Analysis Premier League

ဒီဘရိုင်းနားရဲ့ ဂိုးတွေနဲ့ ဝုလ်ဗ်စ် 1-5 မန်စီးတီးပွဲမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အရာများ

ဒီဘရိုင်းနားရဲ့ ပထမဆုံး အင်္ဂလိပ်ဟက်ထရစ်
မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို စွန့်လွှတ်လိုက်အပြီးမှာ ဖိအားကင်းကင်းနဲ့ ခြေစွမ်းပြနေတဲ့ ကီဗင် ဒီဘရိုင်းနားအတွက်တော့ ဒီနေ့မှာ သွင်းဂိုး ၄ ဂိုးနဲ့ ဟက်ထရစ်ရခဲ့တာဟာ သူ့ရဲ့ အင်္ဂလန်မြေမှာ ပထမဆုံးရရှိခဲ့တဲ့ ဟက်ထရစ်လည်းဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ ၁၄ မိနစ်တည်းနဲ့ ဟက်ထရစ်ရခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ သူ့ရဲ့ ပထမဆုံးအကြိမ်ကိုတော့ အသင်းဟောင်း ဂျင့်ခ်နဲ့ပွဲမှာ ရရှိခဲ့တာဖြစ်လို့ ဒီမှတ်တမ်းက ဥရောပထိပ်တန်းလိဂ်တစ်ခုမှာ မှတ်ကျောက်အတင်ခံနိုင်ခဲ့တာဖြစ်သလို ဒီရာသီရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။

ခံစစ်မှာ ဝင်ကစားခဲ့ရတဲ့ ဖာနန်ဒင်ညို
ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်တို့ရဲ့ ဒဏ်ရာတွေကြောင့် ကြံ့ခိုင်မှု နည်းသလို နည်းပြ ဂွါဒီယိုလာ သိပ်မကြိုက်တဲ့ နာသန် အာကေရဲ့ ရှေ့ကနေ ဒီနေ့ပွဲရဲ့ ဗဟိုခံစစ်မှာ ပွဲထွက်ခွင့်ရသူကတော့ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ညိုပဲ ဖြစ်ခဲ့ပါတယ်။ ပွဲအစက ကစားခဲ့ရတဲ့ ဘရာဇီးလ်သားကြီးဟာ မြန်နှုန်းအနည်းငယ် နိမ့်ပါးတာကိုတော့ ထောက်ပြနိုင်ပေမယ့် ခြုံငုံကြည့်လိုက်ရင် တစ်ပွဲလုံးမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာပါ။ ဒီကြားထဲ ဒုတိယပိုင်းမှာ လာပေါ့တ်ပါ ထပ်နာသွားခဲ့လို့ လာမယ့်ပွဲတွေမှာ ဖာနန်ဒင်ညိုနဲ့ ရိုဒရီတို့ရဲ့ ဗဟိုခံစစ်ကိုလည်း မြင်ကောင်းမြင်ရနိုင်ပါတယ်။

ဝုလ်ဗ်စ်က ချန်ပီယံဆုကို အဆုံးအဖြတ်ပေးမှာတဲ့လား
ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပန်းဝင်ချိန်မှာ မန်စီးတီးနဲ့ရော လီဗာပူးလ်နဲ့ပါ တွေ့ဆုံနေတဲ့ ဝုလ်ဗ်စ်ဟာ သူတို့နှစ်သင်းနဲ့ တွေ့ဆုံတဲ့ ရလဒ်အရ ဘယ်သူ ဗိုလ်စွဲမလဲဆိုတာ အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ လုံးဝကို ပျက်စီးပြိုလဲနေတဲ့ အသင်းပဲဖြစ်ခဲ့တာပါ။ သွားတောင် ပါရဲ့လားမသိတဲ့ ဝံပုလွေတွေဟာ ဒဏ်ရာတွေအပြင် နည်းပြရဲ့ အသင်းကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှု အားနည်းတာကြောင့် ရလဒ်တွေ ဆိုးရွားနေပြီး နောက်ခံလူ ဘိုလီရဲ့ ကစားပုံကလည်း စိတ်ပျက်စရာဖြစ်ခဲ့လို့ ရှေ့က အထင်တကြီး ခန့်မှန်းမှုတွေ လွဲချော်ခဲ့သလို သူတို့ရဲ့ ဥရောပကစားခွင့်ကိုပါ လွှင့်ပစ်လိုက်ရဖို့ ဖြစ်လာခဲ့ပါပြီ။

