Premier League

ဂိုးသွင်းလို့ မဝသေးခင် ပွဲပြီးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ဒီဘရိုင်းနား

ကီဗင် ဒီဘရိုင်းနားဟာ ဗုဒ္ဓဟူးနေ့ညက ဝုလ်ဗ်စ်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ညဟာ ထူးခြားတဲ့ ညတစ်ညလို့ ကြုံးဝါးခဲ့ပြီး ဝုလ်ဗ်စ်အသင်းဘက်ကို ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းအနေနဲ့ ဒီထက်ဂိုးတွေ ပိုသွင်းယူနိုင်ခဲ့သင့်တယ်လို့ ခံစားခဲ့ရပါတယ်။

ဒီဘရိုင်းနားဟာ မန်ချက်စတာစီးတီးအသင်းက ဝုလ်ဗ်စ်အိမ်ကွင်းမှာ ၅-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အတောက်ပဆုံး ကစားသမားဖြစ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာ ပြန်လည်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ရာသီကုန်ဖို့ ၂ ပွဲသာ လိုတော့ပြီး ဒုတိယနေရာက လီဗာပူးလ်ထက် ဂိုးကွာခြားချက် ၇ ဂိုးအထိ အသာစီးရရှိနေတာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာကတည်းက မန်စီးတီးတို့ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကြောကနေ တိုက်စစ်ဆင်လာရာမှာ ဂွန်ဒိုးဝမ်က ဝုလ်ဗ်စ်နောက်ခံလူနှစ်ယောက်ကြားကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနားက အမှားအယွင်းမရှိ ထိန်းသိမ်းရယူပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်သွင်းခဲ့ရာမှာ အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝုလ်ဗ်စ်တို့ ချေပဂိုး ရယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဟီမီနက်ဇ် ထိုးပေးတာကို နီတိုက ဘယ်ခြမ်းကနေ ပြန်လည်ဖြတ်တင်ပေးရာမှာ မန်စီးတီးနောက်ခံလူတွေကြားကို အချိန်ကိုက် ရောက်ရှိလာတဲ့ ဒန်ဒွန့်ကာက ကန်သွင်းပြီး တစ်ဂိုးစီ သရေ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၆ မိနစ်မှာတော့ မန်စီးတီးတို့ နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဘောလုံးရသွားတဲ့ ဒီဘရိုင်းနားက နောက်တန်းကို ကျော်ချပေးရာမှာ ဂိုးသမား ဂျိုဆေးဆားက စတာလင်နဲ့တွေ့မှာ ဘောလုံးကို ရမ်းပုတ်ခဲ့လို့ ပြန်ထွက်လာကို ဒီဘရိုင်းနားကပဲ ထပ်ပိတ်သွင်းပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဝုလ်ဗ်စ်တို့ကို နှိပ်ကွပ်သွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ လက်ပစ်ဘောက ရယူလာတဲ့ စတာလင် ပျက်သွားခဲ့တဲ့ ဘောလုံးကို ဒီဘရိုင်းနားကပဲ လိုက်လံရယူပြီး အတွင်းကို ဆွဲပြေးပြီးမှ ဘယ်ခြေနဲ့ အဝေးတိုင်ဘက် ကန်သွင်းခဲ့ရာမှာ ခံစစ်နဲ့ ဂိုးသမား အငိုက်မိပြီး သူ့အတွက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ကြပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ စတုတ္ထ ဦးဆောင်ဂိုးကို ဒီဘရိုင်းနားပဲ သူ့ရဲ့ ဒီနေ့မှာ လေးဂိုးမြောက်အဖြစ် သွင်းယူနိုင်ခဲ့သလို ဘယ်ခြမ်းကနေ ဖိုဒန် ချိုးပေးတာကို ဝုလ်ဗ်စ်နောက်ခံလူ အိုက်နူရီက စတာလင် ဂိုးမသွင်းအောင် တားဆီးပိတ်ဆို့ နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဘယ်လ်ဂျီယမ်သားအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ဘက်က မာရက်ဇ်၊ အာကေနဲ့ ဂရီးလစ်ရှ်တို့ ဝင်ကစားလာခဲ့ကြပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ အောင်ပွဲခံနိုင်ဖို့ ပိုမိုလှပစေမယ့် ငါးဂိုးမြောက်ကို ရရှိခဲ့သလို ဒီဂိုးကိုတော့ စောစောပိုင်းက အပိုင်အခွင့်အရေး လွဲချော်ပြီး လူနဲ့တိုင်နဲ့ ဝင်ဆောင့်ထားခဲ့တဲ့ စတာလင်က တန်ပြန်တိုက်စစ်ကနေ ကန်ဆယ်လို ချိုးပေးတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ နေရာယူပြီး ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ ပွဲပြီးခါနီး မိနစ်ပိုင်းမှာ ဂိုးကန်သွင်းခဲ့ရာမှာ ဂိုးတိုင်ထိထွက်သွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး ၅ ဂိုး စံချိန်ကို လိုက်မီဖို့ နီးစပ်တဲ့ အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ “အရမ်းကို ကောင်းခဲ့ပါတယ်။ ခင်ဗျား လေးဂိုးသွင်းယူနိုင်တဲ့အခါမှာ အမြဲတမ်း ထူးခြားနေမှာပါ။ ရိုးရိုးသားသားပြောရရင် ၅ ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပေမယ့် ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီထက်တောင် ပိုပြီး ဂိုးသွင်းယူနိုင်ခဲ့ရမှာဖြစ်ပြီး ဝုလ်ဗ်စ်လိုမျိုး ခံစစ်ပိုင်းအားကောင်းပြီး တကယ်ကို အထင်ကြီးစရာကောင်းတဲ့ အသင်းနဲ့ ပွဲမှာ ဒီလိုလုပ်နိုင်ခဲ့သင့်ပါတယ်”

