Match Report Premier League

PSG တို့ ဂိုးပြတ်နိုင်ခဲ့ပေမယ့် အမ်ဘာပေး မပေးလို့ ဟက်ထရစ် မရခဲ့တဲ့ မက်ဆီ

လိဂန်ချန်ပီယံ ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်၊ ဘားနတ်နဲ့ ခယ်ရာတို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဗိုင်နယ်လ်ဒွမ် ပြန်ပါလာခဲ့သလို ဗာရက်တီ၊ အန်ဒါ ဟာရဲရားတို့နဲ့ တွဲပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ မက်ဆီ၊ ဒီမာရီယာနဲ့ အမ်ဘာပေတို့ အဝေးကွင်းမှာ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အဆင့် ၁၃ နေရာက မွန်ပယ်လီယေးကတော့ အာဆင်နယ်လူငယ်တိုက်စစ်မှူးဟောင်း စတက်ဖီ မာဗီဒီဒီကို အထောင်ထားခဲ့တာကလွဲလို့ နာမည်ရှိတဲ့ ကစားသမားအတော်နည်းခဲ့ပြီး မိုနာကိုနဲ့ မာဆေးလ်တိုက်စစ်မှူးဟောင်း ဗာလဲရီ ဂျယ်မန်ကလည်း အရန်ခုံမှာသာ ပါဝင်ခဲ့လို့ အိမ်ရှင်အဖြစ် ကစားခွင့်ရခဲ့ပေမယ့် ယှဉ်နိုင်စွမ်းတော့ နည်းပါးခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာပဲ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဘယ်ထောင့်ကန်ဘောကို အတိုပေးပြီး မက်ဆီ ပြန်ရသွားခဲ့ရာမှာ သူက အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ပြီး ပြန်ရောက်လာခဲ့တဲ့ ဘောလုံးကို အဝေးတိုင်ဘက် အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ မွန်ပယ်လီယေး ဘယ်တို့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဘယ်ခြမ်းကစားတဲ့ အမ်ဘာပေဆီက မက်ဆီအနေနဲ့ ဘောလုံးတော်တော်များများကို ပံ့ပိုးမှု ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာ ဂိုးသမား ဒွန်နာရမ်မာဆီကနေ စတင်ပစ်ပေးလိုက်တဲ့ ဘောလုံးကို ဘားနတ်က တစ်ဆင့် အမ်ဘာပေရရှိသွားခဲ့ပြီး သူ့ရဲ့ အမြော်အမြင်ရှိတဲ့ ပေးပို့မှုက မွန်ပယ်လီယေး ခံစစ်ကို ကျော်ကျလာခဲ့ရာမှာ မက်ဆီက ဂိုးသမားကိုပါ ဖြတ်ကျော်ပြီးမှ သွင်းယူသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ အမ်ဘာပေ ခြေယောင်ပြ လှည့်ထွက်ပြီး မက်ဆီအတွက် ဖြတ်တင်ပေးတဲ့ ဘောလုံးကို မွန်ပယ်လီယေးခံစစ်က ရှင်းထုတ်လိုက်တာကနေ ပြန်ကျလာတာကို ဒီမာရီယာက ညာခြမ်းကနေ မြေထောက် Volley ကန်ချက်နဲ့ ပြေးပိတ်သွားခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပီအက်စ်ဂျီတို့ပဲ ခြေအသာနဲ့ ကစားနိုင်ခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာတော့ မွန်ပယ်လီယေးဧရိယာထဲ ဆွဲပြေးတဲ့ အမ်ဘာပေကို နောက်ကနေ ဖိအလှဲခံခဲ့ရတာကြောင့် ဒိုင်လူကြီး ယေရေမီ စတီနတ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့တာပါ။

