစ္မႉးေဟာင္းဟာ ယခုရာသီ ခ်ဲလ္ဆီးကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တာက အိပ္မက္ဆိုးျဖစ္ခဲ့ၿပီး အသက္ ၂၉ ႏွစ္အရြယ္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ခ်ဲလ္ဆီးအသင္း ေမၽွာ္လင့္ထားခဲ့တဲ့ သြင္းဂိုးနီးနီးေတာင္ သြင္းယူနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ လက္စတာတို႔ရဲ့ပြဲစဥ္ဟာ တိုက္စစ္ကစားသမားေတြအတြက္ ပြဲစဥ္တစ္ပြဲမျဖစ္ခဲ့ဘဲ ဗာဒီေရာ လူကာကူးပါ ပြဲကစားခ်ိန္ ၁၀ မိနစ္ေက်ာ္ က်န္ေသးတဲ့အခ်ိန္မွာ တၿပိဳင္နက္ပဲ ၎တို႔ရဲ့ နည္းျပေတြရဲ့ လူစားလဲလွယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

၂။ အလြန္ဆိုရဲ့ အေကာင္းအဆိုးေရာေထြးေနခဲ့တဲ့ ည

စပိန္ဘယ္ေနာက္ခံကစားသမားဟာ ကက္စ္ပါ ရွမိုက္ကယ္ရဲ့ ကန္တင္ေပးပို႔မႈကို ရွင္းထုတ္ခ်ိန္မွာ အာ႐ုံစိုက္မႈ မရွိခဲ့တဲ့ေနာက္ ပြဲအစကတည္းကေန ခ်ဲလ္ဆီးအသင္းဟာ အလြန္ဆိုဆီကေန အာ႐ုံစူးစိုက္မႈ ရရွိခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ အလြန္ဆိုဟာ ေဘာလုံးက စည္းအျပင္ဘက္ထြက္သြားနိုင္သလို ႐ူဒီဂါကလည္း ရွင္းထုတ္နိုင္တယ္လို႔ ေတြးခဲ့ပုံေပၚေပမယ့္ ၎ရဲ့ တုံ႔ဆိုင္းေနမႈက ဂ်ဴးစ္ဘယ္ရီ-ေဟာလ္ကို ေဘာလုံးရရွိသြားေစခဲ့ပါတယ္။ တန္ျပန္တိုက္စစ္ကေန ကက္စတာညာ ျဖတ္ခ်ိဳးေပးတာက ခ်ဲလ္ဆီးခံစစ္နဲ႔ ထိၿပီး ျပန္ထြက္လာတာကို မက္ဒီဆန္က ျပန္လည္ရယူၿပီး ဧရိယာထိပ္ကေန လၽွပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီ မကာကြယ္နိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

အလြန္ဆိုဟာ ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာေတာ့မွာျဖစ္ေပမယ့္လည္း ဆိုးရြားတဲ့ေျခစြမ္းနဲ႔ ခ်ဲလ္ဆီးခံစစ္မွာ အဓိကအစိတ္အပိုင္းအျဖစ္ ပါဝင္ေနခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာကစားခဲ့တဲ့ ေနာက္ဆုံး လိဂ္ ၄ ပြဲမွာ ၁၀ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အလြန္ဆိုဟာ ၎ရဲ့ အမွားကို ျပန္လည္ျပဳျပင္နိုင္ခဲ့ၿပီး ရီးစ္ ဂ်ိမ္းစ္ရဲ့ လွပတဲ့ ခုတ္တင္ေပးပို႔မႈကို ဘယ္ေျခနဲ႔ ေျမမက်ေဘာ ကန္သြင္းယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးေၾကာင့္ ခ်ဲလ္ဆီးဟာ ယခုရာသီ ဘယ္လိဂ္ပြဲစဥ္မွာမွ ပထမပိုင္းမွာ ရႈံးနိမ့္ၿပီး ေနာက္ကေန လိုက္မကစားခဲ့ရတဲ့ စံခ်ိန္ကို ထိန္းသိမ္းထားနိုင္ခဲ့ၿပီျဖစ္ၿပီး ဒီစံခ်ိန္ကို ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔ လာမယ့္တနဂၤေႏြေန႔မွာ ကစားရမယ့္ တစ္ပြဲသာ က်န္ေတာ့တာျဖစ္ပါတယ္။