ဂွါဒီယိုလာရဲ့ ပြည်တွင်းစံချိန်ကောင်း
ဘာစီလိုနာက ထွက်လာပြီးကတည်းက ဥရောပမှာ မစွံသေးဘဲ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့ရတဲ့ ပက်ပ်ဟာ ဒီနေ့မှာတော့ မန်စီးတီးရဲ့ ပြိုင်ပွဲစုံမှာ ပွဲ ၃၅၀ မြောက်ကို ကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်ကို ဂိုးပြတ်အနိုင်ရခဲ့လို့ လီဗာပူးလ်ကို အမှတ်ရော ဂိုးကွာခြားချက်ပါ ဖြတ်နိုင်ခဲ့ပြီး သူ့ရဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးတို့အတွက် သိမ်းပိုက်နိုင်ဖို့ဖြစ်လာခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ၁၃ ကြိမ် ခေတ်ကလိုမျိုး မလွယ်ကူဘဲ ခက်ခဲလွန်းတဲ့ ပြိုင်ပွဲမှာ ၆ ရာသီအတွင်း ဖလား ၄ လုံးကတော့ ချီးကျူးစရာလည်းဖြစ်ခဲ့ပါတယ်။

မြို့ခံပြိုင်ဘက်နဲ့ ကွာဟလွန်းနေတဲ့ စံချိန်
မန်စီးတီးတို့ရဲ့ ဒီနေ့မှာ အသင်းရဲ့ ဂိုးကွာခြားချက်စာရင်းကို +၄ ဂိုး ပေါင်းထည့်လိုက်နိုင်ခဲ့တာက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တို့ကို အရှက်ခွဲသလိုမျိုးဖြစ်ခဲ့ရပါတယ်။ တခြားရည်ရွယ်ချက် မရှိဘဲ လီဗာပူးလ်တို့ လိုက်မမီနိုင်ဖို့ ၃ မှတ်တွေ မပျက်မကွက် စုဆောင်းနေသလို ဂိုးများများရဖို့ပါ ကြိုးစားခဲ့ချိန်မှာ စီးတီးတို့ရဲ့ ဂိုးကွာခြားချက်က ၇၂ ဂိုးအထိ ရှိလာတာဖြစ်ပြီး မြို့ခံပြိုင်ဘက်ရဲ့ တစ်ဂိုးသာ ရှိတဲ့ မှတ်တမ်းနဲ့တော့ မြင်းမိုရ်တောင်နဲ့ ဆီးစေ့လို ကွာခြားနေခဲ့တာလည်းဖြစ်ပါတယ်။

အာကေကို အားကိုးလို့ ရပါ့မလား
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ သူကိုယ်တိုင် ပေါင်သန်း ၄၀ ပေးပြီး ဘုန်းမောက်ကနေ ခေါ်ယူထားတဲ့ ဒတ်ချ်နောက်ခံလူကို သူကိုယ်တိုင်ပဲ ချောင်ထိုးပစ်ခဲ့ပြီး ဒီကစားသမားအနေနဲ့ သူ့ရဲ့ နေရာတော်တော်များများ ကစားနိုင်မှုနဲ့ မြန်နှုန်းမြင့် ကစားပုံကြောင့် အစ်တီဟတ်ကို ရောက်ရှိလာချိန်မှာ နှစ်ရာသီအကြာမှာတော့ နိမ့်ပါးတဲ့ အရပ်အမောင်းနဲ့အတူ နှေးကွေးတဲ့ ပုံစံကိုပဲ ပြသနေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ပက်ပ်အနေနဲ့ ဖာနန်ဒင်ညိုကို ဒီနေ့ပွဲမှာ ပွဲထွက် အဖြစ် ဗဟိုခံစစ်မှာ ကစားစေခဲ့တာဖြစ်ပြီး အာကေကိုတော့ လာပေါ့တ် နာသွားမှ လူစားဝင်ခိုင်းခဲ့ချိန်မှာ လာမယ့်ပွဲအမီ နောက်ခံလူတွေသာ ကြံ့ခိုင်မှု ရှိမလာဘူးဆိုရင်တော့ အာကေအစား ရိုဒရီကများ ဗဟိုခံစစ်ကို ရောက်သွားမလားတော့ စောင့်ကြည့်ရဦးမှာပါ။

