La Liga Premier League Transfer News

အာဆင္နယ္ရဲ႕ ခံစစ္ပုိင္းကို ဆီဗီလာေနာက္ခံလူနဲ႔ အျခားတစ္ဦးကို အာတီတာကိုယ္တုိင္ ေခၚယူဖြယ္ရွိေန

အာဆင္နယ္အသင္းကေတာ့ လက္ရွိခံစစ္ပုိင္းအတြက္ အားျဖည့္မွဳေတြ ျပဳလုပ္ဖို႔ ရွိေနသလို ရွိၿပီးသား ကစားသမားေတြထဲကလည္း အံမဝင္သူေတြကို ေရာင္းခ်သြားဖို႔ ရွိေနၿပီး အဝင္ပုိင္းအတြက္ေတာ့ ဆီဗီလာေနာက္ခံလူ ဒီေယဂို ကားလုိ႔စ္နဲ႔ Free Agent မာလန္း ဆားရ္တုိ႔ကို ခ်ိတ္ဆက္ႀကဳိးစားေနပါတယ္။

အသင္းရဲ႕ ဒီရာသီမွာ ယွဥ္ၿပဳိင္ေနခဲ့တဲ့ အက္ဖ္ေအဖလားနဲ႔ ၿပဳိင္ပြဲေတြအားလုံး ၿပီးစီးသြားၿပီမို႔ နည္းျပ မီခယ္လ္ အာတီတာကိုယ္တုိင္ပါဝင္မယ့္ ကစားသမားေခၚယူေရးအစီစဥ္ဟာ အျမန္ဆုံးအသက္ဝင္လာဖို႔ ရွိေနၿပီး ဒါေၾကာင့္လည္း သူမ်ားအသင္းေတြ လွဳပ္ရွားေနခ်ိန္မွာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ အားကစားဒါ႐ိုက္တာ ဆန္ယီဟီတုိ႔ ေစာင့္ဆုိင္းေနတာျဖစ္ပုံရပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္အသင္းအေနနဲ႔ RB လိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏုိကို လက္လႊတ္လုိက္ရအၿပီးမွာ ဆီဗီလာရဲ႕ ဘရာဇီးေနာက္ခံလူ ဒီေယဂို ကားလို႔စ္ကို ပစ္မွတ္ထားေနၿပီး သူကေတာ့ အာတီတာရဲ႕ ဖီေလာ္ေဆာ္ဖီနဲ႔ အံဝင္မယ့္အျပင္ ေဒးဗစ္ လူးဝစ္ဇ္ကို အစားထုိးႏုိင္မယ့္သူမ်ဳိးလည္း ျဖစ္လာႏုိင္ၿပီး ဆီဗီလာနဲ႔ ေပါင္ ၆၈ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ကိုေတာ့ ထည့္သြင္းညႇိႏွဳိင္းရဖို႔ ရွိေနပါတယ္။

လိုင္လီရဲ႕ ဂါဘရီယယ္လ္ မာဂါလက္စ္ကို အာဆင္နယ္က စိတ္ဝင္စားေနခဲ့တယ္လုိ႔ ဆုိေပမယ့္ တကယ္တမ္းေတာ့ လက္ဆုပ္လက္ကိုင္ ျပႏုိင္စရာ ေသခ်ာတဲ့ သတင္းရင္းျမစ္ထက္ ခန္႔မွန္းေျပာဆိုေနၾကတာေတြက မ်ားေနၿပီး ၿပဳိင္ဘက္အသင္းေတြဆီ ေရာက္ဖို႔ မ်ားေနခ်ိန္မွာ ခံစစ္ရဲ႕ ဘယ္ျခမ္းမွာ ေနရာစုံကစားႏုိင္တဲ့ နိစ္ကစားသမားေဟာင္း မာလန္း ဆားရ္ကိုေတာ့ ပရိသတ္ေတြက ေခၚယူဖို႔ တုိက္တြန္းေနၾကပါတယ္။

အာဆင္နယ္အသင္းရဲ႕ အေရာင္းစာရင္းမွာေတာ့ ဆိုကရာတစ္၊ မူစတာဖီ၊ ဟိုးလ္ဒင္း၊ ကိုလာစီနက္ခ်္၊ ေတာ္ရဲရား၊ ဂန္ဒူဇီနဲ႔ မစ္ခီတာရီယန္တို႔ ပါဝင္ေနၾကၿပီး ဒီကစားသမားေတြဆီက ေငြေၾကးရွာေဖြသြားဖို႔ ရွိေနသလို အသက္ ၂၇ ႏွစ္အရြယ္ေနာက္ခံလူ ဒီေယဂို ကားလုိ႔စ္ကိုေတာ့ ဦးစားေပးအျဖစ္ ေခၚယူဖို႔ ယူ႐ိုပါလိဂ္ဝင္ခြင့္ရအၿပီးမွာ အာ႐ုံစိုက္ေနတယ္လို႔ တယ္လီဂရပ္ဖ္က ေဖာ္ျပသြားခဲ့ပါတယ္။

