Premier League

၃ ပွဲဆက်နိုင်ပွဲမရှိစံချိန်ဆိုးကို ရပ်တန့်ခဲ့တဲ့ လိဒ်စ် ၀-၃ ချဲလ်ဆီးတို့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဗိုလ်လုပွဲမတိုင်ခင် ပုံမှန်ခြေစွမ်း ပြန်ရခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ နောက်ဆုံး လိဂ် ၃ ပွဲစလုံးမှာ နိုင်ပွဲမရခဲ့ဘဲ တစ်ပွဲရှုံး ၂ ပွဲ သရေကျခဲ့တာဖြစ်ပေမယ့်လည်း လိဒ်စ်နဲ့ပွဲမှာ ရီးစ် ဂျိမ်းစ်ရဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုအပြီး ၄ မိနစ်မှာ မေဆန် မောင့်က ဦးဆောင်ဂိုးကို သွင်းယူပေးပြီး တောက်ပစွာ စတင်နိုင်ခဲ့ပါတယ်။ အဲဒီသွင်းဂိုးဟာ လက်ကျန်ပွဲကစားချိန်ရဲ့ အနေအထားကို သတ်မှတ်ပေးနိုင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ နောက် မိနစ် ၅၀ အထိ နောက်ထပ်ဦးဆောင်ဂိုး မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းမှာ အခွင့်အရေးအများအပြားကို ဖန်တီးနိုင်ခဲ့ပြီး လိဒ်စ်အသင်း ဘာမှ မလုပ်နိုင်အောင် ဆက်လက် ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လိဒ်စ်အသင်း တန်ပြန်တိုက်စစ်ဆင်ဖို့ လုံလောက်တဲ့ နေရာလွတ်မကျန်အောင် တားဆီးနိုင်ခဲ့တာကြောင့် အိမ်ရှင်လိဒ်စ်အသင်းဟာ ပွဲစဉ်အတွင်း ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ စနေနေ့မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲမှာ ဒီပွဲစဉ်ကလိုမျိုး ပြင်းထန်မှုမျိုး လိုအပ်မှာဖြစ်ပါတယ်။

၂။ လက်ကျန် ၂ ပွဲသာကျန်တော့ချိန်မှာ တန်းဆင်းဇုန်ထဲ ကျခဲ့တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်ဟာ ပွဲစတင်ပြီး မိနစ်ပိုင်းအတွင်းမှာ ဂိုးခွင့်ပြုပေးခဲ့ရပြီး ဘယ်အသင်းကမှ ပွဲကို ဒီလို စတင်ချင်မှာမဟုတ်ပါဘူး။ လိဒ်စ်ယူနိုက်တက်အနေနဲ့ ချေပဂိုးတွေ ပြန်လည်သွင်းယူဖို့ အချိန်အများကြီးရှိခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းအတွက်တော့ ထင်တိုင်းမပေါက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၄ မိနစ်မှာ ဒန်နီရယ် ဂျိမ်းစ်က ကိုဗာချစ်ကို မလိုအပ်ဘဲ အဆင်အခြင်မဲ့ ဖျက်ထုတ်ခဲ့မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လိဒ်စ်အတွက်တော့ ၂ ပွဲဆက်တိုက် ပထမပိုင်းမှာ ၁ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ဧည့်သည်ချဲလ်ဆီးဟာ ၁ ယောက်အသာစီးရမှုကို အကောင်းဆုံး အသုံးချသွားခဲ့ပြီး ဆက်တိုက် ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ လိဒ်စ်ဟာ ပွဲစဉ်တလျှောက်လုံး ဘောလုံးနောက်ကိုသာ လိုက်နေခဲ့ရပြီး တစ်ပွဲလုံးမှာ ကန်သွင်းခဲ့တဲ့ ၅ ကြိမ်စလုံးကလည်း ဂိုးပေါက်မတည့်ခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ဟာ နောက်ဆုံး လိဂ် ၄ ပွဲမှာ ၃ ပွဲအထိ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ တန်းဆင်းသွားရမယ်ဆိုရင် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမှာဖြစ်ပါတယ်။

