Premier League Transfer News

ဆန္ခ်ဳိနဲ႔ ဂရီးလစ္ရွ္တုိ႔ကို ေခၚယူဖို႔ ေထာက္ခံေျပာၾကားလုိက္တဲ့ ႐ိုင္ယန္ဂစ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂႏၴဝင္ကစားသမားေဟာင္း ႐ိုင္ယန္ဂစ္က အသင္းနဲ႔ ခ်ိတ္ဆက္ေနတဲ့ ကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ ေဂ်ဒန္ ဆန္ခ်ဳိနဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔ဟာ အသင္းကို ထိထိေရာက္ေရာက္ အက်ဳိးျပဳႏုိင္မယ့္သူေတြျဖစ္လို႔ ရေအာင္ေခၚယူသင့္ေၾကာင္း ေထာက္ခံ ေျပာၾကားလုိက္ပါတယ္။

ေဒါ့မြန္ရဲ႕ ေတာင္ပံကစားသမား ဆန္ခ်ဳိကေတာ့ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဦးစားေပးပစ္မွတ္တစ္ခုျဖစ္ေနၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔လည္း အသင္းကို အျမန္ဆုံး ပူးေပါင္းေစခ်င္ေနတဲ့ ကစားသမားျဖစ္သလို ညႇိႏွဳိင္းေဆြးေႏြးမွဳေတြကလည္း တိုးတက္ေနခဲ့ေပမယ့္ ဂရီးလစ္ရွ္အတြက္ေတာ့ ေခၚယူဖို႔ ခက္ခဲေနဆဲျဖစ္ပါတယ္။

“အသင္းက ခ်ိတ္ဆက္ေနတာ တကယ္ေကာင္းတဲ့ ကစားသမားႏွစ္ေယာက္လို႔ ေျပာခ်င္ပါတယ္။ ဂရီးလစ္ရွ္ကေတာ့ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး အစမ္းသပ္ခံၿပီးသလို အသားက်ဖို႔လည္း ဘာမွ ထပ္ႀကဳိးစားစရာမလိုတဲ့သူမ်ဳိးပါ။ ဒီႏွစ္မွာ အက္စ္တန္ဗီလာအတြက္ ဆယ္ဂိုး သြင္းယူႏုိင္ခဲ့ၿပီး ဒီထဲမွာ ပင္နယ္တီတစ္လုံးမွ မပါတာကလည္း အထင္ႀကီးစရာပါပဲ”လို႔ ဂစ္က သုံးသပ္လုိက္ပါတယ္။

“ဆန္ခ်ဳိကေတာ့ တုိက္စစ္ကို တုိက္႐ိုက္သြားတတ္တဲ့သူမ်ဳိးျဖစ္ၿပီး အသိဉာဏ္ျမင့္မားတဲ့သူမ်ဳိးပါ။ သူ႕ရဲ႕ အေကာင္းဆုံး အရည္အေသြးက ေနာက္ဆုံးထိခ်က္ေတြလို႔ ဆုိရမွာျဖစ္ၿပီး လုံးဝ အေၾကာက္အရြံ႕ကင္းတဲ့ ကစားသမားမ်ဳိးျဖစ္ပါတယ္။ အသင္းရဲ႕ တန္ျပန္တုိက္စစ္ေတြမွာ အေကာင္းဆုံး ေျခစြမ္းျပႏုိင္မယ့္သူမ်ဳိးျဖစ္ၿပီး တစ္ဖက္အသင္းကို ေက်ာ္ျဖတ္ဖို႔နဲ႔ ေပးပုိ႔မွဳေကာင္းေတြကို ျမင္ရဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဆန္ခ်ဳိရဲ႕ အသုံးဝင္လာႏုိင္မွဳကို ေဝးလ္စ္လက္ေရြးစင္နည္းျပက ေထာက္ျပခဲ့ပါတယ္။

