Premier League

ပထမအကျော့တုန်းက ရှုံးခဲ့ပေမယ့် ကလော့ပ်ကို စိန်ခေါ်လိုက်တဲ့ ဟာဆန် ဟာတယ်လ်

ဆောက်သမ်တန်နည်းပြ ဟာဆန် ဟာတယ်လ်က ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ထက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့က ပိုမို ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းဟာ အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးလ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းအတွက်တော့ မန်စီးတီးကို ဖိအားဆက်လက်ပေးချင်တယ်ဆိုရင် မဖြစ်မနေ အနိုင်ကစားသွားရမှာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်က အားလုံး အလိုချင်ဆုံး ဆုဖလားဖြစ်နေဆဲပါ။ ဘာလို့လဲဆိုတော့ အဲဒီဖလားရ ရဖို့ အခက်ခဲဆုံးဖြစ်နေတာကြောင့်ပါ။ ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃၈ ပွဲအထိ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နိုင်ဖို့က တစ်ခါတလေ ချန်ပီယံလိဂ်ဖလား ရယူဖို့ထက် ပိုလို့တောင် ခက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ စနေနေ့က ချဲလ်ဆီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဆုဖလား ၄ လုံး မျှော်လင့်ချက်က အသက်ဝင်နေဆဲဖြစ်ပါတယ်။

လီဗာပူးလ်ဟာ မေလ ၂၈ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အင်္ဂါနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကလော့ပ်အနေနဲ့ အစွမ်းကုန် အနိုင်ရဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ ဟာဆန် ဟာတယ်လ်က သိရှိထားတာဖြစ်ပါတယ်။

“ဆုဖလား ၄ လုံးစလုံးကို ရယူဖို့က သူ့အတွက် ခက်ခဲတယ်လို့ ကလော့ပ်က ပြောခဲ့တယ်ဆိုရင်တောင်မှ နောက်ဆုံးနေ့အထိ အခွင့်အရေးရှိနေအောင် အင်္ဂါနေ့ ပွဲစဉ်မှာ အနိုင်ရဖို့ သူ အရာအားလုံးလုပ်သွားမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီလိုမျိုး နီးကပ်တဲ့ ဆုဖလားပြိုင်ပွဲရှိနေတာက ပရီးမီးယားလိဂ်အတွက် ထူးခြားဆန်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ အားလုံးက ဒီတိုက်ပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကြပြီး ကျွန်တော်တို့လည်း အခု အဲဒီတိုက်ပွဲထဲမှာ တစ်စိတ်တပိုင်း ပါဝင်လာပါပြီ”

“ကျွန်တော်တို့ ဒီရာသီမှာ မန်စီးတီးဆီက ၂ မှတ်ရအောင် လုပ်နိုင်ခဲ့ပြီး ဆုဖလားပြိုင်ပွဲမှာ ကျွန်တော်တို့ကြောင့် သူတို့ ၄ မှတ် ဆုံးရှုံးခဲ့ရတယ်။ လီဗာပူးလ်နဲ့ ပထမအကျော့ပွဲတုန်းက ရှုံးနိမ့်ခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့က ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းဆိုတာ နောက်ထပ်တစ်ကြိမ် ပြသဖို့ အချိန်ကျပါပြီ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဆာက္သမ္တန္နည္းၿပ ဟာဆန္ ဟာတယ္လ္က ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔ထက္ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔က ပိုမို ခက္ခဲတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ အဂၤါေန႔မွာ ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ လီဗာပူးလ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ကေလာ့ပ္ရဲ့အသင္းအတြက္ေတာ့ မန္စီးတီးကို ဖိအားဆက္လက္ေပးခ်င္တယ္ဆိုရင္ မျဖစ္မေန အနိုင္ကစားသြားရမွာျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္က အားလုံး အလိုခ်င္ဆုံး ဆုဖလားျဖစ္ေနဆဲပါ။ ဘာလို႔လဲဆိုေတာ့ အဲဒီဖလားရ ရဖို႔ အခက္ခဲဆုံးျဖစ္ေနတာေၾကာင့္ပါ။ ကၽြန္ေတာ့္အတြက္ေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၃၈ ပြဲအထိ တည္တည္ၿငိမ္ၿငိမ္နဲ႔ ရပ္တည္နိုင္ဖို႔က တစ္ခါတေလ ခ်န္ပီယံလိဂ္ဖလား ရယူဖို႔ထက္ ပိုလို႔ေတာင္ ခက္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ စေနေန႔က ခ်ဲလ္ဆီးအသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အနိုင္ရရွိၿပီး အက္ဖ္ေအဖလား ကိုင္ေျမႇာက္နိုင္ခဲ့တာေၾကာင့္ ဆုဖလား ၄ လုံး ေမၽွာ္လင့္ခ်က္က အသက္ဝင္ေနဆဲျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ေမလ ၂၈ ရက္ေန႔မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အဂၤါေန႔မွာ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ကေလာ့ပ္အေနနဲ႔ အစြမ္းကုန္ အနိုင္ရဖို႔ ႀကိဳးပမ္းသြားလိမ့္မယ္လို႔ ဟာဆန္ ဟာတယ္လ္က သိရွိထားတာျဖစ္ပါတယ္။

“ဆုဖလား ၄ လုံးစလုံးကို ရယူဖို႔က သူ႔အတြက္ ခက္ခဲတယ္လို႔ ကေလာ့ပ္က ေျပာခဲ့တယ္ဆိုရင္ေတာင္မွ ေနာက္ဆုံးေန႔အထိ အခြင့္အေရးရွိေနေအာင္ အဂၤါေန႔ ပြဲစဥ္မွာ အနိုင္ရဖို႔ သူ အရာအားလုံးလုပ္သြားမယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ဒီလိုမ်ိဳး နီးကပ္တဲ့ ဆုဖလားၿပိဳင္ပြဲရွိေနတာက ပရီးမီးယားလိဂ္အတြက္ ထူးျခားဆန္းတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အားလုံးက ဒီတိုက္ပြဲအတြက္ အရမ္းကို စိတ္လႈပ္ရွားေနခဲ့ၾကၿပီး ကၽြန္ေတာ္တို႔လည္း အခု အဲဒီတိုက္ပြဲထဲမွာ တစ္စိတ္တပိုင္း ပါဝင္လာပါၿပီ”

“ကၽြန္ေတာ္တို႔ ဒီရာသီမွာ မန္စီးတီးဆီက ၂ မွတ္ရေအာင္ လုပ္နိုင္ခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲမွာ ကၽြန္ေတာ္တို႔ေၾကာင့္ သူတို႔ ၄ မွတ္ ဆုံးရႈံးခဲ့ရတယ္။ လီဗာပူးလ္နဲ႔ ပထမအေက်ာ့ပြဲတုန္းက ရႈံးနိမ့္ခဲ့ေပမယ့္ အခုေတာ့ ကၽြန္ေတာ္တို႔က ထိပ္တန္းအသင္းေတြနဲ႔ ယွဥ္ၿပိဳင္နိုင္စြမ္းရွိတဲ့အသင္းဆိုတာ ေနာက္ထပ္တစ္ႀကိမ္ ျပသဖို႔ အခ်ိန္က်ပါၿပီ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.