ဒီပင်နယ်တီကိုတော့ အမ်ဘာပေက သူကိုယ်တိုင် ရှာဖွေခဲ့တဲ့ အခွင့်အရေးကို သူကိုယ်တိုင်ပဲ ညာဘက်တိုင်ခြေကို ကန်သွင်းပြီး အဆုံးသတ်ခဲ့ပြီး ပထမပိုင်းမှာ သူဖန်တီးပေးထားလို့ နှစ်ဂိုးရခဲ့တဲ့ မက်ဆီကိုတော့ ဟက်ထရစ် ရဖို့အတွက် လွှဲပြောင်းပေးခဲ့ခြင်း မရှိတာကို တွေ့ခဲ့ရပြီး ပီအက်စ်ဂျီတို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပီအက်စ်ဂျီတို့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းတွေကို လူစားလဲကစားသွားခဲ့ကြပြီး နူနို မန်ဒက်စ်နဲ့ ဟာကီမီတို့ ဝင်လာပြီး ပွဲကို ထိန်းကစားသွားခဲ့ကြသလို ပွဲချိန် ၈၃ မိနစ်မှာ ရရှိတဲ့ အခွင့်အရေးကို မက်ဆီရဲ့ Volley ကန်ချက်က ဟန်ချက်ပျက်ပြီး ဘေးထွက်သွားခဲ့တာကြောင့် ဟက်ထရစ်နဲ့ လွဲခဲ့ရပြီး သူ့ရဲ့ ဒီနေ့နှစ်ဂိုးအပါအဝင် လိဂန်မှာ ၆ ဂိုးမြောက်ရရှိမှုနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့ အဝေးကွင်း စတေဒီ ဒီလာမော့ဆွန်မှာ အိမ်ရှင် မွန်ပယ်လီယေးအသင်းအပေါ် လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ပြင်သစ်ပြည်တွင်းမှာတော့ သူတို့သာ ဘုရင်ဆိုတာကို ပြသနိုင်ခဲ့သလို ဒုတိယနဲ့ တတိယနေရာတွေက မိုနာကိုနဲ့ မာဆေးလ်အသင်းတွေကို ၁၅ မှတ်အထိ ဖြတ်ပြနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဂန္ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မားကင္ညိဳ႕စ္၊ ဘားနတ္နဲ႔ ခယ္ရာတို႔ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗိုင္နယ္လ္ဒြမ္ ျပန္ပါလာခဲ့သလို ဗာရက္တီ၊ အန္ဒါ ဟာရဲရားတို႔နဲ႔ တြဲေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ မက္ဆီ၊ ဒီမာရီယာနဲ႔ အမ္ဘာေပတို႔ အေဝးကြင္းမွာ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

