Premier League

မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဘယ်လိုရလဒ်တွေထွက်လာမလဲ ဟောကိန်းထုတ်လိုက်တဲ့ မာတင် ကီယွန်

မာတင် ကီယွန်က အာဆင်နယ်အသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ည ပွဲစဉ်မှာ လုပ်စရာရှိတာကို လုပ်နိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ၄ မှတ်စီ ကွာဟနေတာဖြစ်ပြီး ယနေ့ညမှာတော့ ၂ သင်းစလုံးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ နေရာကို အမိအရ ဆုပ်ကိုင်ဖို့အတွက် ကြိုးပမ်းသွားကြမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၄ ပွဲဆက် နိုင်ပွဲနဲ့အတူ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးကလည်း အန်းဖီးမှာ လီဗာပူးလ်ကို တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားထားနိုင်တာကြောင့် ပုံစံကောင်း ရရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဆာကာနဲ့ ဘန် ဝှိုက်တို့အနေနဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားမယ့် မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေတယ်လို့ ပြောကြားထားတာကြောင့် ဂန်းနားတွေဟာ အဓိက ကစားသမား ၂ ဦး မပါဝင်ဘဲ ကစားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကလည်း တန်ဂန်ဂါ၊ အိုလီဗာ စကစ်ပ်၊ မတ် ဒိုဟာတီနဲ့ ဆာဂျီယို ရာဂီလွန်တို့ မပါဝင်ဘဲ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ကြာသပတေးနေ့ည မြောက်လန်ဒန် ဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က အသင်းဟောင်းကပဲ အနိုင်ရလဒ်ကို ရယူသွားနိုင်လိမ့်မယ်လို့ ထောက်ခံ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲစဉ်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြတဲ့အနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းမှာ အနိုင်ရရှိတဲ့အသင်းဟာ ရှိသမျှအကုန် ယူဆောင်သွားမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ လက်ဗလာနဲ့ ကျန်ခဲ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ကတော့ အာဆင်နယ်နိုင်မယ့် ဘက်မှာပဲ ရှိနေပါတယ်။ ဒီအသင်း ၂ သင်းကြားအသက်ဝင်နေတဲ့ အမှတ်တရတွေထဲမှာ ဒီပွဲက အကြီးမားဆုံး ပွဲစဉ်ပါ။ ဒီတစ်ကြိမ်မှာတော့ အန္တရာယ်က ၂ ဆ ရှိနေပါတယ်။ နိုင်တဲ့သူ အကုန်လုံး ယူသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အတွက်ကတော့ ဆွန်ဟောင်မင်နဲ့ ဟာရီ ကိန်းတို့ ၂ ဦးစလုံးကို ဘာမှ မလုပ်နိုင်အောင် ထိန်းသိမ်းထားနိုင်ဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး စပါးစ်ကြယ်ပွင့် ၂ ဦးဟာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်နေသလို အချိတ်အဆက်မိမှုကလည်း အားအကောင်းဆုံးအနေအထားမှာရှိနေခဲ့တာဖြစ်ပါတယ်။

ဆွန်နဲ့ ကိန်းတို့ဟာ ဘယ်လိုပြိုင်ဘက်အသင်းမျိုးကိုမဆို ဖိအားတွေ ပေးနိုင်တာကြောင့် အာတီတာအနေနဲ့ ဒီ ကစားသမား ၂ ဦးကို တားဆီးနိုင်ဖို့အတွက် အစီအစဉ်ချထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အက်ဒီ နကီးတီးယားအနေနဲ့ ခံစစ် ၃ ဦးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ဖိအားမြင့်မြင့်ပေးမှုက တော့တင်ဟမ်ဟော့စပါး နောက်ခံလူတွေဆီကနေ ဘောလုံးကို မကြာခဏ ပြတ်တောက်စေခဲ့တာကြောင့် အာဆင်နယ်အသင်းလည်း လိဒ်စ်နဲ့ ပွဲတုန်းကလိုမျိုး ပြင်းထန်မှုမျိုး ရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီရဲ့အသင်းဟာ ပိုမိုကောင်းမွန်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ငြင်းစရာမရှိဘဲ ဘန် ဝှိုက်နဲ့ တီယာနီတို့ မပါဝင်တဲ့ အာဆင်နယ် ခံစစ်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူသွားဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မာတင္ ကီယြန္က အာဆင္နယ္အသင္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ယေန႔ည ပြဲစဥ္မွာ လုပ္စရာရွိတာကို လုပ္နိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ဟာ ၄ မွတ္စီ ကြာဟေနတာျဖစ္ၿပီး ယေန႔ညမွာေတာ့ ၂ သင္းစလုံးဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆင့္ ၄ ေနရာကို အမိအရ ဆုပ္ကိုင္ဖို႔အတြက္ ႀကိဳးပမ္းသြားၾကမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ၄ ပြဲဆက္ နိုင္ပြဲနဲ႔အတူ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို လာေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးကလည္း အန္းဖီးမွာ လီဗာပူးလ္ကို တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္ ထြက္ေပၚေအာင္ ကစားထားနိုင္တာေၾကာင့္ ပုံစံေကာင္း ရရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္နည္းၿပ အာတီတာက ဆာကာနဲ႔ ဘန္ ဝွိုက္တို႔အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္မွာ ပါဝင္ကစားေပးနိုင္ဖို႔ မေရမရာျဖစ္ေနတယ္လို႔ ေျပာၾကားထားတာေၾကာင့္ ဂန္းနားေတြဟာ အဓိက ကစားသမား ၂ ဦး မပါဝင္ဘဲ ကစားရဖြယ္ရွိေနတာ ျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကလည္း တန္ဂန္ဂါ၊ အိုလီဗာ စကစ္ပ္၊ မတ္ ဒိုဟာတီနဲ႔ ဆာဂ်ီယို ရာဂီလြန္တို႔ မပါဝင္ဘဲ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

