Match Report Premier League

အတွေ့အကြုံ စကားပြောပြီး အဆင့် ၄ အတွက် အာဆင်နယ်ကို ဂိုးပြတ်နှိပ်ကွပ်ခဲ့တဲ့ စပါးစ်

စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အားသန်တဲ့ ပုံစံနဲ့ အကောင်းဆုံး လူစာရင်းကိုပဲ ထုတ်ကစားလာခဲ့ပြီး ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ဒေဗင်ဆင် ဆန်ချက်ဇ်၊ ဘန် ဒေးဗီးစ်တို့နဲ့ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်၊ ဆက်ဆီညွန်နဲ့ ရိုယဲလ်တို့ကို သုံးစွဲလာခဲ့ပြီး တိုက်စစ်မှာတော့ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့ပဲ ပွဲထွက်လာခဲ့ကြပါတယ်။

အာဆင်နယ်တို့ကတော့ နူနို တာဗာရက်စ် သုံးမရတာမို့ တိုမီယာစုကို ဘယ်ခြမ်းမှာ ကစားခိုင်းခဲ့ရပြီး ရမ်းစ်ဒေးလ်၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်နဲ့ ဆီးဒရစ်တို့က ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ ခံစစ်မှာ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ချာကာ၊ အယ်လ်နန်နီနဲ့ အော်ဒီဂွါဒ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ မာတီနယ်လီ၊ နကီးတီးယားနဲ့ ဆာကာတို့ ကစားခဲ့ကြတာပါ။

ပွဲစတာနဲ့ အင်ပြည့်အားပြည့်ရှိတဲ့ စပါးစ်တို့ရဲ့ ပုံစံကို တွေ့မြင်ရသလို ပွဲတောင် မစသေးဘူး၊ ကုန်နေတဲ့ ပုံစံမျိုးနဲ့ ဆာကာ၊ အော်ဒီဂွါဒ်တို့လို အာဆင်နယ်ကစားသမားတွေရဲ့ အားမရစရာ ပုံစံကိုလည်း သတိပြုမိခဲ့ရပြီး ကြံ့ခိုင်မှု မပြည့်တာက နည်းပြ အာတီတာရဲ့ အသင်းအတွက်တော့ ကြီးမားတဲ့ ပြဿနာလည်းဖြစ်ခဲ့ပါတယ်။

စပါးစ်ဘယ်ခြမ်းက ဆွန်ဟောင်မင်ကို ဆီးဒရစ်က တာဝန်မယူနိုင်ချိန်မှာ ဟိုးလ်ဒင်းကချည်း ထိန်းနေခဲ့ရပြီး တိုမီယာစုနဲ့ ဘန်ဝှိုက်ဆိုရင် ဒါက အင်အားတစ်ခုဖြစ်နိုင်ပေမယ့် ဒီနေ့လူစာရင်းမျိုးကတော့ လိဒ်စ်လောက်နဲ့သာ သင့်တော်ပြီး ဟာရီကိန်း၊ ကူလူရှက်ဗ်စကီးတို့ကို ထိန်းသိမ်းဖို့အတွက်တော့ အာဆင်နယ်ခံစစ်က အမြန်နှုန်းအရပါ ရုန်းကန်နေခဲ့ရတာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဘယ်ခြမ်းက ကူလူရှက်ဗ်စကီးကို နေရာလွတ်တွေ ပေးပြီး ဖြတ်တင်ခွင့်ပြုခဲ့တဲ့ ဒဏ်ကို အာဆင်နယ်တို့ ခံစားသွားခဲ့ရပြီး ဆွီဒင်သား မ,ပေးလိုက်တဲ့ ပေးပို့မှုကို ဘောလုံးမလာခင်မှာပဲ ဆွန်ဟောင်မင်ကို ဝင်တိုက်လိုက်တဲ့ ဆီးဒရစ်ရဲ့ ခပ်တုံးတုံးလုပ်ရပ်ကြောင့် အစကတည်းကမှ သူတို့ကို နှိပ်ကွပ်ချင်နေတဲ့ ကွင်းလယ်ဒိုင် ပေါလ် တီယာနီရဲ့ ပင်နယ်တီလက်ဆောင်နဲ့ ကြုံကြိုက်ခဲ့ရပါတယ်။

