Premier League

ရှုံးပွဲအတွက် ကလေးတွေကို လှိမ့်ဖြဲခဲ့တဲ့ ချာကာကို ပါးစပ်ပိတ်သွားအောင်ပြောလိုက်တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက နယူးကာဆယ်လ်ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ချာကာရဲ့ မယုံနိုင်ဖွယ် ပြစ်တင်ပြောဆိုမှုကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးကို မြောက်လန်ဒန်ဒါဘီမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ထိန်းချုပ်ထားနိုင်မှု လက်လွှတ်ခဲ့ရတာဖြစ်ပြီး တနင်္လာနေ့ညမှာ မဖြစ်မနေ အနိုင်ကစားရမယ့် နယူးကာဆယ်လ်နဲ့ပွဲမှာလည်း နောက်ထပ် ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။ ဘန် ဝှိုက်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးနဲ့ ဒုတိယပိုင်းအစမှာ နယူးကာဆယ်လ်အသင်းက ဦးဆောင်နိုင်ခဲ့ပြီး ဘရူနို ဂီမာရေးစ်က အနိုင် ၃ မှတ် သေချာစေမယ့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာတော့ ခါးသီးပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေရပြီဖြစ်ပြီး ၂ သင်းစလုံးဟာ လက်ကျန်ပွဲစဉ် ၁ ပွဲသာ ကစားဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းအနေနဲ့ လက်ရှိမှာတော့ ရာသီနောက်ဆုံးပိတ်ပွဲစဉ်မှာ တန်းဆင်းခဲ့ပြီးဖြစ်တဲ့ နောဝစ်ချ်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်း ခြေချော်သွားဖို့ကိုသာ မျှော်လင့်ရတော့မှာဖြစ်ပြီး အာဆင်နယ်ဝါရင့်ကွင်းလယ်ကစားသမား ချာကာက ကစားသမားတွေဟာ နည်းပြ အာတီတာနဲ့ နည်းပြအဖွဲ့ဝင်တွေ ပြောတဲ့အတိုင်း လုပ်ခဲ့ခြင်းမရှိဘူးလို့ Sky Sports နဲ့ BBC တို့ကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အတွေ့အကြုံ နည်းပါးမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ရောက်လာတဲ့အခါမှာ ဆွစ်ဇာလန်ကွင်းလယ်ကစားသမားက အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားအချို့ကို ရည်ရွယ်ပြီး ဝေဖန်ပြစ်တင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

“သင့်တော်တဲ့စကားလုံးတွေကို ရှာဖို့ ခက်ပါတယ်။ ပထမမိနစ်ကနေ မိနစ် ၉၀ အထိ ကျွန်တော်တို့ ကွင်းထဲမှာ ရှိနေဖို့ကို မထိုက်တန်ခဲ့ပါဘူး။ ဘာကြောင့်လဲတော့ ခင်ဗျားကို မရှင်းပြနိုင်ဘူး။ ကျွန်တော်တို့ ပွဲအစီအစဉ်အတိုင်း မလုပ်နိုင်ခဲ့ဘူး။ နည်းပြစကားကို နားမထောင်ခဲ့ဘူး။ ဖြစ်ပျက်ခဲ့တာက ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်ပဲ။ ခင်ဗျား ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်မှာ ကစားဖို့ မထိုက်တန်ဘူး။ အခုအချိန်မှာ အဲဒါကို လက်ခံဖို့ အရမ်းခက်ခဲမှာပါ။ ကျွန်တော်တို့ ဘာကြောင့် နည်းပြ ညွှန်ကြားတဲ့အတိုင်း မလုပ်ခဲ့ရတာလဲဆိုတာ မသိပါဘူး”