ၾကာသပေတးေန႔ည ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က အသင္းေဟာင္းကပဲ အနိုင္ရလဒ္ကို ရယူသြားနိုင္လိမ့္မယ္လို႔ ေထာက္ခံ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီပြဲစဥ္ရဲ့ အေရးပါမႈကို မီးေမာင္းထိုးျပတဲ့အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ အနိုင္ရရွိတဲ့အသင္းဟာ ရွိသမၽွအကုန္ ယူေဆာင္သြားမွာျဖစ္ၿပီး ရႈံးနိမ့္တဲ့အသင္းကေတာ့ လက္ဗလာနဲ႔ က်န္ခဲ့ရလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ကေတာ့ အာဆင္နယ္နိုင္မယ့္ ဘက္မွာပဲ ရွိေနပါတယ္။ ဒီအသင္း ၂ သင္းၾကားအသက္ဝင္ေနတဲ့ အမွတ္တရေတြထဲမွာ ဒီပြဲက အႀကီးမားဆုံး ပြဲစဥ္ပါ။ ဒီတစ္ႀကိမ္မွာေတာ့ အႏၲရာယ္က ၂ ဆ ရွိေနပါတယ္။ နိုင္တဲ့သူ အကုန္လုံး ယူသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အတြက္ကေတာ့ ဆြန္ေဟာင္မင္နဲ႔ ဟာရီ ကိန္းတို႔ ၂ ဦးစလုံးကို ဘာမွ မလုပ္နိုင္ေအာင္ ထိန္းသိမ္းထားနိုင္ဖို႔ကိုပဲ အာ႐ုံစိုက္ရမွာျဖစ္ၿပီး စပါးစ္ၾကယ္ပြင့္ ၂ ဦးဟာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ေနသလို အခ်ိတ္အဆက္မိမႈကလည္း အားအေကာင္းဆုံးအေနအထားမွာရွိေနခဲ့တာျဖစ္ပါတယ္။

ဆြန္နဲ႔ ကိန္းတို႔ဟာ ဘယ္လိုၿပိဳင္ဘက္အသင္းမ်ိဳးကိုမဆို ဖိအားေတြ ေပးနိုင္တာေၾကာင့္ အာတီတာအေနနဲ႔ ဒီ ကစားသမား ၂ ဦးကို တားဆီးနိုင္ဖို႔အတြက္ အစီအစဥ္ခ်ထားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ အက္ဒီ နကီးတီးယားအေနနဲ႔ ခံစစ္ ၃ ဦးနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး လီဗာပူးလ္ရဲ့ ဖိအားျမင့္ျမင့္ေပးမႈက ေတာ့တင္ဟမ္ေဟာ့စပါး ေနာက္ခံလူေတြဆီကေန ေဘာလုံးကို မၾကာခဏ ျပတ္ေတာက္ေစခဲ့တာေၾကာင့္ အာဆင္နယ္အသင္းလည္း လိဒ္စ္နဲ႔ ပြဲတုန္းကလိုမ်ိဳး ျပင္းထန္မႈမ်ိဳး ရွိဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

အန္တိုနီယို ကြန္တီရဲ့အသင္းဟာ ပိုမိုေကာင္းမြန္တဲ့ ကစားသမားေတြ ပိုင္ဆိုင္ထားတယ္ဆိုတာ ျငင္းစရာမရွိဘဲ ဘန္ ဝွိုက္နဲ႔ တီယာနီတို႔ မပါဝင္တဲ့ အာဆင္နယ္ ခံစစ္ရဲ့ အားနည္းခ်က္ကို အခြင့္ေကာင္းယူသြားဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.