Carabao & FA Match Report Premier League

ပင်နယ်တီကံမပါတဲ့ ချဲလ်ဆီးဆီက ဒုတိယမြောက်ဖလားတစ်လုံး ထပ်သိမ်းတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ အင်ပြည့်အားပြည့် လူစာရင်းနဲ့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ အလက်ဇန်းဒါး-အာနိုးလ်၊ ရောဘတ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတေတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ သီယာဂို၊ ကီတာတို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ဂိုးသမား မန်ဒီ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ရူဒီဂါနဲ့ ချာလိုဘာတို့ ကစားလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဒဏ်ရာက သက်သာလာတဲ့ ကိုဗာချစ်၊ ဂျော်ဂျင်ညို၊ ရီးစ် ဂျိမ်းစ်နဲ့ မားကို့စ် အလွန်ဆိုတို့ ပွဲထွက်လာခဲ့ကြသလို တိုက်စစ်မှာတော့ မေဆန်မောင့်၊ ပူလီရှစ်ချ်နဲ့ လူကာကူးတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလားရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာလည်း ထုံးစံအတိုင်း လီဗာပူးလ်တို့ပဲ တိုက်စစ်ကစားပြီး ချဲလ်ဆီးတို့ ခံစစ်ကစားလာခဲ့သလို လူးဝစ် ဒီယက်ဇ်ရဲ့ ထိုးဖောက်မှုတွေကို တွဲဖက်တွေဖြစ်တဲ့ မာနေးနဲ့ ဆာလားတို့ မတွဲဖက်နိုင်တဲ့အတွက် ဂိုးရဖို့ ခက်နေခဲ့ပြီး ဂိုးသမား မန်ဒီကလည်း တော်တော်လေး တည်တည်ငြိမ်ငြိမ် ကာကွယ်နိုင်ခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာ အခွင့်အရေးကောင်းကို ပူလီရှစ်ချ် အသုံးမချနိုင်ခဲ့ဘဲ ပိတ်သွင်းပုံ ပျော့ခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ကြရသလို အလွန်ဆိုရဲ့ အနီးကပ် ကန်ချက်ကိုလည်း အယ်လစ်ဆန် ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာတော့ လီဗာပူးလ်တိုက်စစ်မှူး ဆာလား ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့လို့ ဂျိုတာနဲ့ လူစားလဲခဲ့ရပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့က ချဲလ်ဆီးထက် ကန်ခွင့် ပိုရခဲ့ပေမယ့် နှစ်သင်းစလုံးရဲ့ အဆုံးသတ်စွမ်းရည်ကတော့ ခပ်လွဲလွဲတွေပဲ ဖြစ်နေခဲ့လို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ချဲလ်ဆီးတို့က ပိုမိုခြိမ်းခြောက်နေခဲ့သလို အလွန်ဆိုရဲ့ မထင်မှတ်တဲ့ ဖရီးကစ်ကန်ချက်က ဘားထိထွက်သွားခဲ့လို့ လီဗာပူးလ်တို့ ဂိုးမပေးရဘဲ ကံကောင်းခဲ့ရတာပါ။

ချဲလ်ဆီးတို့ဘက်က လူကာကူးနဲ့ ပူလီရှစ်ချ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို လီဗာပူးလ်ဘက်ကလည်း လူးဝစ် ဒီယက်ဇ်နဲ့ ဂျိုတာတို့ အဆုံးသတ်မှုတွေက အလေ့အလွင့်တွေပဲ များနေခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ တိုင်ဘေးလွဲကြေး ကန်ချက်တွေက ပွဲပြီးခါနီးမှာတော့ တိုးတက်လာခဲ့ပြီး မိနစ် ၈၀ ကျော်အချိန်တွေမှာ တစ်ကြိမ်စီ တိုင်ထိခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းအပြီး သာမန် ပွဲချိန်အတွင်းမှာလည်း ဂိုးမရှိသရေဖြစ်နေတာကြောင့် အချိန်ပို နာရီဝက် ဆက်ကစားခဲ့ကြရပြီး ချဲလ်ဆီးတို့ရော လီဗာပူးလ်တို့ပါ အခွင့်အရေးတွေကို လွဲချော်ခဲ့ကြသလို နှစ်ဖက်ခံစစ်သမားတွေရဲ့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ကစားပုံတွေကိုလည်း ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က မျက်ကွယ်ပြုသွားခဲ့လို့ ပင်နယ်တီကန်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်သင်းကြားမှာ ဒုတိယမြောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ ၂၀၂၁-၂၂ ရာသီအတွင်း ပြည်တွင်းဖလားဖိုင်နယ်နောက်တစ်ကြိမ်မှာတော့ ချဲလ်ဆီးဘက်က ဂိုးသမား ကီပါ ဝင်မဖမ်းတော့ဘဲ မန်ဒီကိုပဲ ဆက်လက်အသုံးပြုခဲ့သလို လန်ဒန်သားတွေအတွက် မားကို့စ် အလွန်ဆိုက စကန်ရာမှာ အယ်လစ်ဆန်ကို လှည့်စားသွားနိုင်ခဲ့ပြီး လီဗာပူးလ်ရဲ့ မီလ်နာရဲ့ ကန်ချက်ကတော့ မန်ဒီလက်ဖျားနဲ့ ရှပ်ထိပြီး ဂိုးဝင်သွားခဲ့တာပါ။