ဒီပင်နယ်တီကိုတော့ တိုက်စစ်မှူး ဟာရီကိန်းက ညာဘက်ကို ဒိုက်ပစ်တဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကို သိပ်တောင် လှည့်စားစရာမလိုဘဲ ကန်သွင်း ရယူသွားနိုင်ခဲ့ပြီး မြောက်လန်ဒန် ဒါဘီပွဲတွေမှာတော့ သူ့ရဲ့ ၁၂ ဂိုးမြောက် သွင်းဂိုးကို စံချိန်တင်အဖြစ် သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်တို့ နောက်ကနေ လိုက်ကစားခဲ့ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာ ဆွန်ဟောင်မင်ကို အင်္ကျီဆွဲထားခဲ့တဲ့ ဟိုးလ်ဒင်း အဝါထိခဲ့ပြီး နောက်ထပ် ၇ မိနစ်အကြာ ပွဲချိန် ၃၃ မိနစ်မှာတော့ ခံစစ်ကနေ ဒိုင်ယာ ကန်တင်ပေးလိုက်တာကို ဘောလုံးရောက်မလာခဲ့မှာပဲ ကိုရီးယားသားကို တံတောင်နဲ့ တိုက်ခဲ့ပြီး ဒုတိယအဝါ ရှာဖွေနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ အတွက်ကြောင့် အာဆင်နယ်တို့ ၁၀ ယောက်တည်းနဲ့ ကစားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဒီအတွက် ခံစစ်ဗဟိုနေရာကို ဘန်ဝှိုက်ကို ထည့်ဖို့ ကြိုးစားခဲ့သေးပေမယ့် နောက်ဆုံးမှာတော့ ချာကာ၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့က 3 Back ပုံစံ ပြောင်းကစားခဲ့ပြီး ဆာကာကတော့ တိုက်စစ်မှူးနောက်မှာ အော်ဒီဂွါဒ်နဲ့အတူ လိုက်ကစားခဲ့သလို မာတီနယ်လီနဲ့ ဆီးဒရစ်တို့ကတော့ Wing Back တွေအဖြစ် ကစားခဲ့ကြတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယဦးဆောင်ဂိုးကို ထောင့်ကန်ဘောကနေ ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဆွန်ဟောင်မင် ကန်တင်ပြီး ဘင်တန်ကာ ခေါင်းတိုက်ချပေးရာမှာ အာဆင်နယ်ခံစစ်က လူကျွံဘော ဖမ်းခဲ့ကြပေမယ့် အဝေးတိုင်ဘက်ကနေ တစ်ယောက်တည်း မေ့ကျန်နေတဲ့ နကီးတီးယားကြောင့် On Side ဖြစ်နေတဲ့ ဟာရီကိန်းက ဒိုက်ဗင်ထိုးခေါင်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့ပါတယ်။

စောစောစီးစီးကတည်းက ကုန်နေတဲ့ ဆာကာကြောင့် မာတီနယ်လီ တစ်ယောက်တည်း ဘယ်ခြမ်းက ရုန်းနေခဲ့ရသလို အာဆင်နယ်တိုက်စစ်လမ်းကြောင်းက တစ်ဖက်တည်းမှာပဲ ရှိခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာ နကီတီးယားရဲ့ ကန်ချက်ကောင်းကိုတော့ လိုရစ် လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့သလို နောက်ထပ် ကုန်သည်လေးတစ်ဦးဖြစ်တဲ့ အော်ဒီဂွါဒ်ကလည်း ဘရာဇီးလ်သားချိုးပေးတာကို အသုံးမချနိုင်ခဲ့လို့ စပါးစ်တို့ အန္တရာယ်မရှိဘဲဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ စပါးစ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ တတိယဂိုး သွင်းယူသွားနိုင်ခဲ့သလို ဧရိယာထဲမှာ ဘောလုံးရသွားတဲ့ ဟာရီကိန်းနဲ့ ဂါဘရီယယ်လ်တို့ နှစ်ယောက်တွန်းပြီး လဲကျခဲ့ရာကနေ ထွက်လာတဲ့ ဘောလုံးကို ဖွတ်မေ့ ပဒတ်မေ့ မေ့ပြီး လူကပ်ရကောင်းမှန်း မသိတဲ့ အာဆင်နယ်ခံစစ်ကြောင့် ဆွန်ဟောင်မင်က အသာအယာ ပြေးကန်ပြီး အပြစ်ပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်က အခွင့်အရေးကို ဆာကာက အလကားလုပ်ပစ်ခဲ့သလို ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ရဲ့ ကန်ချက်တွေမှာ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ အိပ်မက်ဆိုး မက်နေခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ မာတီနယ်လီအစား စမစ်ရိုး၊ နကီးတီးယားအစား လာကာဇက်နဲ့ နာသွားတဲ့ ဂါဘရီယယ်လ်အစား နူနို တာဗာရက်စ် ဝင်ကစားခဲ့ရတာပါ။

