Premier League

ဘောလုံးကွင်းထဲ ဂျူဒိုလာကစားနေတယ်လို့ ဟိုးဒင်းကို ဝေဖန်ခဲ့တဲ့ လီဗာပူးလ်ကြယ်ပွင့်ဟောင်း

အာဆင်နယ်နောက်ခံလူ ရော့ဘ် ဟိုးဒင်းဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကြာသပတေးနေ့ည မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ ၎င်းရဲ့အသင်းကို ဒုက္ခရောက်စေမယ့် အနီကတ် ပြသခံရအောင် စွန့်စားခဲ့ပြီးနောက် ဂျူဒိုအကွက်တွေ သုံးခဲ့တဲ့အတွက် ဂျေမီ ရက်နပ်ရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

အာဆင်နယ်ဗဟိုခံစစ်ကစားသမား ဟိုးဒင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဒဏ်ရာ ရရှိနေတဲ့ ဘန် ဝှိုက်ရဲ့နေရာမှာ အထင်ကြီးဖွယ် ခြေစွမ်း ပြသနေခဲ့တာဖြစ်ပေမယ့် ကြာသပတေးနေ့ညက ဆိုးရွားတဲ့ အဝါကတ် ၂ ကတ် ပြသခံခဲ့ရပြီးနောက် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဟိုးဒင်းဟာ ဆွန်ဟောင်မင်ကို ၎င်းရဲ့ တံတောင်နဲ့ တွတ်ခဲ့ပြီးနောက် ၃၃ မိနစ်မှာပဲ ဒိုင်လူကြီး ပေါလ် တီယာနီရဲ့ ၂ ဝါ ၁ နီ ပြသခြင်းခံရပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဟိုးဒင်းဟာ ဒုတိယအဝါကတ်မတိုင်ခင် ပထမအဝါကတ်ကို အစောပိုင်း ၇ မိနစ်မှာ ပြသခြင်းခံခဲ့ရတာဖြစ်ပြီး ဆွန်ဟောင်မင်ကို ပင်နယ်တီဧရိယာထဲမှာ လဲကျအောင် လုပ်ခဲ့ပြီး သိပ်မကြာမီမှာပဲ ဟာရီ ကိန်းက ပင်နယ်တီကနေတဆင့် အမှားအယွင်းမရှိ ဂိုးကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် စပါးစ်ဟာ သိပ်မကြာခင်မှာပဲ အာဆင်နယ်အသင်း တစ်ယောက်လျော့သွားတဲ့အပေါ်မှာ အခွင့်ကောင်းယူနိုင်နိုင်ခဲ့ပြီး ပထမပိုင်း ဘောလုံးဝေဖန်သုံးသပ်သူ ရက်နပ်က အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားရဲ့ အမှားတွေကို ခွဲခြမ်းစိတ်ဖြာရာမှာ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“သူ အဝါကတ်ပြား ပြသခြင်းမခံရင်တုန်းကတောင် အဖြစ်အပျက် ၂ ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲမတိုင်ခင် ပြောခဲ့သလို ဒီလို ဒါဘီပွဲစဉ်တွေမှာ ပွဲရဲ့ ပြင်းအား၊ ခေါင်းအေးအေးထားကစားရမယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဘာမှ ရူးကြောင်ကြောင် သွားလုပ်လို့မရဘူး။ ဒါက ရူးမိုက်တဲ့အရာပဲ။ သူက ဘောလုံးကွင်းထဲလာပြီး ဂျူဒိုအကွက်တွေ လာသုံးနေတယ်။ ပြီးတော့ သူ စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေမှာ နောက်ထပ်တစ်ကြိမ် မမျှော်လင့်ဘဲ ပါဝင်ပတ်သက်ခဲ့ပြီး အဲဒီလို ခဏခဏဖြစ်လာတယ်။ အဝါကတ်ပြားပြသခံရပြီဆိုတာ သိသာပါတယ်”

