Ligue1 Premier League

၂၀၂၂ အတွက် လစာအမြင့်ဆုံးကစားသမားစာရင်းမှာ ရော်နယ်လ်ဒိုရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့တဲ့ မက်ဆီ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နောက်ထပ်တစ်ကြိမ် Forbes မဂ္ဂဇင်းရဲ့ လစာအမြင့်ဆုံး အားကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် ၎င်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီထက် လုပ်ခလစာ နည်းပါးနေတာက အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်အသင်းကို စွန့်ခွာပြီးနောက် မန်ချက်စတာယူနိုက်တက်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ် အပြန်ခရီးက စိတ်လှုပ်ရှားစရာကောင်းသလောက် ၎င်းရဲ့ အသင်းစွမ်းဆောင်ရည်ဟာ ဘာမှ ထူးထူးခြားခြား ကောင်းမွန်နေခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ခေတ်သစ်သမိုင်းတလျှောက် ရမှတ်အနိမ့်ဆုံး ရာသီကို အံ့အားသင့်ဖွယ်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာလည်း ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ Forbes က ထုတ်ပြန်ခဲ့တဲ့ လစာအမြင့်ဆုံးရရှိနေတဲ့ အားကစားသမားစာရင်းမှာ ရော်နယ်လ်ဒိုဟာ တတိယနေရာသာ ရပ်တည်နိုင်ခဲ့ပြီး ကွင်းအတွင်း ဝင်ငွေ ဒေါ်လာသန်း ၆၀ နဲ့ ကွင်းပြင်ပ ဝင်ငွေ ဒေါ်လာ ၅၅ သန်းရရှိနေတာဖြစ်ပါတယ်။

ဘတ်စကက်ဘောကြယ်ပွင့်ဖြစ်တဲ့ လီဘရွန် ဂျိမ်းစ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့သာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး အဆင့် ၃ နေရာသာ ရပ်တည်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ကွင်းအတွင်း ဝင်ငွေဟာ ပီအက်စ်ဂျီကြယ်ပွင့်တွေဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ ၂ ဦးစလုံးထက် လျော့နည်းနေတာဖြစ်ပါတယ်။ မက်ဆီဟာ ကွင်းအတွင်းဝင်ငွေ ဒေါ်လာ ၇၅ သန်း ရရှိနေပြီး ဘရာဇီးလ်တိုက်စစ်မှူး နေမာကတော့ ဒေါ်လာ သန်း ၇၀ ရရှိနေတာဖြစ်ပါတယ်။

Forbes က ၎င်းတို့ရဲ့ လစာအမြင့်မားဆုံးရရှိနေတဲ့ အားကစားသမား ၁၀ ဦးအတွက် စံနှုန်းဟာ “၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့အတွင်း ရရှိခဲ့တဲ့ ဆုကြေးငွေ၊ လစာနဲ့ အပိုဆုကြေးတွေအားလုံး ပါဝင်တဲ့ ကွင်းတွင်း ဝင်ငွေကို မူတည်ပြီး တွက်ချက်တာဖြစ်ပါတယ်။ ကွင်းပြင်ပ ဝင်ငွေကတော့ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မတိုင်ခင် ၁၂ လအတွင်း စပွန်ဆာသဘောတူညီမှုများ၊ ပွဲတက်ရောက်ခ၊ အမှတ်တရပစ္စည်းရောင်းချမှုများနဲ့ တရားဝင်လိုင်စင်ကနေ ဝင်ငွေများအပြင် အားကစားနယ်ပယ်အတွင်းက ကိုယ်စားလှယ်များနဲ့ ပြောဆိုမှုအပေါ် အခြေခံပြီး အားကစားသမားရဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကနေမဆို ပြန်လည်ရရှိလာတဲ့ ငွေသားများလည်း ပါဝင်ပါတယ်”

