Carabao & FA Premier League

ပင်နယ်တီကန်တိုင်း မရှုံးရတဲ့ လျှို့ဝှက်ချက်နဲ့ မာနေးပင်နယ်တီလွဲခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပင်နယ်တီ အဆုံးအဖြတ်ဟာ ထီထိုးရသလိုပဲလို့ ဝန်ခံခဲ့ပေမယ့် Neuro11 လို့ အမည်ရတဲ့ အဖွဲ့နဲ့ အလုပ်လုပ်ခဲ့တာက ၎င်းရဲ့အသင်းကို အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲတို့မှာ အသာစီးရရှိစေခဲ့တာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်နည်းပြက ၎င်းရဲ့အသင်းရော ချဲလ်ဆီးအသင်းကိုပါ ဝင်ဘလေက စွမ်းဆောင်ရည်အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး စနေနေ့ညနေက ပွဲစဉ်ဟာ ဖေဖော်ဝါရီလတုန်းက ကာရာဘောင်းဖလားပွဲစဉ်တုန်းကအတိုင်း မိနစ် ၁၂၀ အထိ ကစားပြီးနောက် ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ၇ ကြိမ်မြောက် ပင်နယ်တီ ကန်သွင်းမှုမှသာ အဖြေထွက်ခဲ့ပြီး ဆီမီကပ်စ်က မေဆန် မောင့်ရဲ့ လွဲချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ပွဲစဉ်တလျှောက်လုံး ၂ သင်းစလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို ချီးကျူးခဲ့ပြီး ၎င်းရဲ့အသင်းကို အပြင်ဘက်က ကူညီပေးခဲ့တဲ့ အဖွဲ့ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ “အရေးအကြီးဆုံးက ချဲလ်ဆီးအသင်းကို လေးစားမှုပေးပါတယ်။ ကောင်းလိုက်တဲ့အသင်း၊ ကောင်းလိုက်တဲ့ စွမ်းဆောင်ရည်။ အဆုံးမှာတော့ ကျွန်တော်တို့အားလုံး ပင်နယ်တီ အဆုံးအဖြတ်ခံယူတာက ထီထိုးသလိုပဲ ဆိုတာ သိကြပါတယ်။ အဲဒီလိုပဲ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် လုပ်နိုင်ခဲ့တယ်”

“ကျွန်တော်တို့ လူ ၄ ယောက်ပါတဲ့ အဖွဲ့နဲ့ အလုပ်အတူတူ လုပ်ခဲ့ပြီး သူတို့နာမည်က Neuro11 တဲ့။ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ သူတို့နဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့ထဲက တစ်ယောက်က အာရုံကြောပညာရှင်ပါ။ သူက ကျွန်တော်တို့ ပင်နယ်တီ ကန်သွင်းမှုကို လေ့ကျင့်နိုင်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်က “စိတ်ဝင်စားစရာပဲ။ လာခဲ့ပါ”လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ တွေ့ဆုံခဲ့ပြီး အတူတူအလုပ်လုပ်ခဲ့တယ်။ ဒီဖလားကလည်း ကာရာဘောင်းဖလားတုန်းကလိုပဲ သူတို့အတွက်ပါပဲ”

“ဆာဒီယိုရဲ့ ပင်နယ်တီလွဲချော်မှုက ကျွန်တော့်ရဲ့ တာဝန် အနည်းဆုံး ၅၀ ရာခိုင်နှုန်းပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကောင်လေးတွေကို သူတို့ လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့ရမှာဖြစ်ပေမယ့် ကျွန်တော်က ‘ဂိုးသမားက ဘယ်ဘက်ကို ကန်မလဲ သေချာသိနေတယ်။ အဲဒီတော့ တခြားဘက်ကိုသာ ကန်လိုက်’လို့ ပြောခဲ့မိပါတယ်။ ကျွန်တော့်ဘဝမှာ မကြာခဏဆိုသလိုပဲ ပါးစပ်ပိတ်ထားလိုက်တာ ပိုကောင်းမယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရအောင် လုပ်နိုင်ခဲ့ဆဲပါ။ အဲဒါက ကမ္ဘာကြီးတစ်ခုလို အဓိပ္ပာယ်ရှိတယ်။ အဲဒါက ကြီးမားတယ်။ အဲဒါက ခက်ခဲပါတယ်”