စပါးစ်တို့ကတော့ လူအင်အားချွေတာပြီး အနိုင်ကို ဆက်ထိန်းဖို့ ဆွန်ဟောင်မင်အစား ဘာ့ဂ်ဗိန်းနဲ့ ကူလူရှက်ဗ်စကီးအစား လူးကပ်စ် မော်ရာတို့ကို ထည့်သွင်းသွားခဲ့ကြပြီး ခံစစ်မှာ တစ်ဝါထိထားတဲ့ ဘန် ဒေးဗီးစ်အစား ရိုဒန်တို့ ထည့်ခဲ့သလို အာဆင်နယ်တို့ကတော့ ဒီနောက်ပိုင်းမှာ သိပ်အလုပ်မဖြစ်ခဲ့ဘဲ စမစ်ရိုး၊ အော်ဒီဂွါဒ်နဲ့ ချာကာတို့တွေ အဝါထပ်ထိခဲ့တာလောက်ပဲ ထူးခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မြောက်လန်ဒန်ဒါဘီကို စပါးစ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အဆင့် ၄ က အာဆင်နယ်တို့နောက် တစ်မှတ်အကွာကို ပြန်ကပ်နိုင်ခဲ့ကြသလို လာမယ့် ဘန်လေ၊ နော့ဝစ်ချ်တို့နဲ့ ကစားရမယ့် ကွန်တီတို့အဖွဲ့နဲ့ နယူးကာဆယ်လ်၊ အဲဗာတန်တို့နဲ့ ကစားရမယ့် အာတီတာတို့အဖွဲ့ရဲ့ လက်ကျန်ပွဲစဉ်တွေက ပိုမိုစိတ်ဝင်စားစရာကောင်းလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အားသန္တဲ့ ပုံစံနဲ႔ အေကာင္းဆုံး လူစာရင္းကိုပဲ ထုတ္ကစားလာခဲ့ၿပီး ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ ေဒဗင္ဆင္ ဆန္ခ်က္ဇ္၊ ဘန္ ေဒးဗီးစ္တို႔နဲ႔ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္၊ ဆက္ဆီၫြန္နဲ႔ ႐ိုယဲလ္တို႔ကို သုံးစြဲလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔ပဲ ပြဲထြက္လာခဲ့ၾကပါတယ္။

အာဆင္နယ္တို႔ကေတာ့ ႏူႏို တာဗာရက္စ္ သုံးမရတာမို႔ တိုမီယာစုကို ဘယ္ျခမ္းမွာ ကစားခိုင္းခဲ့ရၿပီး ရမ္းစ္ေဒးလ္၊ ဟိုးလ္ဒင္း၊ ဂါဘရီယယ္လ္နဲ႔ ဆီးဒရစ္တို႔က ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔ ခံစစ္မွာ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ခ်ာကာ၊ အယ္လ္နန္နီနဲ႔ ေအာ္ဒီဂြါဒ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ မာတီနယ္လီ၊ နကီးတီးယားနဲ႔ ဆာကာတို႔ ကစားခဲ့ၾကတာပါ။

ပြဲစတာနဲ႔ အင္ျပည့္အားျပည့္ရွိတဲ့ စပါးစ္တို႔ရဲ႕ ပုံစံကို ေတြ႕ျမင္ရသလို ပြဲေတာင္ မစေသးဘူး၊ ကုန္ေနတဲ့ ပုံစံမ်ိဳးနဲ႔ ဆာကာ၊ ေအာ္ဒီဂြါဒ္တို႔လို အာဆင္နယ္ကစားသမားေတြရဲ႕ အားမရစရာ ပုံစံကိုလည္း သတိျပဳမိခဲ့ရၿပီး ႀကံ့ခိုင္မႈ မျပည့္တာက နည္းျပ အာတီတာရဲ႕ အသင္းအတြက္ေတာ့ ႀကီးမားတဲ့ ျပႆနာလည္းျဖစ္ခဲ့ပါတယ္။

