Premier League

မြောက်လန်ဒန်ဒါဘီရှုံးပွဲအတွက် နယူးကာဆယ်လ်ကို သတိပေးတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္လာနေ့ည နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်ကို မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောကြားခဲ့ပြီး အာဆင်နယ်အသင်းဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်က စိတ်ပျက်မှုတွေကို ချန်ထားပစ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟာ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး ကွင်းလယ်ဒိုင် ပေါလ် တီယာနီအပေါ်မှာ စိတ်ဆိုးနေခဲ့တာ ရှင်းလင်းနေခဲ့ပါတယ်။

အာတီတာက ရော့ဘ်ဟိုးဒင်းကို ၃၃ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ မထုတ်ပယ်မီ စပါးစ်ကို မပေးသင့်တဲ့ ပင်နယ်တီ ပေးခဲ့တဲ့ ပေါလ် တီယာနီရဲ့ စွမ်းဆောင်ရည်အပေါ် ၎င်းရဲ့အမြင်ကို ပြောကြားခဲ့မယ်ဆိုရင် ၆ လလောက် ပွဲပယ်ခံရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ထင်တာကို ကျွန်တော် ပြောလိုက်ရင် ၆ လလောက် ပွဲပယ်ခံရလိမ့်မယ်။ ကျွန်တော် ဘယ်လို လိမ်ရမလဲဆိုတာကို မသိတဲ့အတွက် ကျွန်တော် ထင်တာကို မပြောဘဲနေတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော့် ကစားသမားတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။ ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဒိုင်လူကြီးတွေကို ကင်မရာရှေ့လာပြီး ဒီဆုံးဖြတ်ချက်ကို ရှင်းပြစေချင်တယ်။ အဲဒါက နှမြောစရာပဲ။ ဘာလို့လဲဆိုတော့ ဒီလို လှပတဲ့ပွဲက ဖျက်ဆီးခံလိုက်ရလို့ပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စပါးစ်ဟာ အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီး လက်ကျန် ၂ ပွဲ ကျန်ရှိနေချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အားတက်စရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက စိန့် ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဟာ စိတ်သစ်လူသစ်နဲ့ နိုင်ပွဲတွေ ပြန်လည်ရယူနိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ တနင်္လာနေ့မှာ ကစားရမယ့် ပွဲကို အခု မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ကျွန်တော်ကတော့ အဲဒီလို ခံစားနေရပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် သမိုင်းတစ်ခုဖြစ်ပြီး အခုကတော့ နယူးကာဆယ်လ်နဲ့ပွဲ ကစားရမှာပါ။ မြောက်လန်ဒန်ဒါဘီပွဲစဉ်က ပြီးသွားပြီ။ ကျွန်တော်တို့ လက်ထဲကနေ လွင့်ထွက်သွားပြီဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ လက်ခံရမှာပါ။ အခု ကျွန်တော်တို့ နယူးကာဆယ်လ်အိမ်ကွင်းကို သွားပြီး ဒီကွင်းထဲမှာ ပွဲအစကတည်းက ခင်ဗျား မြင်ခဲ့တဲ့အာဆင်နယ်ဆိုတာ ဒါမျိုးပါလားဆိုတာကို ပြချင်တယ်”

“ကျွန်တော်တို့ အခြေအနေတစ်ခုခုမှာ ရှုံးနိမ့်နိုင်တဲ့အတွက် သူတို့ကို ရှုံးနိမ့်ခဲ့တယ်။ အဲဒါက နာကျင်စရာဖြစ်ပေမယ့် အဲဒီနာကျင်မှုက အကြာကြီး ထိန်းသိမ်းထားလို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ တနင်္လာနေ့မှာ နောက်ထပ်ကြီးမားတဲ့ပွဲတစ်ပွဲ ရှိနေတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းၿပ အာတီတာဟာ တနလၤာေန႔ည နယူးကာဆယ္လ္ ယူနိုက္တက္နဲ႔ ကစားရမယ့္ ပြဲစဥ္ကို မေစာင့္ဆိုင္းနိုင္ေတာ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး အာဆင္နယ္အသင္းဟာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္က စိတ္ပ်က္မႈေတြကို ခ်န္ထားပစ္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပဟာ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အလြန္အမင္း ေဒါသထြက္ေနခဲ့ၿပီး ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီအေပၚမွာ စိတ္ဆိုးေနခဲ့တာ ရွင္းလင္းေနခဲ့ပါတယ္။

