Premier League Transfer News

ဘရာဇီးလ်သားတိုက်စစ်ကစားသမားကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

ဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူးဟာ ယခုနွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ အာဆင်နယ်ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာတော့မယ်လို့ မျှော်မှန်းခြင်းခံနေရပါတယ်။

အာဆင်နယ်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား မားကင်နို့စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ကစားသမားအတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဆော်ပေါ်လိုအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ အပြီးမသတ်ခင် နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းဖို့ လိုအပ်နေသေးတာဖြစ်ပေမယ့် မားကင်နို့စ်ဟာ အာဆင်နယ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။

မားကင်နို့စ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၃ သန်းဝန်းကျင်ရှိနိုင်တယ်လို့ သိရပီး အာဆင်နယ်ဟာ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လူငယ်ကြယ်ပွင့်ကစားသမားကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာ စိုးရိမ်နေတဲ့ ဆော်ပေါ်လိုအသင်းရဲ့ စိုးရိမ်မှုကို အခွင့်ကောင်းယူပြီး စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ မားကင်နို့စ်ဟာ တောင်ပံကစားသမားအဖြစ် အဓိက ကစားနေတဲ့ ပါရမီရှင် လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အထောင်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။

မားကင်နို့စ်ဟာ ဘယ်သန်ဖြစ်ပြီး တောင်ပံ ၂ ဖက်စလုံးမှာ သက်တောင့်သက်သာ ကစားနိုင်ပေမယ့်လည်း အားသန်တဲ့ ဘယ်ခြေနဲ့ ချိုးဝင်ကန်သွင်းနိုင်တာကြောင့် ညာတောင်ပံမှာ ကစားရတာကို ပိုမိုနှစ်သက်သူဖြစ်ပါတယ်။ မားကင်နို့စ်ဟာ အသက် ၁၈ နှစ်အရွယ်မှာတင် ဆော်ပေါ်လို စီနီယာအသင်းအတွက် ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းက ဖလာမင်ဂိုနဲ့ပွဲမှာ အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အတည်ပြုပြောကြားချက်အရ မားကင်နို့စ်ဟာ အနာဂတ်အတွက် ရည်စူးပြီး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်တယ်လို့ သိရပြီး နောက်ဆုံးအချိန်အထိ အထစ်အငေါ့မရှိဘဲ သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ရာသီကြိုကာလအတွင်း ပထမအသင်းနဲ့အတူ အလုပ်လုပ်ဖို့ အခွင့်အရေး ရရှိနိုင်မှာ ဖြစ်ပါတယ်။

အမေရိကားကို သွားရောက်မယ့် ရာသီကြို ခရီးစဉ်မှာ အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့မယ်ဆိုရင် မားကင်နို့စ်အနေနဲ့ အာဆင်နယ် ပထမအသင်းမှာ တစ်နေရာ ရရှိနိုင်မှာဖြစ်ပြီး ၎င်းရဲ့ ရောက်ရှိလာမှုက စီနီယာတိုက်စစ်ကစားသမား ၂ ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်ရဲ့ နွေရာသီ အဓိကအပြောင်းအရွှေ့အစီအစဉ်အပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာမှာမဟုတ်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မြောက်လန်ဒန်ကလပ်ဟာ ဒေါမနစ် ကဲလ်ဗတ်-လူဝင်၊ ဂျော်နသန် ဒေးဗစ်၊ တန်မီ အေဘရာဟမ်တို့ကိုလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘရာဇီးလ္ဆယ္ေက်ာ္သက္တိုက္စစ္မႉးဟာ ယခုေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ အာဆင္နယ္ရဲ့ ပထမဆုံး ကစားသမား ေခၚယူမႈ ျဖစ္လာေတာ့မယ္လို႔ ေမၽွာ္မွန္းျခင္းခံေနရပါတယ္။

