Premier League

အစ်တီဟတ်ကွင်းအပြင်ဘက်မှာ ဂုဏ်ပြုစိုက်ထူမယ့် ရုပ်တုဖွင့်ပွဲကို တက်ရောက်မယ့် အဂွေရို

ဆာဂျီရို အဂွေရိုဟာ မန်ချက်စတာစီးတီးအသင်းက အမြဲတမ်း တည်ရှိနေမယ့် အမွေအနှစ်တွေကို ချန်ထားခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပုံတူရုပ်တု ထုတ်ဖော်ပြသမယ့်ပွဲကို တက်ရောက်သွားမှာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ မန်စီးတီးရဲ့ သမိုင်းအဝင်ဆုံး သွင်းဂိုးကို ကျူပီအာနဲ့ ပွဲစဉ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အသင်းက အစ်တီဟတ်ကွင်းပြင်ပမှာ အဂွေရိုရဲ့ ရုပ်တုကို ထုတ်ဖော်ပြသွားတော့မှာဖြစ်ပါတယ်။ ရုပ်တုပုံစံဟာ ၂၀၁၂ ခုနှစ်တုန်းက မန်ချက်စတာစီးတီးအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးပြီးနောက် အဂွေရိုရဲ့ အောင်ပွဲခံပုံဖြစ်ပြီး မန်စီးတီးဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

“အဲဒီအခိုက်အတန့်က အရာအားလုံး ပြောင်းလဲသွားခဲ့တဲ့အခိုက်အတန့်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျား အဲဒီကနေ ၁၀ နှစ်အတွင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်က ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကို မိတ်ဆက်ပေးလိုက်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်”လို့ မန်စီးတီးအသင်းဥက္ကဌ ခါလ်ဒွန်း အယ်လ် မူဘာရတ်က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က ကိုယ့်ကိုကိုယ် ပြန်မြင်ရမှာ အရမ်းကို စိတ်လှုပ်ရှားစရာပါပဲ။ မန်ချက်စတာက ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီလို လုပ်ပေးတဲ့အတွက် အသင်းကို အရမ်း ကျေးဇူးတင်မိပါတယ်။ အဲဒါက အရမ်းကို ထူးခြားတဲ့အရာတစ်ခုပါ”လို့ အဂွေရိုက ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့နှစ်မှာ အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ဆာဂျီယို အဂွေရို ထွက်ခွာသွားပြီးကတည်းက အစားထိုးနိုင်မယ့် တိုက်စစ်မှူးသစ် ရှာဖွေနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဒေါ့မွန်ကနေ ဟာလန်းကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဂွါဒီယိုလာရဲ့ အသင်းနဲ့ ယခုနွေရာသီမှာ ပူးပေါင်းသွားမှာဖြစ်ပြီး ဖီးလ် ဖိုဒန်က အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးကို ကမ္ဘာ့အကောင်းဆုံး အဆုံးသတ်သူတွေထဲက တစ်ဦးအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။