ဒီဘရိုင်းနားရဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ဟာ မန်စီးတီးက လာမယ့်ရာသီအတွက် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို တိုက်စစ်မှာ အင်အားဖြည့်တင်းဖို့ သဘောတူညီမှု ရရှိခဲ့လို့ ကြေညာပြီးနောက် တစ်ရက်အကြာမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ ၎င်းရဲ့ တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပြီးနောက် ဟာလန်းရဲ့ပုံစံအတိုင်းပဲ လက် ၂ ဖက်ကို ဆန့်တန်းပြီး အောင်ပွဲခံခဲ့တာဖြစ်ပေမယ့် ဘယ်လ်ဂျီယမ်ကြယ်ပွင့်က အဲဒါဟာ တိုက်ဆိုင်မှုသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အင်တာဗျူး တော်တော်များများ လုပ်ခဲ့ပြီး သူတို့တွေက အဲဒီအောင်ပွဲခံဟန်က ဟာလန်းနဲ့တူတယ်တဲ့။ ဒါပေမယ့် ကျွန်တော် အဲဒါကို သိတောင် မသိပါဘူး။ ကျွန်တော် ဒီတိုင်းလုပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒါက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးလို့ပါ”

ပြီးခဲ့တဲ့အပတ်မှာ နယူးကာဆယ်လ်ယူနိုက်တက်ကို ၅-၀ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီစြဖ်ပါတယ်။ “ခံစားချက်ကတော့ မကောင်းသေးပါဘူး။ ဒါပေမယ့် ခင်ဗျား ဆက်သွားနေဖို့ လိုတယ်။ ကျွန်တော်တို့ အခု ဆုဖလား ရရှိဖို့ ကြိုးပမ်းနေပြီး ကံဆိုးစွာနဲ့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ခင်ဗျား ရှေ့ဆက်သွားနေရမှာပါ”လို့ ဒီဘရိုင်းနားက ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကီဗင္ ဒီဘရိုင္းနားဟာ ဗုဒၶဟူးေန႔ညက ဝုလ္ဗ္စ္ကို ၅-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ညဟာ ထူးျခားတဲ့ ညတစ္ညလို႔ ၾကဳံးဝါးခဲ့ၿပီး ဝုလ္ဗ္စ္အသင္းဘက္ကို ၄ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ၎အေနနဲ႔ ဒီထက္ဂိုးေတြ ပိုသြင္းယူနိုင္ခဲ့သင့္တယ္လို႔ ခံစားခဲ့ရပါတယ္။

