Carabao & FA Premier League

လီဗာပူးလ်နဲ့ပွဲကို ကစားဖို့ ငြင်းဆန်ပြီး အသင်းဖော်တွေကို အံ့အားသင့်စေခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်

ချဲလ်ဆီးကြယ်ပွင့်ကစားသမားဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ငြင်းဆန်ခဲ့ပြီး အသင်းဖော်တွေကို အံ့အားသင့်တုန်လှုပ်စေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အစီအစဉ်ဟာ ၎င်းတို့ရဲ့ အဓိကစားသမားတွေထဲက တစ်ဦးရဲ့ လုပ်ရပ်ကြောင့် ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်ခဲ့ပုံ ပေါ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာကြောင့် ၈ ကြိမ်မြောက် အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး လီဗာပူးလ်အတွက် အဆုံးအဖြတ်ပင်နယ်တီကို ဆီမီကပ်စ်က ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းဟာ မိုဟာမက် ဆာလား၊ ဗန်ဒိုက်တို့ရဲ့ ဒဏ်ရာပြဿနာကြောင့် တုံ့ဆိုင်းခဲ့ရပေမယ့်လည်း နည်းပြ ကလော့ပ်က ပွဲအပြီးမှာ ကစားသမား ၂ ဦးစလုံး အဆင်ပြေမယ်လို့ မျှော်လင့်ထားကြောင်း အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက်ကတော့ ဗိုလ်လုပွဲကန်ခါနီးမှ ကြိုတင်ပြင်ဆင်မှုတွေကို နောက်ကျပြီး အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ခရစ္စတင်ဆန်ဟာ ပွဲနေ့မနက်မှ ၎င်းအနေနဲ့ ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အသင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Evening Standard ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနောက်ခံကစားသမားဟာ မူလတုန်းက ပွဲထွက်ကစားဖို့ လူစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ကို စနေနေ့နံနက်မှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားလိုစိတ်မရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခရစ္စတင်ဆန်ဟာ ဒဏ်ရာ ရရှိနေခဲ့တာလည်း မဟုတ်ဘဲ ၎င်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ချဲလ်ဆီးအသင်းဖော်တွေဟာ ဖြစ်သွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အံ့အားသင့် တုန်လှုပ်သွားခဲ့ရတယ်လို့ သိရပါတယ်။ ခရစ္စတင်ဆန်ဟာ ယခုရာသီကုန်မှာ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိထားပြီးဖြစ်တဲ့ ကစားသမားဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်နောက်ခံကစားသမားဟာ ၂၀၁၂ ခုနှစ် အသက် ၁၆ နှစ်သားအရွယ်တုန်းက ဒိန်းမတ်ကလပ်အသင်းဖြစ်တဲ့ ဘရွန်ဘီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မွန်ချင်ဂလာဘတ်ချ်ကို အငှားနဲ့ ထွက်ကစားခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ခရစ္စတင်ဆန်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ ချဲလ်ဆီးအသင်းဖော် ရူဒီဂါနဲ့အတူ ယခုနွေရာသီမှာ လာလီဂါကို ပြောင်းရွှေ့မှာဖြစ်ပြီး စပိန်မှာ ပြိုင်ဘက်တွေအဖြစ် ပြောင်းလဲ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးၾကယ္ပြင့္ကစားသမားဟာ ဝင္ဘေလမွာ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမတိုင္ခင္ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ ျငင္းဆန္ခဲ့ၿပီး အသင္းေဖာ္ေတြကို အံ့အားသင့္တုန္လႈပ္ေစခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ့ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲ အစီအစဥ္ဟာ ၎တို႔ရဲ့ အဓိကစားသမားေတြထဲက တစ္ဦးရဲ့ လုပ္ရပ္ေၾကာင့္ ႀကီးႀကီးမားမား အေႏွာင့္အယွက္ျဖစ္ခဲ့ပုံ ေပၚပါတယ္။

လီဗာပူးလ္အသင္းဟာ ပင္နယ္တီအဆုံးအျဖတ္မွာ ခ်ဲလ္ဆီးကို အနိုင္ရရွိခဲ့တာေၾကာင့္ ၈ ႀကိမ္ေျမာက္ အက္ဖ္ေအဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီး လီဗာပူးလ္အတြက္ အဆုံးအျဖတ္ပင္နယ္တီကို ဆီမီကပ္စ္က ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲစဥ္အတြင္းမွာ လီဗာပူးလ္အသင္းဟာ မိုဟာမက္ ဆာလား၊ ဗန္ဒိုက္တို႔ရဲ့ ဒဏ္ရာျပႆနာေၾကာင့္ တုံ႔ဆိုင္းခဲ့ရေပမယ့္လည္း နည္းၿပ ကေလာ့ပ္က ပြဲအၿပီးမွာ ကစားသမား ၂ ဦးစလုံး အဆင္ေျပမယ္လို႔ ေမၽွာ္လင့္ထားေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းအတြက္ကေတာ့ ဗိုလ္လုပြဲကန္ခါနီးမွ ႀကိဳတင္ျပင္ဆင္မႈေတြကို ေနာက္က်ၿပီး အေျပာင္းအလဲေတြ လုပ္ေဆာင္ခဲ့ရတာျဖစ္ၿပီး ခရစၥတင္ဆန္ဟာ ပြဲေန႔မနက္မွ ၎အေနနဲ႔ ပါဝင္ကစားေပးနိုင္မွာမဟုတ္ဘူးလို႔ အသင္းကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Evening Standard ရဲ့ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးေနာက္ခံကစားသမားဟာ မူလတုန္းက ပြဲထြက္ကစားဖို႔ လူစာရင္းထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ကို စေနေန႔နံနက္မွာ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားလိုစိတ္မရွိဘူးလို႔ ေျပာဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ခရစၥတင္ဆန္ဟာ ဒဏ္ရာ ရရွိေနခဲ့တာလည္း မဟုတ္ဘဲ ၎ရဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ခ်ဲလ္ဆီးအသင္းေဖာ္ေတြဟာ ျဖစ္သြားတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး အံ့အားသင့္ တုန္လႈပ္သြားခဲ့ရတယ္လို႔ သိရပါတယ္။ ခရစၥတင္ဆန္ဟာ ယခုရာသီကုန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္တဲ့ ကစားသမားျဖစ္ပါတယ္။

ဒိန္းမတ္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ၂၀၁၂ ခုႏွစ္ အသက္ ၁၆ ႏွစ္သားအရြယ္တုန္းက ဒိန္းမတ္ကလပ္အသင္းျဖစ္တဲ့ ဘရြန္ဘီကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ မြန္ခ်င္ဂလာဘတ္ခ်္ကို အငွားနဲ႔ ထြက္ကစားခဲ့တာျဖစ္ပါတယ္။

ယခုရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၂ ပြဲအထိ ပါဝင္ကစားေပးခဲ့တဲ့ ခရစၥတင္ဆန္ဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရထားတဲ့ ခ်ဲလ္ဆီးအသင္းေဖာ္ ႐ူဒီဂါနဲ႔အတူ ယခုေႏြရာသီမွာ လာလီဂါကို ေျပာင္းေရႊ႕မွာျဖစ္ၿပီး စပိန္မွာ ၿပိဳင္ဘက္ေတြအျဖစ္ ေျပာင္းလဲ ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.