“Forbes က တွက်ချက်တဲ့အထဲမှာ အတိုးရရှိမှု သို့မဟုတ် ရှယ်ယာအမြတ်ငွေတို့လို ရင်းနှီးမြှုပ်နှံမှု ဝင်ငွေများ မပါဝင်ပေမယ့် ကစားသမားတွေ ရောင်းချခဲ့တဲ့ အစုရှယ်များဆီကနေ ပေးချေမှုတွေကိုတော့ ထည့်တွက်ထားပါတယ်။ Forbes က ဖော်ပြထားတဲ့ ငွေပမာဏဟာ အခွန် သို့မဟုတ် အေးဂျင့်ခ နုတ်ယူထားခြင်းမရှိပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့အတူ စိတ်ပျက်စရာ ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် ယူနိုက်တက်ကစားသမားတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တာကြောင့် လစာလျှော့ယူရတော့မှာဖြစ်တဲ့အတွက် ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကွင်းတွင်းဝင်ငွေ အနည်းငယ်ကျဆင်းသွားတော့မယ့်ပုံ ပေါ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်းဝန်းကျင် လျော့ကျသွားဖွယ်ရှိနေပြီး တစ်နှစ်ကို ပေါင် ၅.၂ သန်းအထိ လျော့နည်း ရရှိဖွယ် ရှိနေတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုမှာရှိတဲ့ အနိုင်မခံချင်တဲ့ စိတ်ဓာတ်မျိုးနဲ့ဆိုရင် ၎င်းရဲ့ အဓိက ပြိုင်ဘက်ကစားသမားတွေထက် ကွင်းပြင်ပ စုစုပေါင်းဝင်ငွေရရှိမှုကို အရင်ကထက် ပိုမိုများပြားလာအောင် ပိုလို့တောင် ကြိုးပမ်းသွားလိမ့်မယ်လို့ ပြောရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ေနာက္ထပ္တစ္ႀကိမ္ Forbes မဂၢဇင္းရဲ့ လစာအျမင့္ဆုံး အားကစားသမားစာရင္းထဲမွာ ပါဝင္ခဲ့ေပမယ့္ ၎ရဲ့ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီထက္ လုပ္ခလစာ နည္းပါးေနတာက အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကို စြန႔္ခြာၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္ကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ့ အိုးထရက္ဖို႔ဒ္ အျပန္ခရီးက စိတ္လႈပ္ရွားစရာေကာင္းသေလာက္ ၎ရဲ့ အသင္းစြမ္းေဆာင္ရည္ဟာ ဘာမွ ထူးထူးျခားျခား ေကာင္းမြန္ေနခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္ေခတ္သစ္သမိုင္းတေလၽွာက္ ရမွတ္အနိမ့္ဆုံး ရာသီကို အံ့အားသင့္ဖြယ္ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ဘရိုက္တန္နဲ႔ပြဲမွာလည္း ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ Forbes က ထုတ္ျပန္ခဲ့တဲ့ လစာအျမင့္ဆုံးရရွိေနတဲ့ အားကစားသမားစာရင္းမွာ ေရာ္နယ္လ္ဒိုဟာ တတိယေနရာသာ ရပ္တည္နိုင္ခဲ့ၿပီး ကြင္းအတြင္း ဝင္ေငြ ေဒၚလာသန္း ၆၀ နဲ႔ ကြင္းျပင္ပ ဝင္ေငြ ေဒၚလာ ၅၅ သန္းရရွိေနတာျဖစ္ပါတယ္။

ဘတ္စကက္ေဘာၾကယ္ပြင့္ျဖစ္တဲ့ လီဘရြန္ ဂ်ိမ္းစ္နဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီတို႔သာ မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉးရဲ့ အထက္မွာ ရပ္တည္နိုင္ခဲ့တာျဖစ္ၿပီး အဆင့္ ၃ ေနရာသာ ရပ္တည္နိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ့ ကြင္းအတြင္း ဝင္ေငြဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြျဖစ္တဲ့ မက္ဆီနဲ႔ ေနမာတို႔ ၂ ဦးစလုံးထက္ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။ မက္ဆီဟာ ကြင္းအတြင္းဝင္ေငြ ေဒၚလာ ၇၅ သန္း ရရွိေနၿပီး ဘရာဇီးလ္တိုက္စစ္မႉး ေနမာကေတာ့ ေဒၚလာ သန္း ၇၀ ရရွိေနတာျဖစ္ပါတယ္။