“ခင်ဗျား အဝါကတ်ပြား ပြသခံခဲ့ရပြီဆိုတာနဲ့ ခင်ဗျား ဂရုစိုက်ပြီး ကစားရတော့မှာပါ။ ခင်ဗျား ဆွန်ကို အကြမ်းပတမ်းကြီး သွားလုပ်ချင်လို့ မရပါဘူး။ သူက ခင်ဗျား နောက်ကနေ ဆက်ပြီး ပြေးနေချင်တာပါ။ ခင်ဗျားက သူနဲ့ပတ်သက်ပြီး အဓိကပြဿနာကြီးတစ်ခု ရှိထားပြီးဖြစ်ပြီး သူက ခင်ဗျားအတွက် အရမ်းမြန်လွန်းနေတာပါ။ သူက အရမ်းကို အင်အားကြီးမားနေတယ်။ ယှဉ်ပြေးရင် သူ့ကို မမီနိုင်ဘူး။ ဒီလိုမျိုး သူ့ကို အကြမ်းပတမ်းကိုင်မှပဲ ကျိန်းသေရမယ်။ ဒီပြစ်ဒဏ်ကျူးလွန်မှုက အနီကတ်တောင် ဖြစ်သွားနိုင်ပါတယ်။ သူ့ရဲ့ တံတောင်က မျက်နှာဆီကို တွတ်လိုက်တာ ခင်ဗျား မြင်နိုင်ပါတယ်။ ရော့ဘ် ဟိုးဒင်းဆီကနေ တကယ်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ”

“ဒါပေမယ့် ပြီးတော့ နည်းပြလည်း မှားသွားတယ်ဆိုတာကို ကျွန်တော် ဝန်ခံရမယ်။ ခင်ဗျားရဲ့ ဗဟိုခံစစ်ကစားသမားကို ဆုံးရှုံးပြီးတဲ့နောက်မှာ ပထမဆုံးစည်းမျဉ်းက တတ်နိုင်သလောက် မြန်မြန် ကွင်းထဲကို နောက်ထပ် ဗဟိုခံစစ်ကစားသမားထည့်ဖို့ပဲ။ သူ့အနေနဲ့ ဘန် ဝှိုက်ကို ထည့်သင့်တယ်။ သူ ဘာမှ မတုံ့ပြန်ဘူး။ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးကလည်း ရှေ့ဆက်ဘာလုပ်မလဲဆိုတာကို စဉ်းစားနေခဲ့ကြတယ်။ သူတို့က သူတို့ကိုယ် သူတို့ ဒုက္ခရောက်စေခဲ့ပြီး ပြီးတော့ သူတို့တွေ ဗဟိုခံစစ်ကစားသမားကို လိုအပ်နေချိန်မှာ တည်ကန်ဘောကနေ ဂိုးသွင်းခံလိုက်ရတယ်။ ခင်ဗျားက ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးအသင်းကို ပိုင်ဆိုင်ထားတာလည်း မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ ကိန်းရဲ့ ၃၇ မိနစ်မှာ သွင်းယူသွားခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းနေတဲ့ စပါးစ်အသင်းအတွက် သိသာထင်ရှားတဲ့ အားတက်စရာဖြစ်လာခဲ့ပြီး ဒုတိယပိုင်းပြန်စပြီး ၂ မိနစ်အကြာမှာ ဆွန်ဟောင်မင်က တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်ရဲ့နောက် ၁ မှတ်အကွာမှာသာ ရပ်တည်နေရဆဲဖြစ်ပေမယ့် လာမယ့် တနင်္ဂနွေနေ့ ဘန်လေအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် တနင်္လာနေ့မှ နယူးကာဆယ်လ်နဲ့ ကစားရမယ့် အာဆင်နယ်ကို ကျော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ေနာက္ခံလူ ေရာ့ဘ္ ဟိုးဒင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၾကာသပေတးေန႔ည ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္မွာ ၎ရဲ့အသင္းကို ဒုကၡေရာက္ေစမယ့္ အနီကတ္ ျပသခံရေအာင္ စြန႔္စားခဲ့ၿပီးေနာက္ ဂ်ဴဒိုအကြက္ေတြ သုံးခဲ့တဲ့အတြက္ ေဂ်မီ ရက္နပ္ရဲ့ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရပါတယ္။