အင်တာဗျူးသူ ပက်ထရစ် ဒေးဗစ်ဆင်က ပျမ်းမျှအသက်အရွယ်အားဖြင့် ပရီးမီးယားလိဂ်မှာ အငယ်ရွယ်ဆုံး လူစာရင်းဖြစ်နေခဲ့တဲ့အတွက် အတွေ့အကြုံနည်းပါးခဲ့မှုက ခြေစွမ်းမတည်ငြိမ်မှုရဲ့ အဓိကအချက်ဖြစ်နေတာလားလို့ မေးမြန်းခဲ့ရာမှာ ချာကာက “ဒီပွဲအတွက် အဆင်သင့်မဖြစ်ဘူးဆိုရင် အိမ်မှာပဲနေလေ။ ခင်ဗျားရဲ့ အသက်အရွယ်က အရေးမပါပါဘူး။ ခင်ဗျား စိတ်လှုပ်ရှားနေတယ်ဆိုရင် အရန်ခုံထိုင်ချင်ထိုင်နေ ဒါမှမဟုတ် အိမ်မှာပဲနေ။ ဒီကိုလာပြီး ကစားဖို့က ဇရှိနေဖို့လိုတယ်။ ကျွန်တော်တို့အတွက် ဒီပွဲက အရေးအကြီးဆုံးပွဲစဉ်တွေထဲက တစ်ပွဲပါ။ ဒီပွဲကို လာကြည့်တဲ့သူတွေအတွက် ကျွန်တော်တို့ အရမ်းကို စိတ်ပျက်မိခဲ့ပါတယ်။ သူတို့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော့်မှာ တခြားဘာစကားလုံးမှ မရှိတော့ပါဘူး”

“အဝတ်လဲခန်းက အရမ်းကို တိတ်ဆိတ်နေတယ်။ ပွဲအစီအစဉ်နဲ့ ကျွန်တော်တို့ မိနစ် ၉၀ စလုံးလုပ်ခဲ့တာနဲ့က လုံးဝကို ကွာခြားနေခဲ့ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၆ နှစ်အထိ စောင့်ဆိုင်းခဲ့ရတယ်။ ကျွန်တော်တို့လက်ထဲမှာ အရာအားလုံးက ရှိနေခဲ့တယ်။ ကျွန်တော်တို့က အခု နယူးကာဆယ်လ်အသင်းရှိနေခဲ့တဲ့ နေရာမှာ ရှိနေပြီး သူတို့က ကျွန်တော်တို့ ရှိနေခဲ့တဲ့နေရာမှာ ရှိနေတဲ့ပုံပေါ်နေခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးက ချာကာရဲ့ မှတ်ချက်ကြောင့် ဒေါသထွက်သွားခဲ့ပုံပေါ်ပြီး အာဆင်နယ်ကွင်းလယ်ကစားသမားကို ပြန်လည် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

