Match Report Premier League

ဂိုးမသွင်းတတ်ဘဲ လက်ထိတဲ့ ပင်နယ်တီနဲ့ ဘန်လေဆီက သုံးမှတ်မနည်းရှာခဲ့ရတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ဒေဗင်ဆင် ဆန်ချက်၊ အဲရစ် ဒိုင်ယာ၊ ဘင် ဒေးဗီးစ်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်နဲ့ ဆက်ဆီညွန်တို့ကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ ဟာရီကိန်းကို ရှေ့က တင်ပြီး ဆွန်ဟောင်မင်နဲ့ လူးကပ်စ် မော်ရာတို့ လိုက်ပါကစားခဲ့ကြပါတယ်။

တာကော့ဗ်စကီး၊ ဘန်မီး၊ ဝက်စ်ဝုဒ်၊ ဂွတ်မွန်ဆန်တို့လို ကစားသမားကောင်းတွေကို ဒဏ်ရာတွေကြောင့် ဆုံးရှုံးထားရတဲ့ ဘန်လေကတော့ ခံစစ်မှာ နစ်ခ် ပုပ်၊ ကီဗင်လောင်း၊ လိုးတန်၊ ချာလီ တေလာ၊ ကောလင်းစ်နဲ့ ရောဘတ်စ်တို့ကို ပွဲထုတ်ခဲ့ရသလို ကွင်းလယ်မှာတော့ ဂျက်ခ် ကော့ခ်၊ ဘရောင်းဟေးလ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ အက်ရှ်လီ ဘန်းစ်၊ ကော်နေးနဲ့ မက်နီးလ်တို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲစပြီးကတည်းက အာဆင်နယ်လို မပြာဘဲ Low Block နဲ့ အေးအေးဆေးဆေး ပိတ်ကစားတဲ့ ဘန်လေတို့ကို စပါးစ်တို့ ဘာမှလုပ်လို့မရဘဲ ဖြစ်နေခဲ့ပြီး အပိုင်အခွင့်အရေးရဖို့ထက် အဝေးက သွေးတိုးစမ်းခဲ့ရတာများပြီး Danger Area တွေကို တတ်နိုင်သလောက် ကာဗာလုပ်ထားနိုင်ခဲ့တဲ့ ကလားရက်တွေကြောင့် ဟာရီကိန်းတို့ ဂိုးပေါက်ကို မြင်သာမြင် မကြင်ရဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ဟာရီကိန်းရဲ့ ထောင့်ကျဉ်းခေါင်းတိုက်ချက်က ဂိုးသမား နစ်ခ် ပုပ်ကို ကျော်ပြီး ဂိုးထဲ ဝင်သွားခဲ့ပေမယ့် နောက်ခံလူ ကောလင်းစ်က ဂိုးစည်းရှေ့ကနေ Volley ကန်ထုတ်သွားခဲ့သလို စပါးစ်ရဲ့ အဝေးကစ်တွေကတော့ အင်္ဂလန်လက်ရွေးစင်ဂိုးသမားတစ်ယောက်ကို မဖြုံစေနိုင်ဘဲ ထရိန်နင်ဆင်းပေးသလိုဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာ ဘန်လေတောင်ပံသမား ကော်နေးရဲ့ အနီးကပ်ကန်ချက်ကို လိုရစ် ပုတ်ထုတ်ခဲ့ရပြီး စပါးစ်ရဲ့ အဝေးကစ်တွေနဲ့ ဖြတ်တင်ဘောတွေကတော့ အလုပ်မဖြစ်ခဲ့တာကြောင့် နည်းပြ ကွန်တီ ဒေါသထွက်စရာဖြစ်ခဲ့ရချိန်မှာ လူမစွမ်းတော့ ဒိုင်မတဲ့ အနေနဲ့ ခပ်တုံးတုံး တိုက်စစ်မှူး အက်ရှ်လီ ဘန်းစ်ရဲ့ တစ်ချိန်လုံး ဧရိယာထဲမှာ ခြေကားယား လက်ကားယားနဲ့ ဆန့်ထုတ်ထားခဲ့တဲ့ လက်နဲ့ ဘောလုံးက သွားထိပြီး ပင်နယ်တီဖြစ်လာခဲ့တာပါ။

