La Liga Ligue1 Transfer News

အမ်ဘာပေရဲ့နေရာအတွက် ဘာဆာပစ်မှတ်ကို ကမ်းလှမ်းခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကို ကမ်းလှမ်းခဲ့တယ်လို့ ပိုလန်တိုက်စစ်မှူးရဲ့အေးဂျင့် ဇာဟာဗီရဲ့ ပြောကြားချက်အရ သိရပါတယ်။

လိဂန်းချန်ပီယံဟာ ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး စပိန်လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ခီလီယန် အမ်ဘာပေရဲ့ နေရာမှာ အစားထိုးခေါ်ယူဖို့အတွက် စျေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပါတယ်။

Le10Sport ရဲ့ သတင်းအရ ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပြီး ၎င်းရဲ့အေးဂျင့်ဟာ ကလပ်အသင်းအများအပြားနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ပိုလန် တိုက်စစ်မှူးကို ကမ်းလှမ်းမှု နောက်ဆုံး ပြုလုပ်ခဲ့တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၎င်းအနေနဲ့ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘူးလို့ အသိပေးထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၁ နှစ်ကျော်သာ ကျန်ရှိတော့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေက အာလင်း ဟာလန်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကို မပျော်မရွှင်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဇာဟာဗီဟာ ပိုလန်တိုက်စစ်မှူးအတွက် အသင်းသစ် ရှာဖွေဖို့ လုပ်ဆောင်နေပြီး ဘာစီလိုနာအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေတောင် ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း ဘာမှ ဆုံးဖြတ်ချက် ချမှတ်ရခြင်း မရှိသေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ချက်ကို လက်လျှော့ခြင်းမရှိသေးဘဲ ပြင်သစ်တိုက်စစ်မှူးဟာ ရာသီကုန်ဆုံးပြီးနောက် လာမယ့်ရက်သတ္တပတ်အတွင်းမှာ ၎င်းရဲ့ ဆုံးဖြတ်ချက်ကို အသိပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ လိဂန်းချန်ပီယံတွေဟာာ အမ်ဘာပေသာ အသင်းကို စွန့်ခွာသွားမယ်ဆိုရင် အစားထိုးခေါ်ယူမှု မဖြစ်မနေ လိုအပ်မှာဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးရဲ့အေးဂျင့်ကတော့ ၎င်းရဲ့ကစားသမားကို ဂျာမနီကနေ ထွက်ခွာစေချင်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဂျာဗီ မာတီနက်ဇ်က ဘလွန်ဒေါဆုဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဖို့ လီဗန်ဒေါ့ဗ်စကီး ဆုံးဖြတ်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရင်းဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မာတီနက်ဇ်က ပိုလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ် ဘလွန်ဒေါ ဆုပေးပွဲမှာ လီယွန်နယ် မက်ဆီကို ရှုံးနိမ့်ခဲ့တဲ့အတွက် မပျော်မရွှင်ဖြစ်ခဲ့ပြီး ကစားသမားဘဝကနေ အနားမယူမီ ဂုဏ်သိက္ခာကြီးမားတဲ့တစ်ဦးချင်းဆုကို အရယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဘိုင်ယန်က ခင်ဗျားကို မရောင်းထုတ်ချင်ဘူးဆိုရင် ခင်ဗျား သေပြီပဲ။ ဘာလို့လဲဆိုတော့ စာချုပ်လျော်ကြေး ထည့်ချုပ်ထားတာမရှိလို့ပါ။ ဒါပေမယ့် သူ ဘာဆာကို သွားဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော် ထင်တယ်။ လီဗန်က သူ စပိန်မှာသာ ကစားရင် ဘလွန်ဒေါဆု ၁ ဆု ဒါမှမဟုတ် ၂ ဆုလောက်တော့ ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒါကြောင့်ပဲ သူ အသင်းပြောင်းချင်နေတာပါ။ သူက ဘလွန်ဒေါနဲ့ ထိုက်တန်တယ်ဆိုတဲ့ ခံစားချက်မျိုးရှိနေပါတယ်။ စပိန်လိဂ်က ဘာဆာ သို့မဟုတ် မက်ဒရစ်မှာ ကစားရတာက ဘွန်ဒက်စ်လီဂါမှာ ကစားရတာနဲ့ မတူပါဘူး”

“သူ ရီးရဲလ် ဒါမှမဟုတ် ဘာဆာကို ပိုပြီး ပြောင်းချင်စိတ်ရှိလား။ ကျွန်တော် မနက်ဖြန်ကျရင် သူ့ကို မေးမှာပါ။ ကျွန်တော် ဒီနေ့ သူ့ကို စကားပြောခဲ့ပြီး သူက ကျွန်တော့်ကို နေ့စဉ်နဲ့အမျှ ခင်ဗျားမှာ မီးခိုးရောင်ဆံပင်တွေ ပိုများလာတယ်(ဆံပင်ဖြူလာခြင်းကိုဆိုလို)ဆိုပြီး ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာအသင္းက ေခၚယူဖို႔ ပစ္မွတ္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကို ကမ္းလွမ္းခဲ့တယ္လို႔ ပိုလန္တိုက္စစ္မႉးရဲ့ေအးဂ်င့္ ဇာဟာဗီရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။

