Analysis Premier League

NLD မှာ အာတီတာ ဘာမှားပြီး ကွန်တီ ဘာတွေ မှန်ခဲ့လို့ အပြတ်အသတ်ဖြစ်ခဲ့ရတာလဲ

ဆီးဒရစ်ကို သုံးတာ မှားခဲ့တဲ့ အာတီတာ
အာတီတာအနေနဲ့ ဒီနေ့လို ပွဲကြီးမျိုးကို မတိုးတတ်တဲ့ ပေါ်တူဂီနောက်ခံလူကို သုံးခဲ့တာက ပထမဆုံး အမှားတစ်ခုဖြစ်ခဲ့ပါတယ်။ ညာနောက်ခံလူဖြစ်ပြီးတော့ ဘယ်တောင်ပံသမား ဆွန်ဟောင်မင်ကို မထိန်းနိုင်ခဲ့လို့ ဖြစ်ချင်ရာဖြစ် ဟိုးလ်ဒင်းနဲ့ လွှတ်ပေးထားခဲ့တဲ့ ဆီးဒရစ်ဟာ နေရာယူပုံနဲ့ ဘောလုံး ပေးပို့ပုံတွေမှာလည်း အလွဲတွေပဲ များနေခဲ့ပြီး တစ်ပွဲလုံးကစားပုံက သူပေးခဲ့ရတဲ့ ပင်နယ်တီမှာ ဘောလုံးမလာခင် ဆွန်ဟောင်မင်ကို ဝင်တိုက်ပစ်ခဲ့တဲ့ လုပ်ရပ်နဲ့ ထပ်တူထပ်မျှ ဆိုးရွားခဲ့တာပါ။

လျင်မြန်မှုနဲ့ ခွန်အားကို အားကိုးတဲ့ ကွန်တီ
အာဆင်နယ်ကစားသမားတွေရဲ့ ကစားပုံမှာ လိုအပ်နေတာက လျင်မြန်မှုနဲ့ ခွန်အားဖြစ်ချိန်မှာ စပါးစ်တို့ဘက်မှာတော့ ဒီစွမ်းရည်က ပိုလျှံနေတာဖြစ်ပါတယ်။ ဟာရီကိန်းရဲ့ တိုးအား၊ ဆွန်ဟောင်မင်ရဲ့ အလှုပ်နဲ့ ကူလူရှက်ဗ်စကီးနဲ့ အီမာဆန် ရိုယဲလ်တို့ အတွဲအဖက်ညီညီနဲ့ ဖိအားပေးနိုင်ခဲ့တဲ့ ညာခြမ်းတိုက်စစ်တွေက အာဆင်နယ်ရဲ့ နှေးကွေးတဲ့ ချာကာ၊ ပုံမှန်မဖြစ်သေးတဲ့ တိုမီယာစုနဲ့ ခြေမပေါ်ခဲ့တဲ့ အယ်လ်နန်နီတို့ ထိန်းချုပ်ဖို့ ခက်ခဲ့တာဖြစ်ပြီး ကွန်တီရဲ့ လူတွေက အပါးနပ်ဆုံး ကစားနိုင်ခဲ့ကြတာပါ။

ဆုံးဖြတ်ဖို့ နှေးကွေးနေတဲ့ အာတီတာ
အာဆင်နယ်တို့ရဲ့ ခံစစ်မှာ ဘယ်ခြမ်းက နှေးနေပြီး ညာခြမ်းက လွှတ်ထားခဲ့တာက တော်တော်ဆိုးရွားခဲ့အပြီးမှာ ဟိုးလ်ဒင်းရဲ့ ဘောလုံးကွင်းထဲ ယူလာခဲ့တဲ့ ဂျူဒိုကွက်လို့ စကိုင်းစပို့စ်ရဲ့ ဂျေမီ ရက်ဒ်နက်ပ်က ရှုတ်ချသွားခဲ့တဲ့ အဝါနှစ်ကတ်ကြောင့် တစ်ယောက်လျော့သွားခဲ့ချိန်မှာ ဘန်ဝှိုက်ကို ထည့်ပြီး စပါးစ်ရဲ့ တိုက်စစ်တွေကို ထိန်းချုပ်ရမယ့်အစား တိုမီယာစု၊ ချာကာ၊ ဂါဘရီယယ်လ်တို့နဲ့ 3 Back ကစားပြီး ဆေးမြီးတိုနဲ့ ကုခဲ့တာပါ။ ဒီအတွက် ဟာရီကိန်းရဲ့ ထောင့်ကန်ဘောက ဂိုးနဲ့ ဆွန်ဟောင်မင်ရဲ့ ဒုတိယပိုင်းအစ ဂိုးတွေကို ထပ်ပေးခဲ့ရပြီး မြောက်လန်ဒန်မှာ နာလံမထူနိုင်ခဲ့တာဖြစ်ပါတယ်။

