Premier League

၁၃.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ရဲ႕ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆုိင္းၿပီး အသင္းအတြက္ ကစားေပးဖို႔ အခြင့္အေရးရလာတဲ့အခါတုိင္းမွာ အေကာင္းဆုံး ကစားေပးတတ္တဲ့ စိတ္ဓာတ္ဟာ ခ်ီးက်ဴးစရာျဖစ္ၿပီး ေတာ္႐ုံလူငယ္ကစားသမားတစ္ေယာက္မွာ ဒီပုံစံမ်ဳိးေတြ႕ရဖို႔ မလြယ္ကူဘူးလို႔ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမားေဟာင္း ေရွာင္႐ိုက္ဖိလစ္ခ်ီးက်ဴး။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြရဲ႕ေရွ႕မွာ တစ္ခ်ိန္တုံး တစ္တြဲတြဲနဲ႔ ခ်စ္ခ်စ္ခင္ခင္ရွိေနခဲ့ၾကတဲ့ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးနဲ႔ ရည္းစားျဖစ္သူ ေမာ္ဒယ္လ္ ဖာနန္ဒါ ေကြေရာ့ဇ္တုိ႔ဟာ ျပတ္စဲသြားၿပီျဖစ္ၿပီး ဘရာဇီးလ္ကို ျပန္သြားတဲ့ မိန္းကေလးဘက္က ဖုန္းေခၚၿပီး ျဖတ္စကားေျပာခဲ့ေၾကာင္း သည္ဆန္းေဖာ္ျပ။

– စိန္ေခၚမွဳအသစ္ေတြကို ရွာေဖြတဲ့အခါမွာ မတူညီဘဲ ကြဲျပားတဲ့အရာေတြနဲ႔ ရင္ဆုိင္ေက်ာ္ျဖတ္ဖို႔ ပုိမိုအလိုရွိတာေၾကာင္း နည္းျပေဟာင္း ယာဂန္ ကေလာ့ပ္နဲ႔ ရင္းႏွီးမွဳရွိသည့္တုိင္ေအာင္ လီဗာပူးလ္အသင္းကို မေရြးဘဲ မန္စီးတီးကို ေရြးခဲ့တာလို႔ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ရွင္းလင္း။

– မန္ခ်က္စတာစီးတီးရဲ႕ ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ တုိက္စစ္မွဴးေဟာင္း ဖရန္နီလီးက အာဂ်င္တီးနားကစားသမား ဆာဂ်ီယို အေဂြ႐ိုဟာ အရင္က ဒီေလာက္မေကာင္းဘဲ ဂြါဒီယိုလာက သူ႕ကို ၿပီးျပည့္စုံတဲ့ တုိက္စစ္မွဴးတစ္ဦးျဖစ္ေအာင္ျပဳလုပ္ေပးခဲ့တာလို႔ ခ်ီးက်ဴး။

– အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆန္႔ ကြမ္ပနီ ထြက္ခြာသြားၿပီးေနာက္ပုိင္း လစ္လပ္ေနတဲ့ ခံစစ္ကြက္လပ္ကို ျဖည့္ဆည္းႏုိင္ဖို႔ ဘီလ္ဘာအုိရဲ႕ အသက္ ၂၃ ႏွစ္ အရြယ္ေနာက္ခံလူ အူႏုိင္း ႏူးညက္ဇ္နဲ႔ အစားထိုးသြားဖို႔ နည္းျပ ဂြါဒီယိုလာ ရည္ရြယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ကွင်းလယ်လူ ဖီးလ် ဖိုဒန်ရဲ့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီး အသင်းအတွက် ကစားပေးဖို့ အခွင့်အရေးရလာတဲ့အခါတိုင်းမှာ အကောင်းဆုံး ကစားပေးတတ်တဲ့ စိတ်ဓာတ်ဟာ ချီးကျူးစရာဖြစ်ပြီး တော်ရုံလူငယ်ကစားသမားတစ်ယောက်မှာ ဒီပုံစံမျိုးတွေ့ရဖို့ မလွယ်ကူဘူးလို့ မန်ချက်စတာစီးတီးတောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်ချီးကျူး။

– မန်ချက်စတာစီးတီးပရိသတ်တွေရဲ့ရှေ့မှာ တစ်ချိန်တုံး တစ်တွဲတွဲနဲ့ ချစ်ချစ်ခင်ခင်ရှိနေခဲ့ကြတဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးနဲ့ ရည်းစားဖြစ်သူ မော်ဒယ်လ် ဖာနန်ဒါ ကွေရော့ဇ်တို့ဟာ ပြတ်စဲသွားပြီဖြစ်ပြီး ဘရာဇီးလ်ကို ပြန်သွားတဲ့ မိန်းကလေးဘက်က ဖုန်းခေါ်ပြီး ဖြတ်စကားပြောခဲ့ကြောင်း သည်ဆန်းဖော်ပြ။

– စိန်ခေါ်မှုအသစ်တွေကို ရှာဖွေတဲ့အခါမှာ မတူညီဘဲ ကွဲပြားတဲ့အရာတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပိုမိုအလိုရှိတာကြောင်း နည်းပြဟောင်း ယာဂန် ကလော့ပ်နဲ့ ရင်းနှီးမှုရှိသည့်တိုင်အောင် လီဗာပူးလ်အသင်းကို မရွေးဘဲ မန်စီးတီးကို ရွေးခဲ့တာလို့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ရှင်းလင်း။

– မန်ချက်စတာစီးတီးရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးဟောင်း ဖရန်နီလီးက အာဂျင်တီးနားကစားသမား ဆာဂျီယို အဂွေရိုဟာ အရင်က ဒီလောက်မကောင်းဘဲ ဂွါဒီယိုလာက သူ့ကို ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်အောင်ပြုလုပ်ပေးခဲ့တာလို့ ချီးကျူး။

– အသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွမ်ပနီ ထွက်ခွာသွားပြီးနောက်ပိုင်း လစ်လပ်နေတဲ့ ခံစစ်ကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ဘီလ်ဘာအိုရဲ့ အသက် ၂၃ နှစ် အရွယ်နောက်ခံလူ အူနိုင်း နူးညက်ဇ်နဲ့ အစားထိုးသွားဖို့ နည်းပြ ဂွါဒီယိုလာ ရည်ရွယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.