၃။ ၆၂ ပြဲနဲ႔ ဆက္ရန္ ရွိေသးသည္

လီဗာပူးလ္အသင္းဟာ မၾကဳံစဖူး ဆုဖလား ၄ လုံး တၿပိဳင္နက္ ရယူနိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနေသးတာေၾကာင့္ ယခုရာသီမွာ ပြဲပမာဏေတာ္ေတာ္မ်ားမ်ား ကစားခဲ့ရေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ့ လက္စတာနဲ႔ပြဲစဥ္က ၎တို႔ရဲ့ ယခုရာသီ ၆၂ ပြဲေျမာက္ ပြဲစဥ္ျဖစ္ခဲ့ပါတယ္။ တူဟယ္ရဲ့အသင္းဟာ ျပည္တြင္းဖလားၿပိဳင္ပြဲ ၂ ခုစလုံးမွာ ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္ ၂ ခုစလုံးမွာ အသည္းကြဲခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ ကလပ္ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ရလဒ္အေနနဲ႔ အဲဒီအခ်ိန္ေတြမွာ ၎တို႔ရဲ့ ပရီးမီးယားလိဂ္ေျခစြမ္းဟာ က်ဆင္းေနခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲ ဒီလို အဆင့္မ်ိဳးမွာ ကစားသမားေတြဟာ ယခုရာသီ လုပ္နိုင္စြမ္းထက္ ေက်ာ္လြန္ၿပီး စြမ္းေဆာင္ခဲ့ရတာေၾကာင့္ ေမာပန္းႏြမ္းနယ္တဲ့လကၡဏာေတြ ျပသခဲ့ၾကပါတယ္။

ပူလီရွစ္၊ လူကာကူးတို႔လို ကစားသမားေတြဟာ ၿပိဳင္ဘက္ကစားသမားေတြကို ျဖတ္ေက်ာ္ ေျပးလႊားနိုင္ဖို႔ ခက္ခဲေနခဲ့ရၿပီး ယူအက္စ္ေအၾကယ္ပြင့္ဟာ ၈ ကိုက္ေလာက္ကေန လူကပ္မခံထားရဘဲ ကန္သြင္းခ်က္က ဝိုက္ထြက္သြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ့ ၆၃ ပြဲေျမာက္ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ တန္းဆင္းသြားခဲ့ရၿပီးျဖစ္တဲ့ ဝက္ဖို႔ဒ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာေၾကာင့္ ဒီလို ပင္ပန္းႏြမ္းနယ္ေနတဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္ေတြအေနနဲ႔ အနားရလိမ့္မယ္လို႔ ေမၽွာ္လင့္ရပါတယ္။

