Premier League UCL&UEL

လီဗာပူးလ်နဲ့ သမိုင်းကြောင်းတွေရှိတဲ့ ဒိုင်ကိုမှ ရွေးချယ်ပြီး တာဝန်ပေးလိုက်တဲ့ ယူအီးအက်ဖ်အေ

ယူအီးအက်ဖ်အေက ပြင်သစ်လူမျိုး ဒိုင်လူကြီး ကလေမွန် တူရ်ပန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဒီဒိုင်လူကြီးဟာ ကြိုးကြာနီတွေနဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တဲ့သူဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေမွန် တူရ်ပန်ဟာ ကိဗ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ယာဂန် ကလော့ပ်ရဲ့အသင်းက ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တဲ့အချိန်တုန်းက စတုတ္ထဒိုင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိမှာ ပြည်ပထွက်ကစားနေတဲ့ ဂိုးသမား ကားရီးယပ်စ်ဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးကို ဗိုလ်စွဲသွားစေမယ့် အခွင့်အရေး ၂ ခုကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအမှားမှာ ကားရီးယပ်ဟာ ဘောလုံးကို လက်နဲ့ လှိမ့်ပေးခဲ့ရာမှာ ဘန်ဇီးမားက ကြားဖြတ်ခဲ့ရာမှာ ဂိုးခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး နောက်ထပ်တစ်ကြိမ်မှာတော့ ဂါရတ် ဘေးလ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က ကန်သွင်းမှုကို ကာကွယ်ရာမှာ လက်ချော်ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ကားရီးယပ်စ်ရဲ့ လီဗာပူးလ်အတွက် ကစားပေးရတဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်ဟာ လက်ရှိမှာ ပရိသတ်အချစ်တော်ဖြစ်နေပြီဖြစ်တဲ့ အယ်လစ်ဆန်ကို အလျင်အမြန် ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ် ဗိုလ်လုပွဲကတော့ တူရ်ပန်ရဲ့ ပထမဆုံး ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ဖြစ်ပြီး ပြင်သစ်လူမျိုးဒိုင်လူကြီးဟာ ချန်ပီယံလိဂ်အတွေ့အကြုံတွေ အများအပြားရှိသူ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဒိုင်လူကြီးဟာ ဆာလား၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို မတက်ရောက်နိုင်ခင် ၁၆ သင်းရှုံးထွက်အဆင့်မှာ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ တူရ်ပန်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်ကို ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ရှုံးနိမ့်သွားခဲ့ပြီး အူနိုင်း အမ်မရီရဲ့အသင်းက ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပဲရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် တာဝန်ယူကိုင်တွယ်ဖို့ တူရ်ပန်ကို ခန့်အပ်မှုဟာ ကလော့ပ်ရဲ့အသင်းအတွက်တော့ သတင်းကောင်းတော့ မဟုတ်နိုင်ဘဲ ပြင်သစ်လူမျိုးဒိုင်လူကြီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်အများအပြားကို တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ လာလီဂါဘီလူးကြီးထက်ပိုပြီး အခြားအသင်းတွေကို နိုင်ပွဲရယူခွင့် မပြုခဲ့သေးတာဖြစ်ပါတယ်။

