Premier League Transfer News

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂိုးေပါက္မွာ ဖခင္အၿပီး သားကိုပါ ျမင္ေတြ႕ရမွာလား

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက အသင္းရဲ႕ နည္းစနစ္ပုိင္းဆုိင္ရာ တာဝန္ရွိသူေတြရဲ႕ ေဒးဗစ္ ဒေဟးယား ျပႆနာကို ေဆြးေႏြးမွဳ ျပဳလုပ္ခဲ့ၿပီး ဒီအစည္းအေဝးရဲ႕ ဆုံးျဖတ္ခ်က္အရေတာ့ လာမယ့္ရာသီအတြက္ သူ႕ကို အစားထိုးသြားဖို႔ ျပင္ဆင္ေနရာမွာ အသင္းရဲ႕ ဂႏၴဝင္ဂိုးသမားႀကီးရဲ႕ သားျဖစ္သူကို ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့ပါတယ္။

ေဒးဗစ္ ဆီးမန္းကို မရခဲ့လို႔ ေခၚယူခဲ့ရတဲ့ ဒိန္းမတ္သားႀကီး ပီတာ ရွမုိက္ကယ္ဟာ ယူႏုိက္တက္အသင္းမွာ ၁၉၉၁ ကေန ၁၉၉၉ အထိ ကစားခဲ့ၿပီး အသင္းရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္လာဖို႔ လုံေလာက္တဲ့ စြမ္းေဆာင္မွဳေတြကို ျပသႏုိင္ခဲ့သလို လက္ရွိအခ်ိန္အထိ အသင္းရဲ႕ သံတမန္တစ္ဦးအျဖစ္ တာဝန္ယူဆဲျဖစ္တာမို႔ သူ႕ရဲ႕သား ကက္စပါကို အသင္းမွာ ျမင္ေတြ႕ရဖို႔ ဆုိတာက ပရိသတ္ေတြအတြက္ ရင္ခုန္စရာလည္းျဖစ္ေနပါတယ္။

စပိန္ဂိုးသမား ဒေဟးယားကေတာ့ ပရိသတ္ေတြနဲ႔ အသင္းတာဝန္ရွိသူေတြကို စိတ္ပ်က္ေစခဲ့အၿပီးမွာ လူငယ္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို တုိက္႐ိုက္အစားထိုးဖို႔အတြက္ ယူႏုိက္တက္ဘက္ကေတာ့ စဥ္းစားခဲ့ၾကေသးေပမယ့္ အေတြ႕အႀကဳံအရ မသင့္ေတာ္ေသးဘူးလို႔ ဆုံးျဖတ္ထားၾကၿပီး ရွမုိက္ကယ္ကေတာ့ ေရတုိစီမံကိန္းအတြက္ ေကာင္းမြန္တဲ့ ေျဖရွင္းမွဳလည္းျဖစ္လာႏုိင္သလို သူ႕ဖခင္ရဲ႕ ႀကီးမားတဲ့ ပုံရိပ္ရွိတဲ့ အသင္းကို ေျပာင္းေရႊ႕ဖို႔ကလည္း ဆြဲေဆာင္မွဳေကာင္းတစ္ခု ျဖစ္လာႏိုင္ပါတယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ကက္စပါ ရွမိုက္ကယ္ဟာ ႏိုင္ငံအဆင့္နဲ႔ ကလပ္အသင္းအဆင့္မွာ လုံေလာက္တဲ့ အေတြ႕အႀကဳံေတြရွိတဲ့ ဝါရင့္ ကစားသမားတစ္ဦးလည္းျဖစ္ၿပီး ဒေဟးယားကို ေကာင္းေကာင္းအစားထိုးႏိုင္တဲ့ လက္စြမ္းကို ပုိင္ဆုိင္ထားသလို သူ႕ကို ႏွစ္ႏွစ္-သုံးႏွစ္ေလာက္ အသုံးျပဳထားခ်ိန္မွာ ဟန္ဒါဆန္ဟာ ဆက္ခံလို႔ရမယ့္ အေနအထားကို ေရာက္လာႏုိင္ဖို႔လည္း ယူႏုိက္တက္တာဝန္ရွိသူေတြက ေတြးေခၚထားပုံပါ။