ဒုတိယအကြိမ် ကန်ရာမှာတော့ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့ချိန်မှာ သီယာဂိုကတော့ လီဗာပူးလ်အတွက် မန်ဒီကို လှည့်စားပြီး တိုင်ခြေကို အသာအယာ ကန်သွင်းခဲ့သလို တတိယအကြိမ် ကန်ရာမှာတော့ ရီးစ် ဂျိမ်းစ်ရော ဖာမီနိုပါ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ကြပါတယ်။

စတုတ္ထအကြိမ် ကန်ရာမှာတော့ ချဲလ်ဆီးရဲ့ ဘာကလေနဲ့ လီဗာပူးလ်ရဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ အသီးသီး ဝင်အောင်ကန်သွင်းနိုင်ခဲ့ကြပြီး ပဉ္စမမြောက် ပင်နယ်တီမှာတော့ ချဲလ်ဆီးဘက်က ဂျော်ဂျင်ညို ကန်သွင်းနိုင်ခဲ့ပေမယ့် လီဗာပူးလ်တိုက်စစ်မှူး မာနေးရဲ့ ကန်သွင်းမှုကို နိုင်ငံအသင်းဖော် မန်ဒီက မှန်မှန်ကန်ကန် ခန့်မှန်းပြီး ဘယ်ဘက်ကို လှဲအိပ်ဖမ်းခဲ့လို့ လေးဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ဆက်လက်ကန်သွင်းကြရာမှာတော့ ဆဌမမြောက် ပင်နယ်တီကို ဇီးယက်ရှ်နဲ့ ဂျိုတာတို့ ဝင်အောင်ကန်သွင်းနိုင်ခဲ့ကြပေမယ့် သတ္တမမြောက် ပင်နယ်တီမှာတော့ ချဲလ်ဆီးရဲ့ မေဆန်မောင့် ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ချိန်မှာ လီဗာပူးလ်တို့အတွက် အနိုင်ရဗိုလ်စွဲဖို့ အခွင့်အရေးကိုတော့ လူစားဝင်ကစားသမား ဆီမီကတ်စ်က တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းရယူသွားခဲ့လို့ ခြောက်ဂိုး-ငါးဂိုးနဲ့ အက်ဖ်အေဖလားကို ၁၆ နှစ်ကြာ စောင့်ဆိုင်းအပြီးမှာ ရယူနိုင်ခဲ့တာပါ။