ဒီအတွက် ဘန်လေဂိုးသမား နစ်ခ် ပုပ်က ဒိုင်လူကြီး ကီဗင် ဖရန့်ကို အပြင်းအထန် စောဒက တက်ခဲ့လို့ အဝါကတ်ထိခဲ့ပြီး VAR မှာတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာကြောင့် နာကျင်အချိန် ၈ မိနစ်မှာ တိုက်စစ်မှူး ဟာရီကိန်းက နစ်ခ် ပုပ် မလှုပ်နိုင်အောင် ဘယ်ဘက်တိုင်ခြေကို ကန်သွင်းပြီး ပထမပိုင်းမှာ စပါးစ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဘန်လေတို့ အမြင့်ဘောတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ခေါင်းတိုက်ချက်တွေက လွဲချော်ခဲ့ပြီး ဟာရီကိန်းကတော့ အချိုကြိုက်စွာနဲ့ ပင်နယ်တီ ထပ်ရဖို့ ကြိုးစားနေခဲ့ပြီး ချာလီ တေလာရဲ့ သူ့ဘာသာသူ လက်ကွေးထားတဲ့ တံတောင်ကို ဘောလုံးမှန်တာကိုတောင် အငမ်းမရ တောင်းဆိုနေခဲ့သေးတာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ အက်ရှ်လီ ဘန်းစ်ရဲ့ ဘီးကုပ်ထိပ်က အပြင်းကန်ချက်က လိုရစ်ကို ကျော်ဖြတ်သွားခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ဘန်လေတို့ နစ်နာခဲ့ရသလို စပါးစ်တို့ သက်သာခွင့်ရခဲ့ပြီး In Play မှာ ကြိုက်သလို ကစားခဲ့ပေမယ့် ဧည့်သည်အသင်းရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့သလို ဂိုးရဖို့ ပင်နယ်တီရှာမှ ရမယ့် အနေအထားမှာလည်း ရှိခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေကိုတော့ စပါးစ်တို့ ထိန်းချုပ်ကစားသွားခဲ့ပြီး ဂိုးသမား လိုရစ်ကတော့ အချိန်ဆွဲလို့ အဝါထိခဲ့သေးသလို ဘန်လေရဲ့ ကောင်တာတွေကိုလည်း အိမ်ရှင်တွေ ဘောင်ထဲက စနစ်တကျ ဖျက်ဆီးသွားနိုင်ခဲ့လို့ နောက်ဆုံးမှာတော့ ဗလအားကိုး ခပ်တုံးတုံး တိုက်စစ်မှူးတစ်ဦးရဲ့ လက်ဆောင် ပင်နယ်တီနဲ့ အနိုင်အရှုံး ကွဲပြားခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် သုံးမှတ် ရယူနိုင်ခဲ့တဲ့ စပါးစ်တို့ နယူးကာဆယ်လ်နဲ့ အဝေးကွင်း ကန်ရမယ့် မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်တို့ကို ဖိအားပေးသွားနိုင်ခဲ့သလို ရှုံးနိမ့်ခဲ့တဲ့ ဘန်လေတို့ကတော့ တန်းမဆင်းရဖို့အတွက် လိဒ်စ်ယူနိုက်တက်ရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပြီး လက်ထဲမှာ တစ်ပွဲ ကျန်သေးတဲ့ ကလားရက်တွေအနေနဲ့ အဆင့် ၁၇ ကနေ လွတ်မြောက်နိုင်ဖို့တော့ မျှော်လင့်ချက်ရှိနေသေးကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ေဒဗင္ဆင္ ဆန္ခ်က္၊ အဲရစ္ ဒိုင္ယာ၊ ဘင္ ေဒးဗီးစ္တို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္နဲ႔ ဆက္ဆီၫြန္တို႔ကို ပြဲထုတ္ခဲ့သလို တိုက္စစ္မွာေတာ့ ဟာရီကိန္းကို ေရွ႕က တင္ၿပီး ဆြန္ေဟာင္မင္နဲ႔ လူးကပ္စ္ ေမာ္ရာတို႔ လိုက္ပါကစားခဲ့ၾကပါတယ္။