၃။ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် ၂ ပွဲဆက် ဂိုးသွင်းတဲ့ လူကာကူး

လူကာကူးဟာ ဝုလ်ဗ်စ်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒီပွဲစဉ်မှာလည်း ကောင်းမွန်တဲ့ကစားသမားဖြစ်ခဲ့ပြန်ပါတယ်။ လူကာကူးဟာ လိဒ်စ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူဖို့အတွက် ကြိုးပမ်းမှု ၆ ကြိမ်မြောက်မှာ အောင်မြင်ခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ပေးခဲ့တဲ့ နည်းပြတူဟယ်ရဲ့ ယုံကြည်မှုကို သွင်းဂိုးနဲ့ ပြန်လည်တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ လိဒ်စ်နဲ့ပွဲစဉ်က သွင်းဂိုးဟာ လူကာကူးရဲ့ ယခုရာသီ ပရီးမီးယားလိဂ် ၈ ဂိုးမြောက်သွင်းဂိုးဖြစ်လာပြီး ရာသီမကုန်ခင် သွင်းဂိုးအရေအတွက် ဂဏန်း ၂ လုံးဖြစ်လာဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

၄။ ၄ ပွဲအတွင်း ပထမဆုံးပေးဂိုးမရှိပွဲစဉ်ကို ပိုင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညက လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ရာသီရဲ့ ၁၆ ပွဲမြောက် ပေးဂိုးမရှိပွဲစဉ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ လိဒ်စ်တိုက်စစ်မှူးတွေရဲ့ ဖြုန်းတီးမှုတွေက ချဲလ်ဆီးအသင်းအတွက် ပေးဂိုးမရှိပွဲစဉ်ရယူဖို့ အကူအညီဖြစ်ခဲ့ပြီး ချဲလ်ဆီးခံစစ် ၃ ဦးဟာ အဝေးကွင်းမှာ ကောင်းမွန်တဲ့ညတစ်ညကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဗဟိုခံစစ်ကစားသမား ၃ ဦးစလုံးဟာ ဘောလုံးပေးပို့ရာမှာ တိကျမှု ၉၄ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားခဲ့ပြီး ချာလိုဘက်ဟာ ကွင်းထဲမှာရှိတဲ့ ကစားသမားတိုင်းထက် ဖျက်ထုတ်မှုတွေ(၄ ကြိမ်) ပိုမိုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးခံစစ်မှူးတွေဟာ ဘောလုံးယှဉ်လုရာမှာ ယုံကြည်မှုအပြည့်ရှိနေခဲ့ပြီး လိဒ်စ်ကစားသမားတွေ ဘောလုံးမရခင်မှာပဲ အန္တရာယ်ရှိတဲ့အနေအထားကနေ ရှင်းထုတ်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။

၅။ နောက်ထပ်တစ်ကြိမ် တောက်ပတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပြန်တဲ့ မေဆန် မောင့်

မေဆန် မောင့်ဟာ ဧည့်သည်အသင်းအတွက် အဓိကတောက်ပခဲ့သူဖြစ်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ရုံတင်မကဘဲ ဒုတိယပိုင်းမှာ ပူလီရှစ်ရဲ့ သွင်းဂိုးအတွက်ပါ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ မေဆန် မောင့်ဟာ အီဒင် ဟာဇက်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအရေအတွက် ဂဏန်း ၂ လံးအထိ ရောက်ရှိလာတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ပွဲစဉ်တလျှောက်လုံး ပုံမှန်ခြိမ်းခြောက်မှု ဖြစ်ခဲ့တဲ့ မေဆန် မောင့်ဟာ တိုက်စစ်မှာ အသင်းဖော်တွေကို အများကြီး အကူအညီပေးနိုင်ခဲ့ပါတယ်။

