Premier League Serie A Transfer News

၁၂ ဂိုးအထိ ပါဝင်ပတ်သက်ထားတဲ့ နောက်ခံလူကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အူဒီးနီးစ် နောက်ခံကစားသမား မိုလီနာကို ပြောင်းရွှေ့ကြေးအပြင် ကစားသမားအလိုက်ပေးပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Calciomercato ရဲ့သတင်းအရ သိရပါတယ်။

အာဆင်နယ်ဟာ လက်ရှိ ညာနောက်ခံနေရာအတွက် တိုမီယာစုနဲ့ ဆီးဒရစ် ဆိုအာရက်စ်တို့ ရွေးချယ်စရာရှိနေပေမယ့်လည်း ဆီးဒရစ်ဟာ စွမ်းဆောင်ရည်ပိုင်းမှာ တည်ငြိမ်မှု ရှိမနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ယခုနွေရာသီမှာ ဆီးဒရစ်ရဲ့ အရည်အသွေးကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပြီး Calciomercato က မြောက်လန်ဒန်ကလပ်ဟာ အူဒီးနီးစ်နောက်ခံလူ မိုလီနာကို ကစားသမားအလိုက်ပါဝင်တဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပါဘလို မာရီကို ဇန်နဝါရီလမှာ စီးရီးအေအသင်းကို အငှားချခဲ့တာဖြစ်ပြီး စပိန်ကစားသမားဟာ ပြီးခဲ့တဲ့လတွေက အသင်းရဲ့အထင်ကြီးဖွယ် စွမ်းဆောင်ရည်မှာ အဓိကကျခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းဟာ မာရီကို အပြီးသတ်ခေါ်ယူမှု ပြုလုပ်ချင်နေပြီး အာဆင်နယ်အသင်းက ပါဘလို မာရီပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ မိုလီနာကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ မကြာသေးမီက အူဒီးနီးစ် နောက်ခံလူကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းအနေနဲ့ ယခုနွေရာသီမှာ အဲဒီထက် ပိုမိုနည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရည်မှန်းနေမှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုလီနာဟာ ယခုရာသီ အူဒီးနီးစ်ရဲ့ ညာနောက်ခံတောင်ပံနေရာမှာ အများအားဖြင့် ကစားပေးခဲ့သူဖြစ်ပြီး ၃၆ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ယနေ့အချိန်မှာ တူညီတဲ့ ကစားကွက်ကို အသုံးပြုခဲပေမယ့် အာဂျင်တီးနား နောက်ခံလူရဲ့ တိုက်စစ်ပိုင်းမှာ အထင်ကြီးဖွယ် ကိန်းဂဏန်းတွေက ခေါ်ယူဖို့ ကြိုးပမ်းရတဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းဖြစ်နိုင်ပါတယ်။ တိုမီယာစုဟာ ယခုရာသီမှာ တောက်ပစွာ စတင်နိုင်ခဲ့ပေမယ့်လည်း ရာသီဒုတိယပိုင်းဟာ ခြေသလုံးဒဏ်ရာကြောင့် ခက်ခဲကြမ်းတမ်းနေခဲ့တာဖြစ်ပါတယ်။

ဆီးဒရစ်ဟာ တိုမီယာစုရဲ့နေရာမှာ အရန်အနေနဲ့ ဝင်ရောက်ကစားပြီး တည်ငြိမ်မှုမရှိတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဖျက်ထုတ်ရာမှာ ကောင်းမွန်ပြီး တိုက်စစ်ကို ကောင်းကောင်းလိုက်ပါနိုင်တဲ့ မိုလီနာနဲ့ အစားထိုးဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ မိုလီနာကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၂၅.၅ သန်းအထိ မသုံးစွဲဖို့ များနေပြီး ကမ်းလှမ်းမှုဟာ ပါဘလို မာရီရဲ့ အပြီးသတ်ထွက်ခွာမှုကနေ ငွေကြေးဘယ်လောက် ပြန်လည်ရရှိနိုင်မလဲဆိုတဲ့အပေါ်မှာ အဓိကမူတည်ကောင်း မူတည်နိုင်ပါတယ်။