ဒီနေ့ပွဲရလဒ်ကြောင့် ဒီရာသီ အင်္ဂလန်ပြည်တွင်းဖလားတွေမှာ ချဲလ်ဆီးနဲ့ နည်းပြ တူဟယ်လ်တို့ နှစ်ကြိမ်ဆက်တိုက် ပင်နယ်တီတွေမှာပဲ လက်လွှတ်ခဲ့ရသလို လီဗာပူးလ်နဲ့ နည်းပြ ကလော့ပ်တို့ကတော့ သူတို့ရဲ့ ဖလားလေးလုံးအိပ်မက်အတွက် နှစ်လုံးကို ရယူနိုင်ခဲ့ပြီး ၅၀ ရာခိုင်နှုန်း အောင်မြင်မှု ရရှိခဲ့ပြီဖြစ်သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာရော ဆန္ဒပြည့်ဝနိုင်ဦးမလား စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ အင္ျပည့္အားျပည့္ လူစာရင္းနဲ႔ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ အလက္ဇန္းဒါး-အာႏိုးလ္၊ ေရာဘတ္ဆန္၊ ဗန္ဒိုက္၊ ကိုနာေတတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ သီယာဂို၊ ကီတာတို႔နဲ႔ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ မာေနးနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ ဂိုးသမား မန္ဒီ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ႐ူဒီဂါနဲ႔ ခ်ာလိုဘာတို႔ ကစားလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဒဏ္ရာက သက္သာလာတဲ့ ကိုဗာခ်စ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ မားကို႔စ္ အလြန္ဆိုတို႔ ပြဲထြက္လာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္၊ ပူလီရွစ္ခ်္နဲ႔ လူကာကူးတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အက္ဖ္ေအဖလားရဲ႕ ေနာက္ဆုံးဗိုလ္လုပြဲမွာလည္း ထုံးစံအတိုင္း လီဗာပူးလ္တို႔ပဲ တိုက္စစ္ကစားၿပီး ခ်ဲလ္ဆီးတို႔ ခံစစ္ကစားလာခဲ့သလို လူးဝစ္ ဒီယက္ဇ္ရဲ႕ ထိုးေဖာက္မႈေတြကို တြဲဖက္ေတြျဖစ္တဲ့ မာေနးနဲ႔ ဆာလားတို႔ မတြဲဖက္ႏိုင္တဲ့အတြက္ ဂိုးရဖို႔ ခက္ေနခဲ့ၿပီး ဂိုးသမား မန္ဒီကလည္း ေတာ္ေတာ္ေလး တည္တည္ၿငိမ္ၿငိမ္ ကာကြယ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာ အခြင့္အေရးေကာင္းကို ပူလီရွစ္ခ်္ အသုံးမခ်ႏိုင္ခဲ့ဘဲ ပိတ္သြင္းပုံ ေပ်ာ့ခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ၾကရသလို အလြန္ဆိုရဲ႕ အနီးကပ္ ကန္ခ်က္ကိုလည္း အယ္လစ္ဆန္ ကာကြယ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ လီဗာပူးလ္တိုက္စစ္မႉး ဆာလား ဒဏ္ရာေၾကာင့္ ဆက္မကစားႏိုင္ေတာ့လို႔ ဂ်ိဳတာနဲ႔ လူစားလဲခဲ့ရပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္တို႔က ခ်ဲလ္ဆီးထက္ ကန္ခြင့္ ပိုရခဲ့ေပမယ့္ ႏွစ္သင္းစလုံးရဲ႕ အဆုံးသတ္စြမ္းရည္ကေတာ့ ခပ္လြဲလြဲေတြပဲ ျဖစ္ေနခဲ့လို႔ ဂိုးမရွိသေရရလဒ္ ထြက္ေပၚေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ခ်ဲလ္ဆီးတို႔က ပိုမိုၿခိမ္းေျခာက္ေနခဲ့သလို အလြန္ဆိုရဲ႕ မထင္မွတ္တဲ့ ဖရီးကစ္ကန္ခ်က္က ဘားထိထြက္သြားခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးမေပးရဘဲ ကံေကာင္းခဲ့ရတာပါ။

ခ်ဲလ္ဆီးတို႔ဘက္က လူကာကူးနဲ႔ ပူလီရွစ္ခ်္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို လီဗာပူးလ္ဘက္ကလည္း လူးဝစ္ ဒီယက္ဇ္နဲ႔ ဂ်ိဳတာတို႔ အဆုံးသတ္မႈေတြက အေလ့အလြင့္ေတြပဲ မ်ားေနခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ တိုင္ေဘးလြဲေၾကး ကန္ခ်က္ေတြက ပြဲၿပီးခါနီးမွာေတာ့ တိုးတက္လာခဲ့ၿပီး မိနစ္ ၈၀ ေက်ာ္အခ်ိန္ေတြမွာ တစ္ႀကိမ္စီ တိုင္ထိခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းအၿပီး သာမန္ ပြဲခ်ိန္အတြင္းမွာလည္း ဂိုးမရွိသေရျဖစ္ေနတာေၾကာင့္ အခ်ိန္ပို နာရီဝက္ ဆက္ကစားခဲ့ၾကရၿပီး ခ်ဲလ္ဆီးတို႔ေရာ လီဗာပူးလ္တို႔ပါ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ၾကသလို ႏွစ္ဖက္ခံစစ္သမားေတြရဲ႕ ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္ကစားပုံေတြကိုလည္း ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က မ်က္ကြယ္ျပဳသြားခဲ့လို႔ ပင္နယ္တီကန္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒီႏွစ္သင္းၾကားမွာ ဒုတိယေျမာက္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရတဲ့ ၂၀၂၁-၂၂ ရာသီအတြင္း ျပည္တြင္းဖလားဖိုင္နယ္ေနာက္တစ္ႀကိမ္မွာေတာ့ ခ်ဲလ္ဆီးဘက္က ဂိုးသမား ကီပါ ဝင္မဖမ္းေတာ့ဘဲ မန္ဒီကိုပဲ ဆက္လက္အသုံးျပဳခဲ့သလို လန္ဒန္သားေတြအတြက္ မားကို႔စ္ အလြန္ဆိုက စကန္ရာမွာ အယ္လစ္ဆန္ကို လွည့္စားသြားႏိုင္ခဲ့ၿပီး လီဗာပူးလ္ရဲ႕ မီလ္နာရဲ႕ ကန္ခ်က္ကေတာ့ မန္ဒီလက္ဖ်ားနဲ႔ ရွပ္ထိၿပီး ဂိုးဝင္သြားခဲ့တာပါ။

