Ligue1 Transfer News

ရီးရဲလ်ပြောင်းမလား၊ ပီအက်စ်ဂျီမှာ ဆက်နေမလား ဆုံးဖြတ်ချက် ချလုနီးပါးဖြစ်နေပြီလို့ ပြောခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေရမလား သို့မဟုတ် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရမလားဆိုတာကို ဆုံးဖြတ်ချက် ချမှတ်လုနီးပါးဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပဲရစ်မှာ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းပြောင်းမလား၊ ဆက်နေမလားဆိုတာကို ရွေးချယ်ပြီးပြီလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ဟုတ်ပါတယ်။ ရွေးချယ်ပြီးလုနီးပါပဲ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ စပိန်လာလီဂါကို ပြောင်းရွှေ့မလား ဒါမှမဟုတ် ပီအက်စ်ဂျီမှာ ဆက်နေပြီး ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် ကူညီပေးမလားဆိုတာကို ဆုံးဖြတ်ပြီးလုနီးပါးဖြစ်နေပြီလို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ လာမယ့် ဇွန်လ ၃ ရက်နေ့မှာ ဒိန်းမတ်နဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်အတွက် ပြင်သစ် လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းမီ ဆုံးဖြတ်ချက်ကို ကြေညာသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ အနာဂတ်နဲ့ပတ်သက်ပြီး ကြေညာဖို့အတွက် အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း နောက်ထပ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ဖို့ကို ငြင်းဆန်ခဲ့ပြီး “ကျွန်တော့်ကို ဒီမှာ ရှိနေနိုင်စေခဲ့တဲ့ ကျွန်တော့်အသင်းဖော်တွေနဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဇာတ်လမ်းတွေက ရှေ့ဆက်သွားနေမှာပါ။ ကျွန်တော် ဆက်ပြီး အနိုင်ရရှိနေတယ်။ ကျွန်တော် ဘယ်တော့မှ စိတ်ကျေနပ်မှာမဟုတ်ပါဘူး။ အဲဒါက ကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆုပေးပွဲ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကင်ညို့စ်ရဲ့ ပီအက်စ်ဂျီ ပရိသတ်တွေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် တစ်ခုတည်းသော မှတ်ချက်က “နောက်လာမယ့်ရာသီမှာလည်း ဒီဆုကို သူ နောက်ထပ်တစ်ကြိမ် ထပ်မံ ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပြင်သစ်သတင်းစာတစ်ခုက အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းမှာ နောက်ထပ် ၃ နှစ် ထပ်နေဖို့အတွက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး အဲဒီသတင်းကို အမ်ဘာပေရဲ့မိခင်က လျင်လျင်မြန်မြန်ပဲ ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ တစ်နေ့မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးချင်တဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိသူဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးဟာ ၃၅ ကြိမ်မြောက် လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲဖို့ အာရုံစိုက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာတင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာကြောင့် လိဂန်းဖလားကို ၁၀ ကြိမ်မြောက် ရရှိတဲ့ စံချိန်ကို လိုက်မီခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ ဒေါသကို ဖြေဖျောက်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းမွာ ဆက္ေနရမလား သို႔မဟုတ္ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ရမလားဆိုတာကို ဆုံးျဖတ္ခ်က္ ခ်မွတ္လုနီးပါးျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေန႔က ပဲရစ္မွာ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုကို ၃ ႀကိမ္ေျမာက္ ဆြတ္ခူးနိုင္ခဲ့ၿပီးေနာက္ အသင္းေျပာင္းမလား၊ ဆက္ေနမလားဆိုတာကို ေရြးခ်ယ္ၿပီးၿပီလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ဟုတ္ပါတယ္။ ေရြးခ်ယ္ၿပီးလုနီးပါပဲ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္မႉးအေနနဲ႔ စပိန္လာလီဂါကို ေျပာင္းေရႊ႕မလား ဒါမွမဟုတ္ ပီအက္စ္ဂ်ီမွာ ဆက္ေနၿပီး ကာလရွည္ေစာင့္ဆိုင္းခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဖလားကို ရရွိေအာင္ ကူညီေပးမလားဆိုတာကို ဆုံးျဖတ္ၿပီးလုနီးပါးျဖစ္ေနၿပီလို႔ ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ လာမယ့္ ဇြန္လ ၃ ရက္ေန႔မွာ ဒိန္းမတ္နဲ႔ ကစားရမယ့္ ေနးရွင္းလိဂ္ပြဲစဥ္အတြက္ ျပင္သစ္ လက္ေရြးစင္အသင္းနဲ႔ မပူးေပါင္းမီ ဆုံးျဖတ္ခ်က္ကို ေၾကညာသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဆုေပးပြဲအခမ္းအနားမွာ အနာဂတ္နဲ႔ပတ္သက္ၿပီး ေၾကညာဖို႔အတြက္ အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း ေနာက္ထပ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ဖို႔ကို ျငင္းဆန္ခဲ့ၿပီး “ကၽြန္ေတာ့္ကို ဒီမွာ ရွိေနနိုင္ေစခဲ့တဲ့ ကၽြန္ေတာ့္အသင္းေဖာ္ေတြနဲ႔ နည္းျပကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္ ဇာတ္လမ္းေတြက ေရွ႕ဆက္သြားေနမွာပါ။ ကၽြန္ေတာ္ ဆက္ၿပီး အနိုင္ရရွိေနတယ္။ ကၽြန္ေတာ္ ဘယ္ေတာ့မွ စိတ္ေက်နပ္မွာမဟုတ္ပါဘူး။ အဲဒါက ေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆုေပးပြဲ ညစာစားပြဲကို တက္ေရာက္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ မာကင္ညိဳ႕စ္ရဲ့ ပီအက္စ္ဂ်ီ ပရိသတ္ေတြနဲ႔ ရီးရဲလ္မက္ဒရစ္အတြက္ တစ္ခုတည္းေသာ မွတ္ခ်က္က “ေနာက္လာမယ့္ရာသီမွာလည္း ဒီဆုကို သူ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံ ဆြတ္ခူးနိုင္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္မိပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ျပင္သစ္သတင္းစာတစ္ခုက အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းမွာ ေနာက္ထပ္ ၃ ႏွစ္ ထပ္ေနဖို႔အတြက္ မူအားျဖင့္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး အဲဒီသတင္းကို အမ္ဘာေပရဲ့မိခင္က လ်င္လ်င္ျမန္ျမန္ပဲ ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ တစ္ေန႔မွာ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးခ်င္တဲ့ဆႏၵကို လၽွို႔ဝွက္ထားျခင္းမရွိသူျဖစ္ၿပီး လာလီဂါထိပ္သီးအသင္းႀကီးဟာ ၃၅ ႀကိမ္ေျမာက္ လာလီဂါဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အနိုင္ရဗိုလ္စြဲဖို႔ အာ႐ုံစိုက္ေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာတင္ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရတာေၾကာင့္ လိဂန္းဖလားကို ၁၀ ႀကိမ္ေျမာက္ ရရွိတဲ့ စံခ်ိန္ကို လိုက္မီခဲ့ေပမယ့္လည္း ပရိသတ္ေတြရဲ့ ေဒါသကို ေျဖေဖ်ာက္နိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.