“ဇ မရှိရင် အိမ်မှာပဲနေလို့ သူ ပြောခဲ့တာ ကျွန်တော် ကြားလိုက်ရတယ်လို့ ထင်တယ်။ အဲဒီတော့ သူက အဝတ်လဲခန်းထဲက လူတွေကို ပြောနေတာ သိသာပါတယ်။ သူ ဘယ်သူ့ကို ပြောချင်နေတာလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ လူငယ်ကစားသမားတွေကို ပြောချင်တာမဟုတ်လောက်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ လူငယ်ကစားသမားတွေကိုတော့ မပြောဘူးမလား။ ခင်ဗျားကို ကျုပ်ပြောမယ်။ သူက လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်လောက်ကတည်းက ကျက်သရေတုံးနေခဲ့တာပါ။ အဆင်အခြင်မဲ့ ဖျက်ထုတ်လို့ ထုတ်ပယ်ခံခဲ့ရတယ်။ ဘာမှ မဖြစ်ခဲ့သလိုပုံစံနဲ့ သူ အဲဒီအကြောင်းတွေကို အတိတ်မေ့သလို ရွှေပျောက်သလို လုပ်နေတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက နယူးကာဆယ္လ္ယူနိုက္တက္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ခ်ာကာရဲ့ မယုံနိုင္ဖြယ္ ျပစ္တင္ေျပာဆိုမႈကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ေျမာက္လန္ဒန္ဒါဘီမွာ ဂိုးျပတ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို ထိန္းခ်ဳပ္ထားနိုင္မႈ လက္လႊတ္ခဲ့ရတာျဖစ္ၿပီး တနလၤာေန႔ညမွာ မျဖစ္မေန အနိုင္ကစားရမယ့္ နယူးကာဆယ္လ္နဲ႔ပြဲမွာလည္း ေနာက္ထပ္ ဆိုးရြားတဲ့စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။ ဘန္ ဝွိုက္ရဲ့ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးနဲ႔ ဒုတိယပိုင္းအစမွာ နယူးကာဆယ္လ္အသင္းက ဦးေဆာင္နိုင္ခဲ့ၿပီး ဘ႐ူနို ဂီမာေရးစ္က အနိုင္ ၃ မွတ္ ေသခ်ာေစမယ့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ လက္ရွိမွာေတာ့ ခါးသီးၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၂ မွတ္အကြာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနရၿပီျဖစ္ၿပီး ၂ သင္းစလုံးဟာ လက္က်န္ပြဲစဥ္ ၁ ပြဲသာ ကစားဖို႔ က်န္ရွိေတာ့တာျဖစ္ပါတယ္။ အာတီတာရဲ့အသင္းအေနနဲ႔ လက္ရွိမွာေတာ့ ရာသီေနာက္ဆုံးပိတ္ပြဲစဥ္မွာ တန္းဆင္းခဲ့ၿပီးျဖစ္တဲ့ ေနာဝစ္ခ်္စီးတီးအသင္းနဲ႔ ပြဲစဥ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ေျခေခ်ာ္သြားဖို႔ကိုသာ ေမၽွာ္လင့္ရေတာ့မွာျဖစ္ၿပီး အာဆင္နယ္ဝါရင့္ကြင္းလယ္ကစားသမား ခ်ာကာက ကစားသမားေတြဟာ နည္းၿပ အာတီတာနဲ႔ နည္းျပအဖြဲ႕ဝင္ေတြ ေျပာတဲ့အတိုင္း လုပ္ခဲ့ျခင္းမရွိဘူးလို႔ Sky Sports နဲ႔ BBC တို႔ကို ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

အေတြ႕အၾကဳံ နည္းပါးမႈနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာကို ေရာက္လာတဲ့အခါမွာ ဆြစ္ဇာလန္ကြင္းလယ္ကစားသမားက အသင္းရဲ့ လူငယ္ၾကယ္ပြင့္ကစားသမားအခ်ိဳ႕ကို ရည္ရြယ္ၿပီး ေဝဖန္ျပစ္တင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

“သင့္ေတာ္တဲ့စကားလုံးေတြကို ရွာဖို႔ ခက္ပါတယ္။ ပထမမိနစ္ကေန မိနစ္ ၉၀ အထိ ကၽြန္ေတာ္တို႔ ကြင္းထဲမွာ ရွိေနဖို႔ကို မထိုက္တန္ခဲ့ပါဘူး။ ဘာေၾကာင့္လဲေတာ့ ခင္ဗ်ားကို မရွင္းျပနိုင္ဘူး။ ကၽြန္ေတာ္တို႔ ပြဲအစီအစဥ္အတိုင္း မလုပ္နိုင္ခဲ့ဘူး။ နည္းျပစကားကို နားမေထာင္ခဲ့ဘူး။ ျဖစ္ပ်က္ခဲ့တာက ဆိုးရြားလြန္းတဲ့ စြမ္းေဆာင္ရည္ပဲ။ ခင္ဗ်ား ခ်န္ပီယံလိဂ္ ဒါမွမဟုတ္ ယူရိုပါလိဂ္မွာ ကစားဖို႔ မထိုက္တန္ဘူး။ အခုအခ်ိန္မွာ အဲဒါကို လက္ခံဖို႔ အရမ္းခက္ခဲမွာပါ။ ကၽြန္ေတာ္တို႔ ဘာေၾကာင့္ နည္းၿပ ညႊန္ၾကားတဲ့အတိုင္း မလုပ္ခဲ့ရတာလဲဆိုတာ မသိပါဘူး”