ကင္းပါဝါ စေတဒီယမ္မွာ လက္ရွိ ေပါင္တစ္သိန္းသုံးေသာင္းရရွိေနတဲ့ ဒိန္းမတ္သားဟာ အုိးလ္ထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕လာခဲ့ရင္ ဒီထက္ ႏွစ္ဆနီးပါး တုိးတက္ရရွိႏုိင္ဖြယ္ရွိေနၿပီး လက္စတာအသင္းဘက္ကေတာ့ သူတုိ႔ရဲ႕ အဓိက ဂိုးသမားကို ေပါင္ဆယ္သန္းအထက္မွာ ေရာင္းခ်ႏုိင္ဖြယ္ရွိၿပီး ယူႏုိက္တက္ ပရိသတ္ေတြအတြက္ေတာ့ အသင္းဂႏၴဝင္တစ္ဦးရဲ႕ သားတစ္ေယာက္ကို အသင္းရဲ႕ဂိုးေပါက္မွာ အားကိုးအားထားျပဳရမယ့္အခ်ိန္ ေရာက္ရွိလာႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဒေးဗစ် ဒဟေးယား ပြဿနာကို ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရတော့ လာမယ့်ရာသီအတွက် သူ့ကို အစားထိုးသွားဖို့ ပြင်ဆင်နေရာမှာ အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီးရဲ့ သားဖြစ်သူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။

ဒေးဗစ် ဆီးမန်းကို မရခဲ့လို့ ခေါ်ယူခဲ့ရတဲ့ ဒိန်းမတ်သားကြီး ပီတာ ရှမိုက်ကယ်ဟာ ယူနိုက်တက်အသင်းမှာ ၁၉၉၁ ကနေ ၁၉၉၉ အထိ ကစားခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်လာဖို့ လုံလောက်တဲ့ စွမ်းဆောင်မှုတွေကို ပြသနိုင်ခဲ့သလို လက်ရှိအချိန်အထိ အသင်းရဲ့ သံတမန်တစ်ဦးအဖြစ် တာဝန်ယူဆဲဖြစ်တာမို့ သူ့ရဲ့သား ကက်စပါကို အသင်းမှာ မြင်တွေ့ရဖို့ ဆိုတာက ပရိသတ်တွေအတွက် ရင်ခုန်စရာလည်းဖြစ်နေပါတယ်။

စပိန်ဂိုးသမား ဒဟေးယားကတော့ ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေကို စိတ်ပျက်စေခဲ့အပြီးမှာ လူငယ်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို တိုက်ရိုက်အစားထိုးဖို့အတွက် ယူနိုက်တက်ဘက်ကတော့ စဉ်းစားခဲ့ကြသေးပေမယ့် အတွေ့အကြုံအရ မသင့်တော်သေးဘူးလို့ ဆုံးဖြတ်ထားကြပြီး ရှမိုက်ကယ်ကတော့ ရေတိုစီမံကိန်းအတွက် ကောင်းမွန်တဲ့ ဖြေရှင်းမှုလည်းဖြစ်လာနိုင်သလို သူ့ဖခင်ရဲ့ ကြီးမားတဲ့ ပုံရိပ်ရှိတဲ့ အသင်းကို ပြောင်းရွှေ့ဖို့ကလည်း ဆွဲဆောင်မှုကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကက်စပါ ရှမိုက်ကယ်ဟာ နိုင်ငံအဆင့်နဲ့ ကလပ်အသင်းအဆင့်မှာ လုံလောက်တဲ့ အတွေ့အကြုံတွေရှိတဲ့ ဝါရင့် ကစားသမားတစ်ဦးလည်းဖြစ်ပြီး ဒဟေးယားကို ကောင်းကောင်းအစားထိုးနိုင်တဲ့ လက်စွမ်းကို ပိုင်ဆိုင်ထားသလို သူ့ကို နှစ်နှစ်-သုံးနှစ်လောက် အသုံးပြုထားချိန်မှာ ဟန်ဒါဆန်ဟာ ဆက်ခံလို့ရမယ့် အနေအထားကို ရောက်လာနိုင်ဖို့လည်း ယူနိုက်တက်တာဝန်ရှိသူတွေက တွေးခေါ်ထားပုံပါ။

ကင်းပါဝါ စတေဒီယမ်မှာ လက်ရှိ ပေါင်တစ်သိန်းသုံးသောင်းရရှိနေတဲ့ ဒိန်းမတ်သားဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့ရင် ဒီထက် နှစ်ဆနီးပါး တိုးတက်ရရှိနိုင်ဖွယ်ရှိနေပြီး လက်စတာအသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ဂိုးသမားကို ပေါင်ဆယ်သန်းအထက်မှာ ရောင်းချနိုင်ဖွယ်ရှိပြီး ယူနိုက်တက် ပရိသတ်တွေအတွက်တော့ အသင်းဂန္ထဝင်တစ်ဦးရဲ့ သားတစ်ယောက်ကို အသင်းရဲ့ဂိုးပေါက်မှာ အားကိုးအားထားပြုရမယ့်အချိန် ရောက်ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.