အူဒီးနီးစ်ဟာ အာဆင်နယ်ဗဟိုခံစစ်ကစားသမားအတွက် ယူရို ၄ သန်းကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းက ၎င်းတို့ရဲ့ နောက်ခံကစားသမား ပြသခဲ့တဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကြောင့် ဒီထက်ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေးကို လိုချင်နေတာဖြစ်ဖို့ များပါတယ်။ မာရီဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာမယ့် တစ်ဦးတည်းသော နောက်ခံကစားသမားတော့မဟုတ်ကောင်းမဟုတ်နိုင်ဘဲ ဟက်တာ ဘယ်လာရင်လည်း ရီးရဲလ်ဘက်တစ်ကို အငှားနဲ့ ထွက်ကစားပြီးနောက် အပြီးသတ်ထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ညာနောက်ခံကစားသမားဟောင်းဟာ နည်းပြ အာတီတာ လက်အောက်မှာ ပွဲထွက်ခွင့် ပုံမှန်မရရှိခဲ့သူဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အတွင်း ကိုပါဒယ်ရေးချန်ပီယံတွေဆီ ကာလရှည်စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ အူဒီးနီးစ္ ေနာက္ခံကစားသမား မိုလီနာကို ေျပာင္းေရႊ႕ေၾကးအျပင္ ကစားသမားအလိုက္ေပးၿပီး ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ Calciomercato ရဲ့သတင္းအရ သိရပါတယ္။

အာဆင္နယ္ဟာ လက္ရွိ ညာေနာက္ခံေနရာအတြက္ တိုမီယာစုနဲ႔ ဆီးဒရစ္ ဆိုအာရက္စ္တို႔ ေရြးခ်ယ္စရာရွိေနေပမယ့္လည္း ဆီးဒရစ္ဟာ စြမ္းေဆာင္ရည္ပိုင္းမွာ တည္ၿငိမ္မႈ ရွိမေနခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ယခုေႏြရာသီမွာ ဆီးဒရစ္ရဲ့ အရည္အေသြးကို အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ခ်င္ေနတာျဖစ္ေကာင္းျဖစ္နိုင္ၿပီး Calciomercato က ေျမာက္လန္ဒန္ကလပ္ဟာ အူဒီးနီးစ္ေနာက္ခံလူ မိုလီနာကို ကစားသမားအလိုက္ပါဝင္တဲ့ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ စီစဥ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပါဘလို မာရီကို ဇန္နဝါရီလမွာ စီးရီးေအအသင္းကို အငွားခ်ခဲ့တာျဖစ္ၿပီး စပိန္ကစားသမားဟာ ၿပီးခဲ့တဲ့လေတြက အသင္းရဲ့အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္မွာ အဓိကက်ခဲ့တာျဖစ္ပါတယ္။ အီတလီအသင္းဟာ မာရီကို အၿပီးသတ္ေခၚယူမႈ ျပဳလုပ္ခ်င္ေနၿပီး အာဆင္နယ္အသင္းက ပါဘလို မာရီပါဝင္တဲ့ ကမ္းလွမ္းမႈနဲ႔ မိုလီနာကို ေခၚယူနိုင္ဖို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ မၾကာေသးမီက အူဒီးနီးစ္ ေနာက္ခံလူကို ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၃၀ နဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အာတီတာရဲ့အသင္းအေနနဲ႔ ယခုေႏြရာသီမွာ အဲဒီထက္ ပိုမိုနည္းပါးတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္ဖို႔ ရည္မွန္းေနမွာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မိုလီနာဟာ ယခုရာသီ အူဒီးနီးစ္ရဲ့ ညာေနာက္ခံေတာင္ပံေနရာမွာ အမ်ားအားျဖင့္ ကစားေပးခဲ့သူျဖစ္ၿပီး ၃၆ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ယေန႔အခ်ိန္မွာ တူညီတဲ့ ကစားကြက္ကို အသုံးျပဳခဲေပမယ့္ အာဂ်င္တီးနား ေနာက္ခံလူရဲ့ တိုက္စစ္ပိုင္းမွာ အထင္ႀကီးဖြယ္ ကိန္းဂဏန္းေတြက ေခၚယူဖို႔ ႀကိဳးပမ္းရတဲ့ ေနာက္ကြယ္က အဓိကအေၾကာင္းအရင္းျဖစ္နိုင္ပါတယ္။ တိုမီယာစုဟာ ယခုရာသီမွာ ေတာက္ပစြာ စတင္နိုင္ခဲ့ေပမယ့္လည္း ရာသီဒုတိယပိုင္းဟာ ေျခသလုံးဒဏ္ရာေၾကာင့္ ခက္ခဲၾကမ္းတမ္းေနခဲ့တာျဖစ္ပါတယ္။

