Ligue1 Premier League

ရီးရဲလ် အသည်းအသန်လိုချင်နေတဲ့ကစားသမားကို စိတ်ဝင်စားနေတယ်လို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြောကြားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ပြီး ခေါ်ယူနိုင်စွမ်း မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ နားလည်ရပါတယ်။

စပိန်က သတင်းတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ အမ်ဘာပေအတွက် နောက်ကျ ချဉ်းကပ်မှု ပြုလုပ်ခဲ့ပြီး အမ်ဘာပေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်တဲ့အသင်းတွေဆီကနေ စိတ်ဝင်စားခြင်းခံရတာကြောင့် ဂုဏ်ယူမိပေမယ့် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ကလော့ပ်က ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘာပေကို ၎င်းရဲ့အသင်းမှာ ရှိနေစေချင်ပေမယ့် လီဗာပူးလ်အနေနဲ့ ဒီလိုမျိုး ငွေကြေးအမြောက်အမြား သုံးစွဲရတဲ့ တိုက်ပွဲမျိုးမှာ ပါဝင်နိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ခီလီယန် အမ်ဘာပေကို စိတ်ဝင်စားတယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့ မျက်စိကန်းနေတဲ့သူတွေမှမဟုတ်တာ။ ကျွန်တော်တို့ သူ့ကို နှစ်သက်ပြီး ခင်ဗျား သူ့ကို မနှစ်သက်ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ်သာ မေးခွန်းပြန်ထုတ်ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ ကျွန်တော်တို့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒီလိုမျိုး တိုက်ပွဲမျိုးမှာ ကျွန်တော်တို့ ပါဝင်လို့မရနိုင်ပါဘူး။ အခြားအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတာရှိနေမှာဖြစ်ပြီး အဲဒါက အဆင်ပြေပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အနာဂတ်နဲ့ပတ်သက်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ပြောဆိုခဲ့ရာမှာ “သိပ်မကြာခင်ကို သိရပါလိမ့်မယ်။ ဆုံးဖြတ်ချက်က ချပြီးလုနီးပါးဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးပါပြီ။ ဟုတ်ပါတယ်။ ချမှတ်ပြီးလုနီးပါးပါပဲ။ ခင်ဗျား အဖွဲ့အစည်းတွေအားလုံးကို လေးစားမှုရှိရမှာပါ။ ကျွန်တော့်ဆီကနေ လူတွေက အများကြီး မျှော်လင့်နေတယ်ဆိုတာကို သိပါတယ်”

“အဲဒါက သာမန်ပါပဲ။ ကျွန်တော်လည်း အလျင်စလို ဖြစ်နေတာပါပဲ။ ဒါပေမယ့် အဲဒါက ကျွန်တော်ချည်းပဲ ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ပြောရရင် အခုဆိုရင် အဲဒါက ပြီးသွားပါပြီ။ အသေးစိတ်အချက်အလက်အချို့ပဲ ကျန်ပါတော့တယ်”လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ၿပီး ေခၚယူနိုင္စြမ္း မရွိဘူးလို႔ ဝန္ခံခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္မႉးရဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ နားလည္ရပါတယ္။

စပိန္က သတင္းေတြရဲ့ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းဟာ အမ္ဘာေပအတြက္ ေနာက္က် ခ်ဥ္းကပ္မႈ ျပဳလုပ္ခဲ့ၿပီး အမ္ဘာေပဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္တဲ့အသင္းေတြဆီကေန စိတ္ဝင္စားျခင္းခံရတာေၾကာင့္ ဂုဏ္ယူမိေပမယ့္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

တစ္ဆက္တည္းမွာပဲ ကေလာ့ပ္က ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉး အမ္ဘာေပကို ၎ရဲ့အသင္းမွာ ရွိေနေစခ်င္ေပမယ့္ လီဗာပူးလ္အေနနဲ႔ ဒီလိုမ်ိဳး ေငြေၾကးအေျမာက္အျမား သုံးစြဲရတဲ့ တိုက္ပြဲမ်ိဳးမွာ ပါဝင္နိုင္ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ခီလီယန္ အမ္ဘာေပကို စိတ္ဝင္စားတယ္ဆိုတာ အမွန္ပါပဲ။ ကၽြန္ေတာ္တို႔ မ်က္စိကန္းေနတဲ့သူေတြမွမဟုတ္တာ။ ကၽြန္ေတာ္တို႔ သူ႔ကို ႏွစ္သက္ၿပီး ခင္ဗ်ား သူ႔ကို မႏွစ္သက္ဘူးဆိုရင္ေတာ့ ကိုယ့္ကိုကိုယ္သာ ေမးခြန္းျပန္ထုတ္ရမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ မတတ္နိုင္ပါဘူး။ ကၽြန္ေတာ္တို႔ မယွဥ္ၿပိဳင္နိုင္ပါဘူး။ ဒီလိုမ်ိဳး တိုက္ပြဲမ်ိဳးမွာ ကၽြန္ေတာ္တို႔ ပါဝင္လို႔မရနိုင္ပါဘူး။ အျခားအသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ေနတာရွိေနမွာျဖစ္ၿပီး အဲဒါက အဆင္ေျပပါတယ္။ သူက အရမ္းေကာင္းတဲ့ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေန႔မွာ အနာဂတ္နဲ႔ပတ္သက္ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာေပက ေျပာဆိုခဲ့ရာမွာ “သိပ္မၾကာခင္ကို သိရပါလိမ့္မယ္။ ဆုံးျဖတ္ခ်က္က ခ်ၿပီးလုနီးပါးျဖစ္ေနပါၿပီ။ ကၽြန္ေတာ့္ရဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ၿပီးပါၿပီ။ ဟုတ္ပါတယ္။ ခ်မွတ္ၿပီးလုနီးပါးပါပဲ။ ခင္ဗ်ား အဖြဲ႕အစည္းေတြအားလုံးကို ေလးစားမႈရွိရမွာပါ။ ကၽြန္ေတာ့္ဆီကေန လူေတြက အမ်ားႀကီး ေမၽွာ္လင့္ေနတယ္ဆိုတာကို သိပါတယ္”

“အဲဒါက သာမန္ပါပဲ။ ကၽြန္ေတာ္လည္း အလ်င္စလို ျဖစ္ေနတာပါပဲ။ ဒါေပမယ့္ အဲဒါက ကၽြန္ေတာ္ခ်ည္းပဲ ၿပီးတဲ့ကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ေျပာရရင္ အခုဆိုရင္ အဲဒါက ၿပီးသြားပါၿပီ။ အေသးစိတ္အခ်က္အလက္အခ်ိဳ႕ပဲ က်န္ပါေတာ့တယ္”လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.