စွမ်းစွမ်းတမံ ကြိုးစားပြရမယ့် ဟားလန်း
အာလင်း ဟားလန်းကို မန်စီးတီးတို့ ခေါ်ယူဖို့ သေချာခဲ့ပြီးချိန်မှာ အစ်တီဟတ်က ဆရာသမားတွေကတော့ သူ့အတွက် လိုက်မီအောင် ကြိုးစားရမယ့် အဆင့်အတန်းကိုတော့ မြှင့်ပြီး (Set the Bar High) ခေါ်ထားလိုက်ပြီပဲဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ဖလား ၄ လုံးကို ပိုင်ဆိုင်ဖို့ ရှိနေပြီဖြစ်သလို ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကလည်း တစ်ပွဲတည်းမှာ ၄ ဂိုးသွင်းပြလိုက်တာကြောင့် နော်ဝေသားအနေနဲ့ သူရောက်လာတဲ့ အခါမှာ အသင်းရဲ့ ဆုဖလား စိန်ခေါ်နိုင်မှုကို တစ်ပြားသားမှ လျော့ကျမသွားအောင်နဲ့ သွင်းဂိုးတွေ နိမ့်ပါးခြင်း မရှိရအောင် အားထုတ်ဖို့က မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေလို့ပဲ သုံးသပ်ရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီဘ႐ိုင္းနားရဲ႕ ပထမဆုံး အဂၤလိပ္ဟက္ထရစ္
မန္ခ်က္စတာစီးတီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ လက္ပတ္ကို စြန႔္လႊတ္လိုက္အၿပီးမွာ ဖိအားကင္းကင္းနဲ႔ ေျခစြမ္းျပေနတဲ့ ကီဗင္ ဒီဘ႐ိုင္းနားအတြက္ေတာ့ ဒီေန႔မွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဟက္ထရစ္ရခဲ့တာဟာ သူ႔ရဲ႕ အဂၤလန္ေျမမွာ ပထမဆုံးရရွိခဲ့တဲ့ ဟက္ထရစ္လည္းျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၂၄ မိနစ္မွာ ၁၄ မိနစ္တည္းနဲ႔ ဟက္ထရစ္ရခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ သူ႔ရဲ႕ ပထမဆုံးအႀကိမ္ကိုေတာ့ အသင္းေဟာင္း ဂ်င့္ခ္နဲ႔ပြဲမွာ ရရွိခဲ့တာျဖစ္လို႔ ဒီမွတ္တမ္းက ဥေရာပထိပ္တန္းလိဂ္တစ္ခုမွာ မွတ္ေက်ာက္အတင္ခံႏိုင္ခဲ့တာျဖစ္သလို ဒီရာသီရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၁၅ ဂိုးကိုလည္း ပိုင္ဆိုင္ခဲ့တာပါ။

ခံစစ္မွာ ဝင္ကစားခဲ့ရတဲ့ ဖာနန္ဒင္ညိဳ
ဂြၽန္စတုန္းစ္၊ ေဝၚလ္ကာ၊ ႐ူဘင္ ဒီယက္စ္တို႔ရဲ႕ ဒဏ္ရာေတြေၾကာင့္ ႀကံ့ခိုင္မႈ နည္းသလို နည္းျပ ဂြါဒီယိုလာ သိပ္မႀကိဳက္တဲ့ နာသန္ အာေကရဲ႕ ေရွ႕ကေန ဒီေန႔ပြဲရဲ႕ ဗဟိုခံစစ္မွာ ပြဲထြက္ခြင့္ရသူကေတာ့ ဝါရင့္ကြင္းလယ္လူ ဖာနန္ဒင္ညိဳပဲ ျဖစ္ခဲ့ပါတယ္။ ပြဲအစက ကစားခဲ့ရတဲ့ ဘရာဇီးလ္သားႀကီးဟာ ျမန္ႏႈန္းအနည္းငယ္ နိမ့္ပါးတာကိုေတာ့ ေထာက္ျပႏိုင္ေပမယ့္ ၿခဳံငုံၾကည့္လိုက္ရင္ တစ္ပြဲလုံးမွာ ေျခစြမ္းျပ ကစားႏိုင္ခဲ့တာပါ။ ဒီၾကားထဲ ဒုတိယပိုင္းမွာ လာေပါ့တ္ပါ ထပ္နာသြားခဲ့လို႔ လာမယ့္ပြဲေတြမွာ ဖာနန္ဒင္ညိဳနဲ႔ ႐ိုဒရီတို႔ရဲ႕ ဗဟိုခံစစ္ကိုလည္း ျမင္ေကာင္းျမင္ရႏိုင္ပါတယ္။

