Premier League

အဆင့် ၄ ဝင်အောင် ကိုယ့်အသင်းပဲ ကိုယ်အာရုံစိုက်စမ်းပါလို့ အာတီတာကို ဒဲ့ပြောလိုက်တဲ့ ကွန်တီ

အာဆင်နယ်နည်းပြ အာတီတာဟာ မြောက်လန်ဒန်ဒါဘီမှာ တော့တင်ဟော့စပါးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့အတွက် ဒိုင်လူကြီးကို ပြစ်တင်ခဲ့ပြီးနောက် အန်တိုနီယို ကွန်တီက အာဆင်နယ်နည်းပြအနေနဲ့ စောဒကတက်တာတွေရပ်ပြီး ကိုယ့်အသင်းကိုပဲ အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းမှာ နိုင်ပွဲ ရယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျိန်းသေပေါက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမယ်ဆိုတာကို သိနေခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီး ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၁ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ၂ သင်းစလုံးအတွက် နောက်ဆုံးလက်ကျန် ၂ ပွဲဟာ အမှားခံလို့မရတော့တဲ့အခြေအနေ ဖြစ်လာတာဖြစ်ပါတယ်။

ဆီးဒရစ် ဆိုအာရက်စ်ဟာ ဆွန်ဟောင်မင်ကို တွန်းခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဟာရီ ကိန်းက စပါးစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပထမပိုင်း မပြီးဆုံးခင်မှာပဲ အင်္ဂလန်တိုက်စစ်မှူးက နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဟိုးဒင်းရဲ့ အနီကတ်ဟာ ဟာရီ ကိန်းရဲ့ သွင်းဂိုး ၂ ဂိုးကြားမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အာဆင်နယ်နောက်ခံလူဟာ ဆွန်ဟောင်မင်နဲ့ ယှဉ်ပြိုင်ရာမှာ ဒုတိယအကောင်းဆုံးသာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး စကားပြောဆိုရာမှာ အာတီတာက ဒိုင်လူကြီး ပေါလ် တီယာနီအပေါ် ၎င်းရဲ့ထင်မြင်ချက်အတိုင်း ပြောလို့မဖြစ်ဘူးဆိုတာကို “ကျွန်တော် ဘာထင်လဲဆိုတာ ပြောလို့မရနိုင်ပါဘူး။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော် ပွဲပယ်ခံရပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ ၎င်းရဲ့ ယူဆချက်ကို ဘာမှ မပြောခဲ့ပေမယ့် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် အာတီတာရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ကွန်တီက စိတ်မရှည်နိုင်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

“သူ စောဒကတက်တာ အရမ်းများတယ်။ သူ့အသင်းအပေါ်မှာပဲ ပိုပြီး အာရုံစိုက်ရမှာပါ။ သူ့ရဲ့အလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်ထားရမှာပါ။ သူ အလုပ်ဆက်လုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူက အရမ်းတော်တဲ့ နည်းပြဖြစ်နေလို့ပါ။ တစ်စုံတယောက်က တစ်ချိန်လုံး စောဒကတက်နေတာကို ကြားရတာ သိပ်အဆင်မပြေပါဘူး။ လီဗာပူးလ်နဲ့ပွဲတုန်းက ကျွန်တော် ဖာဘင်ညိုနဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေအားလုံးနဲ့ ပတ်သက်ပြီး စောဒကတက်တာ ခင်ဗျား ကြားရလား။ သူ ကျွန်တော့်ဆီက အကြံဉာဏ်လိုချင်ရင် ယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် မယူချင်ဘူးဆိုရင်လည်း ကျွန်တော် ဂရုမစိုက်ဘူး”

“ကျွန်တော် နားထောင်နေပြီး သူက စောဒကတက်တာ အရမ်းများတယ်။ သူက သူ့ရဲ့အသင်းအပေါ် ပိုပြီး အာရုံစိုက်နေရမှာဖြစ်ပြီး စောဒကတက်တဲ့အပေါ်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့အလုပ်က စရုံပဲရှိပါသေးတယ်။ သူ တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်ဆက်လုပ်နိုင်အောင် ကြိုးပမ်းရမှာပါ။ တစ်ချိန်လုံး နည်းပြတစ်ယောက် စောဒကတက်တာ နားထောင်နေရတာက သိပ်အဆင်မပြေပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းၿပ အာတီတာဟာ ေျမာက္လန္ဒန္ဒါဘီမွာ ေတာ့တင္ေဟာ့စပါးကို ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့အတြက္ ဒိုင္လူႀကီးကို ျပစ္တင္ခဲ့ၿပီးေနာက္ အန္တိုနီယို ကြန္တီက အာဆင္နယ္နည္းျပအေနနဲ႔ ေစာဒကတက္တာေတြရပ္ၿပီး ကိုယ့္အသင္းကိုပဲ အာ႐ုံစိုက္ဖို႔ ေျပာခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းမွာ နိုင္ပြဲ ရယူနိုင္ခဲ့မယ္ဆိုရင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ က်ိန္းေသေပါက္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိမယ္ဆိုတာကို သိေနခဲ့ေပမယ့္လည္း အိမ္ရွင္အသင္းရဲ့ အနိုင္ယူျခင္းကို ခံခဲ့ရၿပီး ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ေျမာက္လန္ဒန္ဒါဘီမွာ အနိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၄ ေနရာက အာဆင္နယ္နဲ႔ ၁ မွတ္အကြာကို ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး ၂ သင္းစလုံးအတြက္ ေနာက္ဆုံးလက္က်န္ ၂ ပြဲဟာ အမွားခံလို႔မရေတာ့တဲ့အေျခအေန ျဖစ္လာတာျဖစ္ပါတယ္။