Pressing ကစားပြီး တည်ငြိမ်ခွင့်မပေးတဲ့ ကွန်တီ
အာဆင်နယ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေက ချာကာနဲ့ အယ်လ်နန်နီတို့ရဲ့ စိတ်ကြိုက်ပေးပို့မှုတွေကနေ မြစ်ဖျားခံပြီး သူတို့ကနေမှာ ဆာကာ၊ အော်ဒီဂွါဒ်နဲ့ မာတီနယ်လီတို့က ဧရိယာထဲကို ပြန်ပို့တာပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ချာကာနဲ့ အယ်လ်နန်နီတို့ အချိန်မရအောင် ကူလူရှက်ဗ်စကီး၊ ဆွန်၊ ကိန်းတို့နဲ့ ဖိအားပေးပြီး ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်၊ ရိုယဲလ်နဲ့ ဆက်ဆီညွန်တို့က တက်ချုပ်ထားခဲ့လို့ အာဆင်နယ်တို့ ညာခြမ်းက လုံးဝသေသွားခဲ့ပြီး ဘယ်ခြမ်းကလည်း ပုံမှန်ကစားနေကျလူတွေ မဟုတ်လို့ အပျက်အစီးများသွားခဲ့တာဖြစ်ပါတယ်။

ပွဲကို ချဉ်းကပ်ပုံ အတွေးအခေါ်မှားတဲ့ အာတီတာ
ဒီနေ့လိုပွဲမျိုးက စပါးစ်ကွင်းမှာ သရေရင်ကို အာဆင်နယ်တို့ အခြေအနေကောင်းနေပြီဖြစ်ပါတယ်။ သွင်းဂိုးတွေ အပြန်အလှန်ရှာပြီး ယှဉ်ကစားဖို့ လုပ်ရမယ့်အစား ကိုယ့်လူအင်အားက နည်းနေတာ၊ ဆာကာ၊ အော်ဒီဂွါဒ်တို့ ကုန်နေပြီး စမစ်ရိုးက အရန်ခုံက ထမရတာ၊ ပေပေ၊ ဆမ်ဘီ လိုကွန်ဂါတို့ ထည့်လို့ မဖြစ်နိုင်တာတွေကို သိထားရမှာဖြစ်ချိန်မှာ အာတီတာအနေနဲ့ အောက်သင်းအဖြစ် လက်ခံကစားရမှာကို စိုးရိမ်နေပြီး ခေါင်းအေးအေး မထားဘဲ ပူပူလောင်လောင် ယှဉ်ကစားခဲ့တာက လာမယ့်ပွဲတွေမှာ ရုန်းကန်ရစေဖို့ ဖြစ်သွားခဲ့တာပါ။