အာဆင္နယ္ဗဟိုခံစစ္ကစားသမား ဟိုးဒင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဒဏ္ရာ ရရွိေနတဲ့ ဘန္ ဝွိုက္ရဲ့ေနရာမွာ အထင္ႀကီးဖြယ္ ေျခစြမ္း ျပသေနခဲ့တာျဖစ္ေပမယ့္ ၾကာသပေတးေန႔ညက ဆိုးရြားတဲ့ အဝါကတ္ ၂ ကတ္ ျပသခံခဲ့ရၿပီးေနာက္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဟိုးဒင္းဟာ ဆြန္ေဟာင္မင္ကို ၎ရဲ့ တံေတာင္နဲ႔ တြတ္ခဲ့ၿပီးေနာက္ ၃၃ မိနစ္မွာပဲ ဒိုင္လူႀကီး ေပါလ္ တီယာနီရဲ့ ၂ ဝါ ၁ နီ ျပသျခင္းခံရၿပီး ကြင္းထဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ဟိုးဒင္းဟာ ဒုတိယအဝါကတ္မတိုင္ခင္ ပထမအဝါကတ္ကို အေစာပိုင္း ၇ မိနစ္မွာ ျပသျခင္းခံခဲ့ရတာျဖစ္ၿပီး ဆြန္ေဟာင္မင္ကို ပင္နယ္တီဧရိယာထဲမွာ လဲက်ေအာင္ လုပ္ခဲ့ၿပီး သိပ္မၾကာမီမွာပဲ ဟာရီ ကိန္းက ပင္နယ္တီကေနတဆင့္ အမွားအယြင္းမရွိ ဂိုးကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ စပါးစ္ဟာ သိပ္မၾကာခင္မွာပဲ အာဆင္နယ္အသင္း တစ္ေယာက္ေလ်ာ့သြားတဲ့အေပၚမွာ အခြင့္ေကာင္းယူနိုင္နိုင္ခဲ့ၿပီး ပထမပိုင္း ေဘာလုံးေဝဖန္သုံးသပ္သူ ရက္နပ္က အသက္ ၂၆ ႏွစ္အရြယ္ ေနာက္ခံကစားသမားရဲ့ အမွားေတြကို ခြဲျခမ္းစိတ္ျဖာရာမွာ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“သူ အဝါကတ္ျပား ျပသျခင္းမခံရင္တုန္းကေတာင္ အျဖစ္အပ်က္ ၂ ခု ရွိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ပြဲမတိုင္ခင္ ေျပာခဲ့သလို ဒီလို ဒါဘီပြဲစဥ္ေတြမွာ ပြဲရဲ့ ျပင္းအား၊ ေခါင္းေအးေအးထားကစားရမယ္ဆိုတဲ့အေၾကာင္း ေျပာခဲ့ပါတယ္။ ဘာမွ ႐ူးေၾကာင္ေၾကာင္ သြားလုပ္လို႔မရဘူး။ ဒါက ႐ူးမိုက္တဲ့အရာပဲ။ သူက ေဘာလုံးကြင္းထဲလာၿပီး ဂ်ဴဒိုအကြက္ေတြ လာသုံးေနတယ္။ ၿပီးေတာ့ သူ စိတ္အေႏွာင့္အယွက္ျဖစ္စရာ အေျခအေနမွာ ေနာက္ထပ္တစ္ႀကိမ္ မေမၽွာ္လင့္ဘဲ ပါဝင္ပတ္သက္ခဲ့ၿပီး အဲဒီလို ခဏခဏျဖစ္လာတယ္။ အဝါကတ္ျပားျပသခံရၿပီဆိုတာ သိသာပါတယ္”