လိဂန္းခ်န္ပီယံဟာ ယခုေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး စပိန္လာလီဂါခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ခီလီယန္ အမ္ဘာေပရဲ့ ေနရာမွာ အစားထိုးေခၚယူဖို႔အတြက္ ေစ်းကြက္ထဲမွာ ရွာေဖြေနတာျဖစ္ပါတယ္။

Le10Sport ရဲ့ သတင္းအရ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ယခုေႏြရာသီမွာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးကို စြန႔္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားၿပီး ၎ရဲ့ေအးဂ်င့္ဟာ ကလပ္အသင္းအမ်ားအျပားနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပရဲ့ ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ပိုလန္ တိုက္စစ္မႉးကို ကမ္းလွမ္းမႈ ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့အသင္းျဖစ္ခဲ့တာျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ၎အေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမွာမဟုတ္ဘူးလို႔ အသိေပးထားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘြန္ဒက္စ္လီဂါထိပ္တန္းဂိုးသြင္းရွင္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၁ ႏွစ္ေက်ာ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြက အာလင္း ဟာလန္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာကို မေပ်ာ္မရႊင္ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

ဇာဟာဗီဟာ ပိုလန္တိုက္စစ္မႉးအတြက္ အသင္းသစ္ ရွာေဖြဖို႔ လုပ္ေဆာင္ေနၿပီး ဘာစီလိုနာအသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြေတာင္ ျပဳလုပ္ထားခဲ့ၿပီး ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ကလည္း ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း ဘာမွ ဆုံးျဖတ္ခ်က္ ခ်မွတ္ရျခင္း မရွိေသးတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ အမ္ဘာေပကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ ေမၽွာ္လင့္ခ်က္ကို လက္ေလၽွာ့ျခင္းမရွိေသးဘဲ ျပင္သစ္တိုက္စစ္မႉးဟာ ရာသီကုန္ဆုံးၿပီးေနာက္ လာမယ့္ရက္သတၱပတ္အတြင္းမွာ ၎ရဲ့ ဆုံးျဖတ္ခ်က္ကို အသိေပးသြားမယ္လို႔ ေမၽွာ္လင့္ရပါတယ္။ လိဂန္းခ်န္ပီယံေတြဟာာ အမ္ဘာေပသာ အသင္းကို စြန႔္ခြာသြားမယ္ဆိုရင္ အစားထိုးေခၚယူမႈ မျဖစ္မေန လိုအပ္မွာျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးရဲ့ေအးဂ်င့္ကေတာ့ ၎ရဲ့ကစားသမားကို ဂ်ာမနီကေန ထြက္ခြာေစခ်င္ေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ ကစားသမားေဟာင္း ဂ်ာဗီ မာတီနက္ဇ္က ဘလြန္ေဒါဆုဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ဖို႔ လီဗန္ေဒါ့ဗ္စကီး ဆုံးျဖတ္ခဲ့ရတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ မာတီနက္ဇ္က ပိုလန္လက္ေရြးစင္အသင္းေခါင္းေဆာင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဘလြန္ေဒါ ဆုေပးပြဲမွာ လီယြန္နယ္ မက္ဆီကို ရႈံးနိမ့္ခဲ့တဲ့အတြက္ မေပ်ာ္မရႊင္ျဖစ္ခဲ့ၿပီး ကစားသမားဘဝကေန အနားမယူမီ ဂုဏ္သိကၡာႀကီးမားတဲ့တစ္ဦးခ်င္းဆုကို အရယူသြားဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဘိုင္ယန္က ခင္ဗ်ားကို မေရာင္းထုတ္ခ်င္ဘူးဆိုရင္ ခင္ဗ်ား ေသၿပီပဲ။ ဘာလို႔လဲဆိုေတာ့ စာခ်ဳပ္ေလ်ာ္ေၾကး ထည့္ခ်ဳပ္ထားတာမရွိလို႔ပါ။ ဒါေပမယ့္ သူ ဘာဆာကို သြားဖို႔ ျဖစ္နိုင္ေျခရွိတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ လီဗန္က သူ စပိန္မွာသာ ကစားရင္ ဘလြန္ေဒါဆု ၁ ဆု ဒါမွမဟုတ္ ၂ ဆုေလာက္ေတာ့ ရနိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ အဲဒါေၾကာင့္ပဲ သူ အသင္းေျပာင္းခ်င္ေနတာပါ။ သူက ဘလြန္ေဒါနဲ႔ ထိုက္တန္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိေနပါတယ္။ စပိန္လိဂ္က ဘာဆာ သို႔မဟုတ္ မက္ဒရစ္မွာ ကစားရတာက ဘြန္ဒက္စ္လီဂါမွာ ကစားရတာနဲ႔ မတူပါဘူး”

“သူ ရီးရဲလ္ ဒါမွမဟုတ္ ဘာဆာကို ပိုၿပီး ေျပာင္းခ်င္စိတ္ရွိလား။ ကၽြန္ေတာ္ မနက္ျဖန္က်ရင္ သူ႔ကို ေမးမွာပါ။ ကၽြန္ေတာ္ ဒီေန႔ သူ႔ကို စကားေျပာခဲ့ၿပီး သူက ကၽြန္ေတာ့္ကို ေန႔စဥ္နဲ႔အမၽွ ခင္ဗ်ားမွာ မီးခိုးေရာင္ဆံပင္ေတြ ပိုမ်ားလာတယ္(ဆံပင္ျဖဴလာျခင္းကိုဆိုလို)ဆိုၿပီး ေျပာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.