REF: TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကတော့ လက်ရှိခံစစ်ပိုင်းအတွက် အားဖြည့်မှုတွေ ပြုလုပ်ဖို့ ရှိနေသလို ရှိပြီးသား ကစားသမားတွေထဲကလည်း အံမဝင်သူတွေကို ရောင်းချသွားဖို့ ရှိနေပြီး အဝင်ပိုင်းအတွက်တော့ ဆီဗီလာနောက်ခံလူ ဒီယေဂို ကားလို့စ်နဲ့ Free Agent မာလန်း ဆားရ်တို့ကို ချိတ်ဆက်ကြိုးစားနေပါတယ်။

အသင်းရဲ့ ဒီရာသီမှာ ယှဉ်ပြိုင်နေခဲ့တဲ့ အက်ဖ်အေဖလားနဲ့ ပြိုင်ပွဲတွေအားလုံး ပြီးစီးသွားပြီမို့ နည်းပြ မီခယ်လ် အာတီတာကိုယ်တိုင်ပါဝင်မယ့် ကစားသမားခေါ်ယူရေးအစီစဉ်ဟာ အမြန်ဆုံးအသက်ဝင်လာဖို့ ရှိနေပြီး ဒါကြောင့်လည်း သူများအသင်းတွေ လှုပ်ရှားနေချိန်မှာ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ အားကစားဒါရိုက်တာ ဆန်ယီဟီတို့ စောင့်ဆိုင်းနေတာဖြစ်ပုံရပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းအနေနဲ့ RB လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုကို လက်လွှတ်လိုက်ရအပြီးမှာ ဆီဗီလာရဲ့ ဘရာဇီးနောက်ခံလူ ဒီယေဂို ကားလို့စ်ကို ပစ်မှတ်ထားနေပြီး သူကတော့ အာတီတာရဲ့ ဖီလော်ဆော်ဖီနဲ့ အံဝင်မယ့်အပြင် ဒေးဗစ် လူးဝစ်ဇ်ကို အစားထိုးနိုင်မယ့်သူမျိုးလည်း ဖြစ်လာနိုင်ပြီး ဆီဗီလာနဲ့ ပေါင် ၆၈ သန်းတန် လျော်ကြေးစာချုပ်ကိုတော့ ထည့်သွင်းညှိနှိုင်းရဖို့ ရှိနေပါတယ်။

လိုင်လီရဲ့ ဂါဘရီယယ်လ် မာဂါလက်စ်ကို အာဆင်နယ်က စိတ်ဝင်စားနေခဲ့တယ်လို့ ဆိုပေမယ့် တကယ်တမ်းတော့ လက်ဆုပ်လက်ကိုင် ပြနိုင်စရာ သေချာတဲ့ သတင်းရင်းမြစ်ထက် ခန့်မှန်းပြောဆိုနေကြတာတွေက များနေပြီး ပြိုင်ဘက်အသင်းတွေဆီ ရောက်ဖို့ များနေချိန်မှာ ခံစစ်ရဲ့ ဘယ်ခြမ်းမှာ နေရာစုံကစားနိုင်တဲ့ နိစ်ကစားသမားဟောင်း မာလန်း ဆားရ်ကိုတော့ ပရိသတ်တွေက ခေါ်ယူဖို့ တိုက်တွန်းနေကြပါတယ်။

အာဆင်နယ်အသင်းရဲ့ အရောင်းစာရင်းမှာတော့ ဆိုကရာတစ်၊ မူစတာဖီ၊ ဟိုးလ်ဒင်း၊ ကိုလာစီနက်ချ်၊ တော်ရဲရား၊ ဂန်ဒူဇီနဲ့ မစ်ခီတာရီယန်တို့ ပါဝင်နေကြပြီး ဒီကစားသမားတွေဆီက ငွေကြေးရှာဖွေသွားဖို့ ရှိနေသလို အသက် ၂၇ နှစ်အရွယ်နောက်ခံလူ ဒီယေဂို ကားလို့စ်ကိုတော့ ဦးစားပေးအဖြစ် ခေါ်ယူဖို့ ယူရိုပါလိဂ်ဝင်ခွင့်ရအပြီးမှာ အာရုံစိုက်နေတယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြသွားခဲ့ပါတယ်။

REF: TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.