၆။ လုံးဝ အနီကတ်ပြဖို့ ထိုက်တန်ခဲ့တဲ့ ဒန်နီရယ် ဂျိမ်းစ်ရဲ့ ဖျက်ထုတ်မှု

လိဒ်စ်ယူနိုက်တက်ပရိသတ်တွေဟာ ကိုဗာချစ်ကို အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကြောင့် ဒန်နီရယ် ဂျိမ်းစ် အနီကတ်ပြ ထုတ်ပယ်ခံရမှုအတွက် ဒိုင်လူကြီးကို “ခင်ဗျားက ဒိုင်လူကြီး လုပ်ဖို့အတွက် မသင့်တော်ဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲတာဝန်ရှိသူ အန်သိုနီ တေလာဟာ ပွဲရဲ့ အကြီးမားဆုံးအလှည့်အပြောင်းကို လုပ်ဆောင်ခဲ့ပြီး ဝေးလ်တောင်ပံကစားသမားရဲ့ ဖျက်ထုတ်မှုဟာ အဆင်အခြင်မဲ့မှုရဲ့အဓိပ္ပာယ်သတ်မှတ်ချက်လို့တောင် ပြောလို့ရတဲ့ လုံးဝ အနီကတ်ပြသသင့်တဲ့ ဖျက်ထုတ်မှုဖြစ်ပါတယ်။ ကယ်လ်ဗင် ဖိလစ်ရဲ့ အဝါကတ်ပြား ပြသခံရမှုကြောင့် လိဒ်စ်ယူနိုက်တက်အသင်းဟာ တစ်ရာသီအတွင်း အဝါကတ် ၁၀၀ အထိ ရရှိဖူးတဲ့ ပထမဆုံး ပရီးမီးယားလိဂ်အသင်းဖြစ်လာဖွယ်ရှိနေပြီး လက်ရှိမှာ ၉၆ ကတ်အထိ ပြသခြင်းခံထားရတာဖြစ်ပါတယ်။

ဒီလို စံချိန်မျိုးဟာ လိဒ်စ်ရဲ့ ကျော်ကြားတဲ့ ‘ညစ်ပတ်တဲ့ လိဒ်စ်’ဆိုတဲ့ နာမည်ပြောင်ကို အကူအညီဖြစ်စေမှာမဟုတ်တာဖြစ်ပါတယ်။ ဂျက်ဆီ မာ့ရှ်ရဲ့ လိဒ်စ်နည်းပြဘဝ ပထမဆုံး ၆ ပွဲမှာ လိဒ်စ်အသင်းဟာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၄ ပွဲမှာတော့ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ ဂိုးကန်သွင်းမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အိမ်ရှင် လိဒ်စ်အသင်းဟာ အေဒူယာ မန်ဒီကို လက်စွမ်းပြ ကာကွယ်ခွင့်ပေးနိုင်ခြင်းမရှိခဲ့တဖြစ်ပြီး ၉ ဂိုးသွင်းယူပေးထားတဲ့ ဂျက်ခ် ဟယ်ရစ်ဆင် ဒဏ်ရာရရှိထားပြီး ပက်ထရစ် ဘန်းဖို့ဒ်လည်း အနားယူနေရဆဲဖြစ်တာကြောင့် ထိပ်တန်းဂိုးသွင်းရှင် ရာဖင်ညာဟာ ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ပွဲမှာ ဖိအားတွေအများကြီး ရှိနေခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အနေနဲ့ ချန်ပီယံရှစ်ကို တန်းပြန်မဆင်းရဖို့အတွက် မှော်ဆန်တဲ့ အခိုက်အတန့်အချို့ လိုအပ်နေပုံ ပေါ်ပါတယ်။