“အဲဒါ ကြီးမားတဲ့ကစားသမားခေါ်ယူမှုမျိုးပဲ။ ကျွန်တော်တို့ တိုက်စစ်မှူးမရှိဘဲ ကစားခဲ့ရပြီး အရမ်းကောင်းကောင်း လုပ်နိုင်တုန်းပါပဲ။ သူက အရမ်းကောင်းတဲ့ ဖြည့်စွက်မှု ဖြစ်လာမှာပါ။ သူ့မှာ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေ အများကြီးရှိတယ်။ သူက နောက်ကနေ ပြေးရတာကို နှစ်သက်တယ်။ အဲဒါက ကျွန်တော်တို့ ကစားပုံအတွက် ကျိန်းသေပေါက် ကောင်းမွန်လာမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆာဂ်ီရို အေဂြရိုဟာ မန္ခ်က္စတာစီးတီးအသင္းက အျမဲတမ္း တည္ရွိေနမယ့္ အေမြအႏွစ္ေတြကို ခ်န္ထားခဲ့တဲ့ ဂႏၲဝင္တိုက္စစ္မႉးအတြက္ ဂုဏ္ျပဳတဲ့အေနနဲ႔ ပုံတူ႐ုပ္တု ထုတ္ေဖာ္ျပသမယ့္ပြဲကို တက္ေရာက္သြားမွာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးဟာ မန္စီးတီးရဲ့ သမိုင္းအဝင္ဆုံး သြင္းဂိုးကို က်ဴပီအာနဲ႔ ပြဲစဥ္မွာ သြင္းယူေပးခဲ့တာျဖစ္ၿပီး အသင္းက အစ္တီဟတ္ကြင္းျပင္ပမွာ အေဂြရိုရဲ့ ႐ုပ္တုကို ထုတ္ေဖာ္ျပသြားေတာ့မွာျဖစ္ပါတယ္။ ႐ုပ္တုပုံစံဟာ ၂၀၁၂ ခုႏွစ္တုန္းက မန္ခ်က္စတာစီးတီးအတြက္ ေနာက္က် အနိုင္ဂိုးကို သြင္းယူေပးၿပီးေနာက္ အေဂြရိုရဲ့ ေအာင္ပြဲခံပုံျဖစ္ၿပီး မန္စီးတီးဟာ အာဂ်င္တီးနားၾကယ္ပြင့္ရဲ့ ေနာက္က်အနိုင္ဂိုးေၾကာင့္ ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

“အဲဒီအခိုက္အတန႔္က အရာအားလုံး ေျပာင္းလဲသြားခဲ့တဲ့အခိုက္အတန႔္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ခင္ဗ်ား အဲဒီကေန ၁၀ ႏွစ္အတြင္းကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ အဲဒီအခ်ိန္က ေရွ႕မွာ ဘာေတြရွိေနလဲဆိုတာကို မိတ္ဆက္ေပးလိုက္တဲ့ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္”လို႔ မန္စီးတီးအသင္းဥကၠဌ ခါလ္ဒြန္း အယ္လ္ မူဘာရတ္က ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၀ ႏွစ္က ကိုယ့္ကိုကိုယ္ ျပန္ျမင္ရမွာ အရမ္းကို စိတ္လႈပ္ရွားစရာပါပဲ။ မန္ခ်က္စတာက ကၽြန္ေတာ့္ရဲ့ ေဘာလုံးသမားဘဝကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ဒီလို လုပ္ေပးတဲ့အတြက္ အသင္းကို အရမ္း ေက်းဇူးတင္မိပါတယ္။ အဲဒါက အရမ္းကို ထူးျခားတဲ့အရာတစ္ခုပါ”လို႔ အေဂြရိုက ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အသင္းရဲ့တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဆာဂ်ီယို အေဂြရို ထြက္ခြာသြားၿပီးကတည္းက အစားထိုးနိုင္မယ့္ တိုက္စစ္မႉးသစ္ ရွာေဖြေနခဲ့တာျဖစ္ၿပီး အဂၤါေန႔မွာ ေဒါ့မြန္ကေန ဟာလန္းကို ေပါင္ ၅၁ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ဂြါဒီယိုလာရဲ့ အသင္းနဲ႔ ယခုေႏြရာသီမွာ ပူးေပါင္းသြားမွာျဖစ္ၿပီး ဖီးလ္ ဖိုဒန္က အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္မႉးကို ကမၻာ့အေကာင္းဆုံး အဆုံးသတ္သူေတြထဲက တစ္ဦးအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

“အဲဒါ ႀကီးမားတဲ့ကစားသမားေခၚယူမႈမ်ိဳးပဲ။ ကၽြန္ေတာ္တို႔ တိုက္စစ္မႉးမရွိဘဲ ကစားခဲ့ရၿပီး အရမ္းေကာင္းေကာင္း လုပ္နိုင္တုန္းပါပဲ။ သူက အရမ္းေကာင္းတဲ့ ျဖည့္စြက္မႈ ျဖစ္လာမွာပါ။ သူ႔မွာ ႐ုပ္ပိုင္းဆိုင္ရာ အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္။ သူက ေနာက္ကေန ေျပးရတာကို ႏွစ္သက္တယ္။ အဲဒါက ကၽြန္ေတာ္တို႔ ကစားပုံအတြက္ က်ိန္းေသေပါက္ ေကာင္းမြန္လာမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.