ဂစ္က သူ႕အတြက္ေတာ့ ဒီကစားသမားႏွစ္ေယာက္ကို ရရွိႏုိင္မယ္ဆုိရင္ အတတ္ႏုိင္ဆုံး ႀကဳိးစားေခၚယူသင့္တယ္လို႔ အသင္းေဟာင္း မန္ခ်က္စတာယူႏုိက္တက္ကို တိုက္တြန္းလိုက္ၿပီး အသင္းရဲ႕ အတိတ္က ေအာင္ျမင္မွဳေတြကို ျပန္ေျပာေနမယ့္အစား ဒါေတြကို ျပန္ရယူႏုိင္ေအာင္ ႀကဳိးစားဖို႔ ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်က အသင်းနဲ့ ချိတ်ဆက်နေတဲ့ ကစားသမားနှစ်ဦးဖြစ်ကြတဲ့ ဂျေဒန် ဆန်ချိုနဲ့ ဂျက်ခ် ဂရီးလစ်ရှ်တို့ဟာ အသင်းကို ထိထိရောက်ရောက် အကျိုးပြုနိုင်မယ့်သူတွေဖြစ်လို့ ရအောင်ခေါ်ယူသင့်ကြောင်း ထောက်ခံ ပြောကြားလိုက်ပါတယ်။

ဒေါ့မွန်ရဲ့ တောင်ပံကစားသမား ဆန်ချိုကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဦးစားပေးပစ်မှတ်တစ်ခုဖြစ်နေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့လည်း အသင်းကို အမြန်ဆုံး ပူးပေါင်းစေချင်နေတဲ့ ကစားသမားဖြစ်သလို ညှိနှိုင်းဆွေးနွေးမှုတွေကလည်း တိုးတက်နေခဲ့ပေမယ့် ဂရီးလစ်ရှ်အတွက်တော့ ခေါ်ယူဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

“အသင်းက ချိတ်ဆက်နေတာ တကယ်ကောင်းတဲ့ ကစားသမားနှစ်ယောက်လို့ ပြောချင်ပါတယ်။ ဂရီးလစ်ရှ်ကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အစမ်းသပ်ခံပြီးသလို အသားကျဖို့လည်း ဘာမှ ထပ်ကြိုးစားစရာမလိုတဲ့သူမျိုးပါ။ ဒီနှစ်မှာ အက်စ်တန်ဗီလာအတွက် ဆယ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီထဲမှာ ပင်နယ်တီတစ်လုံးမှ မပါတာကလည်း အထင်ကြီးစရာပါပဲ”လို့ ဂစ်က သုံးသပ်လိုက်ပါတယ်။

“ဆန်ချိုကတော့ တိုက်စစ်ကို တိုက်ရိုက်သွားတတ်တဲ့သူမျိုးဖြစ်ပြီး အသိဉာဏ်မြင့်မားတဲ့သူမျိုးပါ။ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးက နောက်ဆုံးထိချက်တွေလို့ ဆိုရမှာဖြစ်ပြီး လုံးဝ အကြောက်အရွံ့ကင်းတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ အသင်းရဲ့ တန်ပြန်တိုက်စစ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ့်သူမျိုးဖြစ်ပြီး တစ်ဖက်အသင်းကို ကျော်ဖြတ်ဖို့နဲ့ ပေးပို့မှုကောင်းတွေကို မြင်ရဖို့ မျှော်လင့်ပါတယ်”လို့ ဆန်ချိုရဲ့ အသုံးဝင်လာနိုင်မှုကို ဝေးလ်စ်လက်ရွေးစင်နည်းပြက ထောက်ပြခဲ့ပါတယ်။

ဂစ်က သူ့အတွက်တော့ ဒီကစားသမားနှစ်ယောက်ကို ရရှိနိုင်မယ်ဆိုရင် အတတ်နိုင်ဆုံး ကြိုးစားခေါ်ယူသင့်တယ်လို့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို တိုက်တွန်းလိုက်ပြီး အသင်းရဲ့ အတိတ်က အောင်မြင်မှုတွေကို ပြန်ပြောနေမယ့်အစား ဒါတွေကို ပြန်ရယူနိုင်အောင် ကြိုးစားဖို့ ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.