စပါးစ်တိုက်စစ်ကို အကိုင်အတွယ် မတတ်တဲ့ အာတီတာ
အာတီတာအနေနဲ့ သူရင်ဆိုင်ရမယ့် ကစားသမားက ဒီနေ့မှာ သုံးယောက်တည်းသာ ရှိတယ်ဆိုတာနဲ့ သူတို့ရဲ့ သွင်းဂိုးတွေကို တားဆီးလိုက်ရင် ပြီးပြီဆိုတာကို သဘောမပေါက်ခဲ့တာပါ။ ဆွန်၊ ကိန်း၊ ကူလူရှက်ဗ်စကီးတို့ကလွဲလို့ စပါးစ်မှာ ဘယ်သူမှ ဂိုးမသွင်းဘူးဆိုတာကို သာမန်ပရိသတ်တွေတောင် သိထားချိန်မှာ သူတို့ကို ဧရိယာထဲမှာ နေရာလွတ် မပေးဘဲ ခေါင်းအေးအေးနဲ့ ကစားရမယ့်အစား ခေါင်းပူသွေးဆူတဲ့ ကစားသမားတွေက အမှားတွေကို ကျူးလွန်ခဲ့ပြီး ချာကာနဲ့ အယ်လ်နန်နီတို့ကလည်း အတွဲလိုက် ခံစစ်ရှေ့မှာ ချိတ်ဆက်ပိတ်ဆို့ပေးရမယ့်အစား တစ်ကွဲတစ်ပြားစီဖြစ်နေခဲ့လို့ ဂန်းနားတွေ ဘဝခါးသွားခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲအပြီး အာဆင်နယ်နဲ့ပွဲမှာပါ ဆက်မှန်တဲ့ ကွန်တီ
လီဗာပူးလ်ကို အားနည်းချက်တွေဖြစ်တဲ့ ကွင်းလယ်က ခပ်လေးလေး ဖာဘင်ညိုနဲ့ ခံစစ်မကစားတတ်တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကို ပစ်မှတ်ထားထိုးနှက်သွားခဲ့တဲ့ ကွန်တီဟာ ဒီနေ့မှာလည်း ခပ်ပျာပျာ ဂါဘရီယယ်လ်ကို ဟာရီကိန်းနဲ့ တက်လုံးခိုင်းပြီး အာနိုးလ်ဒ်လိုပဲ ခံစစ်ညံ့တဲ့ ဆီးဒရစ်နဲ့ ခပ်လေးလေး ဟိုးလ်ဒင်းတို့ကို ဆွန်ဟောင်မင်နဲ့ ဒုက္ခပေးခိုင်းခဲ့တာဖြစ်ပါတယ်။ ဘယ်ခြမ်းက ချာကာရဲ့ နှေးကွေးမှုကတော့ ကူလူရှက်ဗ်စကီးနဲ့ အီမာဆန် ရိုယဲလ်တို့အကြိုက်ဖြစ်ခဲ့ပြီး ကွန်တီအနေနဲ့ နှစ်ပွဲစလုံးမှာ ပြိုင်ဘက်အသင်းတွေရဲ့ အားနည်းချက်တွေကို ရှာဖွေထိုးနှက်သွားနိုင်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆီးဒရစ္ကို သုံးတာ မွားခဲ့တဲ့ အာတီတာ
အာတီတာအေနနဲ႔ ဒီေန႔လို ပြဲႀကီးမ်ိဳးကို မတိုးတတ္တဲ့ ေပၚတူဂီေနာက္ခံလူကို သုံးခဲ့တာက ပထမဆုံး အမွားတစ္ခုျဖစ္ခဲ့ပါတယ္။ ညာေနာက္ခံလူျဖစ္ၿပီးေတာ့ ဘယ္ေတာင္ပံသမား ဆြန္ေဟာင္မင္ကို မထိန္းႏိုင္ခဲ့လို႔ ျဖစ္ခ်င္ရာျဖစ္ ဟိုးလ္ဒင္းနဲ႔ လႊတ္ေပးထားခဲ့တဲ့ ဆီးဒရစ္ဟာ ေနရာယူပုံနဲ႔ ေဘာလုံး ေပးပို႔ပုံေတြမွာလည္း အလြဲေတြပဲ မ်ားေနခဲ့ၿပီး တစ္ပြဲလုံးကစားပုံက သူေပးခဲ့ရတဲ့ ပင္နယ္တီမွာ ေဘာလုံးမလာခင္ ဆြန္ေဟာင္မင္ကို ဝင္တိုက္ပစ္ခဲ့တဲ့ လုပ္ရပ္နဲ႔ ထပ္တူထပ္မွ် ဆိုး႐ြားခဲ့တာပါ။

လ်င္ျမန္မႈနဲ႔ ခြန္အားကို အားကိုးတဲ့ ကြန္တီ
အာဆင္နယ္ကစားသမားေတြရဲ႕ ကစားပုံမွာ လိုအပ္ေနတာက လ်င္ျမန္မႈနဲ႔ ခြန္အားျဖစ္ခ်ိန္မွာ စပါးစ္တို႔ဘက္မွာေတာ့ ဒီစြမ္းရည္က ပိုလွ်ံေနတာျဖစ္ပါတယ္။ ဟာရီကိန္းရဲ႕ တိုးအား၊ ဆြန္ေဟာင္မင္ရဲ႕ အလႈပ္နဲ႔ ကူလူရွက္ဗ္စကီးနဲ႔ အီမာဆန္ ႐ိုယဲလ္တို႔ အတြဲအဖက္ညီညီနဲ႔ ဖိအားေပးႏိုင္ခဲ့တဲ့ ညာျခမ္းတိုက္စစ္ေတြက အာဆင္နယ္ရဲ႕ ေႏွးေကြးတဲ့ ခ်ာကာ၊ ပုံမွန္မျဖစ္ေသးတဲ့ တိုမီယာစုနဲ႔ ေျခမေပၚခဲ့တဲ့ အယ္လ္နန္နီတို႔ ထိန္းခ်ဳပ္ဖို႔ ခက္ခဲ့တာျဖစ္ၿပီး ကြန္တီရဲ႕ လူေတြက အပါးနပ္ဆုံး ကစားႏိုင္ခဲ့ၾကတာပါ။