“ခင္ဗ်ား အဝါကတ္ျပား ျပသခံခဲ့ရၿပီဆိုတာနဲ႔ ခင္ဗ်ား ဂ႐ုစိုက္ၿပီး ကစားရေတာ့မွာပါ။ ခင္ဗ်ား ဆြန္ကို အၾကမ္းပတမ္းႀကီး သြားလုပ္ခ်င္လို႔ မရပါဘူး။ သူက ခင္ဗ်ား ေနာက္ကေန ဆက္ၿပီး ေျပးေနခ်င္တာပါ။ ခင္ဗ်ားက သူနဲ႔ပတ္သက္ၿပီး အဓိကျပႆနာႀကီးတစ္ခု ရွိထားၿပီးျဖစ္ၿပီး သူက ခင္ဗ်ားအတြက္ အရမ္းျမန္လြန္းေနတာပါ။ သူက အရမ္းကို အင္အားႀကီးမားေနတယ္။ ယွဥ္ေျပးရင္ သူ႔ကို မမီနိုင္ဘူး။ ဒီလိုမ်ိဳး သူ႔ကို အၾကမ္းပတမ္းကိုင္မွပဲ က်ိန္းေသရမယ္။ ဒီျပစ္ဒဏ္က်ဴးလြန္မႈက အနီကတ္ေတာင္ ျဖစ္သြားနိုင္ပါတယ္။ သူ႔ရဲ့ တံေတာင္က မ်က္ႏွာဆီကို တြတ္လိုက္တာ ခင္ဗ်ား ျမင္နိုင္ပါတယ္။ ေရာ့ဘ္ ဟိုးဒင္းဆီကေန တကယ္ဆိုးရြားတဲ့ ဆုံးျဖတ္ခ်က္ပါ”

“ဒါေပမယ့္ ၿပီးေတာ့ နည္းျပလည္း မွားသြားတယ္ဆိုတာကို ကၽြန္ေတာ္ ဝန္ခံရမယ္။ ခင္ဗ်ားရဲ့ ဗဟိုခံစစ္ကစားသမားကို ဆုံးရႈံးၿပီးတဲ့ေနာက္မွာ ပထမဆုံးစည္းမ်ဥ္းက တတ္နိုင္သေလာက္ ျမန္ျမန္ ကြင္းထဲကို ေနာက္ထပ္ ဗဟိုခံစစ္ကစားသမားထည့္ဖို႔ပဲ။ သူ႔အေနနဲ႔ ဘန္ ဝွိုက္ကို ထည့္သင့္တယ္။ သူ ဘာမွ မတုံ႔ျပန္ဘူး။ သူ႔ရဲ့ နည္းျပအဖြဲ႕ဝင္ေတြအားလုံးကလည္း ေရွ႕ဆက္ဘာလုပ္မလဲဆိုတာကို စဥ္းစားေနခဲ့ၾကတယ္။ သူတို႔က သူတို႔ကိုယ္ သူတို႔ ဒုကၡေရာက္ေစခဲ့ၿပီး ၿပီးေတာ့ သူတို႔ေတြ ဗဟိုခံစစ္ကစားသမားကို လိုအပ္ေနခ်ိန္မွာ တည္ကန္ေဘာကေန ဂိုးသြင္းခံလိုက္ရတယ္။ ခင္ဗ်ားက ကမၻာေပၚမွာ အရပ္အရွည္ဆုံးအသင္းကို ပိုင္ဆိုင္ထားတာလည္း မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ ကိန္းရဲ့ ၃၇ မိနစ္မွာ သြင္းယူသြားခဲ့တဲ့ ေခါင္းတိုက္သြင္းဂိုးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ႀကိဳးပမ္းေနတဲ့ စပါးစ္အသင္းအတြက္ သိသာထင္ရွားတဲ့ အားတက္စရာျဖစ္လာခဲ့ၿပီး ဒုတိယပိုင္းျပန္စၿပီး ၂ မိနစ္အၾကာမွာ ဆြန္ေဟာင္မင္က တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္ရဲ့ေနာက္ ၁ မွတ္အကြာမွာသာ ရပ္တည္ေနရဆဲျဖစ္ေပမယ့္ လာမယ့္ တနဂၤေႏြေန႔ ဘန္ေလအသင္းကို အနိုင္ရရွိခဲ့မယ္ဆိုရင္ တနလၤာေန႔မွ နယူးကာဆယ္လ္နဲ႔ ကစားရမယ့္ အာဆင္နယ္ကို ေက်ာ္ျဖတ္သြားနိုင္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.