ပြင်သစ်လူမျိုးဒိုင်လူကြီးဟာ ရီးရဲလ်မက်ဒရစ်အသင်းပွဲစဉ်တွေကို ၄ ကြိမ်အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်က လူဒိုဂရက်စ်ကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲ၊ ၂၀၁၈ မှာ ရိုးမားကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲ၊ ၂၀၂၀ မှာ အင်တာမီလန်ကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲ၊ ယခုရာသီ ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယူအီးအက္ဖ္ေအက ျပင္သစ္လူမ်ိဳး ဒိုင္လူႀကီး ကေလမြန္ တူရ္ပန္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔ ယွဥ္ၿပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တာဝန္ယူကိုင္တြယ္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီး ဒီဒိုင္လူႀကီးဟာ ႀကိဳးၾကာနီေတြနဲ႔ သမိုင္းေၾကာင္းေတြ ရွိခဲ့တဲ့သူျဖစ္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကေလမြန္ တူရ္ပန္ဟာ ကိဗ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ယာဂန္ ကေလာ့ပ္ရဲ့အသင္းက ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္ခဲ့တဲ့အခ်ိန္တုန္းက စတုတၳဒိုင္အျဖစ္ တာဝန္ယူခဲ့သူျဖစ္ၿပီး လက္ရွိမွာ ျပည္ပထြက္ကစားေနတဲ့ ဂိုးသမား ကားရီးယပ္စ္ဟာ စပိန္လာလီဂါထိပ္သီးအသင္းႀကီးကို ဗိုလ္စြဲသြားေစမယ့္ အခြင့္အေရး ၂ ခုကို လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ပထမဆုံးအမွားမွာ ကားရီးယပ္ဟာ ေဘာလုံးကို လက္နဲ႔ လွိမ့္ေပးခဲ့ရာမွာ ဘန္ဇီးမားက ၾကားျဖတ္ခဲ့ရာမွာ ဂိုးခြင့္ျပဳေပးခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္မွာေတာ့ ဂါရတ္ ေဘးလ္ရဲ့ ပင္နယ္တီဧရိယာအျပင္ဘက္က ကန္သြင္းမႈကို ကာကြယ္ရာမွာ လက္ေခ်ာ္ၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ ကားရီးယပ္စ္ရဲ့ လီဗာပူးလ္အတြက္ ကစားေပးရတဲ့ ေနာက္ဆုံးပြဲစဥ္ျဖစ္ခဲ့ၿပီး နည္းၿပ ယာဂန္ ကေလာ့ပ္ဟာ လက္ရွိမွာ ပရိသတ္အခ်စ္ေတာ္ျဖစ္ေနၿပီျဖစ္တဲ့ အယ္လစ္ဆန္ကို အလ်င္အျမန္ ေခၚယူခဲ့ရတာျဖစ္ပါတယ္။ ယခုႏွစ္ ဗိုလ္လုပြဲကေတာ့ တူရ္ပန္ရဲ့ ပထမဆုံး ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္ရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္ျဖစ္ၿပီး ျပင္သစ္လူမ်ိဳးဒိုင္လူႀကီးဟာ ခ်န္ပီယံလိဂ္အေတြ႕အၾကဳံေတြ အမ်ားအျပားရွိသူ ျဖစ္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ ဒိုင္လူႀကီးဟာ ဆာလား၊ မာေနးတို႔ရဲ့ သြင္းဂိုးေတြနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို မတက္ေရာက္နိုင္ခင္ ၁၆ သင္းရႈံးထြက္အဆင့္မွာ လိုက္ပ္ဇစ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ဒုတိယအေက်ာ့ပြဲစဥ္ကို တာဝန္ယူ ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ တူရ္ပန္ဟာ ၿပီးခဲ့တဲ့ရာသီက ယူရိုပါလိဂ္ဗိုလ္လုပြဲမွာလည္း ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဗီလာရီးရဲလ္ကို ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ ရႈံးနိမ့္သြားခဲ့ၿပီး အူနိုင္း အမ္မရီရဲ့အသင္းက ဗိုလ္စြဲသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပဲရစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြက္ တာဝန္ယူကိုင္တြယ္ဖို႔ တူရ္ပန္ကို ခန႔္အပ္မႈဟာ ကေလာ့ပ္ရဲ့အသင္းအတြက္ေတာ့ သတင္းေကာင္းေတာ့ မဟုတ္နိုင္ဘဲ ျပင္သစ္လူမ်ိဳးဒိုင္လူႀကီးဟာ ရီးရဲလ္မက္ဒရစ္ရဲ့ ပြဲစဥ္အမ်ားအျပားကို တာဝန္ယူကိုင္တြယ္ခဲ့ရာမွာ လာလီဂါဘီလူးႀကီးထက္ပိုၿပီး အျခားအသင္းေတြကို နိုင္ပြဲရယူခြင့္ မျပဳခဲ့ေသးတာျဖစ္ပါတယ္။

ျပင္သစ္လူမ်ိဳးဒိုင္လူႀကီးဟာ ရီးရဲလ္မက္ဒရစ္အသင္းပြဲစဥ္ေတြကို ၄ ႀကိမ္အထိ တာဝန္ယူ ကိုင္တြယ္ခဲ့ဖူးၿပီး ၂၀၁၄ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္က လူဒိုဂရက္စ္ကို ၄-၀ နဲ႔ အနိုင္ရတဲ့ပြဲ၊ ၂၀၁၈ မွာ ရိုးမားကို ၂-၀ နဲ႔ အနိုင္ရတဲ့ပြဲ၊ ၂၀၂၀ မွာ အင္တာမီလန္ကို ၃-၂ နဲ႔ အနိုင္ရတဲ့ပြဲ၊ ယခုရာသီ ခ်ဲလ္ဆီးကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္ေတြကို ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.