အာတီတာက ေရာ့ဘ္ဟိုးဒင္းကို ၃၃ မိနစ္မွာ ၂ ဝါ ၁ နီနဲ႔ မထုတ္ပယ္မီ စပါးစ္ကို မေပးသင့္တဲ့ ပင္နယ္တီ ေပးခဲ့တဲ့ ေပါလ္ တီယာနီရဲ့ စြမ္းေဆာင္ရည္အေပၚ ၎ရဲ့အျမင္ကို ေျပာၾကားခဲ့မယ္ဆိုရင္ ၆ လေလာက္ ပြဲပယ္ခံရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ထင္တာကို ကၽြန္ေတာ္ ေျပာလိုက္ရင္ ၆ လေလာက္ ပြဲပယ္ခံရလိမ့္မယ္။ ကၽြန္ေတာ္ ဘယ္လို လိမ္ရမလဲဆိုတာကို မသိတဲ့အတြက္ ကၽြန္ေတာ္ ထင္တာကို မေျပာဘဲေနတာ ပိုေကာင္းပါလိမ့္မယ္။ ကၽြန္ေတာ့္ ကစားသမားေတြနဲ႔ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ ကၽြန္ေတာ့္ကစားသမားေတြအတြက္ ဂုဏ္ယူမိပါတယ္။ ကၽြန္ေတာ္ ဒိုင္လူႀကီးေတြကို ကင္မရာေရွ႕လာၿပီး ဒီဆုံးျဖတ္ခ်က္ကို ရွင္းျပေစခ်င္တယ္။ အဲဒါက ႏွေျမာစရာပဲ။ ဘာလို႔လဲဆိုေတာ့ ဒီလို လွပတဲ့ပြဲက ဖ်က္ဆီးခံလိုက္ရလို႔ပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

စပါးစ္ဟာ အာဆင္နယ္နဲ႔ ေျမာက္လန္ဒန္ဒါဘီမွာ အနိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၄ ေနရာက အာဆင္နယ္နဲ႔ ၁ မွတ္အကြာကို တက္လွမ္းနိုင္ခဲ့ၿပီး လက္က်န္ ၂ ပြဲ က်န္ရွိေနခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမၽွာ္လင့္ခ်က္အတြက္ အားတက္စရာ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္နည္းၿပ အာတီတာက စိန႔္ ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္ဟာ စိတ္သစ္လူသစ္နဲ႔ နိုင္ပြဲေတြ ျပန္လည္ရယူနိုင္မယ့္ အခြင့္အေရးျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ တနလၤာေန႔မွာ ကစားရမယ့္ ပြဲကို အခု မေစာင့္ဆိုင္းနိုင္ေတာ့ပါဘူး။ ကၽြန္ေတာ္ကေတာ့ အဲဒီလို ခံစားေနရပါတယ္။ ဒီပြဲက ကၽြန္ေတာ္တို႔အတြက္ သမိုင္းတစ္ခုျဖစ္ၿပီး အခုကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲ ကစားရမွာပါ။ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္က ၿပီးသြားၿပီ။ ကၽြန္ေတာ္တို႔ လက္ထဲကေန လြင့္ထြက္သြားၿပီျဖစ္ၿပီး အဲဒါကို ကၽြန္ေတာ္တို႔ လက္ခံရမွာပါ။ အခု ကၽြန္ေတာ္တို႔ နယူးကာဆယ္လ္အိမ္ကြင္းကို သြားၿပီး ဒီကြင္းထဲမွာ ပြဲအစကတည္းက ခင္ဗ်ား ျမင္ခဲ့တဲ့အာဆင္နယ္ဆိုတာ ဒါမ်ိဳးပါလားဆိုတာကို ျပခ်င္တယ္”

“ကၽြန္ေတာ္တို႔ အေျခအေနတစ္ခုခုမွာ ရႈံးနိမ့္နိုင္တဲ့အတြက္ သူတို႔ကို ရႈံးနိမ့္ခဲ့တယ္။ အဲဒါက နာက်င္စရာျဖစ္ေပမယ့္ အဲဒီနာက်င္မႈက အၾကာႀကီး ထိန္းသိမ္းထားလို႔မရနိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ တနလၤာေန႔မွာ ေနာက္ထပ္ႀကီးမားတဲ့ပြဲတစ္ပြဲ ရွိေနတာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.