Match Report Premier League

ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံနိုင်ဖို့ ပျက်ကွက်ခဲ့ရပြီး ဝက်စ်ဟမ်းကို သရေသာရတဲ့ မန်စီးတီး

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ဆိုဖာလ်၊ ခရက်စ်ဝဲလ်၊ ဇူးမားနဲ့ ဒေါ်ဆန်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ် မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်နဲ့ လန်ဇီနီတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယို၊ ဘိုဝင်နဲ့ ဖော်နယ်လ်စ်တို့ ကစားခဲ့ကြပြီး အိမ်ကွင်းမှာ ပွဲထွက်လာခဲ့ကြပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဂျာအို ကန်ဆယ်လို၊ ဇင်ချန်ကို၊ လာပေါ့တ်နဲ့ ဖာနန်ဒင်ညိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဧည့်သည်အသင်းကို အိမ်ရှင်ညာတောင်ပံကစားသမား ဘိုဝင်က တော်တော်လေး ဒုက္ခပေးနိုင်ခဲ့သလို ပွဲချိန် ၃ မိနစ်မှာတော့ ဘယ်ခြမ်းက ဖော်နယ်လ်စ်က ဖြတ်တင်ပေးတာကို ဒေါ်ဆန် အနီးကပ် ခေါင်းတိုက်ခွင့်ရခဲ့တာက ဘားကျော်သွားခဲ့လို့ ဝက်စ်ဟမ်းတို့ နစ်နာခဲ့ရပြီး ဒီဘရိုင်းနားတို့ အုပ်စုရဲ့ ထိုးဖောက်မှုတွေကတော့ တစ်ဖက်ခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး မန်စီးတီးရဲ့ ကွင်းလယ်က Pressing ကို ကျော်ပြီး ကန်တင်ပေးလိုက်တဲ့ ဖော်နယ်လ်စ်ရဲ့ ပေးပို့မှုကို လူကျွံထောင်ချောက်ကို ဖြတ်ကျော်ထွက်သွားခဲ့တဲ့ ဘိုဝင်က ရသွားခဲ့ပြီး တစ်ယောက်ချင်းတွေ့တဲ့ ဂိုးသမား အီဒါဆန်ကို ကျော်ဖြတ်ပြီးမှ ထောင့်ကျဉ်းအနေအထားက ချိုးကန်သွင်းခဲ့ရာမှာ လာပေါ့တ် မဖျက်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ချေပဂိုးရဖို့ ပြန်ကြိုးစားလာခဲ့တဲ့ မန်စီးတီးတို့ရဲ့ တဒိုင်းဒိုင်းကန်ချက်တွေကတော့ ဂိုးဘားနဲ့ တိုင်ဘေးတွေကချည်း ကပ်ထွက်နေခဲ့သလို ပွဲချိန် ၂၉ မိနစ်မှာ လန်ဇီနီကို ခြေထိုးခံတဲ့ ဖာနန်ဒင်ညိုကြောင့် လဲကျခဲ့တာကို ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ ဒဲ့မျက်နှာသာပေးမှုကနေ လာပေါ့တ် ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့တွေပဲ ဒုတိယဦးဆောင်ဂိုး သွင်းယူသွားပြန်ပြီး ကိုယ်နောက်ကျနေတာကို မသိဘဲ လူလည်လိုလိုနဲ့ လူကျွံဘောတက်ဖမ်းတဲ့ ဇင်ချန်ကိုကြောင့် ကျော်ချပေးလိုက်တဲ့ အန်တိုနီယိုရဲ့ ပေးပို့မှုကနေ လွတ်ထွက်သွားခဲ့တဲ့ ဘိုဝင်က ပထမဂိုးတုန်းက ပုံစံအတိုင်းပဲ ဘယ်ခြမ်းကို ဆွဲထွက်ပြီးမှ ဒီတစ်ခါမှာတော့ ဂိုးသမားကို