၇။ ဒဏ်ရာပြဿနာတွေကို စိုးရိမ်နေခဲ့ရတဲ့ ချဲလ်ဆီးနဲ့ လိဒ်စ်

ဟယ်ရစ်ဆင်ရဲ့ ဒဏ်ရာဟာ ပွဲပယ်ခံထားရတဲ့ လုခ် အိုင်လင်း၊ ဒဏ်ရာရနေတဲ့ ဘန်းဖို့ဒ်၊ စတူးဝပ် ဒါးလက်စ်၊ တိုင်လာ ရောဘတ်စ်၊ အဒမ် ဖောရှောတို့ မပါဝင်ဘဲ ကစားခဲ့တဲ့ လိဒ်စ်အတွက် နောက်ဆုံးကြုံခဲ့ရတဲ့ ဒဏ်ရာပြဿနာဖြစ်ပါတယ်။ ဒန်နီရယ် ဂျိမ်းစ်ဟာ လက်ရှိမှာတော့ ရာသီနောက်ဆုံး ၂ ပွဲကိုလည်း အနီကတ်ကြောင့် လွဲချော်တော့မှာဖြစ်ပြီး ဂျက်ဆီ မာ့ရှ်ဟာ သွင်းဂိုးတွေအတွက် အဓိကအားထားနေရတဲ့ ရာဖင်ညာကို ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ ဟယ်ရစ်ဆင်ဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် ပွဲကို ကွင်းဘေးစည်းကနေ ကြည့်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး လိဒ်စ်အနေနဲ့ နောက်လာမယ့်ပွဲမှာ ဟယ်ရစ်ဆင် ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းအတွက်လည်း စိတ်ပျက်ဖွယ် ဒဏ်ရာရသတင်းတွေက ရှိနေခဲ့ပြီး ကိုဗာချစ်ဟာ ဒန် ဂျိမ်းစ်ရဲ့ ဖျက်ထုတ်ခြင်းခံခဲ့ရပြီးနောက် သိပ်မကြာခင်မှာပဲ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ခရိုအေးရှားကွင်းလယ်ကြယ်ပွင့်ဟာ လက်ရှိမှာတော့ လီဗာပူးလ်နဲ့ကစားရမယ့် အက်ဖ်အေဗိုလ်လုပွဲကို ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေပြီဖြစ်တာကြောင့် စနေနေ့ညနေမှာ အန်ဂိုလို ကွန်တေ နောက်ထပ်တစ်ကြိမ် ပြန်လည်ကြံ့ခိုင်မှုရရှိနေဖို့သာ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အက္ဖ္ေအဗိုလ္လုပြဲမတိုင္ခင္ ပုံမွန္ေျခစြမ္း ျပန္ရခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံး လိဂ္ ၃ ပြဲစလုံးမွာ နိုင္ပြဲမရခဲ့ဘဲ တစ္ပြဲရႈံး ၂ ပြဲ သေရက်ခဲ့တာျဖစ္ေပမယ့္လည္း လိဒ္စ္နဲ႔ပြဲမွာ ရီးစ္ ဂ်ိမ္းစ္ရဲ့ ေကာင္းမြန္တဲ့ ဖန္တီးမႈအၿပီး ၄ မိနစ္မွာ ေမဆန္ ေမာင့္က ဦးေဆာင္ဂိုးကို သြင္းယူေပးၿပီး ေတာက္ပစြာ စတင္နိုင္ခဲ့ပါတယ္။ အဲဒီသြင္းဂိုးဟာ လက္က်န္ပြဲကစားခ်ိန္ရဲ့ အေနအထားကို သတ္မွတ္ေပးနိုင္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ေနာက္ မိနစ္ ၅၀ အထိ ေနာက္ထပ္ဦးေဆာင္ဂိုး မသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ပထမပိုင္းမွာ အခြင့္အေရးအမ်ားအျပားကို ဖန္တီးနိုင္ခဲ့ၿပီး လိဒ္စ္အသင္း ဘာမွ မလုပ္နိုင္ေအာင္ ဆက္လက္ ဖိအားေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လိဒ္စ္အသင္း တန္ျပန္တိုက္စစ္ဆင္ဖို႔ လုံေလာက္တဲ့ ေနရာလြတ္မက်န္ေအာင္ တားဆီးနိုင္ခဲ့တာေၾကာင့္ အိမ္ရွင္လိဒ္စ္အသင္းဟာ ပြဲစဥ္အတြင္း ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ေတာင္ မျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ စေနေန႔မွာ အက္ဖ္ေအဖလား ဗိုလ္လုပြဲစဥ္အျဖစ္ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အဲဒီပြဲမွာ ဒီပြဲစဥ္ကလိုမ်ိဳး ျပင္းထန္မႈမ်ိဳး လိုအပ္မွာျဖစ္ပါတယ္။

