Premier League

ပရိသတ်တွေထင်သလို ပိတ်ဆို့မှုတွေကြောင့် ချဲလ်ဆီးကို စွန့်ခွာမှာမဟုတ်ဘူးလို့ အံ့အားသင့်ဖွယ် ထုတ်ပြောခဲ့တဲ့ ရူဒီဂါ

အန်တိုနီယို ရူဒီဂါက ယူကေအစိုးရရဲ့ ချဲလ်ဆီးအသင်းအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုနွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၁၅၀၀၀ ရရှိမယ့် ၄ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ သတင်းတွေက ရူဒီဂါရဲ့ အနောက်လန်ဒန်မှာ ၅ နှစ်ကြာနေထိုင်ခဲ့မှု အဆုံးသတ်ခဲ့တာဟာ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးညှိနှိုင်းခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျာမနီလက်ရွေးစင် နောက်ခံကစားသမားက ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် မဟုတ်ဘူးလို့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

“အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ပိတ်ဆို့ဒဏ်ခတ်မှုက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် ဒီကိစ္စတွေကို အတွင်းကျကျကြီး ပြောမပြချင်ပါဘူး။ အဆုံးမှာတော့ အဲဒါက တစ်ဖက်တည်းကြောင့် မဟုတ်ပါဘူး။ ၂ ဖက်စလုံးအတွက်ပါ။ ချဲလ်ဆီးက ကျွန်တော့်ကို အရမ်းကောင်းခဲ့တယ်။ ကျွန်တော်လည်း ချဲလ်ဆီးကို အရမ်းကောင်းခဲ့ပါတယ်”

“အမြဲတမ်းပဲ ကျွန်တော် အရမ်း အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော် ဒီမှာ လူကြီးတစ်ယောက်ဖြစ်လာခဲ့တယ်။ ကျွန်တော့်ကလေးတွေလည်း ဒီမှာ မွေးဖွားခဲ့ပြီး အရာအားလုံးက ဒီမှာပဲရှိနေခဲ့တာပါ။ လန်ဒန်နဲ့ အထူးသဖြင့် ချဲလ်ဆီးက ကျွန်တော့်အတွက်တော့ အမြဲတမ်း ထူးခြားနေမှာပါ။ နိမ့်လိုက်၊ မြင့်လိုက်နဲ့ ၅ နှစ်က သာမန်ပဲ ဖြစ်ခဲ့ပေမယ့် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးနဲ့ပါ။ အဲဒါကြောင့်ပဲ ကျွန်တော် ပိုပြီးတောင် စိတ်ပျက်ခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မတူညီတဲ့ အဆုံးသတ်မျိုး ရှိချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ရူဒီဂါဟာ ချဲလ်ဆီးအသင်းနဲ့ အတူ နောက်ထပ် ဆုဖလားတစ်လုံး ရယူပြီးနောက် လမ်းခွဲချင်ခဲ့ပေမယ့်လည်း စနေနေ့ညနေက ဝင်ဘလေမှာ ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပြီး အက်ဖ်အေဖလားကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက်တော့ နှစ်ပေါင်းများစွာအတွင်း ၃ ကြိမ်မြောက် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလက ကာရာဘောင်းဖလား ဗိုလ်လုပွဲရှုံးနိမ့်မှုကလည်း ရူဒီဂါအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကာရာဘောင်းဖလား ဗိုလ်လုပွဲတုန်းကလိုပဲ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့တယ်။ သူတို့တွေလည်း ရခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ပင်နယ်တီက အမြဲတမ်း ထီထိုးရသလိုပဲဆိုတာ ကျွန်တော်တို့ သိခဲ့တယ်။ အဆုံးမှာတော့ အနိုင်ရဖို့ပါပဲ။ အခုပြောနေတာ ဒီနေ့ကိစ္စပါ။ နောက်လာမယ့်ရာသီအကြောင်း မဟုတ်ပါဘူး။ ဒီပွဲက ဒီနေ့အတွက်ဖြစ်ပြီး ဆုဖလား ရယူနိုင်ခဲ့ရမှာဖြစ်ပေမယ့် ဟုတ်ပါတယ်။ ကံဆိုးစွာနဲ့ ကျွန်တော်တို့ မရယူနိုင်ခဲ့ပါဘူး”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အန္တိုနီယို ႐ူဒီဂါက ယူေကအစိုးရရဲ့ ခ်ဲလ္ဆီးအသင္းအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာေတာ့မယ္ဆိုတဲ့ ေကာလာဟလေတြကို ျငင္းပယ္ခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ယခုေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၁၅၀၀၀ ရရွိမယ့္ ၄ ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ သတင္းေတြက ႐ူဒီဂါရဲ့ အေနာက္လန္ဒန္မွာ ၅ ႏွစ္ၾကာေနထိုင္ခဲ့မႈ အဆုံးသတ္ခဲ့တာဟာ အသင္းမွာ ရွိေနတဲ့ ကစားသမားေတြနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ေဆြးေႏြးညႇိႏွိုင္းခြင့္ ပိတ္ပင္ခံခဲ့ရတာေၾကာင့္ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂ်ာမနီလက္ေရြးစင္ ေနာက္ခံကစားသမားက ပိတ္ဆို႔ျပစ္ဒဏ္ခ်မွတ္ခံရတာေၾကာင့္ မဟုတ္ဘူးလို႔ လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ပါတယ္။