အဆင့္ ၁၃ ေနရာက မြန္ပယ္လီေယးကေတာ့ အာဆင္နယ္လူငယ္တိုက္စစ္မႉးေဟာင္း စတက္ဖီ မာဗီဒီဒီကို အေထာင္ထားခဲ့တာကလြဲလို႔ နာမည္ရွိတဲ့ ကစားသမားအေတာ္နည္းခဲ့ၿပီး မိုနာကိုနဲ႔ မာေဆးလ္တိုက္စစ္မႉးေဟာင္း ဗာလဲရီ ဂ်ယ္မန္ကလည္း အရန္ခုံမွာသာ ပါဝင္ခဲ့လို႔ အိမ္ရွင္အျဖစ္ ကစားခြင့္ရခဲ့ေပမယ့္ ယွဥ္ႏိုင္စြမ္းေတာ့ နည္းပါးခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာပဲ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဘယ္ေထာင့္ကန္ေဘာကို အတိုေပးၿပီး မက္ဆီ ျပန္ရသြားခဲ့ရာမွာ သူက အမ္ဘာေပနဲ႔ ဝမ္းတူး႐ိုက္ၿပီး ျပန္ေရာက္လာခဲ့တဲ့ ေဘာလုံးကို အေဝးတိုင္ဘက္ အနိမ့္ေဘာ ကန္သြင္းႏိုင္ခဲ့လို႔ မြန္ပယ္လီေယး ဘယ္တို႔ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ဘယ္ျခမ္းကစားတဲ့ အမ္ဘာေပဆီက မက္ဆီအေနနဲ႔ ေဘာလုံးေတာ္ေတာ္မ်ားမ်ားကို ပံ့ပိုးမႈ ရရွိခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဂိုးသမား ဒြန္နာရမ္မာဆီကေန စတင္ပစ္ေပးလိုက္တဲ့ ေဘာလုံးကို ဘားနတ္က တစ္ဆင့္ အမ္ဘာေပရရွိသြားခဲ့ၿပီး သူ႔ရဲ႕ အေျမာ္အျမင္ရွိတဲ့ ေပးပို႔မႈက မြန္ပယ္လီေယး ခံစစ္ကို ေက်ာ္က်လာခဲ့ရာမွာ မက္ဆီက ဂိုးသမားကိုပါ ျဖတ္ေက်ာ္ၿပီးမွ သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန အမ္ဘာေပ ေျခေယာင္ျပ လွည့္ထြက္ၿပီး မက္ဆီအတြက္ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို မြန္ပယ္လီေယးခံစစ္က ရွင္းထုတ္လိုက္တာကေန ျပန္က်လာတာကို ဒီမာရီယာက ညာျခမ္းကေန ေျမေထာက္ Volley ကန္ခ်က္နဲ႔ ေျပးပိတ္သြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔ အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ပီအက္စ္ဂ်ီတို႔ပဲ ေျခအသာနဲ႔ ကစားႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ မြန္ပယ္လီေယးဧရိယာထဲ ဆြဲေျပးတဲ့ အမ္ဘာေပကို ေနာက္ကေန ဖိအလွဲခံခဲ့ရတာေၾကာင့္ ဒိုင္လူႀကီး ေယေရမီ စတီနတ္က ပင္နယ္တီ သတ္မွတ္ေပးခဲ့တာပါ။

ဒီပင္နယ္တီကိုေတာ့ အမ္ဘာေပက သူကိုယ္တိုင္ ရွာေဖြခဲ့တဲ့ အခြင့္အေရးကို သူကိုယ္တိုင္ပဲ ညာဘက္တိုင္ေျခကို ကန္သြင္းၿပီး အဆုံးသတ္ခဲ့ၿပီး ပထမပိုင္းမွာ သူဖန္တီးေပးထားလို႔ ႏွစ္ဂိုးရခဲ့တဲ့ မက္ဆီကိုေတာ့ ဟက္ထရစ္ ရဖို႔အတြက္ လႊဲေျပာင္းေပးခဲ့ျခင္း မရွိတာကို ေတြ႕ခဲ့ရၿပီး ပီအက္စ္ဂ်ီတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပီအက္စ္ဂ်ီတို႔ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းေတြကို လူစားလဲကစားသြားခဲ့ၾကၿပီး ႏူႏို မန္ဒက္စ္နဲ႔ ဟာကီမီတို႔ ဝင္လာၿပီး ပြဲကို ထိန္းကစားသြားခဲ့ၾကသလို ပြဲခ်ိန္ ၈၃ မိနစ္မွာ ရရွိတဲ့ အခြင့္အေရးကို မက္ဆီရဲ႕ Volley ကန္ခ်က္က ဟန္ခ်က္ပ်က္ၿပီး ေဘးထြက္သြားခဲ့တာေၾကာင့္ ဟက္ထရစ္နဲ႔ လြဲခဲ့ရၿပီး သူ႔ရဲ႕ ဒီေန႔ႏွစ္ဂိုးအပါအဝင္ လိဂန္မွာ ၆ ဂိုးေျမာက္ရရွိမႈနဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အေဝးကြင္း စေတဒီ ဒီလာေမာ့ဆြန္မွာ အိမ္ရွင္ မြန္ပယ္လီေယးအသင္းအေပၚ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ျပင္သစ္ျပည္တြင္းမွာေတာ့ သူတို႔သာ ဘုရင္ဆိုတာကို ျပသႏိုင္ခဲ့သလို ဒုတိယနဲ႔ တတိယေနရာေတြက မိုနာကိုနဲ႔ မာေဆးလ္အသင္းေတြကို ၁၅ မွတ္အထိ ျဖတ္ျပႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.