၂။ လက္က်န္ ၂ ပြဲသာက်န္ေတာ့ခ်ိန္မွာ တန္းဆင္းဇုန္ထဲ က်ခဲ့တဲ့ လိဒ္စ္

လိဒ္စ္ယူနိုက္တက္ဟာ ပြဲစတင္ၿပီး မိနစ္ပိုင္းအတြင္းမွာ ဂိုးခြင့္ျပဳေပးခဲ့ရၿပီး ဘယ္အသင္းကမွ ပြဲကို ဒီလို စတင္ခ်င္မွာမဟုတ္ပါဘူး။ လိဒ္စ္ယူနိုက္တက္အေနနဲ႔ ေခ်ပဂိုးေတြ ျပန္လည္သြင္းယူဖို႔ အခ်ိန္အမ်ားႀကီးရွိခဲ့ေပမယ့္လည္း အိမ္ရွင္အသင္းအတြက္ေတာ့ ထင္တိုင္းမေပါက္နိုင္ခဲ့တာျဖစ္ပါတယ္။ ၂၄ မိနစ္မွာ ဒန္နီရယ္ ဂ်ိမ္းစ္က ကိုဗာခ်စ္ကို မလိုအပ္ဘဲ အဆင္အျခင္မဲ့ ဖ်က္ထုတ္ခဲ့မႈေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး လိဒ္စ္အတြက္ေတာ့ ၂ ပြဲဆက္တိုက္ ပထမပိုင္းမွာ ၁ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။

ဧည့္သည္ခ်ဲလ္ဆီးဟာ ၁ ေယာက္အသာစီးရမႈကို အေကာင္းဆုံး အသုံးခ်သြားခဲ့ၿပီး ဆက္တိုက္ ဖိအားေပးမႈေတြ ဆက္လက္ လုပ္ေဆာင္ခဲ့ပါတယ္။ ရလဒ္အေနနဲ႔ လိဒ္စ္ဟာ ပြဲစဥ္တေလၽွာက္လုံး ေဘာလုံးေနာက္ကိုသာ လိုက္ေနခဲ့ရၿပီး တစ္ပြဲလုံးမွာ ကန္သြင္းခဲ့တဲ့ ၅ ႀကိမ္စလုံးကလည္း ဂိုးေပါက္မတည့္ခဲ့တာျဖစ္ပါတယ္။ လိဒ္စ္ဟာ ေနာက္ဆုံး လိဂ္ ၄ ပြဲမွာ ၃ ပြဲအထိ ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိဘဲ တန္းဆင္းသြားရမယ္ဆိုရင္ ကိုယ့္ကိုကိုယ္သာ အျပစ္တင္ရမွာျဖစ္ပါတယ္။

၃။ ဒီဇင္ဘာေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၂ ပြဲဆက္ ဂိုးသြင္းတဲ့ လူကာကူး