“အခြင့္အေရးေတြ ရွိခဲ့ေပမယ့္ ပိတ္ဆို႔ဒဏ္ခတ္မႈက ျပႆနာမဟုတ္ပါဘူး။ ကၽြန္ေတာ္ ဒီကိစၥေတြကို အတြင္းက်က်ႀကီး ေျပာမျပခ်င္ပါဘူး။ အဆုံးမွာေတာ့ အဲဒါက တစ္ဖက္တည္းေၾကာင့္ မဟုတ္ပါဘူး။ ၂ ဖက္စလုံးအတြက္ပါ။ ခ်ဲလ္ဆီးက ကၽြန္ေတာ့္ကို အရမ္းေကာင္းခဲ့တယ္။ ကၽြန္ေတာ္လည္း ခ်ဲလ္ဆီးကို အရမ္းေကာင္းခဲ့ပါတယ္”

“အျမဲတမ္းပဲ ကၽြန္ေတာ္ အရမ္း အရမ္းကို ေက်းဇူးတင္မိပါတယ္။ ကၽြန္ေတာ္ ဒီမွာ လူႀကီးတစ္ေယာက္ျဖစ္လာခဲ့တယ္။ ကၽြန္ေတာ့္ကေလးေတြလည္း ဒီမွာ ေမြးဖြားခဲ့ၿပီး အရာအားလုံးက ဒီမွာပဲရွိေနခဲ့တာပါ။ လန္ဒန္နဲ႔ အထူးသျဖင့္ ခ်ဲလ္ဆီးက ကၽြန္ေတာ့္အတြက္ေတာ့ အျမဲတမ္း ထူးျခားေနမွာပါ။ နိမ့္လိုက္၊ ျမင့္လိုက္နဲ႔ ၅ ႏွစ္က သာမန္ပဲ ျဖစ္ခဲ့ေပမယ့္ အေပါင္းလကၡဏာေဆာင္တဲ့အရာေတြ အမ်ားႀကီးနဲ႔ပါ။ အဲဒါေၾကာင့္ပဲ ကၽြန္ေတာ္ ပိုၿပီးေတာင္ စိတ္ပ်က္ခဲ့မိပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္က မတူညီတဲ့ အဆုံးသတ္မ်ိဳး ရွိခ်င္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

႐ူဒီဂါဟာ ခ်ဲလ္ဆီးအသင္းနဲ႔ အတူ ေနာက္ထပ္ ဆုဖလားတစ္လုံး ရယူၿပီးေနာက္ လမ္းခြဲခ်င္ခဲ့ေပမယ့္လည္း စေနေန႔ညေနက ဝင္ဘေလမွာ ယာဂန္ ကေလာ့ပ္ရဲ့ လီဗာပူးလ္အသင္းက ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အနိုင္ရရွိသြားၿပီး အက္ဖ္ေအဖလားကို ဆြတ္ခူးသြားနိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ႏွစ္ေပါင္းမ်ားစြာအတြင္း ၃ ႀကိမ္ေျမာက္ အက္ဖ္ေအဖလား ဗိုလ္လုပြဲ ရႈံးနိမ့္မႈျဖစ္ခဲ့ၿပီး ေဖေဖာ္ဝါရီလက ကာရာေဘာင္းဖလား ဗိုလ္လုပြဲရႈံးနိမ့္မႈကလည္း ႐ူဒီဂါအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကာရာေဘာင္းဖလား ဗိုလ္လုပြဲတုန္းကလိုပဲ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ အခြင့္အေရးေတြ ရခဲ့တယ္။ သူတို႔ေတြလည္း ရခဲ့တယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ ပင္နယ္တီက အျမဲတမ္း ထီထိုးရသလိုပဲဆိုတာ ကၽြန္ေတာ္တို႔ သိခဲ့တယ္။ အဆုံးမွာေတာ့ အနိုင္ရဖို႔ပါပဲ။ အခုေျပာေနတာ ဒီေန႔ကိစၥပါ။ ေနာက္လာမယ့္ရာသီအေၾကာင္း မဟုတ္ပါဘူး။ ဒီပြဲက ဒီေန႔အတြက္ျဖစ္ၿပီး ဆုဖလား ရယူနိုင္ခဲ့ရမွာျဖစ္ေပမယ့္ ဟုတ္ပါတယ္။ ကံဆိုးစြာနဲ႔ ကၽြန္ေတာ္တို႔ မရယူနိုင္ခဲ့ပါဘူး”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.