Forbes က ၎တို႔ရဲ့ လစာအျမင့္မားဆုံးရရွိေနတဲ့ အားကစားသမား ၁၀ ဦးအတြက္ စံႏႈန္းဟာ “၂၀၂၁ ခုႏွစ္ ေမလ ၁ ရက္ေန႔ကေန ၂၀၂၂ ခုႏွစ္ ေမလ ၁ ရက္ေန႔အတြင္း ရရွိခဲ့တဲ့ ဆုေၾကးေငြ၊ လစာနဲ႔ အပိုဆုေၾကးေတြအားလုံး ပါဝင္တဲ့ ကြင္းတြင္း ဝင္ေငြကို မူတည္ၿပီး တြက္ခ်က္တာျဖစ္ပါတယ္။ ကြင္းျပင္ပ ဝင္ေငြကေတာ့ ၂၀၂၂ ခုႏွစ္ ေမလ ၁ ရက္ေန႔မတိုင္ခင္ ၁၂ လအတြင္း စပြန္ဆာသေဘာတူညီမႈမ်ား၊ ပြဲတက္ေရာက္ခ၊ အမွတ္တရပစၥည္းေရာင္းခ်မႈမ်ားနဲ႔ တရားဝင္လိုင္စင္ကေန ဝင္ေငြမ်ားအျပင္ အားကစားနယ္ပယ္အတြင္းက ကိုယ္စားလွယ္မ်ားနဲ႔ ေျပာဆိုမႈအေပၚ အေျခခံၿပီး အားကစားသမားရဲ့ ဘယ္လိုစီးပြားေရးလုပ္ငန္းမ်ိဳးကေနမဆို ျပန္လည္ရရွိလာတဲ့ ေငြသားမ်ားလည္း ပါဝင္ပါတယ္”

“Forbes က တြက္ခ်က္တဲ့အထဲမွာ အတိုးရရွိမႈ သို႔မဟုတ္ ရွယ္ယာအျမတ္ေငြတို႔လို ရင္းႏွီးျမႇုပ္ႏွံမႈ ဝင္ေငြမ်ား မပါဝင္ေပမယ့္ ကစားသမားေတြ ေရာင္းခ်ခဲ့တဲ့ အစုရွယ္မ်ားဆီကေန ေပးေခ်မႈေတြကိုေတာ့ ထည့္တြက္ထားပါတယ္။ Forbes က ေဖာ္ျပထားတဲ့ ေငြပမာဏဟာ အခြန္ သို႔မဟုတ္ ေအးဂ်င့္ခ ႏုတ္ယူထားျခင္းမရွိပါ”လို႔ ထုတ္ျပန္ခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နဲ႔အတူ စိတ္ပ်က္စရာ ရာသီကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ယူနိုက္တက္ကစားသမားေတြဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့တာေၾကာင့္ လစာေလၽွာ့ယူရေတာ့မွာျဖစ္တဲ့အတြက္ ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ ကြင္းတြင္းဝင္ေငြ အနည္းငယ္က်ဆင္းသြားေတာ့မယ့္ပုံ ေပၚပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ တစ္ပတ္လုပ္ခလစာ ေပါင္ ၁ သိန္းဝန္းက်င္ ေလ်ာ့က်သြားဖြယ္ရွိေနၿပီး တစ္ႏွစ္ကို ေပါင္ ၅.၂ သန္းအထိ ေလ်ာ့နည္း ရရွိဖြယ္ ရွိေနတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုမွာရွိတဲ့ အနိုင္မခံခ်င္တဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ဆိုရင္ ၎ရဲ့ အဓိက ၿပိဳင္ဘက္ကစားသမားေတြထက္ ကြင္းျပင္ပ စုစုေပါင္းဝင္ေငြရရွိမႈကို အရင္ကထက္ ပိုမိုမ်ားျပားလာေအာင္ ပိုလို႔ေတာင္ ႀကိဳးပမ္းသြားလိမ့္မယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.