ဖြတ်မပြေးတော့ဘဲ ချိုးကန်ခဲ့ရာမှာ အီဒါဆန် လက်နဲ့မကာဘဲ ခြေထောက်ပဲ ဆန့်ခဲ့လို့ ဂိုးထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး မန်စီးတီးတို့အတွက်တော့ လီဗာပူးလ်တို့ရဲ့ ဖိအားကို ပြန်လည်ခံစားရစေဖို့ ဖြစ်လာခဲ့သလို အိမ်ရှင်တွေအတွက်တော့ မန်ချက်စတာယူနိုက်တက်တို့ကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်တစ်နေရာကို ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဇင်ချန်ကို ဖြတ်တင်ပေးတာကို ရိုဒရီက ခေါင်းတိုက်ချပေးခဲ့ရာမှာ ဧရိယာထိပ်မှာ ရှိနေတဲ့ ဂရီးလစ်ရှ်က Volley ကန်သွင်းခဲ့ရာမှာ ဝက်စ်ဟမ်းနောက်ခံလူ ဒေါ်ဆန်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာလည်း အားတက်လာတဲ့ မန်စီးတီးဘက်က ဂျေဆူးစ်၊ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ထိုးဖောက်မှုတွေကို ဂိုးသမား ဖာဘီယန်စကီးနဲ့ ဝက်စ်ဟမ်းနောက်တန်းက အသည်းအသန် ကာကွယ်နေခဲ့ရပေမယ့် ဧည့်သည်တွေဘက်က ထင်မထားလောက်အောင် ညံ့နေတဲ့ ဖာနန်ဒင်ညိုနဲ့ လာပေါ့တ်တို့ရဲ့ အမှားတွေကနေ ဘိုဝင်နဲ့ အန်တိုနီယိုတို့ တစ်ကြိမ်စီ အခွင့်အရေးရခဲ့တာတွေကို အသုံးမချနိုင်ခဲ့လို့ အိမ်ရှင်တွေ ပွဲကို မဖြတ်နိုင်ခဲ့ကြတာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဂိုးသွင်းဖို့ ခက်နေတဲ့ မန်စီးတီးတို့ ဒုတိယချေပဂိုးနဲ့ သရေကျဖို့ ဖြစ်လာခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မာရက်ဇ်ရဲ့ ဖြတ်တင်လိုက်တဲ့ ဖရီးကစ်ကို ရှင်းထုတ်ဖို့ ကြိုးစားတဲ့ ဆိုဖာလ်ရဲ့ ခေါင်းတိုက်ချက်က ဝက်စ်ဟမ်းခံစစ်သမားတွေနဲ့ ဂိုးသမား ဖာဘီယန်စကီးတို့ကို ငုတ်တုတ်မေ့စေခဲ့ပြီး ယူရိုပါလိဂ်ကို မျှော်လင့်နေတဲ့ အိမ်ရှင်ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ ကြိုးတုပ်ခံပြီး ဂိုးဖမ်းတဲ့ ပုံစံနဲ့ အီဒါဆန်တစ်ယောက် ဘိုဝင်ရဲ့ အနီးကပ်ကန်ချက်ကနေ ဂိုးပေးရဖို့ များခဲ့ပေမယ့် နောက်ခံလူ လာပေါ့တ်နဲ့ ထိထွက်သွားခဲ့လို့ သက်သာခဲ့ရသလို လက်နဲ့ဖမ်းဖို့ထက် ခြေထောက်နဲ့ ကာဖို့ချည်း ကြိုးစားနေတဲ့ ဒီဂိုးသမားမျိုးက ပရီးမီးယားလိဂ်မှာ Clean Sheet အကြိမ် ၂၀ နဲ့ ရွှေလက်အိတ်ဆု ယူဦးမယ်ဆိုတာက ရယ်စရာလိုဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဂျေဆူးစ်ကို ဘောလုံးမထိဘဲ ဖျက်မိတဲ့ ဒေါ်ဆန်ကြောင့် မန်စီးတီးတို့ ပင်နယ်တီ ပေးခဲ့ရပြီး သူတို့နှစ်ဦး မထိတွေ့ခင်မှာ ခရက်စ်ဝဲလ်ကို ဂရီးလစ်ရှ်က ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဝက်စ်ဟမ်းတို့ဘက်က စောဒက တက်ခဲ့ကြပေမယ့် VAR မှာ ပြန်ကြည့်ပြီး ကစားကွက်နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ သတ်မှတ်ခဲ့တာကြောင့် အသင်းကြီးအနေနဲ့ ဒိုင်တွေဆီက နောက်တစ်ကြိမ် မျက်နှာသာရခဲ့တာဖြစ်ပါတယ်။