ဆီးဒရစ္ ဆိုအာရက္စ္ဟာ ဆြန္ေဟာင္မင္ကို တြန္းခဲ့တာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဟာရီ ကိန္းက စပါးစ္အတြက္ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပထမပိုင္း မၿပီးဆုံးခင္မွာပဲ အဂၤလန္တိုက္စစ္မႉးက ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဟိုးဒင္းရဲ့ အနီကတ္ဟာ ဟာရီ ကိန္းရဲ့ သြင္းဂိုး ၂ ဂိုးၾကားမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ေနာက္ခံလူဟာ ဆြန္ေဟာင္မင္နဲ႔ ယွဥ္ၿပိဳင္ရာမွာ ဒုတိယအေကာင္းဆုံးသာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီး စကားေျပာဆိုရာမွာ အာတီတာက ဒိုင္လူႀကီး ေပါလ္ တီယာနီအေပၚ ၎ရဲ့ထင္ျမင္ခ်က္အတိုင္း ေျပာလို႔မျဖစ္ဘူးဆိုတာကို “ကၽြန္ေတာ္ ဘာထင္လဲဆိုတာ ေျပာလို႔မရနိုင္ပါဘူး။ အဲဒီလိုမွမဟုတ္ရင္ ကၽြန္ေတာ္ ပြဲပယ္ခံရပါလိမ့္မယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အာတီတာဟာ ၎ရဲ့ ယူဆခ်က္ကို ဘာမွ မေျပာခဲ့ေပမယ့္ ဒိုင္လူႀကီးေတြရဲ့ ဆုံးျဖတ္ခ်က္အေပၚ အာတီတာရဲ့ ေျပာၾကားခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ကြန္တီက စိတ္မရွည္နိုင္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

“သူ ေစာဒကတက္တာ အရမ္းမ်ားတယ္။ သူ႔အသင္းအေပၚမွာပဲ ပိုၿပီး အာ႐ုံစိုက္ရမွာပါ။ သူ႔ရဲ့အလုပ္အေပၚမွာ ပိုၿပီး အာ႐ုံစိုက္ထားရမွာပါ။ သူ အလုပ္ဆက္လုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းေတာ္တဲ့ နည္းျပျဖစ္ေနလို႔ပါ။ တစ္စုံတေယာက္က တစ္ခ်ိန္လုံး ေစာဒကတက္ေနတာကို ၾကားရတာ သိပ္အဆင္မေျပပါဘူး။ လီဗာပူးလ္နဲ႔ပြဲတုန္းက ကၽြန္ေတာ္ ဖာဘင္ညိဳနဲ႔ ျပစ္ဒဏ္က်ဴးလြန္မႈေတြအားလုံးနဲ႔ ပတ္သက္ၿပီး ေစာဒကတက္တာ ခင္ဗ်ား ၾကားရလား။ သူ ကၽြန္ေတာ့္ဆီက အႀကံဉာဏ္လိုခ်င္ရင္ ယူလို႔ရနိုင္ပါတယ္။ ဒါေပမယ့္ မယူခ်င္ဘူးဆိုရင္လည္း ကၽြန္ေတာ္ ဂ႐ုမစိုက္ဘူး”

“ကၽြန္ေတာ္ နားေထာင္ေနၿပီး သူက ေစာဒကတက္တာ အရမ္းမ်ားတယ္။ သူက သူ႔ရဲ့အသင္းအေပၚ ပိုၿပီး အာ႐ုံစိုက္ေနရမွာျဖစ္ၿပီး ေစာဒကတက္တဲ့အေပၚမွာမဟုတ္ဘူးလို႔ ကၽြန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔အလုပ္က စ႐ုံပဲရွိပါေသးတယ္။ သူ တည္တည္ၿငိမ္ၿငိမ္နဲ႔ အလုပ္ဆက္လုပ္နိုင္ေအာင္ ႀကိဳးပမ္းရမွာပါ။ တစ္ခ်ိန္လုံး နည္းျပတစ္ေယာက္ ေစာဒကတက္တာ နားေထာင္ေနရတာက သိပ္အဆင္မေျပပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.