လူကာကူးဟာ ဝုလ္ဗ္စ္နဲ႔ ၂-၂ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ၂ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီး ဒီပြဲစဥ္မွာလည္း ေကာင္းမြန္တဲ့ကစားသမားျဖစ္ခဲ့ျပန္ပါတယ္။ လူကာကူးဟာ လိဒ္စ္နဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူဖို႔အတြက္ ႀကိဳးပမ္းမႈ ၆ ႀကိမ္ေျမာက္မွာ ေအာင္ျမင္ခဲ့ၿပီး ေနာက္ဆုံး ၂ ပြဲမွာ ပြဲထြက္လူစာရင္းထဲ ပါဝင္ခြင့္ေပးခဲ့တဲ့ နည္းျပတူဟယ္ရဲ့ ယုံၾကည္မႈကို သြင္းဂိုးနဲ႔ ျပန္လည္တုံ႔ျပန္နိုင္ခဲ့တာျဖစ္ပါတယ္။ လိဒ္စ္နဲ႔ပြဲစဥ္က သြင္းဂိုးဟာ လူကာကူးရဲ့ ယခုရာသီ ပရီးမီးယားလိဂ္ ၈ ဂိုးေျမာက္သြင္းဂိုးျဖစ္လာၿပီး ရာသီမကုန္ခင္ သြင္းဂိုးအေရအတြက္ ဂဏန္း ၂ လုံးျဖစ္လာဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

၄။ ၄ ပြဲအတြင္း ပထမဆုံးေပးဂိုးမရွိပြဲစဥ္ကို ပိုင္ဆိုင္ခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညက လိဒ္စ္ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ပရီးမီးယားလိဂ္ရာသီရဲ့ ၁၆ ပြဲေျမာက္ ေပးဂိုးမရွိပြဲစဥ္ကို ပိုင္ဆိုင္ခဲ့ပါတယ္။ လိဒ္စ္တိုက္စစ္မႉးေတြရဲ့ ျဖဳန္းတီးမႈေတြက ခ်ဲလ္ဆီးအသင္းအတြက္ ေပးဂိုးမရွိပြဲစဥ္ရယူဖို႔ အကူအညီျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးခံစစ္ ၃ ဦးဟာ အေဝးကြင္းမွာ ေကာင္းမြန္တဲ့ညတစ္ညကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဗဟိုခံစစ္ကစားသမား ၃ ဦးစလုံးဟာ ေဘာလုံးေပးပို႔ရာမွာ တိက်မႈ ၉၄ ရာခိုင္ႏႈန္းထက္ ပိုမိုျမင့္မားခဲ့ၿပီး ခ်ာလိုဘက္ဟာ ကြင္းထဲမွာရွိတဲ့ ကစားသမားတိုင္းထက္ ဖ်က္ထုတ္မႈေတြ(၄ ႀကိမ္) ပိုမိုျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးခံစစ္မႉးေတြဟာ ေဘာလုံးယွဥ္လုရာမွာ ယုံၾကည္မႈအျပည့္ရွိေနခဲ့ၿပီး လိဒ္စ္ကစားသမားေတြ ေဘာလုံးမရခင္မွာပဲ အႏၲရာယ္ရွိတဲ့အေနအထားကေန ရွင္းထုတ္ပစ္နိုင္ခဲ့တာျဖစ္ပါတယ္။