ဆုံးျဖတ္ဖို႔ ေႏွးေကြးေနတဲ့ အာတီတာ
အာဆင္နယ္တို႔ရဲ႕ ခံစစ္မွာ ဘယ္ျခမ္းက ေႏွးေနၿပီး ညာျခမ္းက လႊတ္ထားခဲ့တာက ေတာ္ေတာ္ဆိုး႐ြားခဲ့အၿပီးမွာ ဟိုးလ္ဒင္းရဲ႕ ေဘာလုံးကြင္းထဲ ယူလာခဲ့တဲ့ ဂ်ဴဒိုကြက္လို႔ စကိုင္းစပို႔စ္ရဲ႕ ေဂ်မီ ရက္ဒ္နက္ပ္က ရႈတ္ခ်သြားခဲ့တဲ့ အဝါႏွစ္ကတ္ေၾကာင့္ တစ္ေယာက္ေလ်ာ့သြားခဲ့ခ်ိန္မွာ ဘန္ဝႈိက္ကို ထည့္ၿပီး စပါးစ္ရဲ႕ တိုက္စစ္ေတြကို ထိန္းခ်ဳပ္ရမယ့္အစား တိုမီယာစု၊ ခ်ာကာ၊ ဂါဘရီယယ္လ္တို႔နဲ႔ 3 Back ကစားၿပီး ေဆးၿမီးတိုနဲ႔ ကုခဲ့တာပါ။ ဒီအတြက္ ဟာရီကိန္းရဲ႕ ေထာင့္ကန္ေဘာက ဂိုးနဲ႔ ဆြန္ေဟာင္မင္ရဲ႕ ဒုတိယပိုင္းအစ ဂိုးေတြကို ထပ္ေပးခဲ့ရၿပီး ေျမာက္လန္ဒန္မွာ နာလံမထူႏိုင္ခဲ့တာျဖစ္ပါတယ္။

Pressing ကစားၿပီး တည္ၿငိမ္ခြင့္မေပးတဲ့ ကြန္တီ
အာဆင္နယ္ရဲ႕ တိုက္စစ္လမ္းေၾကာင္းေတြက ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ရဲ႕ စိတ္ႀကိဳက္ေပးပို႔မႈေတြကေန ျမစ္ဖ်ားခံၿပီး သူတို႔ကေနမွာ ဆာကာ၊ ေအာ္ဒီဂြါဒ္နဲ႔ မာတီနယ္လီတို႔က ဧရိယာထဲကို ျပန္ပို႔တာပါ။ ဒါေပမယ့္ ဒီေန႔ပြဲမွာေတာ့ ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ အခ်ိန္မရေအာင္ ကူလူရွက္ဗ္စကီး၊ ဆြန္၊ ကိန္းတို႔နဲ႔ ဖိအားေပးၿပီး ကြင္းလယ္မွာေတာ့ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္၊ ႐ိုယဲလ္နဲ႔ ဆက္ဆီၫြန္တို႔က တက္ခ်ဳပ္ထားခဲ့လို႔ အာဆင္နယ္တို႔ ညာျခမ္းက လုံးဝေသသြားခဲ့ၿပီး ဘယ္ျခမ္းကလည္း ပုံမွန္ကစားေနက်လူေတြ မဟုတ္လို႔ အပ်က္အစီးမ်ားသြားခဲ့တာျဖစ္ပါတယ္။