စပါးစ္ဘယ္ျခမ္းက ဆြန္ေဟာင္မင္ကို ဆီးဒရစ္က တာဝန္မယူႏိုင္ခ်ိန္မွာ ဟိုးလ္ဒင္းကခ်ည္း ထိန္းေနခဲ့ရၿပီး တိုမီယာစုနဲ႔ ဘန္ဝႈိက္ဆိုရင္ ဒါက အင္အားတစ္ခုျဖစ္ႏိုင္ေပမယ့္ ဒီေန႔လူစာရင္းမ်ိဳးကေတာ့ လိဒ္စ္ေလာက္နဲ႔သာ သင့္ေတာ္ၿပီး ဟာရီကိန္း၊ ကူလူရွက္ဗ္စကီးတို႔ကို ထိန္းသိမ္းဖို႔အတြက္ေတာ့ အာဆင္နယ္ခံစစ္က အျမန္ႏႈန္းအရပါ ႐ုန္းကန္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဘယ္ျခမ္းက ကူလူရွက္ဗ္စကီးကို ေနရာလြတ္ေတြ ေပးၿပီး ျဖတ္တင္ခြင့္ျပဳခဲ့တဲ့ ဒဏ္ကို အာဆင္နယ္တို႔ ခံစားသြားခဲ့ရၿပီး ဆြီဒင္သား မ,ေပးလိုက္တဲ့ ေပးပို႔မႈကို ေဘာလုံးမလာခင္မွာပဲ ဆြန္ေဟာင္မင္ကို ဝင္တိုက္လိုက္တဲ့ ဆီးဒရစ္ရဲ႕ ခပ္တုံးတုံးလုပ္ရပ္ေၾကာင့္ အစကတည္းကမွ သူတို႔ကို ႏွိပ္ကြပ္ခ်င္ေနတဲ့ ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီရဲ႕ ပင္နယ္တီလက္ေဆာင္နဲ႔ ႀကဳံႀကိဳက္ခဲ့ရပါတယ္။

ဒီပင္နယ္တီကိုေတာ့ တိုက္စစ္မႉး ဟာရီကိန္းက ညာဘက္ကို ဒိုက္ပစ္တဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ကို သိပ္ေတာင္ လွည့္စားစရာမလိုဘဲ ကန္သြင္း ရယူသြားႏိုင္ခဲ့ၿပီး ေျမာက္လန္ဒန္ ဒါဘီပြဲေတြမွာေတာ့ သူ႔ရဲ႕ ၁၂ ဂိုးေျမာက္ သြင္းဂိုးကို စံခ်ိန္တင္အျဖစ္ သြင္းယူႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔ ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာ ဆြန္ေဟာင္မင္ကို အက်ႌဆြဲထားခဲ့တဲ့ ဟိုးလ္ဒင္း အဝါထိခဲ့ၿပီး ေနာက္ထပ္ ၇ မိနစ္အၾကာ ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ခံစစ္ကေန ဒိုင္ယာ ကန္တင္ေပးလိုက္တာကို ေဘာလုံးေရာက္မလာခဲ့မွာပဲ ကိုရီးယားသားကို တံေတာင္နဲ႔ တိုက္ခဲ့ၿပီး ဒုတိယအဝါ ရွာေဖြႏိုင္ခဲ့တဲ့ အဂၤလန္ေနာက္ခံလူ အတြက္ေၾကာင့္ အာဆင္နယ္တို႔ ၁၀ ေယာက္တည္းနဲ႔ ကစားဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။

ဒီအတြက္ ခံစစ္ဗဟိုေနရာကို ဘန္ဝႈိက္ကို ထည့္ဖို႔ ႀကိဳးစားခဲ့ေသးေပမယ့္ ေနာက္ဆုံးမွာေတာ့ ခ်ာကာ၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔က 3 Back ပုံစံ ေျပာင္းကစားခဲ့ၿပီး ဆာကာကေတာ့ တိုက္စစ္မႉးေနာက္မွာ ေအာ္ဒီဂြါဒ္နဲ႔အတူ လိုက္ကစားခဲ့သလို မာတီနယ္လီနဲ႔ ဆီးဒရစ္တို႔ကေတာ့ Wing Back ေတြအျဖစ္ ကစားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ စပါးစ္တို႔ ဒုတိယဦးေဆာင္ဂိုးကို ေထာင့္ကန္ေဘာကေန ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆြန္ေဟာင္မင္ ကန္တင္ၿပီး ဘင္တန္ကာ ေခါင္းတိုက္ခ်ေပးရာမွာ အာဆင္နယ္ခံစစ္က လူကြၽံေဘာ ဖမ္းခဲ့ၾကေပမယ့္ အေဝးတိုင္ဘက္ကေန တစ္ေယာက္တည္း ေမ့က်န္ေနတဲ့ နကီးတီးယားေၾကာင့္ On Side ျဖစ္ေနတဲ့ ဟာရီကိန္းက ဒိုက္ဗင္ထိုးေခါင္းတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့ပါတယ္။