၅။ ေနာက္ထပ္တစ္ႀကိမ္ ေတာက္ပတဲ့စြမ္းေဆာင္ရည္ကို ျပသခဲ့ျပန္တဲ့ ေမဆန္ ေမာင့္

ေမဆန္ ေမာင့္ဟာ ဧည့္သည္အသင္းအတြက္ အဓိကေတာက္ပခဲ့သူျဖစ္ၿပီး အဖြင့္ဂိုးကို သြင္းယူေပးခဲ့႐ုံတင္မကဘဲ ဒုတိယပိုင္းမွာ ပူလီရွစ္ရဲ့ သြင္းဂိုးအတြက္ပါ ဂိုးဖန္တီးေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ညမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္နိုင္ခဲ့တဲ့ ေမဆန္ ေမာင့္ဟာ အီဒင္ ဟာဇက္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအတြက္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈအေရအတြက္ ဂဏန္း ၂ လံးအထိ ေရာက္ရွိလာတဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ ပြဲစဥ္တေလၽွာက္လုံး ပုံမွန္ၿခိမ္းေျခာက္မႈ ျဖစ္ခဲ့တဲ့ ေမဆန္ ေမာင့္ဟာ တိုက္စစ္မွာ အသင္းေဖာ္ေတြကို အမ်ားႀကီး အကူအညီေပးနိုင္ခဲ့ပါတယ္။

၆။ လုံးဝ အနီကတ္ျပဖို႔ ထိုက္တန္ခဲ့တဲ့ ဒန္နီရယ္ ဂ်ိမ္းစ္ရဲ့ ဖ်က္ထုတ္မႈ

လိဒ္စ္ယူနိုက္တက္ပရိသတ္ေတြဟာ ကိုဗာခ်စ္ကို အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈေၾကာင့္ ဒန္နီရယ္ ဂ်ိမ္းစ္ အနီကတ္ၿပ ထုတ္ပယ္ခံရမႈအတြက္ ဒိုင္လူႀကီးကို “ခင္ဗ်ားက ဒိုင္လူႀကီး လုပ္ဖို႔အတြက္ မသင့္ေတာ္ဘူး”လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲတာဝန္ရွိသူ အန္သိုနီ ေတလာဟာ ပြဲရဲ့ အႀကီးမားဆုံးအလွည့္အေျပာင္းကို လုပ္ေဆာင္ခဲ့ၿပီး ေဝးလ္ေတာင္ပံကစားသမားရဲ့ ဖ်က္ထုတ္မႈဟာ အဆင္အျခင္မဲ့မႈရဲ့အဓိပၸာယ္သတ္မွတ္ခ်က္လို႔ေတာင္ ေျပာလို႔ရတဲ့ လုံးဝ အနီကတ္ျပသသင့္တဲ့ ဖ်က္ထုတ္မႈျဖစ္ပါတယ္။ ကယ္လ္ဗင္ ဖိလစ္ရဲ့ အဝါကတ္ျပား ျပသခံရမႈေၾကာင့္ လိဒ္စ္ယူနိုက္တက္အသင္းဟာ တစ္ရာသီအတြင္း အဝါကတ္ ၁၀၀ အထိ ရရွိဖူးတဲ့ ပထမဆုံး ပရီးမီးယားလိဂ္အသင္းျဖစ္လာဖြယ္ရွိေနၿပီး လက္ရွိမွာ ၉၆ ကတ္အထိ ျပသျခင္းခံထားရတာျဖစ္ပါတယ္။

ဒီလို စံခ်ိန္မ်ိဳးဟာ လိဒ္စ္ရဲ့ ေက်ာ္ၾကားတဲ့ ‘ညစ္ပတ္တဲ့ လိဒ္စ္’ဆိုတဲ့ နာမည္ေျပာင္ကို အကူအညီျဖစ္ေစမွာမဟုတ္တာျဖစ္ပါတယ္။ ဂ်က္ဆီ မာ့ရွ္ရဲ့ လိဒ္စ္နည္းျပဘဝ ပထမဆုံး ၆ ပြဲမွာ လိဒ္စ္အသင္းဟာ ၁၀ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ ေနာက္ဆုံး ၄ ပြဲမွာေတာ့ ၁ ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ေနာက္ဆုံး ၄ ပြဲမွာ ဂိုးကန္သြင္းမႈ ၆ ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ပါတယ္။ အိမ္ရွင္ လိဒ္စ္အသင္းဟာ ေအဒူယာ မန္ဒီကို လက္စြမ္းၿပ ကာကြယ္ခြင့္ေပးနိုင္ျခင္းမရွိခဲ့တျဖစ္ၿပီး ၉ ဂိုးသြင္းယူေပးထားတဲ့ ဂ်က္ခ္ ဟယ္ရစ္ဆင္ ဒဏ္ရာရရွိထားၿပီး ပက္ထရစ္ ဘန္းဖို႔ဒ္လည္း အနားယူေနရဆဲျဖစ္တာေၾကာင့္ ထိပ္တန္းဂိုးသြင္းရွင္ ရာဖင္ညာဟာ ဘရိုက္တန္၊ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ပြဲမွာ ဖိအားေတြအမ်ားႀကီး ရွိေနခဲ့တာျဖစ္ပါတယ္။ လိဒ္စ္ယူနိုက္တက္အေနနဲ႔ ခ်န္ပီယံရွစ္ကို တန္းျပန္မဆင္းရဖို႔အတြက္ ေမွာ္ဆန္တဲ့ အခိုက္အတန႔္အခ်ိဳ႕ လိုအပ္ေနပုံ ေပၚပါတယ္။