ပြဲကို ခ်ဥ္းကပ္ပုံ အေတြးအေခၚမွားတဲ့ အာတီတာ
ဒီေန႔လိုပြဲမ်ိဳးက စပါးစ္ကြင္းမွာ သေရရင္ကို အာဆင္နယ္တို႔ အေျခအေနေကာင္းေနၿပီျဖစ္ပါတယ္။ သြင္းဂိုးေတြ အျပန္အလွန္ရွာၿပီး ယွဥ္ကစားဖို႔ လုပ္ရမယ့္အစား ကိုယ့္လူအင္အားက နည္းေနတာ၊ ဆာကာ၊ ေအာ္ဒီဂြါဒ္တို႔ ကုန္ေနၿပီး စမစ္႐ိုးက အရန္ခုံက ထမရတာ၊ ေပေပ၊ ဆမ္ဘီ လိုကြန္ဂါတို႔ ထည့္လို႔ မျဖစ္ႏိုင္တာေတြကို သိထားရမွာျဖစ္ခ်ိန္မွာ အာတီတာအေနနဲ႔ ေအာက္သင္းအျဖစ္ လက္ခံကစားရမွာကို စိုးရိမ္ေနၿပီး ေခါင္းေအးေအး မထားဘဲ ပူပူေလာင္ေလာင္ ယွဥ္ကစားခဲ့တာက လာမယ့္ပြဲေတြမွာ ႐ုန္းကန္ရေစဖို႔ ျဖစ္သြားခဲ့တာပါ။

စပါးစ္တိုက္စစ္ကို အကိုင္အတြယ္ မတတ္တဲ့ အာတီတာ
အာတီတာအေနနဲ႔ သူရင္ဆိုင္ရမယ့္ ကစားသမားက ဒီေန႔မွာ သုံးေယာက္တည္းသာ ရွိတယ္ဆိုတာနဲ႔ သူတို႔ရဲ႕ သြင္းဂိုးေတြကို တားဆီးလိုက္ရင္ ၿပီးၿပီဆိုတာကို သေဘာမေပါက္ခဲ့တာပါ။ ဆြန္၊ ကိန္း၊ ကူလူရွက္ဗ္စကီးတို႔ကလြဲလို႔ စပါးစ္မွာ ဘယ္သူမွ ဂိုးမသြင္းဘူးဆိုတာကို သာမန္ပရိသတ္ေတြေတာင္ သိထားခ်ိန္မွာ သူတို႔ကို ဧရိယာထဲမွာ ေနရာလြတ္ မေပးဘဲ ေခါင္းေအးေအးနဲ႔ ကစားရမယ့္အစား ေခါင္းပူေသြးဆူတဲ့ ကစားသမားေတြက အမွားေတြကို က်ဴးလြန္ခဲ့ၿပီး ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ကလည္း အတြဲလိုက္ ခံစစ္ေရွ႕မွာ ခ်ိတ္ဆက္ပိတ္ဆို႔ေပးရမယ့္အစား တစ္ကြဲတစ္ျပားစီျဖစ္ေနခဲ့လို႔ ဂန္းနားေတြ ဘဝခါးသြားခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးနဲ႔ပြဲအၿပီး အာဆင္နယ္နဲ႔ပြဲမွာပါ ဆက္မွန္တဲ့ ကြန္တီ
လီဗာပူးလ္ကို အားနည္းခ်က္ေတြျဖစ္တဲ့ ကြင္းလယ္က ခပ္ေလးေလး ဖာဘင္ညိဳနဲ႔ ခံစစ္မကစားတတ္တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ကို ပစ္မွတ္ထားထိုးႏွက္သြားခဲ့တဲ့ ကြန္တီဟာ ဒီေန႔မွာလည္း ခပ္ပ်ာပ်ာ ဂါဘရီယယ္လ္ကို ဟာရီကိန္းနဲ႔ တက္လုံးခိုင္းၿပီး အာႏိုးလ္ဒ္လိုပဲ ခံစစ္ညံ့တဲ့ ဆီးဒရစ္နဲ႔ ခပ္ေလးေလး ဟိုးလ္ဒင္းတို႔ကို ဆြန္ေဟာင္မင္နဲ႔ ဒုကၡေပးခိုင္းခဲ့တာျဖစ္ပါတယ္။ ဘယ္ျခမ္းက ခ်ာကာရဲ႕ ေႏွးေကြးမႈကေတာ့ ကူလူရွက္ဗ္စကီးနဲ႔ အီမာဆန္ ႐ိုယဲလ္တို႔အႀကိဳက္ျဖစ္ခဲ့ၿပီး ကြန္တီအေနနဲ႔ ႏွစ္ပြဲစလုံးမွာ ၿပိဳင္ဘက္အသင္းေတြရဲ႕ အားနည္းခ်က္ေတြကို ရွာေဖြထိုးႏွက္သြားႏိုင္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.