ဝုလ္ဗ္စ္က ခ်န္ပီယံဆုကို အဆုံးအျဖတ္ေပးမွာတဲ့လား
ၿပီးခဲ့တဲ့ ဧၿပီလထဲမွာေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ပန္းဝင္ခ်ိန္မွာ မန္စီးတီးနဲ႔ေရာ လီဗာပူးလ္နဲ႔ပါ ေတြ႕ဆုံေနတဲ့ ဝုလ္ဗ္စ္ဟာ သူတို႔ႏွစ္သင္းနဲ႔ ေတြ႕ဆုံတဲ့ ရလဒ္အရ ဘယ္သူ ဗိုလ္စြဲမလဲဆိုတာ အဆုံးအျဖတ္ ေပးလိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ လုံးဝကို ပ်က္စီးၿပိဳလဲေနတဲ့ အသင္းပဲျဖစ္ခဲ့တာပါ။ သြားေတာင္ ပါရဲ႕လားမသိတဲ့ ဝံပုေလြေတြဟာ ဒဏ္ရာေတြအျပင္ နည္းျပရဲ႕ အသင္းကို ခိုင္ခိုင္မာမာ တည္ေဆာက္ႏိုင္မႈ အားနည္းတာေၾကာင့္ ရလဒ္ေတြ ဆိုး႐ြားေနၿပီး ေနာက္ခံလူ ဘိုလီရဲ႕ ကစားပုံကလည္း စိတ္ပ်က္စရာျဖစ္ခဲ့လို႔ ေရွ႕က အထင္တႀကီး ခန႔္မွန္းမႈေတြ လြဲေခ်ာ္ခဲ့သလို သူတို႔ရဲ႕ ဥေရာပကစားခြင့္ကိုပါ လႊင့္ပစ္လိုက္ရဖို႔ ျဖစ္လာခဲ့ပါၿပီ။

ဂြါဒီယိုလာရဲ႕ ျပည္တြင္းစံခ်ိန္ေကာင္း
ဘာစီလိုနာက ထြက္လာၿပီးကတည္းက ဥေရာပမွာ မစြံေသးဘဲ ခ်န္ပီယံလိဂ္ဖလားနဲ႔ ေဝးကြာေနခဲ့ရတဲ့ ပက္ပ္ဟာ ဒီေန႔မွာေတာ့ မန္စီးတီးရဲ႕ ၿပိဳင္ပြဲစုံမွာ ပြဲ ၃၅၀ ေျမာက္ကို ကိုင္တြယ္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗ္စ္ကို ဂိုးျပတ္အႏိုင္ရခဲ့လို႔ လီဗာပူးလ္ကို အမွတ္ေရာ ဂိုးကြာျခားခ်က္ပါ ျဖတ္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ စတုတၳေျမာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို မန္စီးတီးတို႔အတြက္ သိမ္းပိုက္ႏိုင္ဖို႔ျဖစ္လာခဲ့ၿပီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ၁၃ ႀကိမ္ ေခတ္ကလိုမ်ိဳး မလြယ္ကူဘဲ ခက္ခဲလြန္းတဲ့ ၿပိဳင္ပြဲမွာ ၆ ရာသီအတြင္း ဖလား ၄ လုံးကေတာ့ ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့ပါတယ္။