၇။ ဒဏ္ရာျပႆနာေတြကို စိုးရိမ္ေနခဲ့ရတဲ့ ခ်ဲလ္ဆီးနဲ႔ လိဒ္စ္

ဟယ္ရစ္ဆင္ရဲ့ ဒဏ္ရာဟာ ပြဲပယ္ခံထားရတဲ့ လုခ္ အိုင္လင္း၊ ဒဏ္ရာရေနတဲ့ ဘန္းဖို႔ဒ္၊ စတူးဝပ္ ဒါးလက္စ္၊ တိုင္လာ ေရာဘတ္စ္၊ အဒမ္ ေဖာေရွာတို႔ မပါဝင္ဘဲ ကစားခဲ့တဲ့ လိဒ္စ္အတြက္ ေနာက္ဆုံးၾကဳံခဲ့ရတဲ့ ဒဏ္ရာျပႆနာျဖစ္ပါတယ္။ ဒန္နီရယ္ ဂ်ိမ္းစ္ဟာ လက္ရွိမွာေတာ့ ရာသီေနာက္ဆုံး ၂ ပြဲကိုလည္း အနီကတ္ေၾကာင့္ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ဂ်က္ဆီ မာ့ရွ္ဟာ သြင္းဂိုးေတြအတြက္ အဓိကအားထားေနရတဲ့ ရာဖင္ညာကို ႀကိဳတင္ကာကြယ္မႈအေနနဲ႔ လူစားလဲလွယ္ခဲ့ပါတယ္။ ဟယ္ရစ္ဆင္ဟာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီးေနာက္ ပြဲကို ကြင္းေဘးစည္းကေန ၾကည့္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး လိဒ္စ္အေနနဲ႔ ေနာက္လာမယ့္ပြဲမွာ ဟယ္ရစ္ဆင္ ပါဝင္ကစားေပးနိုင္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းအတြက္လည္း စိတ္ပ်က္ဖြယ္ ဒဏ္ရာရသတင္းေတြက ရွိေနခဲ့ၿပီး ကိုဗာခ်စ္ဟာ ဒန္ ဂ်ိမ္းစ္ရဲ့ ဖ်က္ထုတ္ျခင္းခံခဲ့ရၿပီးေနာက္ သိပ္မၾကာခင္မွာပဲ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ခရိုေအးရွားကြင္းလယ္ၾကယ္ပြင့္ဟာ လက္ရွိမွာေတာ့ လီဗာပူးလ္နဲ႔ကစားရမယ့္ အက္ဖ္ေအဗိုလ္လုပြဲကို ပါဝင္ကစားေပးနိုင္ဖို႔ မေရမရာျဖစ္ေနၿပီျဖစ္တာေၾကာင့္ စေနေန႔ညေနမွာ အန္ဂိုလို ကြန္ေတ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ႀကံ့ခိုင္မႈရရွိေနဖို႔သာ ေမၽွာ္လင့္ရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.