Match Report Premier League

မင်းသားလုပ်ချင်တဲ့ အိုလီဗာနဲ့ အနီကတ်တွေကြောင့် ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ရှုံးတဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့မှာ တန်းဆင်းဇုန်က လွတ်ခွင့်ရဖို့ အခွင့်အရေးကောင်းအဖြစ် အသင်းကို ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ကိုးလ်မန်း၊ ဘရန့်သ်ဝိတ်၊ ဟိုလ်ဂိတ်တို့နဲ့ 3 Back ပုံစံကစားခဲ့ပြီး ကွင်းလယ်မှာတော့ အီဝိုဘီ၊ ဒူကူရေး၊ အန်ဒရီ ဂိုမက်စ်နဲ့ မစ်ကိုလန်ကိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ် မှာတော့ ရစ်ချာလစ်ဆန်၊ ကဲလ်ဗတ်-လူဝင်နဲ့ ဂေါ်ဒန်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

အဝေးကွင်းလာကစားကြရတဲ့ ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ အာယေး၊ ယန်ဆွန်၊ ဆိုရန်ဆန်၊ ရီကို ဟင်နရီတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ယန်ဆန်၊ နော်ဂါ့ဒ်၊ အဲရစ်ဆန်တို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်ပိုင်းမှာတော့ တိုနီ၊ အမ်ဘူးမိုနဲ့ ဝစ်ဆာတို့ ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက အဲဗာတန်တို့ စတင်ခြိမ်းခြောက်နိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ လူကြားထဲက ပြေးထွက်သွားခဲ့တဲ့ ဂေါ်ဒန်က ဧရိယာအတွင်းက ကန်သွင်းချက်ကို ဂိုးသမား ရာယာ ကာကွယ်ပုတ်ထုတ်သွားနိုင်ခဲ့သလို ဒီက ထွက်လာတဲ့ ဘောလုံးကိုတော့ ရစ်ချာလစ်ဆန် ခေါင်းတိုက်ခဲ့ရပေမယ့် လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ အဲဗာတန်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဂေါ်ဒန် ကန်ပို့ပေးရာကို ရစ်ချာလစ်ဆန်က သူ့ရဲ့ မာကာကို ခွာထွက်ပြီး Volley ကန်သွင်းခဲ့တာက ဘောလုံးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကဲလ်ဗတ်-လူဝင်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့သလို ဘရန့်ဖို့ဒ်ဂိုးသမား ရာယာ အငိုက်မိသွားခဲ့ပြီး ဂိုးပေးခဲ့ရတာပါ။

လမ်းပတ်တို့အဖွဲ့ အဖွင့်ဂိုးနဲ့ ဟုတ်ပြီထင်ခဲ့ရပေမယ့် ဒီပွဲရဲ့ အရေးပါတဲ့ အလှည့်အပြောင်းက ပွဲချိန် ၁၈ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး အသုံးမကျတဲ့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက ဘရန့်ဖို့ဒ်ဂိုးဧရိယာထဲမှာ အင်္ကျီပြဲမတတ်ဆွဲပြီး ဖျက်ထုတ်ခံရတဲ့ ရစ်ချာလစ်ဆန်အတွက် တစ်ခုခု အပြစ်ပေးရမယ့်အစား ဒီကနေ ကန်တင်တဲ့ ဘောလုံးကို ယှဉ်ပြေးရင်း တိုနီကို နောက်ကနေ ဝင်တိုက်မိခဲ့တဲ့ ဘရန့်သ်ဝိတ်ကို တိုက်ရိုက်အနီနဲ့ ထုတ်ပယ်သွားခဲ့ပါတယ်။