ေစာေစာစီးစီးကတည္းက ကုန္ေနတဲ့ ဆာကာေၾကာင့္ မာတီနယ္လီ တစ္ေယာက္တည္း ဘယ္ျခမ္းက ႐ုန္းေနခဲ့ရသလို အာဆင္နယ္တိုက္စစ္လမ္းေၾကာင္းက တစ္ဖက္တည္းမွာပဲ ရွိခဲ့ၿပီး ပြဲခ်ိန္ ၄၃ မိနစ္မွာ နကီတီးယားရဲ႕ ကန္ခ်က္ေကာင္းကိုေတာ့ လိုရစ္ လက္စြမ္းျပ ပုတ္ထုတ္သြားခဲ့သလို ေနာက္ထပ္ ကုန္သည္ေလးတစ္ဦးျဖစ္တဲ့ ေအာ္ဒီဂြါဒ္ကလည္း ဘရာဇီးလ္သားခ်ိဳးေပးတာကို အသုံးမခ်ႏိုင္ခဲ့လို႔ စပါးစ္တို႔ အႏၲရာယ္မရွိဘဲျဖစ္ခဲ့ရတာပါ။

ပထမပိုင္းမွာ စပါးစ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ တတိယဂိုး သြင္းယူသြားႏိုင္ခဲ့သလို ဧရိယာထဲမွာ ေဘာလုံးရသြားတဲ့ ဟာရီကိန္းနဲ႔ ဂါဘရီယယ္လ္တို႔ ႏွစ္ေယာက္တြန္းၿပီး လဲက်ခဲ့ရာကေန ထြက္လာတဲ့ ေဘာလုံးကို ဖြတ္ေမ့ ပဒတ္ေမ့ ေမ့ၿပီး လူကပ္ရေကာင္းမွန္း မသိတဲ့ အာဆင္နယ္ခံစစ္ေၾကာင့္ ဆြန္ေဟာင္မင္က အသာအယာ ေျပးကန္ၿပီး အျပစ္ေပးသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္က အခြင့္အေရးကို ဆာကာက အလကားလုပ္ပစ္ခဲ့သလို ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ရဲ႕ ကန္ခ်က္ေတြမွာ အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ အိပ္မက္ဆိုး မက္ေနခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ မာတီနယ္လီအစား စမစ္႐ိုး၊ နကီးတီးယားအစား လာကာဇက္နဲ႔ နာသြားတဲ့ ဂါဘရီယယ္လ္အစား ႏူႏို တာဗာရက္စ္ ဝင္ကစားခဲ့ရတာပါ။

စပါးစ္တို႔ကေတာ့ လူအင္အားေခြၽတာၿပီး အႏိုင္ကို ဆက္ထိန္းဖို႔ ဆြန္ေဟာင္မင္အစား ဘာ့ဂ္ဗိန္းနဲ႔ ကူလူရွက္ဗ္စကီးအစား လူးကပ္စ္ ေမာ္ရာတို႔ကို ထည့္သြင္းသြားခဲ့ၾကၿပီး ခံစစ္မွာ တစ္ဝါထိထားတဲ့ ဘန္ ေဒးဗီးစ္အစား ႐ိုဒန္တို႔ ထည့္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ ဒီေနာက္ပိုင္းမွာ သိပ္အလုပ္မျဖစ္ခဲ့ဘဲ စမစ္႐ိုး၊ ေအာ္ဒီဂြါဒ္နဲ႔ ခ်ာကာတို႔ေတြ အဝါထပ္ထိခဲ့တာေလာက္ပဲ ထူးခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေျမာက္လန္ဒန္ဒါဘီကို စပါးစ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အဆင့္ ၄ က အာဆင္နယ္တို႔ေနာက္ တစ္မွတ္အကြာကို ျပန္ကပ္ႏိုင္ခဲ့ၾကသလို လာမယ့္ ဘန္ေလ၊ ေနာ့ဝစ္ခ်္တို႔နဲ႔ ကစားရမယ့္ ကြန္တီတို႔အဖြဲ႕နဲ႔ နယူးကာဆယ္လ္၊ အဲဗာတန္တို႔နဲ႔ ကစားရမယ့္ အာတီတာတို႔အဖြဲ႕ရဲ႕ လက္က်န္ပြဲစဥ္ေတြက ပိုမိုစိတ္ဝင္စားစရာေကာင္းလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.