ဒီဘရိုင္းနားဟာ မန္ခ်က္စတာစီးတီးအသင္းက ဝုလ္ဗ္စ္အိမ္ကြင္းမွာ ၅-၁ နဲ႔ ဂိုးျပတ္ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အေတာက္ပဆုံး ကစားသမားျဖစ္ခဲ့ၿပီး အသင္းကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာ ျပန္လည္တက္လွမ္းနိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။ ရာသီကုန္ဖို႔ ၂ ပြဲသာ လိုေတာ့ၿပီး ဒုတိယေနရာက လီဗာပူးလ္ထက္ ဂိုးကြာျခားခ်က္ ၇ ဂိုးအထိ အသာစီးရရွိေနတာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းဟာ ၅ ရာသီအတြင္း ၄ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးနိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက မန္စီးတီးတို႔ ဦးေဆာင္ဂိုး ရယူသြားနိုင္ခဲ့ၾကၿပီး ကြင္းလယ္ေၾကာကေန တိုက္စစ္ဆင္လာရာမွာ ဂြန္ဒိုးဝမ္က ဝုလ္ဗ္စ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဒီဘရိုင္းနားက အမွားအယြင္းမရွိ ထိန္းသိမ္းရယူၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့ရာမွာ အဖြင့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဝုလ္ဗ္စ္တို႔ ေခ်ပဂိုး ရယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ဟီမီနက္ဇ္ ထိုးေပးတာကို နီတိုက ဘယ္ျခမ္းကေန ျပန္လည္ျဖတ္တင္ေပးရာမွာ မန္စီးတီးေနာက္ခံလူေတြၾကားကို အခ်ိန္ကိုက္ ေရာက္ရွိလာတဲ့ ဒန္ဒြန႔္ကာက ကန္သြင္းၿပီး တစ္ဂိုးစီ သေရ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေနာက္တစ္ႀကိမ္ ျပန္လည္ဦးေဆာင္နိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ေဘာလုံးရသြားတဲ့ ဒီဘရိုင္းနားက ေနာက္တန္းကို ေက်ာ္ခ်ေပးရာမွာ ဂိုးသမား ဂ်ိဳေဆးဆားက စတာလင္နဲ႔ေတြ႕မွာ ေဘာလုံးကို ရမ္းပုတ္ခဲ့လို႔ ျပန္ထြက္လာကို ဒီဘရိုင္းနားကပဲ ထပ္ပိတ္သြင္းၿပီး ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ မန္စီးတီးတို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူနိုင္ခဲ့ၿပီး ဝုလ္ဗ္စ္တို႔ကို ႏွိပ္ကြပ္သြားနိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန လက္ပစ္ေဘာက ရယူလာတဲ့ စတာလင္ ပ်က္သြားခဲ့တဲ့ ေဘာလုံးကို ဒီဘရိုင္းနားကပဲ လိုက္လံရယူၿပီး အတြင္းကို ဆြဲေျပးၿပီးမွ ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ ကန္သြင္းခဲ့ရာမွာ ခံစစ္နဲ႔ ဂိုးသမား အငိုက္မိၿပီး သူ႔အတြက္ ဟက္ထရစ္ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ပဲ ပြဲကို ထိန္းခ်ဳပ္သြားနိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ စတုတၳ ဦးေဆာင္ဂိုးကို ဒီဘရိုင္းနားပဲ သူ႔ရဲ့ ဒီေန႔မွာ ေလးဂိုးေျမာက္အျဖစ္ သြင္းယူနိုင္ခဲ့သလို ဘယ္ျခမ္းကေန ဖိုဒန္ ခ်ိဳးေပးတာကို ဝုလ္ဗ္စ္ေနာက္ခံလူ အိုက္ႏူရီက စတာလင္ ဂိုးမသြင္းေအာင္ တားဆီးပိတ္ဆို႔ နိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ဘယ္လ္ဂ်ီယမ္သားအတြက္ေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ဂိုး ၁၅ ဂိုးေျမာက္ကို သြင္းယူနိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ မန္စီးတီးတို႔ဘက္က မာရက္ဇ္၊ အာေကနဲ႔ ဂရီးလစ္ရွ္တို႔ ဝင္ကစားလာခဲ့ၾကၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေအာင္ပြဲခံနိုင္ဖို႔ ပိုမိုလွပေစမယ့္ ငါးဂိုးေျမာက္ကို ရရွိခဲ့သလို ဒီဂိုးကိုေတာ့ ေစာေစာပိုင္းက အပိုင္အခြင့္အေရး လြဲေခ်ာ္ၿပီး လူနဲ႔တိုင္နဲ႔ ဝင္ေဆာင့္ထားခဲ့တဲ့ စတာလင္က တန္ျပန္တိုက္စစ္ကေန ကန္ဆယ္လို ခ်ိဳးေပးတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ ေနရာယူၿပီး ပိတ္သြင္းနိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဘရိုင္းနားဟာ ပြဲၿပီးခါနီး မိနစ္ပိုင္းမွာ ဂိုးကန္သြင္းခဲ့ရာမွာ ဂိုးတိုင္ထိထြက္သြားခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ့ သြင္းဂိုး ၅ ဂိုး စံခ်ိန္ကို လိုက္မီဖို႔ နီးစပ္တဲ့ အေျခအေနကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ “အရမ္းကို ေကာင္းခဲ့ပါတယ္။ ခင္ဗ်ား ေလးဂိုးသြင္းယူနိုင္တဲ့အခါမွာ အျမဲတမ္း ထူးျခားေနမွာပါ။ ရိုးရိုးသားသားေျပာရရင္ ၅ ဂိုးေလာက္ သြင္းယူနိုင္ခဲ့သင့္ေပမယ့္ ကၽြန္ေတာ္တို႔ ေကာင္းေကာင္း ကစားနိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီထက္ေတာင္ ပိုၿပီး ဂိုးသြင္းယူနိုင္ခဲ့ရမွာျဖစ္ၿပီး ဝုလ္ဗ္စ္လိုမ်ိဳး ခံစစ္ပိုင္းအားေကာင္းၿပီး တကယ္ကို အထင္ႀကီးစရာေကာင္းတဲ့ အသင္းနဲ႔ ပြဲမွာ ဒီလိုလုပ္နိုင္ခဲ့သင့္ပါတယ္”