အင်္ဂလိပ်ဒိုင်တွေရဲ့ အဆင့်အတန်းကတော့ ပွဲတွေကို ဖျက်ဆီးသူအဆင့်မှာပဲ ရှိနေပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ထက် ပြဇာတ်ဆန်တဲ့ အလုပ်မျိုးပဲ လုပ်ပြီး ကွင်းလယ်က မင်းသားဖြစ်ဖို့ စိတ်အားထက်သန်နေကြချိန်မှာ နစ်နာရတဲ့ အသင်းတွေကတော့ ဒုနဲ့ဒေးဖြစ်လာခဲ့သလို ပွဲကောင်းတစ်ပွဲဖြစ်အောင် လမ်းညွှန်ဖို့ဆိုတာက သူတို့အတွက် အလုပ်မဟုတ်တော့သလိုပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ တစ်ယောက်လျော့ အဲဗာတန်တို့ ချေပဂိုး ပြန်ပေးခဲ့ရပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောက တစ်ဆင့် ညာခြမ်းကနေ ဘောလုံးရသွားတဲ့ တိုနီက ဖြတ်ချိုးပေးရာမှာ အဝေးတိုင်ဘက်မှာ ရသွားခဲ့တဲ့ ဝစ်ဆာက တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့ရာမှာ အဲဗာတန်အသင်းကပ္ပတိန် ကိုးလ်မန်းရဲ့ ခေါင်းနဲ့ ထိပြီး ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အိုလီဗာရဲ့ အလျော်အစားကို တွေ့ခဲ့ရပြီး သူအနီကတ်ပြထားခဲ့တဲ့ အဲဗာတန်အတွက် ပင်နယ်တီလက်ဆောင် ပြန်ပေးခဲ့သလို ဆိုရန်ဆန်ရဲ့ ဝင်တိုက်တာ ခံခဲ့ရတဲ့ ရစ်ချာလစ်ဆန်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ ဂိုးသမား ဒိုက်ပစ်အောင် စောင့်ပြီးမှ အလယ်တည့်တည့်ကို ကန်သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ ဘရန့်ဖို့ဒ်တို့ တစ်ယောက်အသာနဲ့ ပိုမိုဖိကစားလာနိုင်ခဲ့ကြပြီး အဲရစ်ဆန်ရဲ့ ဖန်တီးမှုတွေနဲ့ အဲဗာတန်ဘက်ကို အကြိမ်ကြိမ် ထိုးဖောက်နေခဲ့ကြသလို အိုးနင်းခွက်နင်းနောက်တန်းနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ ကံကောင်းနေခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ကြရတာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ သရေဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ပြီး အဲရစ်ဆန် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို တိုက်စစ်မှူး ဝစ်ဆာက နောက်ပြန်ခေါင်းတိုက်ပြီး အဲဗာတန်ခံစစ်နဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ကို အနိုင်ယူသွားခဲ့သလို သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး ၇ ဂိုးမြောက်အဖြစ် သွင်းယူသွားခဲ့တာကြောင့် တန်းဆင်းဇုန်က လွတ်ချင်နေတဲ့ အိမ်ရှင်နည်းပြ လမ်းပတ် စိတ်ပျက်ခဲ့ရပါတယ်။

နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ နောက်ကလိုက်ပြီး အနိုင်ဂိုးသွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ အဲဗာတန်တို့ ဘောလုံးပျက်ရာက ညာခြမ်းကနေ ပြန်ရလာတဲ့ နော်ဂါ့ဒ်က အမ်ဘူးမိုနဲ့ အပေးအယူလုပ်ပြီး ဖြတ်တင်ပေးတာကို ဘယ်ခြမ်းကနေ အတွင်းဝင်စောင့်နေတဲ့ နောက်ခံလူ ရီကို ဟင်နရီက ခေါင်းတိုက်ပြီး ရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဒီမာရိုင် ဂရေးရဲ့ ဖရီးကစ်ကနေ အလွတ်ခေါင်းတိုက်ခွင့်ရတဲ့ ဒူကူရေးရဲ့ ကြိုးစားမှုက တိုင်ထိထွက်ခဲ့သလို ပွဲချိန် ၈၄ မိနစ်မှာတော့ ကိုးလ်မန်းအစား ရွန်ဒွန်ကို နည်းပြ လမ်းပတ်က ထည့်သွင်းခဲ့ပြီး ဗင်နီဇွဲလားသားကတော့ ဝင်ကစားခွင့်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘယ်လို ဖျက်ထုတ်ရတယ်မှန်း မသိဘဲ ရီကို ဟင်နရီဆီ ခြေစုံပစ်ဝင်ပြီး အနီကတ်ရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ၉ ယောက်နဲ့ ကစားခဲ့ရတဲ့ အဲဗာတန်တို့ ဘယ်လိုမှ ပြန်လာဖို့ မဖြစ်နိုင်တော့ဘဲ ဘရန့်ဖို့ဒ်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အရှုံးပေးခဲ့ရသလို အဆင့် ၁၆ မှာ ဆက်လက်ရပ်တည်နေခဲ့ပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက်တော့ လာမယ့် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ မေလ ၂၀ ရက်နေ့ပွဲကို အနိုင်ကစားနိုင်ရင် အခြေအနေကောင်းနိုင်သေးတဲ့ မျှော်လင့်ချက်ကိုတော့ ပိုင်ဆိုင်ထားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔မွာ တန္းဆင္းဇုန္က လြတ္ခြင့္ရဖို႔ အခြင့္အေရးေကာင္းအျဖစ္ အသင္းကို ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ကိုးလ္မန္း၊ ဘရန႔္သ္ဝိတ္၊ ဟိုလ္ဂိတ္တို႔နဲ႔ 3 Back ပုံစံကစားခဲ့ၿပီး ကြင္းလယ္မွာေတာ့ အီဝိုဘီ၊ ဒူကူေရး၊ အန္ဒရီ ဂိုမက္စ္နဲ႔ မစ္ကိုလန္ကိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္ မွာေတာ့ ရစ္ခ်ာလစ္ဆန္၊ ကဲလ္ဗတ္-လူဝင္နဲ႔ ေဂၚဒန္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