တာေကာ့ဗ္စကီး၊ ဘန္မီး၊ ဝက္စ္ဝုဒ္၊ ဂြတ္မြန္ဆန္တို႔လို ကစားသမားေကာင္းေတြကို ဒဏ္ရာေတြေၾကာင့္ ဆုံးရႈံးထားရတဲ့ ဘန္ေလကေတာ့ ခံစစ္မွာ နစ္ခ္ ပုပ္၊ ကီဗင္ေလာင္း၊ လိုးတန္၊ ခ်ာလီ ေတလာ၊ ေကာလင္းစ္နဲ႔ ေရာဘတ္စ္တို႔ကို ပြဲထုတ္ခဲ့ရသလို ကြင္းလယ္မွာေတာ့ ဂ်က္ခ္ ေကာ့ခ္၊ ဘေရာင္းေဟးလ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ အက္ရွ္လီ ဘန္းစ္၊ ေကာ္ေနးနဲ႔ မက္နီးလ္တို႔ကို အသုံးျပဳလာခဲ့တာပါ။

ပြဲစၿပီးကတည္းက အာဆင္နယ္လို မျပာဘဲ Low Block နဲ႔ ေအးေအးေဆးေဆး ပိတ္ကစားတဲ့ ဘန္ေလတို႔ကို စပါးစ္တို႔ ဘာမွလုပ္လို႔မရဘဲ ျဖစ္ေနခဲ့ၿပီး အပိုင္အခြင့္အေရးရဖို႔ထက္ အေဝးက ေသြးတိုးစမ္းခဲ့ရတာမ်ားၿပီး Danger Area ေတြကို တတ္ႏိုင္သေလာက္ ကာဗာလုပ္ထားႏိုင္ခဲ့တဲ့ ကလားရက္ေတြေၾကာင့္ ဟာရီကိန္းတို႔ ဂိုးေပါက္ကို ျမင္သာျမင္ မၾကင္ရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ဟာရီကိန္းရဲ႕ ေထာင့္က်ဥ္းေခါင္းတိုက္ခ်က္က ဂိုးသမား နစ္ခ္ ပုပ္ကို ေက်ာ္ၿပီး ဂိုးထဲ ဝင္သြားခဲ့ေပမယ့္ ေနာက္ခံလူ ေကာလင္းစ္က ဂိုးစည္းေရွ႕ကေန Volley ကန္ထုတ္သြားခဲ့သလို စပါးစ္ရဲ႕ အေဝးကစ္ေတြကေတာ့ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားတစ္ေယာက္ကို မၿဖဳံေစႏိုင္ဘဲ ထရိန္နင္ဆင္းေပးသလိုျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာ ဘန္ေလေတာင္ပံသမား ေကာ္ေနးရဲ႕ အနီးကပ္ကန္ခ်က္ကို လိုရစ္ ပုတ္ထုတ္ခဲ့ရၿပီး စပါးစ္ရဲ႕ အေဝးကစ္ေတြနဲ႔ ျဖတ္တင္ေဘာေတြကေတာ့ အလုပ္မျဖစ္ခဲ့တာေၾကာင့္ နည္းျပ ကြန္တီ ေဒါသထြက္စရာျဖစ္ခဲ့ရခ်ိန္မွာ လူမစြမ္းေတာ့ ဒိုင္မတဲ့ အေနနဲ႔ ခပ္တုံးတုံး တိုက္စစ္မႉး အက္ရွ္လီ ဘန္းစ္ရဲ႕ တစ္ခ်ိန္လုံး ဧရိယာထဲမွာ ေျခကားယား လက္ကားယားနဲ႔ ဆန႔္ထုတ္ထားခဲ့တဲ့ လက္နဲ႔ ေဘာလုံးက သြားထိၿပီး ပင္နယ္တီျဖစ္လာခဲ့တာပါ။