ဒီဘရိုင္းနားရဲ့ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ရည္ဟာ မန္စီးတီးက လာမယ့္ရာသီအတြက္ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို တိုက္စစ္မွာ အင္အားျဖည့္တင္းဖို႔ သေဘာတူညီမႈ ရရွိခဲ့လို႔ ေၾကညာၿပီးေနာက္ တစ္ရက္အၾကာမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒီဘရိုင္းနားဟာ ၎ရဲ့ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူၿပီးေနာက္ ဟာလန္းရဲ့ပုံစံအတိုင္းပဲ လက္ ၂ ဖက္ကို ဆန႔္တန္းၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ေပမယ့္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က အဲဒါဟာ တိုက္ဆိုင္မႈသာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ အင္တာဗ်ဴး ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့ၿပီး သူတို႔ေတြက အဲဒီေအာင္ပြဲခံဟန္က ဟာလန္းနဲ႔တူတယ္တဲ့။ ဒါေပမယ့္ ကၽြန္ေတာ္ အဲဒါကို သိေတာင္ မသိပါဘူး။ ကၽြန္ေတာ္ ဒီတိုင္းလုပ္ခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ၃ ဂိုးသြင္းယူနိုင္ခဲ့ၿပီး အဲဒါက ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးလို႔ပါ”

ၿပီးခဲ့တဲ့အပတ္မွာ နယူးကာဆယ္လ္ယူနိုက္တက္ကို ၅-၀ နဲ႔ အျပတ္အသတ္အနိုင္ရရွိခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္းဟာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ပိုင္း သြင္းဂိုး ၁၀ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျစဖ္ပါတယ္။ “ခံစားခ်က္ကေတာ့ မေကာင္းေသးပါဘူး။ ဒါေပမယ့္ ခင္ဗ်ား ဆက္သြားေနဖို႔ လိုတယ္။ ကၽြန္ေတာ္တို႔ အခု ဆုဖလား ရရွိဖို႔ ႀကိဳးပမ္းေနၿပီး ကံဆိုးစြာနဲ႔ ဘာေတြပဲ ျဖစ္လာျဖစ္လာ ခင္ဗ်ား ေရွ႕ဆက္သြားေနရမွာပါ”လို႔ ဒီဘရိုင္းနားက ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.