အေဝးကြင္းလာကစားၾကရတဲ့ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ အာေယး၊ ယန္ဆြန္၊ ဆိုရန္ဆန္၊ ရီကို ဟင္နရီတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယန္ဆန္၊ ေနာ္ဂါ့ဒ္၊ အဲရစ္ဆန္တို႔နဲ႔ အထိုင္ခ်ခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ တိုနီ၊ အမ္ဘူးမိုနဲ႔ ဝစ္ဆာတို႔ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက အဲဗာတန္တို႔ စတင္ၿခိမ္းေျခာက္ႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန လူၾကားထဲက ေျပးထြက္သြားခဲ့တဲ့ ေဂၚဒန္က ဧရိယာအတြင္းက ကန္သြင္းခ်က္ကို ဂိုးသမား ရာယာ ကာကြယ္ပုတ္ထုတ္သြားႏိုင္ခဲ့သလို ဒီက ထြက္လာတဲ့ ေဘာလုံးကိုေတာ့ ရစ္ခ်ာလစ္ဆန္ ေခါင္းတိုက္ခဲ့ရေပမယ့္ လြဲေခ်ာ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ အဲဗာတန္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ေဂၚဒန္ ကန္ပို႔ေပးရာကို ရစ္ခ်ာလစ္ဆန္က သူ႔ရဲ႕ မာကာကို ခြာထြက္ၿပီး Volley ကန္သြင္းခဲ့တာက ေဘာလုံးလမ္းေၾကာင္းထဲမွာ ရွိေနတဲ့ ကဲလ္ဗတ္-လူဝင္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့သလို ဘရန႔္ဖို႔ဒ္ဂိုးသမား ရာယာ အငိုက္မိသြားခဲ့ၿပီး ဂိုးေပးခဲ့ရတာပါ။

လမ္းပတ္တို႔အဖြဲ႕ အဖြင့္ဂိုးနဲ႔ ဟုတ္ၿပီထင္ခဲ့ရေပမယ့္ ဒီပြဲရဲ႕ အေရးပါတဲ့ အလွည့္အေျပာင္းက ပြဲခ်ိန္ ၁၈ မိနစ္မွာ ျဖစ္ပြားခဲ့ၿပီး အသုံးမက်တဲ့ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက ဘရန႔္ဖို႔ဒ္ဂိုးဧရိယာထဲမွာ အက်ႌၿပဲမတတ္ဆြဲၿပီး ဖ်က္ထုတ္ခံရတဲ့ ရစ္ခ်ာလစ္ဆန္အတြက္ တစ္ခုခု အျပစ္ေပးရမယ့္အစား ဒီကေန ကန္တင္တဲ့ ေဘာလုံးကို ယွဥ္ေျပးရင္း တိုနီကို ေနာက္ကေန ဝင္တိုက္မိခဲ့တဲ့ ဘရန႔္သ္ဝိတ္ကို တိုက္႐ိုက္အနီနဲ႔ ထုတ္ပယ္သြားခဲ့ပါတယ္။