ဒုတိယအႀကိမ္ ကန္ရာမွာေတာ့ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့ခ်ိန္မွာ သီယာဂိုကေတာ့ လီဗာပူးလ္အတြက္ မန္ဒီကို လွည့္စားၿပီး တိုင္ေျခကို အသာအယာ ကန္သြင္းခဲ့သလို တတိယအႀကိမ္ ကန္ရာမွာေတာ့ ရီးစ္ ဂ်ိမ္းစ္ေရာ ဖာမီႏိုပါ အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့ၾကပါတယ္။

စတုတၳအႀကိမ္ ကန္ရာမွာေတာ့ ခ်ဲလ္ဆီးရဲ႕ ဘာကေလနဲ႔ လီဗာပူးလ္ရဲ႕ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ အသီးသီး ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ၾကၿပီး ပၪၥမေျမာက္ ပင္နယ္တီမွာေတာ့ ခ်ဲလ္ဆီးဘက္က ေဂ်ာ္ဂ်င္ညိဳ ကန္သြင္းႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္တိုက္စစ္မႉး မာေနးရဲ႕ ကန္သြင္းမႈကို ႏိုင္ငံအသင္းေဖာ္ မန္ဒီက မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ဘယ္ဘက္ကို လွဲအိပ္ဖမ္းခဲ့လို႔ ေလးဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ဆက္လက္ကန္သြင္းၾကရာမွာေတာ့ ဆဌမေျမာက္ ပင္နယ္တီကို ဇီးယက္ရွ္နဲ႔ ဂ်ိဳတာတို႔ ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ၾကေပမယ့္ သတၱမေျမာက္ ပင္နယ္တီမွာေတာ့ ခ်ဲလ္ဆီးရဲ႕ ေမဆန္ေမာင့္ ကန္ခ်က္ကို အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔အတြက္ အႏိုင္ရဗိုလ္စြဲဖို႔ အခြင့္အေရးကိုေတာ့ လူစားဝင္ကစားသမား ဆီမီကတ္စ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းရယူသြားခဲ့လို႔ ေျခာက္ဂိုး-ငါးဂိုးနဲ႔ အက္ဖ္ေအဖလားကို ၁၆ ႏွစ္ၾကာ ေစာင့္ဆိုင္းအၿပီးမွာ ရယူႏိုင္ခဲ့တာပါ။

ဒီေန႔ပြဲရလဒ္ေၾကာင့္ ဒီရာသီ အဂၤလန္ျပည္တြင္းဖလားေတြမွာ ခ်ဲလ္ဆီးနဲ႔ နည္းျပ တူဟယ္လ္တို႔ ႏွစ္ႀကိမ္ဆက္တိုက္ ပင္နယ္တီေတြမွာပဲ လက္လႊတ္ခဲ့ရသလို လီဗာပူးလ္နဲ႔ နည္းျပ ကေလာ့ပ္တို႔ကေတာ့ သူတို႔ရဲ႕ ဖလားေလးလုံးအိပ္မက္အတြက္ ႏွစ္လုံးကို ရယူႏိုင္ခဲ့ၿပီး ၅၀ ရာခိုင္ႏႈန္း ေအာင္ျမင္မႈ ရရွိခဲ့ၿပီျဖစ္သလို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြမွာေရာ ဆႏၵျပည့္ဝႏိုင္ဦးမလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.