ဒီပင်နယ်တီကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်က တာဝန်ယူကန်သွင်းခဲ့ပြီး သူ့ရဲ့ ကန်နေကျအတိုင်း ညာဘက် အပေါ်ထောင့်ကို ကန်သွင်းတာကို ကောင်းကောင်းမှတ်သားထားပုံရတဲ့ ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီးက ကွက်တိပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်သူတွေ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဝက်စ်ဟမ်းတို့အနေနဲ့ ရမှတ်တစ်မှတ်ကို ထပ်မံမဆုံးရှုံးအောင် အမှားမခံဘဲ ကစားခဲ့ကြပြီး ယူရိုပါလိဂ်ကို မန်ချက်စတာယူနိုက်တက်တို့ ခြေချော်ရင် ကစားရဖို့ မျှော်လင့်ခွင့်အတွက် ကြိုးစားနိုင်ခဲ့ကြတာကြောင့် ပွဲအပြီးမှာ နှစ်ဂိုးစီသရေကျခဲ့ရပြီး မန်စီးတီးတို့ကတော့ နောက်က လီဗာပူးလ်တို့ လိုက်မီနိုင်ဖို့ အခွင့်အရေးနည်းပါးပေမယ့် စောစောစီးစီး ချန်ပီယံဆုအတွက် အမှတ်ဖြတ်ပြီး သေချာနိုင်ခွင့်ကို လက်လွှတ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ဆိုဖာလ္၊ ခရက္စ္ဝဲလ္၊ ဇူးမားနဲ႔ ေဒၚဆန္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္ မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္နဲ႔ လန္ဇီနီတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီယို၊ ဘိုဝင္နဲ႔ ေဖာ္နယ္လ္စ္တို႔ ကစားခဲ့ၾကၿပီး အိမ္ကြင္းမွာ ပြဲထြက္လာခဲ့ၾကပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ဂ်ာအို ကန္ဆယ္လို၊ ဇင္ခ်န္ကို၊ လာေပါ့တ္နဲ႔ ဖာနန္ဒင္ညိဳတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ဧည့္သည္အသင္းကို အိမ္ရွင္ညာေတာင္ပံကစားသမား ဘိုဝင္က ေတာ္ေတာ္ေလး ဒုကၡေပးႏိုင္ခဲ့သလို ပြဲခ်ိန္ ၃ မိနစ္မွာေတာ့ ဘယ္ျခမ္းက ေဖာ္နယ္လ္စ္က ျဖတ္တင္ေပးတာကို ေဒၚဆန္ အနီးကပ္ ေခါင္းတိုက္ခြင့္ရခဲ့တာက ဘားေက်ာ္သြားခဲ့လို႔ ဝက္စ္ဟမ္းတို႔ နစ္နာခဲ့ရၿပီး ဒီဘ႐ိုင္းနားတို႔ အုပ္စုရဲ႕ ထိုးေဖာက္မႈေတြကေတာ့ တစ္ဖက္ခံစစ္ကို မေက်ာ္ႏိုင္ဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး မန္စီးတီးရဲ႕ ကြင္းလယ္က Pressing ကို ေက်ာ္ၿပီး ကန္တင္ေပးလိုက္တဲ့ ေဖာ္နယ္လ္စ္ရဲ႕ ေပးပို႔မႈကို လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ထြက္သြားခဲ့တဲ့ ဘိုဝင္က ရသြားခဲ့ၿပီး တစ္ေယာက္ခ်င္းေတြ႕တဲ့ ဂိုးသမား အီဒါဆန္ကို ေက်ာ္ျဖတ္ၿပီးမွ ေထာင့္က်ဥ္းအေနအထားက ခ်ိဳးကန္သြင္းခဲ့ရာမွာ လာေပါ့တ္ မဖ်က္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ေခ်ပဂိုးရဖို႔ ျပန္ႀကိဳးစားလာခဲ့တဲ့ မန္စီးတီးတို႔ရဲ႕ တဒိုင္းဒိုင္းကန္ခ်က္ေတြကေတာ့ ဂိုးဘားနဲ႔ တိုင္ေဘးေတြကခ်ည္း ကပ္ထြက္ေနခဲ့သလို ပြဲခ်ိန္ ၂၉ မိနစ္မွာ လန္ဇီနီကို ေျခထိုးခံတဲ့ ဖာနန္ဒင္ညိဳေၾကာင့္ လဲက်ခဲ့တာကို ဒိုင္လူႀကီး အန္ေထာ္နီ ေတလာရဲ႕ ဒဲ့မ်က္ႏွာသာေပးမႈကေန လာေပါ့တ္ ကန္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ေတြပဲ ဒုတိယဦးေဆာင္ဂိုး သြင္းယူသြားျပန္ၿပီး ကိုယ္ေနာက္က်ေနတာကို မသိဘဲ လူလည္လိုလိုနဲ႔ လူကြၽံေဘာတက္ဖမ္းတဲ့ ဇင္ခ်န္ကိုေၾကာင့္ ေက်ာ္ခ်ေပးလိုက္တဲ့ အန္တိုနီယိုရဲ႕ ေပးပို႔မႈကေန လြတ္ထြက္သြားခဲ့တဲ့ ဘိုဝင္က ပထမဂိုးတုန္းက ပုံစံအတိုင္းပဲ ဘယ္ျခမ္းကို ဆြဲထြက္ၿပီးမွ ဒီတစ္ခါမွာေတာ့ ဂိုးသမားကို ျဖတ္မေျပးေတာ့ဘဲ ခ်ိဳးကန္ခဲ့ရာမွာ အီဒါဆန္ လက္နဲ႔မကာဘဲ ေျခေထာက္ပဲ ဆန႔္ခဲ့လို႔ ဂိုးထပ္ေပးခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး မန္စီးတီးတို႔အတြက္ေတာ့ လီဗာပူးလ္တို႔ရဲ႕ ဖိအားကို ျပန္လည္ခံစားရေစဖို႔ ျဖစ္လာခဲ့သလို အိမ္ရွင္ေတြအတြက္ေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုပါလိဂ္တစ္ေနရာကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွိလာခဲ့တာပါ။

ဒါေပမယ့္ ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဇင္ခ်န္ကို ျဖတ္တင္ေပးတာကို ႐ိုဒရီက ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ ဧရိယာထိပ္မွာ ရွိေနတဲ့ ဂရီးလစ္ရွ္က Volley ကန္သြင္းခဲ့ရာမွာ ဝက္စ္ဟမ္းေနာက္ခံလူ ေဒၚဆန္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာလည္း အားတက္လာတဲ့ မန္စီးတီးဘက္က ေဂ်ဆူးစ္၊ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ ထိုးေဖာက္မႈေတြကို ဂိုးသမား ဖာဘီယန္စကီးနဲ႔ ဝက္စ္ဟမ္းေနာက္တန္းက အသည္းအသန္ ကာကြယ္ေနခဲ့ရေပမယ့္ ဧည့္သည္ေတြဘက္က ထင္မထားေလာက္ေအာင္ ညံ့ေနတဲ့ ဖာနန္ဒင္ညိဳနဲ႔ လာေပါ့တ္တို႔ရဲ႕ အမွားေတြကေန ဘိုဝင္နဲ႔ အန္တိုနီယိုတို႔ တစ္ႀကိမ္စီ အခြင့္အေရးရခဲ့တာေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ပြဲကို