“ပထမ ၂၅ မိနစ်မှာ ကျွန်တော်တို့ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့အထဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ချဲလ်ဆီးက သူတို့မှာရှိတဲ့အရည်အသွေးတွေနဲ့ ပွဲထဲကို ပြန်လာနိုင်မယ့် နည်းကို တွေ့ခဲ့တယ်။ သူတို့တွေ အဲဒါကို လုပ်ခဲ့တယ်။ သူတို့တွေ ပွဲထဲမှာ နိမ့်လိုက်၊ မြင့်လိုက်နဲ့ အခွင့်အရေးတွေ ရခဲ့တယ်။ ကျွန်တော်တို့လည်း ကြီးမားတဲ့ အခွင့်အရေးတွေရခဲ့တယ်။ ကျွန်တော်တို့ထဲက ဘယ်သူမှ အဲဒါတွေကို အသုံးမချနိုင်ခဲ့ဘူး။ အဲဒီတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူတာက ယုတ္တိတန်တဲ့အရာဖြစ်ခဲ့ပါတယ်”

“အဲဒီလို လုပ်ရတာက ကောင်းမွန်တယ်လို့ ခံစားရသလိုပဲ။ ဒါပေမယ့် ခင်ဗျားကို ပြိုင်ဘက်အတွက် ဘယ်လောက်အထိ ခက်ခဲနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ပိုပြီး ပေးတယ်။ ရိုးရိုးသားသားပြောရရင် ချဲလ်ဆီးနဲ့ သူတို့တွေလုပ်ခဲ့တာတွေကို ကျွန်တော် လေးစားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ပင္နယ္တီ အဆုံးအျဖတ္ဟာ ထီထိုးရသလိုပဲလို႔ ဝန္ခံခဲ့ေပမယ့္ Neuro11 လို႔ အမည္ရတဲ့ အဖြဲ႕နဲ႔ အလုပ္လုပ္ခဲ့တာက ၎ရဲ့အသင္းကို အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲတို႔မွာ အသာစီးရရွိေစခဲ့တာျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္နည္းျပက ၎ရဲ့အသင္းေရာ ခ်ဲလ္ဆီးအသင္းကိုပါ ဝင္ဘေလက စြမ္းေဆာင္ရည္အတြက္ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး စေနေန႔ညေနက ပြဲစဥ္ဟာ ေဖေဖာ္ဝါရီလတုန္းက ကာရာေဘာင္းဖလားပြဲစဥ္တုန္းကအတိုင္း မိနစ္ ၁၂၀ အထိ ကစားၿပီးေနာက္ ဂိုးမသြင္းနိုင္တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ကို ခံယူခဲ့ရတာျဖစ္ပါတယ္။ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ ၇ ႀကိမ္ေျမာက္ ပင္နယ္တီ ကန္သြင္းမႈမွသာ အေျဖထြက္ခဲ့ၿပီး ဆီမီကပ္စ္က ေမဆန္ ေမာင့္ရဲ့ လြဲေခ်ာ္မႈကို အခြင့္ေကာင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က ပြဲစဥ္တေလၽွာက္လုံး ၂ သင္းစလုံးရဲ့ ႀကိဳးစားအားထုတ္မႈေတြကို ခ်ီးက်ဴးခဲ့ၿပီး ၎ရဲ့အသင္းကို အျပင္ဘက္က ကူညီေပးခဲ့တဲ့ အဖြဲ႕ကိုလည္း ခ်ီးက်ဴးဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။ “အေရးအႀကီးဆုံးက ခ်ဲလ္ဆီးအသင္းကို ေလးစားမႈေပးပါတယ္။ ေကာင္းလိုက္တဲ့အသင္း၊ ေကာင္းလိုက္တဲ့ စြမ္းေဆာင္ရည္။ အဆုံးမွာေတာ့ ကၽြန္ေတာ္တို႔အားလုံး ပင္နယ္တီ အဆုံးအျဖတ္ခံယူတာက ထီထိုးသလိုပဲ ဆိုတာ သိၾကပါတယ္။ အဲဒီလိုပဲ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ လုပ္နိုင္ခဲ့တယ္”