ဒီအတြက္ ဘန္ေလဂိုးသမား နစ္ခ္ ပုပ္က ဒိုင္လူႀကီး ကီဗင္ ဖရန႔္ကို အျပင္းအထန္ ေစာဒက တက္ခဲ့လို႔ အဝါကတ္ထိခဲ့ၿပီး VAR မွာေတာ့ လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားေနတာေၾကာင့္ နာက်င္အခ်ိန္ ၈ မိနစ္မွာ တိုက္စစ္မႉး ဟာရီကိန္းက နစ္ခ္ ပုပ္ မလႈပ္ႏိုင္ေအာင္ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းၿပီး ပထမပိုင္းမွာ စပါးစ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ဘန္ေလတို႔ အျမင့္ေဘာေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေခါင္းတိုက္ခ်က္ေတြက လြဲေခ်ာ္ခဲ့ၿပီး ဟာရီကိန္းကေတာ့ အခ်ိဳႀကိဳက္စြာနဲ႔ ပင္နယ္တီ ထပ္ရဖို႔ ႀကိဳးစားေနခဲ့ၿပီး ခ်ာလီ ေတလာရဲ႕ သူ႔ဘာသာသူ လက္ေကြးထားတဲ့ တံေတာင္ကို ေဘာလုံးမွန္တာကိုေတာင္ အငမ္းမရ ေတာင္းဆိုေနခဲ့ေသးတာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ အက္ရွ္လီ ဘန္းစ္ရဲ႕ ဘီးကုပ္ထိပ္က အျပင္းကန္ခ်က္က လိုရစ္ကို ေက်ာ္ျဖတ္သြားခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့လို႔ ဘန္ေလတို႔ နစ္နာခဲ့ရသလို စပါးစ္တို႔ သက္သာခြင့္ရခဲ့ၿပီး In Play မွာ ႀကိဳက္သလို ကစားခဲ့ေပမယ့္ ဧည့္သည္အသင္းရဲ႕ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့သလို ဂိုးရဖို႔ ပင္နယ္တီရွာမွ ရမယ့္ အေနအထားမွာလည္း ရွိခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြကိုေတာ့ စပါးစ္တို႔ ထိန္းခ်ဳပ္ကစားသြားခဲ့ၿပီး ဂိုးသမား လိုရစ္ကေတာ့ အခ်ိန္ဆြဲလို႔ အဝါထိခဲ့ေသးသလို ဘန္ေလရဲ႕ ေကာင္တာေတြကိုလည္း အိမ္ရွင္ေတြ ေဘာင္ထဲက စနစ္တက် ဖ်က္ဆီးသြားႏိုင္ခဲ့လို႔ ေနာက္ဆုံးမွာေတာ့ ဗလအားကိုး ခပ္တုံးတုံး တိုက္စစ္မႉးတစ္ဦးရဲ႕ လက္ေဆာင္ ပင္နယ္တီနဲ႔ အႏိုင္အရႈံး ကြဲျပားခဲ့ရတာပါ။

ဒီပြဲရလဒ္ေၾကာင့္ သုံးမွတ္ ရယူႏိုင္ခဲ့တဲ့ စပါးစ္တို႔ နယူးကာဆယ္လ္နဲ႔ အေဝးကြင္း ကန္ရမယ့္ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္တို႔ကို ဖိအားေပးသြားႏိုင္ခဲ့သလို ရႈံးနိမ့္ခဲ့တဲ့ ဘန္ေလတို႔ကေတာ့ တန္းမဆင္းရဖို႔အတြက္ လိဒ္စ္ယူႏိုက္တက္ရဲ႕ ရလဒ္ကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ထဲမွာ တစ္ပြဲ က်န္ေသးတဲ့ ကလားရက္ေတြအေနနဲ႔ အဆင့္ ၁၇ ကေန လြတ္ေျမာက္ႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္ခ်က္ရွိေနေသးေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.