ဆီးဒရစ္ဟာ တိုမီယာစုရဲ့ေနရာမွာ အရန္အေနနဲ႔ ဝင္ေရာက္ကစားၿပီး တည္ၿငိမ္မႈမရွိတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ ဖ်က္ထုတ္ရာမွာ ေကာင္းမြန္ၿပီး တိုက္စစ္ကို ေကာင္းေကာင္းလိုက္ပါနိုင္တဲ့ မိုလီနာနဲ႔ အစားထိုးဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ မိုလီနာကို ေခၚယူနိုင္ဖို႔အတြက္ ေပါင္ ၂၅.၅ သန္းအထိ မသုံးစြဲဖို႔ မ်ားေနၿပီး ကမ္းလွမ္းမႈဟာ ပါဘလို မာရီရဲ့ အၿပီးသတ္ထြက္ခြာမႈကေန ေငြေၾကးဘယ္ေလာက္ ျပန္လည္ရရွိနိုင္မလဲဆိုတဲ့အေပၚမွာ အဓိကမူတည္ေကာင္း မူတည္နိုင္ပါတယ္။

အူဒီးနီးစ္ဟာ အာဆင္နယ္ဗဟိုခံစစ္ကစားသမားအတြက္ ယူရို ၄ သန္းကမ္းလွမ္းခဲ့ေပမယ့္ အာဆင္နယ္အသင္းက ၎တို႔ရဲ့ ေနာက္ခံကစားသမား ျပသခဲ့တဲ့ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဒီထက္ပိုမိုမ်ားျပားတဲ့ ေျပာင္းေရႊ႕ေၾကးကို လိုခ်င္ေနတာျဖစ္ဖို႔ မ်ားပါတယ္။ မာရီဟာ ယခုေႏြရာသီမွာ အာဆင္နယ္အသင္းကေန ထြက္ခြာမယ့္ တစ္ဦးတည္းေသာ ေနာက္ခံကစားသမားေတာ့မဟုတ္ေကာင္းမဟုတ္နိုင္ဘဲ ဟက္တာ ဘယ္လာရင္လည္း ရီးရဲလ္ဘက္တစ္ကို အငွားနဲ႔ ထြက္ကစားၿပီးေနာက္ အၿပီးသတ္ထြက္ခြာဖို႔ ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္ညာေနာက္ခံကစားသမားေဟာင္းဟာ နည္းၿပ အာတီတာ လက္ေအာက္မွာ ပြဲထြက္ခြင့္ ပုံမွန္မရရွိခဲ့သူျဖစ္ၿပီး လာမယ့္ရက္သတၱပတ္အတြင္း ကိုပါဒယ္ေရးခ်န္ပီယံေတြဆီ ကာလရွည္စာခ်ဳပ္နဲ႔ အၿပီးသတ္ ေျပာင္းေရႊ႕သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.