အာဆင္နယ္အသင္းဟာ ဘရာဇီးလ္ေတာင္ပံကစားသမား မားကင္နို႔စ္ကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး အသက္ ၁၉ ႏွစ္အရြယ္ ကစားသမားအတြက္ ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အာဆင္နယ္အသင္းဟာ ေဆာ္ေပၚလိုအသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး အေျပာင္းအေရႊ႕ အၿပီးမသတ္ခင္ ေနာက္ဆုံးအေသးစိတ္အခ်က္အလက္ေတြကို ညႇိႏွိုင္းဖို႔ လိုအပ္ေနေသးတာျဖစ္ေပမယ့္ မားကင္နို႔စ္ဟာ အာဆင္နယ္ရဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ပထမဆုံးကစားသမားေခၚယူမႈျဖစ္လာေတာ့မယ္လို႔ ေမၽွာ္လင့္ရပါတယ္။

မားကင္နို႔စ္ရဲ့ ေျပာင္းေရႊ႕ေၾကးဟာ ေပါင္ ၃ သန္းဝန္းက်င္ရွိနိုင္တယ္လို႔ သိရပီး အာဆင္နယ္ဟာ ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ လူငယ္ၾကယ္ပြင့္ကစားသမားကို အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမွာ စိုးရိမ္ေနတဲ့ ေဆာ္ေပၚလိုအသင္းရဲ့ စိုးရိမ္မႈကို အခြင့္ေကာင္းယူၿပီး ေစ်းသက္သက္သာသာနဲ႔ ေခၚယူနိုင္ခဲ့တာျဖစ္ပါတယ္။ မားကင္နို႔စ္ဟာ ေတာင္ပံကစားသမားအျဖစ္ အဓိက ကစားေနတဲ့ ပါရမီရွင္ လူငယ္တိုက္စစ္မႉးတစ္ဦးျဖစ္ၿပီး အေထာင္တိုက္စစ္မႉးအျဖစ္လည္း ကစားနိုင္သူ ျဖစ္ပါတယ္။

မားကင္နို႔စ္ဟာ ဘယ္သန္ျဖစ္ၿပီး ေတာင္ပံ ၂ ဖက္စလုံးမွာ သက္ေတာင့္သက္သာ ကစားနိုင္ေပမယ့္လည္း အားသန္တဲ့ ဘယ္ေျခနဲ႔ ခ်ိဳးဝင္ကန္သြင္းနိုင္တာေၾကာင့္ ညာေတာင္ပံမွာ ကစားရတာကို ပိုမိုႏွစ္သက္သူျဖစ္ပါတယ္။ မားကင္နို႔စ္ဟာ အသက္ ၁၈ ႏွစ္အရြယ္မွာတင္ ေဆာ္ေပၚလို စီနီယာအသင္းအတြက္ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဇူလိုင္လတုန္းက ဖလာမင္ဂိုနဲ႔ပြဲမွာ အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ေတြရဲ့ အတည္ျပဳေျပာၾကားခ်က္အရ မားကင္နို႔စ္ဟာ အနာဂတ္အတြက္ ရည္စူးၿပီး ေခၚယူခဲ့တဲ့ ကစားသမားျဖစ္တယ္လို႔ သိရၿပီး ေနာက္ဆုံးအခ်ိန္အထိ အထစ္အေငါ့မရွိဘဲ သေဘာတူညီမႈ ရရွိခဲ့မယ္ဆိုရင္ ရာသီႀကိဳကာလအတြင္း ပထမအသင္းနဲ႔အတူ အလုပ္လုပ္ဖို႔ အခြင့္အေရး ရရွိနိုင္မွာ ျဖစ္ပါတယ္။

အေမရိကားကို သြားေရာက္မယ့္ ရာသီႀကိဳ ခရီးစဥ္မွာ အထင္ႀကီးေအာင္ လုပ္ျပနိုင္ခဲ့မယ္ဆိုရင္ မားကင္နို႔စ္အေနနဲ႔ အာဆင္နယ္ ပထမအသင္းမွာ တစ္ေနရာ ရရွိနိုင္မွာျဖစ္ၿပီး ၎ရဲ့ ေရာက္ရွိလာမႈက စီနီယာတိုက္စစ္ကစားသမား ၂ ဦး ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္ရဲ့ ေႏြရာသီ အဓိကအေျပာင္းအေရႊ႕အစီအစဥ္အေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိလာမွာမဟုတ္တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး ေျမာက္လန္ဒန္ကလပ္ဟာ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္၊ ေဂ်ာ္နသန္ ေဒးဗစ္၊ တန္မီ ေအဘရာဟမ္တို႔ကိုလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.