ၿမိဳ႕ခံၿပိဳင္ဘက္နဲ႔ ကြာဟလြန္းေနတဲ့ စံခ်ိန္
မန္စီးတီးတို႔ရဲ႕ ဒီေန႔မွာ အသင္းရဲ႕ ဂိုးကြာျခားခ်က္စာရင္းကို +၄ ဂိုး ေပါင္းထည့္လိုက္ႏိုင္ခဲ့တာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္တို႔ကို အရွက္ခြဲသလိုမ်ိဳးျဖစ္ခဲ့ရပါတယ္။ တျခားရည္႐ြယ္ခ်က္ မရွိဘဲ လီဗာပူးလ္တို႔ လိုက္မမီႏိုင္ဖို႔ ၃ မွတ္ေတြ မပ်က္မကြက္ စုေဆာင္းေနသလို ဂိုးမ်ားမ်ားရဖို႔ပါ ႀကိဳးစားခဲ့ခ်ိန္မွာ စီးတီးတို႔ရဲ႕ ဂိုးကြာျခားခ်က္က ၇၂ ဂိုးအထိ ရွိလာတာျဖစ္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ရဲ႕ တစ္ဂိုးသာ ရွိတဲ့ မွတ္တမ္းနဲ႔ေတာ့ ျမင္းမိုရ္ေတာင္နဲ႔ ဆီးေစ့လို ကြာျခားေနခဲ့တာလည္းျဖစ္ပါတယ္။

အာေကကို အားကိုးလို႔ ရပါ့မလား
မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ သူကိုယ္တိုင္ ေပါင္သန္း ၄၀ ေပးၿပီး ဘုန္းေမာက္ကေန ေခၚယူထားတဲ့ ဒတ္ခ်္ေနာက္ခံလူကို သူကိုယ္တိုင္ပဲ ေခ်ာင္ထိုးပစ္ခဲ့ၿပီး ဒီကစားသမားအေနနဲ႔ သူ႔ရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ား ကစားႏိုင္မႈနဲ႔ ျမန္ႏႈန္းျမင့္ ကစားပုံေၾကာင့္ အစ္တီဟတ္ကို ေရာက္ရွိလာခ်ိန္မွာ ႏွစ္ရာသီအၾကာမွာေတာ့ နိမ့္ပါးတဲ့ အရပ္အေမာင္းနဲ႔အတူ ေႏွးေကြးတဲ့ ပုံစံကိုပဲ ျပသေနခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ပက္ပ္အေနနဲ႔ ဖာနန္ဒင္ညိဳကို ဒီေန႔ပြဲမွာ ပြဲထြက္ အျဖစ္ ဗဟိုခံစစ္မွာ ကစားေစခဲ့တာျဖစ္ၿပီး အာေကကိုေတာ့ လာေပါ့တ္ နာသြားမွ လူစားဝင္ခိုင္းခဲ့ခ်ိန္မွာ လာမယ့္ပြဲအမီ ေနာက္ခံလူေတြသာ ႀကံ့ခိုင္မႈ ရွိမလာဘူးဆိုရင္ေတာ့ အာေကအစား ႐ိုဒရီကမ်ား ဗဟိုခံစစ္ကို ေရာက္သြားမလားေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

စြမ္းစြမ္းတမံ ႀကိဳးစားျပရမယ့္ ဟားလန္း
အာလင္း ဟားလန္းကို မန္စီးတီးတို႔ ေခၚယူဖို႔ ေသခ်ာခဲ့ၿပီးခ်ိန္မွာ အစ္တီဟတ္က ဆရာသမားေတြကေတာ့ သူ႔အတြက္ လိုက္မီေအာင္ ႀကိဳးစားရမယ့္ အဆင့္အတန္းကိုေတာ့ ျမႇင့္ၿပီး (Set the Bar High) ေခၚထားလိုက္ၿပီပဲျဖစ္ပါတယ္။ နည္းျပ ဂြါဒီယိုလာက ပရီးမီးယားလိဂ္ဖလား ၄ လုံးကို ပိုင္ဆိုင္ဖို႔ ရွိေနၿပီျဖစ္သလို ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကလည္း တစ္ပြဲတည္းမွာ ၄ ဂိုးသြင္းျပလိုက္တာေၾကာင့္ ေနာ္ေဝသားအေနနဲ႔ သူေရာက္လာတဲ့ အခါမွာ အသင္းရဲ႕ ဆုဖလား စိန္ေခၚႏိုင္မႈကို တစ္ျပားသားမွ ေလ်ာ့က်မသြားေအာင္နဲ႔ သြင္းဂိုးေတြ နိမ့္ပါးျခင္း မရွိရေအာင္ အားထုတ္ဖို႔က မျဖစ္မေန လုပ္ေဆာင္ရမယ့္ အရာေတြလို႔ပဲ သုံးသပ္ရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.