အဂၤလိပ္ဒိုင္ေတြရဲ႕ အဆင့္အတန္းကေတာ့ ပြဲေတြကို ဖ်က္ဆီးသူအဆင့္မွာပဲ ရွိေနၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ထက္ ျပဇာတ္ဆန္တဲ့ အလုပ္မ်ိဳးပဲ လုပ္ၿပီး ကြင္းလယ္က မင္းသားျဖစ္ဖို႔ စိတ္အားထက္သန္ေနၾကခ်ိန္မွာ နစ္နာရတဲ့ အသင္းေတြကေတာ့ ဒုနဲ႔ေဒးျဖစ္လာခဲ့သလို ပြဲေကာင္းတစ္ပြဲျဖစ္ေအာင္ လမ္းၫႊန္ဖို႔ဆိုတာက သူတို႔အတြက္ အလုပ္မဟုတ္ေတာ့သလိုပဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ တစ္ေယာက္ေလ်ာ့ အဲဗာတန္တို႔ ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာက တစ္ဆင့္ ညာျခမ္းကေန ေဘာလုံးရသြားတဲ့ တိုနီက ျဖတ္ခ်ိဳးေပးရာမွာ အေဝးတိုင္ဘက္မွာ ရသြားခဲ့တဲ့ ဝစ္ဆာက တစ္ခ်က္ထိန္းၿပီး ကန္သြင္းခဲ့ရာမွာ အဲဗာတန္အသင္းကပၸတိန္ ကိုးလ္မန္းရဲ႕ ေခါင္းနဲ႔ ထိၿပီး ဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အိုလီဗာရဲ႕ အေလ်ာ္အစားကို ေတြ႕ခဲ့ရၿပီး သူအနီကတ္ျပထားခဲ့တဲ့ အဲဗာတန္အတြက္ ပင္နယ္တီလက္ေဆာင္ ျပန္ေပးခဲ့သလို ဆိုရန္ဆန္ရဲ႕ ဝင္တိုက္တာ ခံခဲ့ရတဲ့ ရစ္ခ်ာလစ္ဆန္က သူ႔ေၾကာင့္ရတဲ့ ပင္နယ္တီကို သူကိုယ္တိုင္ပဲ ဂိုးသမား ဒိုက္ပစ္ေအာင္ ေစာင့္ၿပီးမွ အလယ္တည့္တည့္ကို ကန္သြင္းယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ တစ္ေယာက္အသာနဲ႔ ပိုမိုဖိကစားလာႏိုင္ခဲ့ၾကၿပီး အဲရစ္ဆန္ရဲ႕ ဖန္တီးမႈေတြနဲ႔ အဲဗာတန္ဘက္ကို အႀကိမ္ႀကိမ္ ထိုးေဖာက္ေနခဲ့ၾကသလို အိုးနင္းခြက္နင္းေနာက္တန္းနဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔ ကံေကာင္းေနခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမေပးခဲ့ၾကရတာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ သေရဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၿပီး အဲရစ္ဆန္ ကန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကို တိုက္စစ္မႉး ဝစ္ဆာက ေနာက္ျပန္ေခါင္းတိုက္ၿပီး အဲဗာတန္ခံစစ္နဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔ကို အႏိုင္ယူသြားခဲ့သလို သူ႔ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ဂိုး ၇ ဂိုးေျမာက္အျဖစ္ သြင္းယူသြားခဲ့တာေၾကာင့္ တန္းဆင္းဇုန္က လြတ္ခ်င္ေနတဲ့ အိမ္ရွင္နည္းျပ လမ္းပတ္ စိတ္ပ်က္ခဲ့ရပါတယ္။

ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ေနာက္ကလိုက္ၿပီး အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ အဲဗာတန္တို႔ ေဘာလုံးပ်က္ရာက ညာျခမ္းကေန ျပန္ရလာတဲ့ ေနာ္ဂါ့ဒ္က အမ္ဘူးမိုနဲ႔ အေပးအယူလုပ္ၿပီး ျဖတ္တင္ေပးတာကို ဘယ္ျခမ္းကေန အတြင္းဝင္ေစာင့္ေနတဲ့ ေနာက္ခံလူ ရီကို ဟင္နရီက ေခါင္းတိုက္ၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဒီမာ႐ိုင္ ဂေရးရဲ႕ ဖရီးကစ္ကေန အလြတ္ေခါင္းတိုက္ခြင့္ရတဲ့ ဒူကူေရးရဲ႕ ႀကိဳးစားမႈက တိုင္ထိထြက္ခဲ့သလို ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ကိုးလ္မန္းအစား ႐ြန္ဒြန္ကို နည္းျပ လမ္းပတ္က ထည့္သြင္းခဲ့ၿပီး ဗင္နီဇြဲလားသားကေတာ့ ဝင္ကစားခြင့္ကို ေက်းဇူးဆပ္တဲ့အေနနဲ႔ ဘယ္လို ဖ်က္ထုတ္ရတယ္မွန္း မသိဘဲ ရီကို ဟင္နရီဆီ ေျခစုံပစ္ဝင္ၿပီး အနီကတ္ရွာေဖြသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ၉ ေယာက္နဲ႔ ကစားခဲ့ရတဲ့ အဲဗာတန္တို႔ ဘယ္လိုမွ ျပန္လာဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ ဘရန႔္ဖို႔ဒ္တို႔ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အရႈံးေပးခဲ့ရသလို အဆင့္ ၁၆ မွာ ဆက္လက္ရပ္တည္ေနခဲ့ၿပီး တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔အတြက္ေတာ့ လာမယ့္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ေမလ ၂၀ ရက္ေန႔ပြဲကို အႏိုင္ကစားႏိုင္ရင္ အေျခအေနေကာင္းႏိုင္ေသးတဲ့ ေမွ်ာ္လင့္ခ်က္ကိုေတာ့ ပိုင္ဆိုင္ထားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.