၄။ ခ်ဲလ္ဆီးတိုက္စစ္ကို ေကာင္းေကာင္း ေခ်ဖ်က္နိုင္ခဲ့တဲ့ ဖိုဖာနာ

ျပင္းထန္တဲ့ဒဏ္ရာေၾကာင့္ ရာသီရဲ့ ၇ လေလာက္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ၆ ပြဲေျမာက္ပြဲစဥ္အျဖစ္ ပါဝင္ခဲ့တဲ့ ဖိုဖာနာဟာ တိုက္စစ္ပိုင္း အားေကာင္းတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ဆိုင္ရာမွာ ထင္သေလာက္မလြယ္ကူေၾကာင္း ျပသနိုင္ခဲ့ပါတယ္။ ဂ်ိမ္းစ္ မက္ဒီဆင္ရဲ့ အေစာပိုင္း အဖြင့္ဂိုး ရရွိခဲ့ၿပီးေနာက္ အလုပ္အမ်ားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ ဖိုဖာနာဟာ ဂိုးေရွ႕နားဝဲေနတဲ့ ခ်ဲလ္ဆီးရဲ့ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြကို အလူးအလဲ ကာကြယ္ခဲ့ရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပထမပိုင္း မိနစ္ ၃၀ အတြင္း လက္စတာစီးတီးဂိုးေပါက္ကို ၈ ႀကိမ္အထိ ကန္သြင္းယူခဲ့ၿပီး လက္စတာစီးတီးက အဲဒီထဲက ၁ ႀကိမ္သာ ဂိုးခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ ယခုရာသီ ဆိုးရြားတဲ့ေျခစြမ္းကို ပိုင္ဆိုင္ေနေပမယ့္လည္း လူကာကူးနဲ႔ ရင္ဆိုင္ရတာက ဘယ္လိုေနာက္ခံကစားသမားမ်ိဳးအတြက္မဆို လြယ္ကူတဲ့ကိစၥမဟုတ္ဘဲ အထူးသျဖင့္ လူကာကူးထက္ ပိုမိုငယ္ရြယ္ၿပီး အေတြ႕အၾကဳံနည္းပါးတဲ့ ဖိုဖာနာအတြက္ေတာ့ ပိုဆိုးေပမယ့္ လက္စတာစီးတီးေနာက္ခံလူဟာ ေပါင္ ၉၈ သန္းတန္တိုက္စစ္မႉးကို ေကာင္းေကာင္း ထိန္းခ်ဳပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ လက္စတာစီးတီးက ေဘာလုံးပိုင္ဆိုင္မႈ ရရွိေနခ်ိန္မွာ ဖိုဖာနာဟာ ခံစစ္ကေန တိုက္စစ္စတည္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ၎ရဲ့အသင္းေဖာ္ေတြကို ဖိအားေတြကေန သက္သာေစခဲ့ပါတယ္။ ပထမပိုင္းမၿပီးခင္ အလြန္ဆိုရဲ့ သြင္းဂိုးက ဖိုဖာနာရဲ့ ေပးဂိုးမရွိပြဲစဥ္ျဖစ္လာဖို႔ ႀကိဳးစားအားထုတ္မႈအားလုံးကို ခိုးယူသြားခဲ့ေပမယ့္ ၎ရဲ့ ယခုရာသီ ကာလလရွည္ အနားယူေနခဲ့ရမႈက လက္စတာစီးတီးရဲ့ ပရီးမီးယားလိဂ္မွာ အေဝးကြင္း ေပးဂိုးမရွိပြဲစဥ္ ၁ ပြဲပဲ ဘာလို႔ရွိခဲ့ရတာလဲဆိုတာကို ရွင္းလင္းသြားေစခဲ့ပါတယ္။

၅။ ေနာက္ထပ္သေရပြဲတစ္ပြဲကို တက္ေရာက္ၾကည့္ရႈခဲ့တဲ့ ေတာ့ဒ္ ဘိုလီ

ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ျဖစ္တဲ့ ေတာ့ဒ္ ဘိုလီဟာ လက္စတာစီးတီးရဲ့ ဦးေဆာင္ဂိုးကို ေခ်ဖ်က္နိုင္ဖို႔ မေမာမပန္းနိုင္ တိုက္ပြဲဝင္ခဲ့တဲ့ ခ်ဲလ္ဆီးကစားသမားေတြကို အမိုက္စား အမႈေဆာင္လူႀကီးေတြထိုင္တဲ့ ထိုင္ခုံကေန ၾကည့္ရႈခဲ့ပါတယ္။ ေတာ့ဒ္ ဘိုလီဦးေဆာင္တဲ့ လုပ္ငန္းစုဟာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ျဖစ္လာေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ့ အတည္ျပဳခ်က္ကို ရရွိဖို႔ ေစာင့္ဆိုင္းေနရတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ သိပ္မၾကာမီ အနာဂတ္မွာ အယ္လ္ေအ ေဒါ့ဂ်ားစ္ အသင္းပိုင္ရွင္အေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပုံမွန္ တက္ေရာက္ၾကည့္ရႈနိုင္မယ္လို႔ ေမၽွာ္လင့္နိုင္မွာျဖစ္ပါတယ္။

ရိုမန္ ေအဘရာမိုဗစ္ခ်္ဟာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္အျဖစ္ရွိေနခဲ့တဲ့ ကာလတေလၽွာက္လုံး ဗီဇာကိစၥ ျပႆနာမတက္ေသးခင္အခ်ိန္အထိ အသင္းပြဲစဥ္ေတြကို ပုံမွန္ ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္လည္း ေနာက္ဆုံးအခ်ိန္အထိကို ပရိသတ္ေတြနဲ႔ ၎ရဲ့ ဆက္ဆံေရးဟာ ခိုင္မာေနခဲ့တာျဖစ္ၿပီး အေမရိကန္လူမ်ိဳးလုပ္ငန္းရွင္လည္း အဲဒီလိုမ်ိဳး ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ အေပးအယူမၽွခဲ့မယ္ဆိုရင္ ႐ုရွားလုပ္ငန္းရွင္ကို အခ်ိန္အတိုင္းအတာတစ္ခုမွာ ေမ့ေပ်ာက္သြားနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.