“ကၽြန္ေတာ္တို႔ လူ ၄ ေယာက္ပါတဲ့ အဖြဲ႕နဲ႔ အလုပ္အတူတူ လုပ္ခဲ့ၿပီး သူတို႔နာမည္က Neuro11 တဲ့။ ကၽြန္ေတာ္တို႔ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္မွာ သူတို႔နဲ႔ အဆက္အသြယ္ရခဲ့ၿပီး သူတို႔ထဲက တစ္ေယာက္က အာ႐ုံေၾကာပညာရွင္ပါ။ သူက ကၽြန္ေတာ္တို႔ ပင္နယ္တီ ကန္သြင္းမႈကို ေလ့က်င့္နိုင္မယ္လို႔ ေျပာခဲ့တယ္။ ကၽြန္ေတာ္က “စိတ္ဝင္စားစရာပဲ။ လာခဲ့ပါ”လို႔ ေျပာခဲ့တယ္။ ကၽြန္ေတာ္တို႔ ေတြ႕ဆုံခဲ့ၿပီး အတူတူအလုပ္လုပ္ခဲ့တယ္။ ဒီဖလားကလည္း ကာရာေဘာင္းဖလားတုန္းကလိုပဲ သူတို႔အတြက္ပါပဲ”

“ဆာဒီယိုရဲ့ ပင္နယ္တီလြဲေခ်ာ္မႈက ကၽြန္ေတာ့္ရဲ့ တာဝန္ အနည္းဆုံး ၅၀ ရာခိုင္ႏႈန္းပါပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ေကာင္ေလးေတြကို သူတို႔ လုပ္ခ်င္သလို လုပ္ခြင့္ေပးခဲ့ရမွာျဖစ္ေပမယ့္ ကၽြန္ေတာ္က ‘ဂိုးသမားက ဘယ္ဘက္ကို ကန္မလဲ ေသခ်ာသိေနတယ္။ အဲဒီေတာ့ တျခားဘက္ကိုသာ ကန္လိုက္’လို႔ ေျပာခဲ့မိပါတယ္။ ကၽြန္ေတာ့္ဘဝမွာ မၾကာခဏဆိုသလိုပဲ ပါးစပ္ပိတ္ထားလိုက္တာ ပိုေကာင္းမယ္ဆိုတာ ကၽြန္ေတာ္ သိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အနိုင္ရေအာင္ လုပ္နိုင္ခဲ့ဆဲပါ။ အဲဒါက ကမၻာႀကီးတစ္ခုလို အဓိပၸာယ္ရွိတယ္။ အဲဒါက ႀကီးမားတယ္။ အဲဒါက ခက္ခဲပါတယ္”

“ပထမ ၂၅ မိနစ္မွာ ကၽြန္ေတာ္တို႔ ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့အထဲမွာ အေကာင္းဆုံး ကစားနိုင္ခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဂိုးမသြင္းနိုင္ခဲ့ဘူး။ ခ်ဲလ္ဆီးက သူတို႔မွာရွိတဲ့အရည္အေသြးေတြနဲ႔ ပြဲထဲကို ျပန္လာနိုင္မယ့္ နည္းကို ေတြ႕ခဲ့တယ္။ သူတို႔ေတြ အဲဒါကို လုပ္ခဲ့တယ္။ သူတို႔ေတြ ပြဲထဲမွာ နိမ့္လိုက္၊ ျမင့္လိုက္နဲ႔ အခြင့္အေရးေတြ ရခဲ့တယ္။ ကၽြန္ေတာ္တို႔လည္း ႀကီးမားတဲ့ အခြင့္အေရးေတြရခဲ့တယ္။ ကၽြန္ေတာ္တို႔ထဲက ဘယ္သူမွ အဲဒါေတြကို အသုံးမခ်နိုင္ခဲ့ဘူး။ အဲဒီေတာ့ ပင္နယ္တီအဆုံးအျဖတ္ခံယူတာက ယုတၱိတန္တဲ့အရာျဖစ္ခဲ့ပါတယ္”

“အဲဒီလို လုပ္ရတာက ေကာင္းမြန္တယ္လို႔ ခံစားရသလိုပဲ။ ဒါေပမယ့္ ခင္ဗ်ားကို ၿပိဳင္ဘက္အတြက္ ဘယ္ေလာက္အထိ ခက္ခဲနိုင္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ပိုၿပီး ေပးတယ္။ ရိုးရိုးသားသားေျပာရရင္ ခ်ဲလ္ဆီးနဲ႔ သူတို႔ေတြလုပ္ခဲ့တာေတြကို ကၽြန္ေတာ္ ေလးစားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.