အင္တာဗ်ဴးသူ ပက္ထရစ္ ေဒးဗစ္ဆင္က ပ်မ္းမၽွအသက္အရြယ္အားျဖင့္ ပရီးမီးယားလိဂ္မွာ အငယ္ရြယ္ဆုံး လူစာရင္းျဖစ္ေနခဲ့တဲ့အတြက္ အေတြ႕အၾကဳံနည္းပါးခဲ့မႈက ေျခစြမ္းမတည္ၿငိမ္မႈရဲ့ အဓိကအခ်က္ျဖစ္ေနတာလားလို႔ ေမးျမန္းခဲ့ရာမွာ ခ်ာကာက “ဒီပြဲအတြက္ အဆင္သင့္မျဖစ္ဘူးဆိုရင္ အိမ္မွာပဲေနေလ။ ခင္ဗ်ားရဲ့ အသက္အရြယ္က အေရးမပါပါဘူး။ ခင္ဗ်ား စိတ္လႈပ္ရွားေနတယ္ဆိုရင္ အရန္ခုံထိုင္ခ်င္ထိုင္ေန ဒါမွမဟုတ္ အိမ္မွာပဲေန။ ဒီကိုလာၿပီး ကစားဖို႔က ဇရွိေနဖို႔လိုတယ္။ ကၽြန္ေတာ္တို႔အတြက္ ဒီပြဲက အေရးအႀကီးဆုံးပြဲစဥ္ေတြထဲက တစ္ပြဲပါ။ ဒီပြဲကို လာၾကည့္တဲ့သူေတြအတြက္ ကၽြန္ေတာ္တို႔ အရမ္းကို စိတ္ပ်က္မိခဲ့ပါတယ္။ သူတို႔အတြက္ စိတ္မေကာင္းပါဘူး။ ကၽြန္ေတာ့္မွာ တျခားဘာစကားလုံးမွ မရွိေတာ့ပါဘူး”

“အဝတ္လဲခန္းက အရမ္းကို တိတ္ဆိတ္ေနတယ္။ ပြဲအစီအစဥ္နဲ႔ ကၽြန္ေတာ္တို႔ မိနစ္ ၉၀ စလုံးလုပ္ခဲ့တာနဲ႔က လုံးဝကို ကြာျခားေနခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၆ ႏွစ္အထိ ေစာင့္ဆိုင္းခဲ့ရတယ္။ ကၽြန္ေတာ္တို႔လက္ထဲမွာ အရာအားလုံးက ရွိေနခဲ့တယ္။ ကၽြန္ေတာ္တို႔က အခု နယူးကာဆယ္လ္အသင္းရွိေနခဲ့တဲ့ ေနရာမွာ ရွိေနၿပီး သူတို႔က ကၽြန္ေတာ္တို႔ ရွိေနခဲ့တဲ့ေနရာမွာ ရွိေနတဲ့ပုံေပၚေနခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးက ခ်ာကာရဲ့ မွတ္ခ်က္ေၾကာင့္ ေဒါသထြက္သြားခဲ့ပုံေပၚၿပီး အာဆင္နယ္ကြင္းလယ္ကစားသမားကို ျပန္လည္ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

“ဇ မရွိရင္ အိမ္မွာပဲေနလို႔ သူ ေျပာခဲ့တာ ကၽြန္ေတာ္ ၾကားလိုက္ရတယ္လို႔ ထင္တယ္။ အဲဒီေတာ့ သူက အဝတ္လဲခန္းထဲက လူေတြကို ေျပာေနတာ သိသာပါတယ္။ သူ ဘယ္သူ႔ကို ေျပာခ်င္ေနတာလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ သူ လူငယ္ကစားသမားေတြကို ေျပာခ်င္တာမဟုတ္ေလာက္ဘူးလို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ သူ လူငယ္ကစားသမားေတြကိုေတာ့ မေျပာဘူးမလား။ ခင္ဗ်ားကို က်ဳပ္ေျပာမယ္။ သူက လြန္ခဲ့တဲ့ ၄ ႏွစ္၊ ၅ ႏွစ္ေလာက္ကတည္းက က်က္သေရတုံးေနခဲ့တာပါ။ အဆင္အျခင္မဲ့ ဖ်က္ထုတ္လို႔ ထုတ္ပယ္ခံခဲ့ရတယ္။ ဘာမွ မျဖစ္ခဲ့သလိုပုံစံနဲ႔ သူ အဲဒီအေၾကာင္းေတြကို အတိတ္ေမ့သလို ေရႊေပ်ာက္သလို လုပ္ေနတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.