မျဖတ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဂိုးသြင္းဖို႔ ခက္ေနတဲ့ မန္စီးတီးတို႔ ဒုတိယေခ်ပဂိုးနဲ႔ သေရက်ဖို႔ ျဖစ္လာခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန မာရက္ဇ္ရဲ႕ ျဖတ္တင္လိုက္တဲ့ ဖရီးကစ္ကို ရွင္းထုတ္ဖို႔ ႀကိဳးစားတဲ့ ဆိုဖာလ္ရဲ႕ ေခါင္းတိုက္ခ်က္က ဝက္စ္ဟမ္းခံစစ္သမားေတြနဲ႔ ဂိုးသမား ဖာဘီယန္စကီးတို႔ကို ငုတ္တုတ္ေမ့ေစခဲ့ၿပီး ယူ႐ိုပါလိဂ္ကို ေမွ်ာ္လင့္ေနတဲ့ အိမ္ရွင္ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ ႀကိဳးတုပ္ခံၿပီး ဂိုးဖမ္းတဲ့ ပုံစံနဲ႔ အီဒါဆန္တစ္ေယာက္ ဘိုဝင္ရဲ႕ အနီးကပ္ကန္ခ်က္ကေန ဂိုးေပးရဖို႔ မ်ားခဲ့ေပမယ့္ ေနာက္ခံလူ လာေပါ့တ္နဲ႔ ထိထြက္သြားခဲ့လို႔ သက္သာခဲ့ရသလို လက္နဲ႔ဖမ္းဖို႔ထက္ ေျခေထာက္နဲ႔ ကာဖို႔ခ်ည္း ႀကိဳးစားေနတဲ့ ဒီဂိုးသမားမ်ိဳးက ပရီးမီးယားလိဂ္မွာ Clean Sheet အႀကိမ္ ၂၀ နဲ႔ ေ႐ႊလက္အိတ္ဆု ယူဦးမယ္ဆိုတာက ရယ္စရာလိုျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေဂ်ဆူးစ္ကို ေဘာလုံးမထိဘဲ ဖ်က္မိတဲ့ ေဒၚဆန္ေၾကာင့္ မန္စီးတီးတို႔ ပင္နယ္တီ ေပးခဲ့ရၿပီး သူတို႔ႏွစ္ဦး မထိေတြ႕ခင္မွာ ခရက္စ္ဝဲလ္ကို ဂရီးလစ္ရွ္က ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ ဝက္စ္ဟမ္းတို႔ဘက္က ေစာဒက တက္ခဲ့ၾကေပမယ့္ VAR မွာ ျပန္ၾကည့္ၿပီး ကစားကြက္နဲ႔ သက္ဆိုင္ျခင္း မရွိဘူးလို႔ သတ္မွတ္ခဲ့တာေၾကာင့္ အသင္းႀကီးအေနနဲ႔ ဒိုင္ေတြဆီက ေနာက္တစ္ႀကိမ္ မ်က္ႏွာသာရခဲ့တာျဖစ္ပါတယ္။

ဒီပင္နယ္တီကိုေတာ့ ပြဲခ်ိန္ ၈၆ မိနစ္မွာ မန္စီးတီးေတာင္ပံကစားသမား မာရက္ဇ္က တာဝန္ယူကန္သြင္းခဲ့ၿပီး သူ႔ရဲ႕ ကန္ေနက်အတိုင္း ညာဘက္ အေပၚေထာင့္ကို ကန္သြင္းတာကို ေကာင္းေကာင္းမွတ္သားထားပုံရတဲ့ ဝက္စ္ဟမ္းဂိုးသမား ဖာဘီယန္စကီးက ကြက္တိပုတ္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္သူေတြ ႏိုင္ပြဲနဲ႔ ေဝးခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ရမွတ္တစ္မွတ္ကို ထပ္မံမဆုံးရႈံးေအာင္ အမွားမခံဘဲ ကစားခဲ့ၾကၿပီး ယူ႐ိုပါလိဂ္ကို မန္ခ်က္စတာယူႏိုက္တက္တို႔ ေျခေခ်ာ္ရင္ ကစားရဖို႔ ေမွ်ာ္လင့္ခြင့္အတြက္ ႀကိဳးစားႏိုင္ခဲ့ၾကတာေၾကာင့္ ပြဲအၿပီးမွာ ႏွစ္ဂိုးစီသေရက်ခဲ့ရၿပီး မန္စီးတီးတို႔ကေတာ့ ေနာက္က လီဗာပူးလ္တို႔ လိုက္မီႏိုင္ဖို႔ အခြင့္အေရးနည္းပါးေပမယ့္ ေစာေစာစီးစီး ခ်န္ပီယံဆုအတြက္ အမွတ္ျဖတ္ၿပီး ေသခ်ာႏိုင္ခြင့္ကို လက္လႊတ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.